#LocalNews
Published_ 22 March 2023
ဝေါမြို့နယ် စစ်တောင်းတံတားအနီး ညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာ ယာဉ်တန်းများပိတ်မိနေတာကြောင့် လူနာတင်ယာဉ်မျာနဲ့ ခရီးသည်များအခက်အခဲဖြစ်နေတယ်လို့ ပရဟိတအသင်းတွေက YMG ကိုပြောပါတယ်။အခုလို ယာဉ်တွေပိတ်နေတာဟာ တစ်ပတ်လောက်နီးပါးရှိနေပြီလို့ ခရီးသွားတွေကပြောပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 22 March 2023
လင်းနို့တွေကြောင့် ပုဂံနံရံပန်းချီတွေ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ဖူးတဲ့အတွက် ပုဂံပုထိုးသားများဘုရားမှာ လင်းနို့မဝင်အောင် ရောင်လင်းပေါက်တွေမှာ သံဇကာတွေတပ်ဆင်နေတယ်လို့ Hertige Trust Team Bagan အဖွဲ့ထံမှသိရပါတယ်၊
#YMG#Yangon_Media_Group
#DailyNews
Published_ 22 March 2023
၁။ ပုဂံပုထိုးသားများဘုရားတွင် လင်းနို့မဝင်အောင် ရောင်လင်းပေါက်၌ သံဇကာတပ်ဆင်
၂။ ညောင်ခါးရှည် X RAY စစ်ဆေးဂိတ်တွင် ယာဉ်တန်းများ နာရီနှင့်ချီပိတ်နေ၍ လူနာတင်ယာဉ်များ အခက်အခဲဖြစ်နေ
၃။ သင်္ကြန်မတိုင်ခင်အထိ ဆန်ဈေးတည်ငြိမ်နေနိုင်
၄။ဆွီဒင်တွင် အမြန်နှုန်းကန့်သတ်ထားသည့်ဇိမ်ခံကားများကို ယာဉ်မောင်းလိုင်စင်မလိုအပ်ဘဲ ဆယ်ကျော်သက်များမောင်းနှင်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#LocalNews
Published_ 22 March 2023
လျှပ်စစ်ကား (EV)များလမ်း/တံတား အသုံးပြုခွင့်အခမဲ့အစီအဉ်ကို လာမည့် ဧပြီ ၁ ရက်ကစပြီး ၂၀၂၅ ခုနှစ်အထိ ကင်းလွတ်ရရှိမယ်လို့ဆောက်လုပ်ရေး ဝန်ကြီးဌာနက သိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး အပါအဝင် BOTစနစ်ဖြင့် ဆောင်ရွက်နေ သော လမ်းတံတားများအခြားပြည်ထောင်စုလမ်းနှင့် တိုင်းဒေသကြီး/ပြည်နယ်များ လမ်း တံတားအားလုံးမှာ လျှပ်စစ်သုံးယာဉ်များလမ်းတံတား အသုံးပြုခကို၁၀၀ ရာခိုင်နှုန်း ဖြေလျော့ပြီးအသုံးပြုခကောက်ခံခြင်းမပြုသည့်အစီအစဉ်အား ယခု လာမည့် ဧပြီ ၁ ရက်နေ့ကစပြီး ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်အထိ ကင်းလွတ်ရရှိမည်ဖြစ်သည်။။
လက်ရှိတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေနဲ့လည်း ပြည်ပမှ တင်သွင်း လာသည့်မော်တော်ယာဉ်များအပေါ်သတ်မှတ်ကောက်ခံသည့်ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခကိုလျှပ်စစ်စွမ်းအားသုံးမော်တော်ယာဉ်များ Battery Electric Vehicle (BEVs)အတွက်ကင်းလွတ်ခွင့်ပြုထားကြောင်းသိရသည် ။
အလားတူ လျှပ်စစ်သုံးမော်တော်ယာဉ်များအပေါ်၂၀၂၃-၂၀၂၅အထိ ကနဦးမှတ်ပုံတင် သည့်ယာဉ်များအတွက်၁၀၀ ရာခိုင်နှုန်း ဘီးခွန်ကင်းလွတ်ခွင့်၊မြို့ဝင်ကြေး၊ လမ်းအသုံးပြုခ၊တန်ပိုကြေး၊ အရောင်းပြခန်း၊ လုပ်ငန်းလိုင်စင်၊ညအိပ်ခ၊ ပစ္စည်းခွန်စသည်တို့အပေါ်အခွန်အခကင်းလွတ်ခွင့်ပြုထားခြင်း ဖြစ်သည်။
ymg/ppk
