#Health_Matters
Published - 26 Nov 2022
- မြန်မာနိုင်ငံမှာ တီဘီရောဂါဖြစ်ပွားကူးစက်သေဆုံးမှု အခြေအနေဘယ်လိုရှိပါသလဲ။ ကိုဗစ်ကြောင့် သေဆုံးမှုပိုများခဲ့ပါသလား??
#Yangon_Media_Group
#DailyNews
Published _ 26 November 2022
၁။ ပြည်တွင်းဝဥစျေးကွက် ကိုဗစ်နှင့် နိုင်ငံရေးအခြေအနေများကြောင့် ပျက်နေ
၂။ သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ပါဝင်လုပ်ကိုင်သူတွေကို ဝင်ငွေခွန် တိုးမြှင့်ကောက်ခံမည်
၃။ မွန်ပြည်နယ်ရှိကလေးငယ်(၄၀၀၀)ကျော်ကို Pfizer ကိုဗစ်ကာကွယ်ဆေးများ စတင်ထိုးပေးနေ
၄။ ကိုလံဘီယာမှ အာလူးမျိုးဟောင်းများပြန်လည်ရှင်သန်လာရန် သိပ္ပံနည်းပညာအကူအညီရယူ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 26 Nov 2022
- တီဘီရောဂါဟာ ကမ္ဘာပေါ်မှာ သေဆုံးမှု အများဆုံးအဆင့် ၁၃ မှာရှိပြီး သေစေတဲ့ ကူးစက်ရောဂါမှာ ကိုဗစ်-၁၉ ပြီးရင် ဒုတိယမြောက်လိုသိထားပါတယ်။ နှစ်ပေါင်းများစွာကြာသည့်တိုင် ဘာကြောင့် ကောင်းကောင်းမနှိမ်နှင်းနိုင်တာလဲ??
#Yangon_Media_Group
#LocalNews
Published_ 26 November 2022
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီများရှင် မို့မို့မြင့်အောင်က ခင်ပွန်းဖြစ်သူအား ငွေကြေးအရှုပ်အရှင်းကျူးလွန်သည်ကို လက်မခံနိုင်တော့၍ဟုဆိုကာ နိုဝင်ဘာလ ၂၄ ရက်တွင် ကွာရှင်းပြီးကြောင်း ယနေ့ နိုဝင်ဘာလ ၂၆ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ကြေညာထားသည်။
ဒေါ်မို့မို့မြင့်အောင်၏ လွှဲအပ်ညွှန်ကြားချက်အရ တရားလွှတ်တော်ရှေ့ဒေါ်မေသွယ်တင်လတ်က အဆိုပါ ကြေညာချက်ကို ကြေညာရာတွင် ဒေါ်မို့မို့မြင့်အောင်နှင့် ဦးမောင်မောင်ကျော်တို့ နှစ်ဦးမှာ ၁၉၈၇ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်ကပင် တရားဝင်အကြင်လင်မယားအဖြစ် ပေါင်းသင်းခဲ့ရာ ဒေါ်မို့မို့မြင့်အောင်အနေဖြင့် ခင်ပွန်းသည်အပေါ် မယားဝတ္တရားနှင့်အညီ ပြုစုပေးခဲ့သော်လည်း ဦးမောင်မောင်ကျော်အနေဖြင့် ဒေါ်မို့မို့မြင့်အောင် လုံးဝသဘောတူသိရှိခြင်းမရှိသော ငွေကြေးအရှုပ်အရှင်းများ အကြိမ်ကြိမ်ကျူးလွန်ထားကြောင်း၊ယင်းကို သိရှိပြီးနောက် လက်ခံခွင့်လွှတ်နိုင်စွမ်းမရှိသည့်အတွက်လသာမြို့နယ် ၊မြို့နယ်တရားသူကြီး အမှတ်(၂)စည်ပင်သာယာတရားရုံး၌ နိုဝင်ဘာလ ၂၄ ရက်က တရားဝင် နှစ်ဦးသဘောတူကွာရှင်းပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
၎င်းတို့နှစ်ဦး ပေါင်းသင်းစဉ်ကာလအတွင်း ဒေါ်မို့မို့မြင့်အောင် သိရှိသဘောတူခြင်းမရှိသော ဦးမောင်မောင်ကျော်ကျူးလွန်ခဲ့သည်ဆိုသည့် ငွေကြေးအရှုပ်အရှင်းများနှင့် ကွာရှင်းပြီးနောက်ပိုင်း ထပ်မံကျူးလွန်ခဲ့ပါကလည်း ယင်းတို့ကို ဒေါ်မို့မို့မြင့်အောင်အနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးမည် မဟုတ်ကြောင်း နှင့် ၎င်းကိစ္စအပေါ် မေးမြန်းစုံစမ်းခြင်း သီးခံပါရန် လည်း သတင်းစာကြော်ငြာတွင် ထည့်သွင်းဖော်ပြထားသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_26 November 2022
မြန်မာနိုင်ငံသား ပုဂ္ဂလိကလုပ်ငန်းရှင်တွေထံ ဆီစက်ချေးငွေ ပေးအပ်သွားမည်ဖြစ်ကြောင်း ဆီစက်လုပ်ငန်းများ၏ ချေးငွေလိုအပ်ချက်ကို လေ့လာသုံးသပ် တင်ပြရေးအဖွဲ့က နိုင်ငံပိုင်သတင်းစာကတစ်ဆင့် အသိပေးကြေညာထားသည်။
ပြည်တွင်းစားသုံးဆီဖူလုံစေရန် ၊ ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျှော့ချနိုင်စေရန်နှင့် အရည်အသွေးမီ စားသုံးဆီများ ထုတ်လုပ်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး ယင်းအတွက် ဆီစက်ချေးငွေ လျှောက်ထားနိုင်ကြောင်း ကြေညာချက်အတွင်း ဖော်ပြထားသည်။
