#Local_News
Published_ 29 March 2023
သင်္ကြန်ရက်နီးလာချိန်တွင် စက်သုံးဆီဈေးများ ဆက်တိုက်မြင့်တက်လာပြီး လက်လီ၊ လက်ကားဈေး နှစ်ခုစလုံးမြင့်တက်နေပါတယ်။
#Local_News #သင်္ကြန်မတိုင်မှီ #စက်သုံးဆီ #ဈေးဆက်တိုက်မြင့်တက်#YMG #Yangon_Media_Group
#Local_News
Published_ 28 March 2023
စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေနဲ့ ပြည်တွင်းစားသုံးဆီဈေးနှုန်းကို ၄၄၃၀ကျပ်သတ်မှတ်ထားပြီး အရင်အပတ်ထက်ငွေကျပ် ၁၀၀ကျော်ဈေးကျဆင်းလာပါတယ်။
#Local_News #စားသုံးဆီ #အရင်အပတ်ထက်ဈေးကျ #YMG #Yangon_Media_Group
#Local_News
Published_ 29March 2023
မြဝတီအာရှလမ်းမှာ တိုက်ပွဲပြင်းထန်တဲ့အတွက် အရေးပေါ်ဆေးကုသမယ့် လူနာတွေအနေနဲ့ မြဝတီမြို့ကနေ ရန်ကုန် ၊ မော်လမြိုင် ၊ ဘားအံ မြို့ကို ထိုကော်ကိုးလမ်းကိုအသုံးပြုနေရတာဖြစ်ပါတယ်။
#Local_News #မြဝတီ #အရေးပေါ်လူနာတင်ယာဉ် #ထိုကော်ကိုးလမ်း
#အခက်အခဲဖြစ်နေ #YMG #Yangon_Media_Group
#Local_News
Published_ 29 March 2023
သင်္ကြန်ချိန်နီးလာပြီဖြစ်တဲ့အတွက် ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ အတာအိုးတွေကို လက်ကားဝယ်ယူသူတွေများလာပြီး အရောင်းသွက်လာတယ်လို့ အတာအိုးလက်လီလက်ကားရောင်းချသူတွေထံမှ သိရပါတယ်၊၊
#Local_News #အတာအိုး #အရောင်းသွက်နေ
#YMG#Yangon_Media_Group
#DailyNews
Published_ 29 March 2023
၁။ရန်ကုန်၊ မန္တလေးအတာအိုးလက်ကားဈေးကွက် အရောင်းသွက်နေ
၂။မြဝတီမြို့အရေးပေါ် လူနာတင်ယာဉ်များ ၅ နာရီကြာသည့် ထိုကော်ကိုးလမ်းကို အသုံးပြုပြီးသွားလာနေရတဲ့အတွက် အခက်အခဲဖြစ်နေ
၃။ စားသုံးဆီ ရည်ညွှန်းသတ်မှတ်ဈေး ၄၄၃၀ ကျပ်သတ်မှတ်ထားပြီး အရင်အပတ်ထက်ဈေးကျ
၄။အဖိုးတန်လှသည့် ပန်းရောင်နာနတ်သီးများ ကော့စတာရီကာစိုက်ခင်းများတွင် ထွက်ရှိနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 29 March 2023
ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ နှစ်သစ်မင်္ဂလာအခမ်းအနားကျင်းပဖို့ရှိပြီး လာမယ့်နှစ်ဆန်းတစ်ရက်နေ့ ဧပြီလ(၁၇)ရက်မှာ ကျင်းပသွားမှာဖြစ်တယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရပါတယ်၊၊
#Local_News #ရွှေတိဂုံ #နှစ်ဆန်းတစ်ရက်နေ့ #နှစ်သစ်မင်္ဂလာ#YMG #Yangon_Media_Group
#Local_News
Published_ 29 March 2023
ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ ယာယီခိုလှုံရာစခန်းတွင် နေထိုင်ကြသည့် စစ်ဘေးရှောင် ၂၇၀၀ ကျော် ယနေ့ မတ်လ ၂၉ ရက်တွင် နေရပ်သို့ ပြန်ကြပြီ ဖြစ်ကြောင်း ကျော်တော်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က သိရသည်။
အဆိုပါ နေရပ်ပြန်ကြသည့် ကျောက်တော်မြို့နယ်မှ ကျေးရွာအုပ်စု ၁၀ အုပ်စု၊ ကျေးရွာ ၁၇ ရွာနှင့် ပလက်ဝမြို့နယ်မှ ကျေးရွာ ၆ ရွာ အိမ်ထောင်စု ၆၄၄ စု၊ လူဦးရေ ၂၇၀၆ ဦးတို့အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထောက်ပံ့မှုများမှာ အိမ်ထောင်စု ၁ စုလျှင် ငွေကျပ် ၅ သိန်းနှုန်းစီ ဖြင့် အိမ်ထောင်စု ၆၄၄ စုအတွက် ထောက်ပံ့ငွေကျပ် ၃၂၂၀ သိန်း ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ နေရပ်ပြန်ပြောင်းရွှေ့စရိတ်အဖြစ် အိမ်ထောင်စု ၁ လျှင် ငွေကျပ် ၁ သိန်းနှုန်းစီဖြင့် ငွေကျပ် ၆၄၄ သိန်း၊ လူတစ်ဦးကို ဆန်၊ ရိက္ခာ ၁ ရက်လျှင် ဆန် ၂ ဘူးနှုန်းစီဖြင့် အိမ်ထောင်စု ၆၄၄ စု၊ လူဦးရေ ၂၇၀၆ ဦးအတွက် တစ်လစာ ရိက္ခာဆန်ဖိုးငွေ ၂၄,၃၅၄,၀၀၀ ကျပ် ၊ လူသုံးကုန်ပစ္စည်း ၁၇ မျိုးပါဝင်သော Family Kit ပုံး ၆၄၄ ပုံး တို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းထောက်ပံ့မှုများကို ယာယီခိုလှုံရာစခန်းမှ အိမ်ထောင်စုဝင်များ၏ ကိုယ်စားလှယ်များထံ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းလည်း ကျော်တော်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က သိရသည်။
#ymg/mt #Local_News #ကျောက်တော် #စစ်ဘေးရှောင် #နေရပ်ပြန်
#YMG #Yangon_Media_Group
Page 1571 of 2417