#LocalNews
Published_ 24 March 2023
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နှောကန်ရွာ အရှေ့ဘက်ရှိ ဆောက်လုပ်ရေးရုံးခွဲ ယနေ့ ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မတ်လ ၂၃ ရက်၊ ယနေ့ ညနေ ၃ နာရီခန့်တွင် ပုလဲမြို့နယ်၊ နှောကန်ရွာအရှေ့ဘက်ပုလဲ၊ ဂန့်ဂေါ်လမ်းဘေးရှိ ဆောက်လုပ်ရေးရုံးခွဲ မီးလောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
တောမီးရှို့ထားရာကနေ ရုံးအဆောက်အဦပါ မီးလောင်သွားခြင်းဖြစ်ပြီးမီးငြိမ်းသက်ဖို့ ကြိုးစားရာတွင်ရာသီဥတုပူပြင်းခြင်းနှင့် ရေအလွယ်တကူမရတာကြောင့်ဟု ဒေသတွင်းကူညီစောင့်ရှောက်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။
ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးကိုတွက်ချက်နေဆဲဖြစ်ပြီထိခိုက်ဒါဏ်ရာရရှိသူမရှိကြောင်းသိရသည်။
ymg/ppk
#Yangon-Media-Group



#LocalNews
Published-24 March 2023
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကိုယ်စားလှယ်အဖွဲ့တို့ နှစ်ရက်တာတွေ့ဆုံ၍ ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲကို မတ်လ ၂၂ ရက် နှင့် ၂၃ ရက် တို့တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတွင် အဖွဲ့အသီးသီး၏ လိုလားချက်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စ၊ ဒေသတည်ငြိမ်ရေးကိစ္စ၊ ရွေးကောက်ပွဲ ကျင်းပရေး ကိစ္စ၊ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)မှ အခြေခံကျသော ပုဒ်မများကို ပြင်ဆင်နိုင်ရေး အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြကာနှစ်ဖက် အပြီးသတ်ရရှိလာသည့် သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုး အပြန်အလှန်လဲလှယ်ခဲ့ကြကြောင်း သိရသည်။
၎င်း တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များ၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဗဟိုနိုင်ငံရေးဦးဆောင်အဖွဲ့ဝင် စဝ်ဆေပိုင်ဖနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။
ymg/mt
#Yangon_Media_Group





#LocalNews
Published_ 23 March 2023
မြန်မာနိုင်ငံကို ပြည်ပမှလေကြောင်းခရီးနဲ့ ပြန်လည်ဝင်ရောက်လာမယ့်သူတွေ လိုက်နာရမည့်ကျန်းမာရေးဆိုင်ရာသတ်မှတ်ချက်တွေကို မတ်လ(၂၂)ရက်ရက်စွဲနဲ့ ထပ်မံထုတ်ပြန်လိုက်တယ်လို့သိရပါတယ်၊
#YMG#Yangon_Media_Group
#LocalNews
Published_ 23 March 2023
ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် ၂၈၄ မိုင် ၂ ဖာလုံမှာ ရပ်ထားတဲ့ ကုန်တင်ကားကို လိုက်ထရပ်ကား နောက်ကဝင်တိုက်လို့ အမျိုးသား ၂ ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရာမှာ ပါဝင်သူတစ်ဦးက YMG ကို ပြောပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 23 March 2023
သင်္ကြန်နားနီးလာချိန်မှာ ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာပွဲတွေမှာအသုံးပြုဖို့အတွက် မြန်မာ့အိုးစည်ဒိုးပတ်တွေ အဝယ်လိုက်လာပြီး ရောင်းအားတွေတက်လာတယ်လို့ အိုးစည်ဒိုးပတ် အရောင်းလုပ်ငန်းတွေထံမှ သိရပါတယ်၊၊
#YMG#Yangon_Media_Group
#LocalNews
Published_ 22 March 2023
မတ်လ ၂၂ရက်နေ့က တရုတ်နိုင်ငံ ချုံချင့်ပိရှန်းဒေမှ စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ လျှပ်စစ်သုံးယာဉ် EV ကားထုတ်လုပ်မှုအခြေအနေများကို မြန်မာလုပ်ငန်းရှင်များနဲ့ ကုန်သည်စက်မှုအသင်းချုပ်ရုံးမှာလာရောက်ဆွေးနေပါတယ်။
#YMG#Yangon_Media_Group
#DailyNews
Published_ 23 March 2023
၁။ EV လျှပ်စစ်ကားထုတ်လုပ်မှုအတွက် တရုတ်နှင့်မြန်မာစီးပွားရေးလုပ်ငန်းရှင်များ လာရောက်ဆွေးနွေးနေ
၂။ သင်္ကြန်နားနီးလာ၍ မြန်မာ့အိုးစည်ဒိုးပတ်များ ရောင်းအားတက်လာ၊ ထိုင်းရောက်မြန်မာများ ဝယ်ယူမှုများပြား
၃။ အမြန်လမ်းမှာ ရပ်ထားတဲ့ကုန်ကားကို ဘုရားဖူးလိုက်ထရပ်ဝင်တိုက်လို့ လူ ၂ ဦးသေဆုံး၊ ဒဏ်ရာရသူများပြား
၄။ပတ်ဝန်းကျင်ထိန်းသိမ်းရေးသင်္ကေတအဖြစ် ဘဂ္ဂဒက်တွင် တစ်ပတ်ရစ်အဝတ်အစားများဖြင့် ဖက်ရှင်ရှိးပွဲပြုလုပ်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Page 1583 of 2417