#Local_News
Published_ 28 September 2022
ခြေလျင်တောင်တက်ဝါသနာပါသူတွေအတွက် မြန်မာနိုင်ငံခြေလျင်နှင့်တောင်တက်အဖွဲ့ချုပ်အနေနဲ့ ကျန်းမာရေးလေ့ကျင့်ခန်း training တွေပြန်လည်စတင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 28 September 2022
အခုကာလထဲ နိုင်ငံရေးအခြေအနေအချို့နဲ့ ကုန်ဈေးနှုန်းအတက်အကျဂယက်တွေကြောင့် ဘိုးဘွားစောင့်ရှောက်ရေးဂေဟာတွေမှာ အာဟာရ၊ ဆေးဝါးအလှူတွေ ပုံမှန်ထက်အနည်းငယ်လျော့နည်းလာခဲ့ပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 28 September 2022
၁။ ဘိုးဘွားစောင့်ရှောက်ရေးဂေဟာများ၌ နေ့စဉ်အာဟာရလုံလောက်မှုရှိစေရန် အလှူရှင်များအား စုဆောင်းလျှက်ရှိနေ
၂။ ခြေလျင်တောင်တက်ဝါသနာပါသူများအတွက် လေ့ကျင့်ခန်း training များ ပြန်လည်စတင်
၃။ ရခိုင်ပြည်နယ်အတွင်း ပင်လယ်ပြင် ပလတ်စတစ်ကင်းစင်ရေးရှေ့ပြေးစီမံချက် ယခုလကုန်တွင်စတင်မည်
၄။ စိတ်ကူးယဉ်ဘဝနှင့်လက်တွေ့ဘဝကြားက ဆိုရှယ်မီဒီယာနာမည်ကျော်များအတွက် အခွင့်အလမ်းများ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_28 September 2022
ပြည်ပကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၇ ဒသမ ၈ ဘီလီယံကျော် တင်ပို့ထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 28 september 2022
တောင်ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် စက်ချို့ယွင်းနေသည့်အတွက် သာမန်မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှောက်ထားခြင်းများအား ယနေ့ စက်တင်ဘာလ ၂၈ရက်ကစတင်၍ ထုတ်ပေးနိုင်ခြင်း မရှိသေးကြောင်း အဆိုပါသံရုံးမှ ထုတ်ပြန်ထားသည်။
နိုင်ငံကူးလက်မှတ်ထုတ် စက်ချို့ယွင်းနေသည်ကို အမြန်ဆုံး ပြင်ဆင်နေလျက်ရှိကြောင်းလည်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စက်ချို့ယွင်းနေဆဲကာလတွင် လူကိုယ်တိုင်၊ စာတိုက်မှတဆင့် သက်တမ်းတိုးလျှောက်ထားသည့် မြန်မာနိုင်ငံ ကူးလက်မှတ်တွေကို ထုတ်ပေးနိုင်ခြင်းမရှိသေးသောကြောင့် ခေတ္တစောင့်ဆိုင်းပေးရန်လည်း သံရုံးမှ အသိပေးထားရှိသည်။
မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုး ပြန်ထုတ်ပေးနိုင်မည့် အခြေအနေနှင့် နေ့ရက်ကို သံရုံးမှ ထပ်မံကြေညာပေးမည်ဟုလည်း ယင်းထုတ်ပြန်ချက်၌ ထည့်သွင်းရေးသားထားသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_28 September 2022
ထိုင်းနိုင်ငံ ဘန်ကောက်သို့သွားမည့်နေရာနှစ်ခုတွင် တရားမဝင်မြန်မာ ၉၅ ဦးကို ယနေ့ စက်တင်ဘာလ ၂၈ ရက် နံနက်ပိုင်းက ဖမ်းမိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်ကို ကိုးကား၍ မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်နေသူက ပြောသည်။
