#Local_News
Published_ 1 December 2022

 

မဲခေါင်ဒေသများဆိုင်ရာလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုစင်တာ Safe Mekong Coordination Center(SMCC)ကိုအသုံးပြု၍ မဲခေါင်မြစ်ဝှမ်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းမှုမြှင့်တင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန်ထားသည်။

 

အဆိုပါ မဲခေါင်ဒေသများဆိုင်ရာလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုစင်တာ Safe Mekong Coordination Center(SMCC)ကို နိုဝင်ဘာလ ၂၉ ရက်က ရှမ်းပြည်နယ်တောင်ကြီးမြို့၌ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်၊၊

 

ယင်းစင်တာကို အသုံးပြု၍ မဲခေါင်မြစ်ဝှမ်း၌ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းမှုမြှင့်တင်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အချက်အလက်များ အတူမျှဝေရေး၊ အစည်းအဝေးကျင်းပရေးစသည်တို့ကို ဆောင်ရွက်ကြမည် ဖြစ်ကြောင်း သိရသည်။

 

တရုတ်-မြန်မာနှစ်နိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကဏ္ဍတွင် မိတ်ဖက်နိုင်ငံများ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအပါအဝင် မဲခေါင်မြစ်ဒေသများ ဖြစ်သည့် တရုတ်၊ လာအို၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံတို့နှင့် အတူ “Safe Mekong” ပူးတွဲမူးယစ်ဆေးဝါးတိုက်ဖျက်ရေးလှုပ်ရှားမှုကိုလည်း ခြောက်ကြိမ်ဖော်ဆောင်ခဲ့ပြီး အဆိုပါ နိုင်ငံများ က မဲခေါင်မြစ်ပူးတွဲကင်းလှည့်လှုပ်ရှားမှုကို ၁၂၃ ကြိမ်ဖော်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းမှုမြှင့်တင်ရာတွင် ရွှေတြိဂံဒေသ ၊ လန်ချန်း-မဲခေါင် ဒေသများအတွက် ပါဝင်ကြောင်း လည်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#ymg/tthl
#Yangon_Media_Group