#EV
#လျှပ်စစ်သုံးမော်တော်ယာဉ်
#Yangon-Media-Group




#LocalNews
Published_ 22 March 2023
သကြန်ကာလနီးလာတာနဲ့အမျှ အခြေခံစားသောက်ကုန် ကုန်စျေးနူန်းတွေစျေးအနည်းငယ်မြင့်တတ်နေတယ်လို့ စားသုံးသူတွေကိုမေးမြန်းချက်အရသိရပါတယ်။အရင်က ကြည်ဥတစ်လုံးကို ငွေကျပ် ၂၆၀ စျေးရှိနေပြီးလက်ရှိမှာ တစ်လုံးကိုငွေကျပ် ၂၈၀ နဲ့ ဝယ်ယူစားသောက်နေတယ်လို့ စားသုံးသူတွေကပြောပါတယ်။ ဘဲဥစျေးဟာလည်း တစ်လုံးကို ၃၂၀ ကျပ်ရှိနေတယ်လို့ စားသုံးသူတစ်ဦးကပြောပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 22 March 2023
အမြန်လမ်းယာဉ်တိုက်မှုကြောင့် ကားထဲညပ်နေသူအား ကယ်ထုတ်ခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
ယနေ့ မတ်လ၂၂ ရက် နံနက် ၅ နာရီခန့်က ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁/၂ နှင့် ၁/၃ ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူတစ်ဦးညပ်နေကြောင်း သတင်းအရ သွားရောက် ကယ်ဆယ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်နေရာသို့ လှည်းကူးမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြကာ အဆိုပါ အမျိုးသား (၁)ဦးထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ)အား လှည်းကူးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ပိုင်သူနာတင်ယာဉ်ဖြင့် လှည်းကူးဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။
ymg/ppk
#Yangon-Media-Group

#LocalNews
Published-22 March 2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ နေအိမ်တစ်အိမ်တွင် အမျိုးသားတစ်ဦး
အိမ်သာကျင်းအသစ်အား ပြုပြင်ရန်ကျင်းထဲဆင်းစဉ် အောက်ဆီဂျင်ပြတ်လတ်၍ သေဆုံးခဲ့ကြောင်း လေးဝတီကုလရက္ခိတပရဟိတအသင်းက သိရသည်။
ကျောက်ဖြူမြို့၊ စိုင်ခြုံကျေးရွာမှ လက်သမားလုပ်ကိုင်သူ ဦးချစ်လွင်သည် မတ်လ ၂၀ ရက် နံနက် ၉ နာရီအချိန်ခန့်က စေတီတောင်ရပ်ကွက်၊ ခေမာလမ်းရှိ ၎င်းအလုပ်လုပ်ကိုင်နေသည့် ဦးကျော်ဝင်း၏နေအိမ်တွင် အိမ်သာကျင်းအသစ်လောင်းရာ၌ ကွန်ကရစ် အဖုံးတွင်ထည့်ထားသည့် သစ်သားဒေါက်တိုင်များဖြုတ်ယူရန် ကျင်းအတွင်းသို့ဆင်းချိန်တွင် အောက်ဆီဂျင်ပြတ်လတ်မှုဖြစ်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။
"အိမ်သာကျင်းက လူတစ်ကိုယ်စာအပေါက်ဖွင့်ထားတာ။ လေမရဘူး။ ပြီးတော့ကျင်းအောက် မှာလည်း ရေက တစ်ပေလောက်ရှိတယ်။ အဲဒီ
အိမ်သာတွင်းအသစ်လောင်းရာမှ ထည့်ထားတဲ့ ဒေါက်တိုင်တွေကို ဆင်းဖြုတ်တဲ့ချိန် အောက်ဆီဂျင်ပြတ်လတ်ပြီး သေဆုံးမှုဖြစ်ခဲ့တာ"ဟု လေးဝတီကုလရက္ခိတပရဟိတအသင်းတာဝန်ရှိသူကဆိုသည်။
ယင်းအပြင် သေဆုံးသူအမျိုးသားအား ဆင်းကယ်ခဲ့သည့် အမျိုးသား၃ဦးမှာလည်း ကျင်းပေါ်ပြန်အရောက်တွင် သတိလစ်ခဲ့ကြောင်းသိရသည်။
#ymg/mt
#Yangon-Media-Group
Page 1586 of 2417