အဆိုပါ နေရာမှာ ထိုင်း-မြန်မာ နယ်စပ် ကန်ကျနဘုရီအတွင်း ဖြစ်ပြီး ဗန်းထဖဲရွာ ထခနုံခရိုင်ခွဲ ထောင်ဖာဖွန်ခရိုင်တွင်း အမျိုးသား ၆၃ ဦး ၊ အမျိုးသမီး ၁၉ ဦး နှင့် လမ်းပြပွဲစား ထိုင်းနိုင်ငံသား၂ ဦး ၊ ဗန်းဖုနမ်းလောင်းရွာ ဗန်းကောင်ခရိုင် ကန်ကျနဘုရီပြည်နယ်တွင် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၃ ဦးဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဖမ်းခံရသည့် တရားမဝင် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံ စမွတ်စခေါင် ၊ ဘန်ကောက် ၊ ကန်ကျနဘုရီ ရယောင် တိုတွင် သွားရောက် အလုပ်လုပ်ခွင့် ရရှိရန် ပွဲစားခ ဘတ်တစ်သောင်းခွဲမှ သုံးသောင်းထိပေးခဲ့ကြရကြောင်း သိရသည်။
"သူတို့က မြန်မာနိုင်ငံ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး၊ ရန်ခိုင်ပြည်နယ်တွေက ဖြစ်တယ်၊ အခု သူတို့ကို ထိုင်းရဲက ဥပဒေအတိုင်းပဲ ဆောင်ရွက်မှာပါ။ မြန်မာနိုင်ငံက ထိုင်းကို အောက်လမ်းက လာသူတွေ များတယ်။ နေ့တိုင်းလည်းဖမ်းနေတယ်။ ဖမ်းနေလည်း လာကြတယ်။ မလာစေချင်ဘူး။ အလုပ်လုပ်မယ်ဆိုရင်လည်း တရားဝင်လမ်းကြောင်းကပဲ လာစေချင်တယ်"ဟု ရွှေ့ပြောင်းမြန်မာလုပ်သားများအရေး ဆောင်ရွက်နေသူက ပြောသည်။
ဖမ်းဆီးမိသူများအား ကိုဗစ်ရောဂါ ကူးစက်ခံထားရခြင်း ရှိ၊ မရှိ စစ်ဆေးရာ ရောဂါပိုး မတွေ့ရကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_28 September 2022
စက်တင်ဘာ ၂၅ ရက်မှစတင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါ ဆိပ်ကမ်းရှိ Terminal များတွင် စက်သုံးဆီဂါလန် ၆ သန်းကျော် ဆီချခြင်းလုပ်ငန်းများဆောင်ရွက်နေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အသိပေးထုတ်ပြန်ထားသည်။
MT Yu Yi သင်္ဘောသည် ရိုးရိုးဒီဇယ်ဆီ HSD (၁.၈၆) ဂါလံသန်းနှင့် ပရီမီယံဒီဇယ်ဆီ PHSD (၂.၁၇) ဂါလံသန်း စုစုပေါင်းဒီဇယ်ဆီ (၄.၀၃) ဂါလံသန်းနှင့် MT Harmony One သင်္ဘောသည် ဓာတ်ဆီ 92 Ron (၂.၁၃) ဂါလံသန်း ဆီချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာ ၂၅ ရက်အထိ သီလဝါဆီလှောင်ကန်၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှုလက်ကျန်အခြေအနေအရ စက်သုံးဆီဖူလုံမှုရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု ဖော်ပြထားသည်။
စက်သုံးဆီဖြန့်ဖြူးမှုအနေဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ စက်သုံးဆီအရောင်းဆိုင်တွေကို ဆီတင်ဘောက်ဆာများ၊ ဆီတွဲရေယာဉ်များ၊ ရထားတွေဖြင့် အချိန်မီ ပိုဆောင်ပေးနေကြောင်း သိရသည်။
ယင်းအပြင် ယခုလအတွင်း ဓာတ်ဆီတန်ချိန် ၈ သောင်းနဲ့ ဒီဇယ်တန်ချိန် ၁ သိန်းခွဲခန့်ကို တင်သွင်းခွင့်ပြုထားပြီး ပြည်တွင်းသုံးစွဲမှုအတွက် ဖူလုံမှုရှိကြောင်း သိရသည်။ ရုရှားနိုင်ငံမှတင်သွင်းသည့် စက်သုံးဆီများသည် လမ်းခရီးကြန့်ကြာနေပြီး မကြာမီရက်ပိုင်းအတွင်း ရောက်ရှိတော့မည်ဖြစ်ကြောင်းသတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။
#ymg/sth
#Yangon_Media_Group
Page 1587 of 2080