#Local_News
Published _ 1 october 2022
ယနေ့ အောက်တိုဘာလ ၁ရက်နေ့ အကယ်ဒမီအခေါက်ရွှေဈေးပြင်ပဈေးနှုန်းက ၂,၄၉၀,၀၀၀ ကျပ်အထိ ဈေးကျဆင်းနေတယ်လို့ ရွှေအရောင်းအဝယ်ဈေးကွက်အတွင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 1 Oct 2022
- ဦးနှောက်ရောင်ရောဂါ ကူးစက်ခံရတာကို ဘယ်လိုသိနိုင်သလဲ။မြန်မာနိုင်ငံအတွက်ရော ဘယ်လောက်ကြောက်စရာကောင်းသလဲ??
#Yangon_Media_Group
#Health_Matters
Published - 1 Oct 2022
- ဦးနှောက်ရောင်ရောဂါ ကူးစက်ခံရတာကို ဘယ်လိုသိနိုင်သလဲ။ မြန်မာနိုင်ငံအတွက်ရော ဘယ်လောက်ကြောက်စရာကောင်းသလဲ??
#Yangon_Media_Group
#DailyNews
Published _ 1 October 2022
၁။ ရွှေအတုံးအခဲများ လေလံစနစ်ဖြင့် ရောင်းချရာ လေလံဆွဲသူနည်းပါးနေပြီး ရွှေဈေး ၂၅ သိန်းအောက်သို့ ရောက်ရှိနေ
၂။ နိုင်ငံခြားဖြစ်ဆေးဝါးများ ဈေးမြင့်တက်နေဆဲဖြစ်
၃။ အလုပ်ကြောင့် စိတ်ဖိစီးမှုများနေသူများ၊ စိတ်ဓာတ်ကျနေသူများကိုအကူအညီများပေးနေ
၄။ ယဉ်ကျေးမှုအမွေအနှစ်ခြိမ်းခြောက်ခံနေရသည့်ကိစ္စနှင့် ပတ်သက်၍ ယူနက်စ်ကို အစည်းအဝေးပွဲကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 1 Oct 2022
-ဂျပန်ဦးနှောက်ရောင်ရောဂါဟာ ဗိုးရပ်စ်ကြောင့်ဖြစ်တာလား ဘက်တီးရီးယားကြောင့်လား ဒါမှမဟုတ် အခြားအကြောင်းတွေကြောင့်လား??
#Yangon_Media_Group
#Local_News
Published_1 October 2022
အောက်တိုဘာ ၁ ရက်နေ့ မနက်ပိုင်းအထိ ဒေါ်လာဈေးနှင့် ရွှေဈေး ထပ်မံကျဆင်းခဲ့ပြီး တစ်ဒေါ်လာ ၂၆၀၀ ကျပ်ထိဖြစ်လာကာ အခေါက်ရွှေ တစ်ကျပ်သား ၂၃ သိန်းဝန်းကျင်သာ ရှိတော့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ယနေ့ ဈေးအဖွင့်မှာပင် ဒေါ်လာဈေးသည် အဝယ်ဈေးနှုန်း တစ်ဒေါ်လာကို ၂၅၈၀ ကျပ် နှင့် အရောင်းဈေးနှုန်း ၂၆၃၀ ဖြစ်နေကြောင်း၊ ယင်းအပြင် ဗဟိုဘဏ်အနေဖြင့်လည်း ကန်ဒေါ်လာလဲလှယ်နှုန်းသည် တဖြည်းဖြည်းကျဆင်းလာမည်ဖြစ်ပြီး ဖြစ်သင့်သည့် နှုန်းထားကို မကြာခင်ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်း၌ ဒေါ်လာလဲလှယ်နှုန်းနှင့် ရွှေဈေးနှုန်းသည် စံချိန်တင် မြင့်တက်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် ဗဟိုဘဏ်အနေဖြင့် ဒေါ်လာကိုင်ဆောင်မှုတွေကို ကန့်သတ်မှုများ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေကို တင်းကြပ်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ဒေါ်လာလဲလှယ်နှုန်းသည် တဖြည်းဖြည်း ပြန်လည်ကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် မြင့်တက်နေသည့်ရွှေဈေးနှုန်းကို ထိန်ချုပ်ရန်အတွက် ရွှေဒင်္ဂါးပြားများကို နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန်တို့တွင် ရောင်းချပေးခဲ့ကြောင်းသိရသည်။ အောက်တိုဘာလ ၁ ရက်နေ့တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ထားသည့်ကြမ်းခင်းဈေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားကို ၁၉၅၄၀၀၀ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 1 October 2022
အောက်တိုဘာလအတွင်း လေဖိအားနည်းရပ်ဝန်း (၄)ကြိမ်နှင့် ပိုမိုအားကောင်းလာပါက မုန်တိုင်းငယ်(၂)ကြိမ်ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်၊၊
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်တွင် ထုတ်ပြန်လိုက်သည့် အောက်တိုဘာလအတွက် မိုးလေဝသခန့်မှန်းချက်တွင် သတိပေးဖော်ပြထားသည်၊၊
ထုတ်ပြန်ချက်တွင် အောက်တိုဘာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း(၄) ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၂)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ အနောက်တောင်မုတ်သုံလေသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၃-၇) ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်ဒေသများမှလည်းကောင်း၊ အောက်တိုဘာလ (၈-၁၂)ရက်နေ့အတွင်း မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှလည်းကောင်း ဆုတ်ခွာသွားဖွယ်ရာရှိကြောင်း ဖော်ပြထားသည်၊၊
အောက်တိုဘာလတွင် ဖြစ်ပေါ်လာမည့် လေဖိအားနည်းရပ်ဝန်းများ၊မုန်တိုင်းများသည် မြန်မာနိုင်ငံဘက်ကိုကွေ့ဝင်လာနိုင်သဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနညွှန် ကြားရေးမှူးဦးလှထွန်းကလည်း သတိပေးပြောကြားထားသည်၊၊
အောက်တိုဘာလဆန်းပိုင်းဖြစ်သည့် အောက်တို ဘာ(၁)ရက်မှ (၁၀)ရက်အတွင်းတွင်လည်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း(၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းဖော်ပြထားသည်၊၊
မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ ကချင်ပြည်နယ်တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲခန့်မိုးထစ်ချုန်း ရွာနိုင်သည်ဟုဆိုသည်၊၊
မိုးရွာရက်အနေဖြင့် ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၆)ရက်မှ (၈)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းနှင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့် မြောက်ပိုင်း)တို့တွင် (၃)ရက်မှ (၅)ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်ကြောင်းသိရသည်၊၊
#ymg/tthl
#Yangon_Media_Group
Page 1580 of 2080