#LocalNews
Published_ 29 March 2023
မြန်မာနိုင်ငံရှိတရုတ်လုပ်ငန်းရှင်များအပါအဝင်မြန်မာလုပ်ငန်းရှင်များကို တရုတ်နိုင်ငံ၊လင်ချန်းမြို့တွင်လာရောက်ရင်းနှီးမြှုပ်နှံရန်လင်ချန်းမြို့၊မြို့တော်ဝန်မှဖိတ်ခေါ်ခဲ့ကြောင်း မြန်မာနိုင်ငံတရုတ်သံရုံး၏ထုတ်ပြန်ချက်အရသိရသည်၊၊
ယူနန်ပြည်နယ် လင်ချန်းမြို့၊ မြို့တော်ဝန် Mr. Du Jianhui ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး လင်ချန်းမြို့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး မိတ်ဆက်ပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။
လင်ချန်းမြို့၊ မြို့တော်ဝန်Mr. Du Jianhui က လင်ချန်းသည် ကိုယ်ပိုင်အားသာချက်များကို အသုံးချ၍ မြန်မာနိုင်ငံနှင့် တံခါးဖွင့်လှစ် ပူးပေါင်းဆောင်ရွက်မှုကို အင်အားစုစည်း၍ မြှင့်တင်လျက်ရှိကြောင်း၊ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအလားအလာသည် ကြီးမားကြောင်း၊ တက်ရောက်လာကြသော လုပ်ငန်းရှင်များ လင်ချန်းသို့ လာရောက်လေ့လာရန်၊ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါမိတ်ဆက်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu တက်ရောက်ခဲ့ပြီး ၄င်းကလင်ချန်းမြို့သည် မြန်မာနိုင်ငံသို့ တံခါးဖွင့်လှစ် ပူးပေါင်းဆောင်ရွက်မှုကို များစွာအလေးထားကြောင်း၊ နိုင်ငံလုံးဆိုင်ရာ လွှတ်တော်အစည်းအဝေးနှစ်ရပ် အောင်မြင်စွာ ကျင်းပပြီးစီး၍ မကြာမီတွင် မြန်မာနိုင်ငံသို့ လာရောက်၍ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး မိတ်ဆက်ပွဲ ကျင်းပခြင်းဖြစ်ကြောင်း၊ လင်ချန်းနှင့် မြန်မာနိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိပြီး နယ်စပ်ဂိတ်၊ ကုန်သွယ်ရေးလမ်းကြောင်းများနှင့် နယ်စပ်ဈေးများ ပိုင်ဆိုင်ထားကြောင်း၊ မြန်မာနိုင်ငံသို့ တံခါးဖွင့်ရန်အတွက် ထူးခြားသော တည်နေရာအားသာချက်နှင့် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုအခြေခံ ရှိကြောင်း၊ လင်ချန်းမှ ၎င်း၏ ကိုယ်ပိုင်အားသာချက်များကို အပြည့်အဝဖော်ထုတ်ရန်၊ အခြေအနေအလိုက် ဆောင်ရွက်ပြီး မြန်မာနိုင်ငံနှင့် ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ်နက်ရှိုင်းစွာ ဆောင်ရွက်နိုင်ရန် သံရုံးမှ ကူညီပေးလိုကြောင်း ပြောကြားသည်။
ယင်းမိတ်ဆက်ပွဲကိုမြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ် ဥက္ကဌ ဦးအိုင်ထွန်း၊ မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်း အမှုဆောင်ဒုဥက္ကဌ Mr. Yao Fenggang နှင့် မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းရှင်များ၊ တရုတ်နွယ်ဖွားလုပ်ငန်းရှင်များ စသဖြင့် လူဦးရေ ၆၀ ခန့် တက်ရောက်ခဲ့သည်။
