#Local_News
Published_1 December 2022

 

ဘဏ်များအနေဖြင့် လုပ်ငန်းတည်နေရာ ပြောင်းရွှေ့ခြင်းအတွက် အခကြေးငွေအဖြစ် ငွေကျပ် ငါးသိန်းပေးဆောင်ရမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှညွှန်ကြားချက်ထုတ်ပြန်ထားသည်။

 

ဗဟိုဘဏ်အနေဖြင့် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေအရ ယခုလို ညွှန်ကြားချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

 

အဆိုပါကြေညာချက်တွင် ဖွင့်လှစ်ပြီးသည့် ဘဏ်တွေ၏ ရုံးချုပ်များ၊ ရုံးခွဲများ လုပ်ငန်းနေရာ ပြောင်းရွှေ့ရာတွင် ယခင်လုပ်ငန်းနေရာနှင့် မြို့နယ်တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ လုပ်ငန်းနေရာ ပြောင်းရွှေ့မည်ဆိုပါက အခကြေးငွေ ကျပ်ငါးသိန်းကို ပေးသွင်းရမည်ဖြစ်ကြောင်း ပါရှိသည်။

 

ယင်းအပြင် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေး အဖွဲ့အစည်းများ၏လုပ်ငန်းနေရာ ပြောင်းရွှေ့ခြင်းနှင့် ပိတ်သိမ်းခြင်းများ ဆောင်ရွက်မည်ဆိုပါက အခကြေးငွေ ကျပ်နှစ်သိန်းပေးရမည်ဖြစ်ကြောင်း သိရသည်။

 

ပြည်တွင်းဘဏ်စုစုပေါင် ၂၄ ခုရှိပြီး လက်ရှိတွင်လည်း ပြည်တွင်းဘဏ်ကြီးတစ်ခုဖြစ်သည့် ဧရာဝတီဘဏ် (AYA) သည် အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲရန်အတွက် ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်အရာရှိထံ တင်ပြထားကြောင်း တရားဝင်အသိပေးထုတ်ပြန်ထားသည်။

 

#ymg/sth
#Yangon_Media_Group