Published 27 March 2023
နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်အပါအဝင် အငြိမ်းစားတပ်မတော်အရာရှိကြီးများကို နစက ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးဦးဆောင်တဲ့ တပ်မတော်(ကြည်းရေလေ)မိသားစုတွေက ယနေ့ မတ်လ ၂၇ရက်နေ့၊( ၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ဂါရဝပြုကန်တော့ခဲ့ကြတယ်လို့ သိရပါတယ်။
တပ်မတော်အငြိမ်းစားအရာရှိကြီးတွေဟာ မိမိတို့၏ မိဘဆရာတွေဖြစ်ကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် နှစ်စဉ်နှစ်တိုင်း ယခုအချိန်ကာလတွင် ဂါရဝပြု ကန်တော့လျက်ရှိပါကြောင်း၊ ၊ဗုဒ္ဓဘာသာအစဉ်အလာ နှင့်အညီယခုကဲ့သို့ အထက်အောက်ရိုသေလေးစားမှုဖြင့်ကျေးဇူးတရားကိုသိရှိစွာဂါရဝ ပြုကန်တော့ခြင်းသည် မိမိတို့တပ်မတော်၏ အစဉ်အလာကောင်း တစ်ခုပင်ဖြစ်ပါကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဂါရဝပြုစကားပြောကြားခဲ့တဲ့အကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီနောက် အငြိမ်းစားတပ်မတော်အရာရှိကြီးတွေကို မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာနှင့်အညီရိုသေစွာဖြင့် ဂါရဝပြု ကန်တော့ခဲ့ကြပါတယ်။
အခမ်းအနားတွင် ကန်တော့ခံအငြိမ်းစား တပ်မတော်အရာရှိကြီးများ ကိုယ်စားနိုင်ငံတော်သမ္မတ(ငြိမ်း) ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်တို့က ဩဝါ ဒစကားများပြန်လည်ပြောကြားခဲ့ကြတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
-ymg/knl
#ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
#၇၈နှစ်မြောက်တပ်မတော်နေ့
#YangonMediaGroup






#LocalNews
Published_ 27 March 2023
မတ်လ၂၇ရက်တွင် စက်သုံးဆီပေါက်ဈေး၌ ဓာတ်ဆီ ၁ လီတာလျှင် ၂၁၂၀ကျပ်အထိ ရောက်ရှိလာပြီး ယနေ့လက်ကားရောင်းချဈေးမှာ တစ်လီတာ၂၀၁၄ ကျပ်အတက်နှုန်းထားဖြင့် ဈေးပြန်တက်လာ ကြောင်း စက်သုံးဆီတင်သွင်းမှုကြီးကြပ်ရေးအဖွဲ့ PPRD ၏ နေ့စဉ် ဈေးနှုန်းအပြောင်းအလဲများအရ သိရပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 27 March 2023
ပြည်တွင်းမှာ ဆန်စပါးဈေးတွေမြင့်တက်လာလို့ ပြည်ပကိုဆန်နဲ့ဆန်ကွဲတွေတင်ပို့ရာမှာ ခွဲတမ်းအကန့်အသတ်စနစ် (Quota)နဲ့တင်ပို့ဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 27 March 2023
မဟာသင်္ကြန်ကာလအတွင်း YRTC အောက်မှာရှိတဲ့ YBS ယာဉ်လိုင်းတွေထဲက လမ်းကြောင်းတူယာဉ်လိုင်းအချို့ ခေတ္တရပ်နားမှာဖြစ်ပေမယ့် ရန်ကုန်တိုင်းဒေသကြီးအတွင်း သွားလာနေတဲ့ခရီးသွားပြည်သူတွေ အခက်အခဲ မရှိအောင်စီစဉ်ထားတယ်လို့ YRTC ကသိရပါတယ်။
#YMG#Yangon_Media_Group
#Local_News
Published_ 27 March 2023
ဗန်းမော်ဆရာတော်ဘုရားကြီးဟာ ထိုင်းနိုင်ငံဘန်ကောက်မှာ (၁၄)ရက်ကြာကျန်းမာရေးစစ်ဆေးမှုနဲ့ဆေးကုသမှုခံယူနေတယ်လို သိရပါတယ်၊၊
#YMG#Yangon_Media_Group
#DailyNews
Published_ 27 March 2023
၁။ဗန်းမော်ဆရာတော်ဘုရားကြီးထိုင်းနိုင်ငံဘန်ကောက်တွင်(၁၄)ရက်ကြာဆေးကုသမှုခံယူနေ
၂။သင်္ကြန်ကာလ YBS ယာဉ်လိုင်းအချို့ရပ်နားထားမည်
၃။ ဆန်ကို အကန့်အသတ်စနစ်(Quota)နဲ့ ပြည်ပပို့ရန်ပြောင်းလဲသတ်မှတ်
၄။အသက်(၇၃)နှစ်ထိတိုင် ကြိုးတန်းလမ်းလျှောက်ချင်သေးသည့် ပြင်သစ်ကြိုးတန်းလမ်းလျှောက်သမား... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#LocalNews
Published_ 27 March 2023
မတ်လ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများကြောင့်ခေတ္တာပိတ်ထားတဲ့ ထိုင်းမြန်မာချစ်ကြည်ရေးတံတားအမှတ်(၁)၊(၂)ကို မတ်လ ၂၆ရက်နေ့က ပြန်ဖွင့်ပေးလိုက်ပြီဖြစ်တယ်လို့ မြဝတီမြို့ဒေသခံတွေကပြောပါတယ်။
#YMG#Yangon_Media_Group
Page 1575 of 2417