ချေးငွေရယူလိုသည့် လုပ်ငန်းရှင်များအနေဖြင့် ဆီစက်ချေးငွေအဆိုပြုလွှာပုံစံကို စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်များတွင် အခမဲ့ဒေါင်းလုတ် ရယူနိုင်ကြောင်း ကြေညာထားသည်။
ချေးငွေအဆိုပြုလွှာအတွက် ပိတ်သိမ်းမယ့်ရက်ကို ဒီဇင်ဘာ ၂၇ ရက် သတ်မှတ်ထားပြီး ချေးငွေအဆိုပြုလွှာနှင့် စာရွက်စာတမ်းများကို ချိတ်ပိတ်စာအိတ်တွင် ထည့်သွင်းပြီး ဆီစက်လုပ်ငန်းများ၏ ချေးငွေလိုအပ်ချက်ကို လေ့လာသုံးသပ် တင်ပြရေးအဖွဲ့၊ ရုံးအမှတ် (၃၇) သို့ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 26 November 2022
လာမည့်ဒီဇင်ဘာလအတွင်းဂျာမန်ဘာသာစကားကျွမ်းကျင်မှုကိုအတည်ပြုပေးမည့် Goethe- Zertifikat စာမေးပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်၊၊
Goethe-Insitut Myanmar မှအဆိုပါစာမေးပွဲများကိုကျင်းပပေးခြင်းဖြစ်ပြီးလာမည့်ဒီဇင်ဘာလ(၂၁) ရက်စတင်ကာ A1 Level ကနေ B1 Level အထိစာမေးပွဲများကိုကျင်းပသွားမည်ဟုဆိုသည်၊၊
စာမေးပွဲအတွက် ပြင်ဆင်နေသူများအနေဖြင့်မိမိ၏ စွမ်းရည်နှင့်ကိုက်ညီသောအဆင့်ကို ရွေးချယ်ပြီး ဖြေဆိုရန်နိုဝင်ဘာလ ( ၂၃ ) ရက်မှ ဒီဇင်ဘာလ ( ၂ ) ရက်အတွင်း စာရင်းပေးသွင်းထားကြရန်လိုအပ် ကြောင်းသိရသည်၊၊
စာမေးပွဲအချိန်စာရင်းမှာStart Deutsch 1 - 21. 12. 2022/Fit in Deutsch 1- 21 .12 .2022/ Goethe- Zertifikat A2- 27. 12 .2022/Fit in Deutsch 2 - 27 .12 .2022/Goethe-Zertifikat B1 - 29 .12. 2022တို့ဖြစ်သည်၊၊
ဂျာမန်ဘာသာစကားတတ်မြောက်လိုသူများအနေဖြင့်လည်းGoethe-Institut မြန်မာတွင် နိုင်ငံတကာသင်ရိုးနှင့်အညီ ဂျာမန်ဘာသာစကားကို လေ့လာနိုင်ပြီး လာမည့် ဒီဇင်ဘာလအတွင်း အခြေခံအကျဆုံး A Level အတန်းများကို In-person ရော Online Class များပါ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် နိုဝင်ဘာလအတွင်းစာရင်းသွင်းထားနိုင်ကြောင်းသိရသည်၊၊
ဒါ့အပြင် A1.1 Blended Learning Class ကိုလည်း ဖွင့်လှစ်သွားမည်ဖြစ်၍ အလုပ်ကြောင့် အချိန်အများကြီးမပေးနိုင်သူများအနေဖြင့်လည်း ဂျာမန်စာကို လေ့လာနိုင်မည်ဖြစ်ကြောင်း ယခင်ကဂျာမန်ဘာသာစကားလေ့လာဖူးသူတွေအနေဖြင့်လည်း Placement Test ကိုအခမဲ့ဖြေဆိုပြီး မိမိနှင့်ကိုက်ညီသည့်အတန်းကို တက်ရောက်နိုင်ကြောင်းသိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_26 November 2022
ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် တစ်ပါတ်အတွင်း လယ်ယာထွက်ကုန် တင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဒသမ ၂၄ သန်းရရှိထားကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၎င်းလယ်ယာထွက်ကုန်တင်ပို့မှုများအနက် ရော်ဘာတင်ပို့မှုမှာ ကန်ဒေါ်လာ ၆ ဒသမ ၂ သန်းဖြစ်ပြီး မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂ ဒသမ ၄ သန်းတင်ပို့ထားကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် မြဝတီနှင့် မူဆယ်ပြီးပါက တတိယ အများဆုံး ကုန်သွယ်မှုဆောင်ရွက်နေသည့် ကုန်သွယ်ရေးစခန်းတွင် ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းဖြစ်ကြောင်း၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်၊ ဆန်ကွဲ၊ ရော်ဘာ၊ ပြောင်းစသည့် လယ်ယာထွက်ကုန်ပစ္စည်းများ အဓိကတင်ပို့လျက်ရှိကြောင်းသိရသည်။
ယင်းအပြင် ယခုဘဏ္ဍာနှစ်၏ ခုနှစ်လကျော်ကာလအတွင်း တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန် ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဒသမ ၁၉ သန်းရရှိထားပြီး ချင်းရွှေဟော်နယ်စပ်ကုန်သွယ်မှုတွင် ကန်ဒေါ်လာ ၆၄ ဒသမ ၂၂ သန်းပို့ကုန်ဝင်ငွေရရှိထားခြင်းဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။
#ymg/sth
#Yangon_Media_Group
Page 1585 of 2203