မိတ်ဆက်ပွဲတွင် လင်ချန်းမြို့၏ သက်ဆိုင်ရာတာဝန် ရှိသူများက ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး မိတ်ဆက်မှုများ ပြုလုပ်ခဲ့ကြပြီး လုပ်ငန်းရှင်ကိုယ်စားလှယ်များနှင့်အတူ မြန်မာနိုင်ငံသို့ လင်ချန်းမြို့၏ တံခါးဖွင့်လှစ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး တို့နှင့်စပ်လျဉ်း၍ ကူးလူးဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်၊၊
ymg/tthl
Yangon_Media_Group



#LocalNews
Published_ 28 March 2023
ရန်ကုန်မြစ်တွင်းပြေးဆွဲနေတဲ့သဗ္ဗာန်တွေအနေနဲ့ သင်္ကြန်ကာလမှာ ပုံမှန်ပြေးဆွဲပေးမှာဖြစ်ပြီး သဗ္ဗာန်မောင်းနှင်သူတွေကိုအလှည့်ကျပုံစံနဲ့သင်္ကြန်ပိတ်ရက်တွေမှာနားခွင့်ပေးထားတယ်လို့ သဗ္ဗာန်ပြေးဆွဲသူတွေထံမှသိရပါတယ်၊၊
#YMG#Yangon_Media_Group
#Local_News
Published_ 28 March 2023
ဧပြီလအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်ဖြစ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#YMG#Yangon_Media_Group
#LocalNews
Published_ 28March 2023
သင်္ကြန်တွင်း ရေကစားပစ္စည်းများ ဈေးကွက်ထဲမှာရောင်းအား ကောင်းနေပေမယ့် ပစ္စည်းပြတ်နေတယ်လို ရန်ကုန်မြို ၂၄လမ်းရှိ ရေကစ္စည်းအရောင်းဆိုင်တွေကိုမေးမြန်းချက်အရသိရပါတယ်။
#YMG#Yangon_Media_Group
#Local_News
Published_ 28 March 2023
သင်္ကြန်ကာလမှာ ရန်ကုန်နဲ့အနီးဆုံးနေရာဖြစ်တဲ့ လှည်းကူးမြို့နယ်ထဲက သူဌေးကျွန်း Resortနဲ့အခြားResortတွေကို လာရောက်မယ့်သူတွေပိုများလာနိုင်တယ်လို့ လှည်းကူးမြို့နယ်၊ခရီးသွားလမ်းညွှန်တွေထံမှသိရပါတယ်၊၊
#YMG#Yangon_Media_Group
#DailyNews
Published_ 28 March 2023
၁။သင်္ကြန်ကာလအတွင်းရန်ကုန်နှင့်အနီးဆုံးဖြစ်သည့်လှည်းကူးရှိသူဌေးကျွန်းနှင့်Resortများသို့လာရောက်လည်ပတ်မည့်သူပိုများလာနိုင်
၂။သင်္ကြန်ရေကစားပစ္စည်းများဝယ်သူများပေမယ့် ပစ္စည်းရှားပါးနေ
၃။ ဧပြီလအတွင်း လေဖိအားနည်းရပ်ဝန်းမှအားကောင်းပြီးမုန်တိုင်းငယ်ဖြစ်နိုင်၊နွေကာလမိုးဆက်ရွာဦးမည်
၄။တရုတ်ဂြိုဟ်တုစနစ်နှင့်အပြန်အလှန်ချိတ်ဆက်နိုင်မည့် P60 စီးရီးစမတ်ဖုန်းအသစ်များအားဟွာဝေးမိတ်ဆက်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#LocalNews
Published_ 28March 2023
ကျုံးဒိုး၊ကော့ကရိတ်၊မြဝတီအာရှလမ်းမှာတိုက်ပွဲပြင်းထန်နေတဲ့အတွက် ခရီးသည်မော်တော်ယာဉ်တချို့ ထီလုံ၊နဘူး၊ထိုကော်ကုန်းကျေးရွာများကနေ မော်တော်ယာဉ်များသွားလာနေရကြောင်းဒေသခံ များရဲ့ပြောပြချက်အရသိရပါတယ်။
#YMG#Yangon_Media_Group
Page 1573 of 2417