#Local_News
Published_ 23 November 2022
ရှားပါးစာအုပ်ပြပွဲ၊ ကလေးစာကြည့်တိုက်အစီအစဉ်နှင့်အမှတ်တရဈေးရောင်းပွဲတော်ကို နိုဝင်ဘာလ (၂၅)ရက်မှ(၂၇)ရက်အထိ နေပြည်တော်အမျိုးသားစာကြည့်တိုက်မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 23 November 2022
အကြောင်းအမျိုးမျိုးကြောင့် ရေပြတ်လတ်သွားတဲ့ ဆေးရုံကြီးတွေ၊ရိပ်သာတွေနဲ့ မီးမလာလို့ရေပြတ်လတ်နေတဲ့ ရပ်ကွက်နေပြည်သူတွေကို ရေဘောက်ဆာကားတွေနဲ့ ရေလှူဒါန်းပေးနေတယ်လို့ ရှင်သန်ရေးကူညီမှုအသင်းထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_23 November 2022
ပြည်ပက ဝယ်လိုအားများနေတာကြောင့် ပြည်တွင်းကြက်သွန်းဈေးနှုန်းဟာ မြင့်တက်နေတာဖြစ်တယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published _ 23 November 2022
လက်ရှိအနေအထားအရ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေဟာ အောင်ပန်းလိမ္မော်သီးတွေပေါတဲ့ ရာသီချိန်ဖြစ်နေပြီး လိမ္မော်သီးဈေးတွေကလဲ ကောင်းနေတယ်လို့ အောင်ပန်းကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 23 November 2022
၁။ အောင်ပန်းလိမ္မော် လှိုင်လှိုင်ပေါနေပြီး ဈေးကောင်းရရှိနေ
၂။ ပြည်ပဝယ်လိုအားများနေ၍ ကြက်သွန်ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်ဟုဆို
၃။ မီးမလာ၍ရေပြတ်လတ်သွားသည့် ဆေးရုံကြီးများနှင့်ရပ်ကွက်နေပြည်သူများကို ရေလှူဒါန်းပေးနေ
၄။ အာဖရိက ဖက်ရှင်လောကကိုဦးဆောင်နေသူ နာမည်ကျော် တောင်အာဖရိကအမျိုးသမီးမိုလွိုင်မော့ဆက်ပီ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_23 November 2022
ရှမ်းနီတိုင်းရင်းသားတို့ရဲ့ ကောက်ဦးဆွမ်းကပ်အလှူပွဲကို ဒီကနေ့ နိုဝင်ဘာလ ၁၃ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_23 November 2022
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ Patrol-K ဆီဆိုင်အနီးတွင် ယနေ့ နံနက် ၈ နာရီခွဲခန့်ကပင်စင်လစာလာထုတ်သူ အမျိုးသားတစ်ဦးနှင့် သူစီးလာသော ဆိုင်ကယ်မောင်းနှင်သူ ကယ်ရီသမားတို့ ကားတိုက်ခံရ၍ သေဆုံး ခဲ့ကြကြောင်း သိရသည်။
ဒေသခံများပြောပြချက်အရ ယင်းတို့ နှစ်ဦးစီးလာသော မော်တော်ဆိုင်ကယ်ကို ယာဉ်တစ်စီးမှ နောက်ကနေ၍ တိုက်မိခဲ့ကာ တက်ကြိတ်မိသွားသည့် ပုံစံမျိုး ဖြစ်သွားကာ နှစ်ဦးလုံး ပွဲချင်းပြီး သေဆုံးခဲ့ကြကြောင်း သိရသည်။
သေဆုံးသူမှာ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ဘုရားလေးကျေးရွာနေ ဦးတင်လှဆိုသူဖြစ်ပြီး ဦးကျင်ထူးဆိုသူ၏ ဆိုင်ကယ် ကယ်ရီဖြင့် အုတ်တွင်းမြို့သို့ ပင်စင်လာစာထုတ်ရန် သွားရောက်စဉ် ရန်ကုန် -မန္တလေးလမ်းဟောင်း၊ Patrol-K ဆီဆိုင်ရှေ့အရောက်တွင် အဆိုပါဆိုင်ကယ်၏ နောက်က မောင်းလာသည့် Faw ကားနှင့်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း၊ သေဆုံးသူများ၏ ရုပ်အလောင်းများကို ရင်ခုန်သံ လူမှုကူညီရေးအသင်း(အုတ်တွင်းမြို့) က မော်တော်ယာဉ်ဖြင့် အုတ်တွင်းမြို့နယ်ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1591 of 2203