#Local_News
Pubblished- 26 September 2022
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့နိုင်ငံတွေရဲ့ ဈေးကွက်နဲ့ ဈေးနှုန်းဖြစ်ပေါ်မှုများအရ စက်တင်ဘာလ ၂၆ ရက်ကနေ အောက်တိုဘာလ ၂ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၆၆၀ ကျပ် ထုတ်ပြန်ကြေညာထားပါတယ်။
#Yangon_Media_Group
#Local_News
Published-26 Setember 2022
ပြည်တွင်းဆန်ဈေးကွက်တွင် ဆန်သစ်ပေါ်လာချိန်နီးလာသော်လည်း ဆန်ဟောင်းဈေးနှုန်းမှာ ကျဆင်းလာခြင်းမရှိပဲ အမြင့်ဈေးတွင်ဆက်ရှိနေကြောင်း ဆန်ရောင်းချသူ ဦးဝင်းနိုင်က ပြောသည်။
ဆန်ဈေးကွက်တွင် ပြည်တွင်းစားသုံးသည့် ဆန်ဟောင်းများမှာ အမြင့်ဈေးတန်းတွင်တည်ငြိမ်နေပြီး အရောင်းအဝယ်ထိုင်းနေကြောင်း၊ လာမည့် နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် ဆန်ဈေးကွက်တွင် ဆန်သစ်များပေါ်လာမည်ဖြစ်၍ ဆန်ဟောင်းများ အရောင်းအဝယ် ပြန်သွက်လာနိုင်ပြီး ဈေးမြင့်တက်လျှင်လည်း အနည်းငယ်သာမြင့်တက်နိုင်ကြောင်း ယင်းက ပြောသည်။
“ဆန်ဈေးက ကျလည်းမကျဘူး။ အမြင့်ဈေးမှာပဲရှိနေတယ်။ အဟောင်းကလည်း ၉ လနဲ့ ၁၀ လပိုင်းဆိုကုန်ပြီ။ ဆန်ဟောင်းရောင်းကောင်းမယ်။ ဈေးတက်ရင်လည်း ပါးပါးပဲဖြစ်နိုင်တယ်” ဟု ယင်းက ပြောသည်။
လာမည့် သီတင်းကျွတ်၊ တန်ဆောင်မုန်းတွင် ပဲခူး၊ ဧရာဝတီတိုင်းတို့မှ ဆန်အသစ် ပေါ်လာမည်ဖြစ်ရာ ယင်းမတိုင်ခင်အထိ လက်ရှိ ဆန်ဈေးနှုန်း အလားအလာသည် ခန့်မှန်းရခက်မည်ဖြစ်ကြောင်း၊ ယင်းအပြင် ပြည်တွင်း စားသုံးမှု အများဆုံးဖြစ်သော ဆန်ချော အမျိုးအစားများမှာ ရွှေဘိုဘေးကြား (ရွှေဘိုပေါ်ဆန်း)၊ ရန်ကုန် ပေါ်ဆန်း၊ ဧရာမင်း၊ မဂျမ်းတော၊ ဧရာပဒေသာ၊ မနောသုခ၊ ရွှေသွယ်၊ နွေဇီယာ စသည်တို့ ဖြစ်ပြီး ယင်းတို့အနက် ရွှေဘိုဘေးကြား ဆန်အမျိုးအစားသည် ဝယ်လိုအား အကောင်းဆုံးနှင့် ဈေးအမြင့်ဆုံး ဖြစ်ကြောင်း သိရသည်။
ပြည်ပတင်ပို့မှုအနေဖြင့် ယခင်ကနယ်စပ်ကနေ တရုတ်နိုင်ငံသို့ အဓိကတင်ပို့ခဲ့ပြီး ကိုဗစ်-၁၉ ကြောင့် တရုတ်ကိုတင်ပို့သည့်ဆန်မှာ လျော့ကျသွားခဲ့ကာ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတစ်ဆင့် ပုံမှန်တင်ပို့လျက်ရှိကြောင်း သိရသည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published - 26 September 2022
ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော အမှုများထဲမှ ရဟတ်ယာဉ်အမှုများကို ယနေ့ စက်တင်ဘာလ ၂၆ ရက်က နေပြည်တော်အကျဉ်းထောင် အထူးတရားရုံး၌ ဆက်လက်စစ်ဆေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်က ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရဆဲ ဖြစ်သော ရဟာတ်ယာဉ်အမှုကိစ္စနှင့်ပတ်သက်၍ အမှုအမှတ် ၄၇ နှင့် ၄၈ တို့အတွက် တရားလိုပြသက်သော ယခင်လူကယ်ပြန်က ဒုတိယအမြဲတမ်းအတွင်းဝန် ဦးနေဝင်းအား စစ်ဆေးခဲ့ကာ ယနေ့တွင်လည်း ဦးနေဝင်းအားထပ်မံ စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"ဒီနေ့က ရဟတ်ယာဉ်နဲ့ ပတ်သက်တဲ့ အမှုအမှတ် ၄၉ နဲ့ ၅၀ ကို စစ်တယ်။လိုပြသက်သေ ဦးနေဝင်း ကို စစ်တယ်။ မနက်ဖြန်မှာတော့ လိုပြသက်သေ နောက်တစ်ယောက်ကို စစ်မှာပါ။ ဦးနေဝင်းကို စစ်တာပြီးသွားပြီ"ဟု တရားရုံးနှင့် နီးစပ်သူက YMG ကို ပြောသည်။
လာမည့် စက်တင်ဘာလ ၂၉ ရက်တွင် သြစတေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်နှင့် ပူးတွဲအမှုဖြစ်သည့် အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ (၁) (ဂ)/၉ (အားပေးကူညီမှု) နှင့် ပတ်သက်၍လည်းအမိန့်ချမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူရင်ဆိုင်နေရသော အမှုများထဲမှ တရားရုံးကစစ်ဆေးအမိန့်ချပြီးသည့်အမှုများအတွက် စုစုပေါင်းထောင်ဒဏ် နှစ် ၂၀ ကို ချမှတ်ခံထားရပြီး ဖြစ်သည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 26 September 2022
ထမင်းဟင်းချက်သည့်အခါ အသုံးပြုသော ဂက်စ်ဘူးတစ်ဘူးကို ဆိုင်တွင် ၁၀၀၀ကျပ်နဲ့ ဝယ်ရပြီး ဂက်စ်တစ်ပိသာကို ၆၃၀၀ကျပ် ဖြင့် အရောင်းအဝယ်ပြုလုပ်နေလျှက်ရှိကြောင်း ရန်ကုန်မြို့တွင်းရှိ gas အရောင်းဆိုင် အချို့ထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၈ရက်က အိမ်သုံး gas တွေ ပြတ်လုနီးပါးထိကြုံတွေ့ခဲ့ရပြီး တစ်ဦးကို ဂတ်စ် ၅၀သါးသာ ရောင်းချပေးခဲ့နိုင်ကာ ၃ပိသာတစ်အိုးလျှင် ငွေကျပ် ၂၀၀၀၀ ကျပ်အထိဈေးမြင့်တက်ခဲ့များနှင့် ကြုံတွေ့ခဲ့ရသည်။
ဒါကြောင့် အခုလက်ရှိဈေးကွက်အနေအထားက အနည်းငယ်ပြန်ကျနေပြီး သတ်မှတ်ချက်များဖြင့် ရောင်းချတာမျိုးတွေလည်း မရှိသေးကြောင်း မိုးကုတ် gas ဆိုင်ပိုင်ရှင် ဦးအောင်ခင်ထွန်းက YMG ကိုပြောသည်။
"အခုကတော့ ပုံမှန်ပြန်ဖြစ်နေပါပြီ၊ တစ်ပိသာကို ၆၃၀၀နဲ့ ၆၂၀၀ကြားပေါ့နော်၊ အဲ့လောက်ဈေးရှိတယ်။ ပြီးတော့ ဗူးသေးတစ်ဗူးကို ၁၀၀၀ပေါ့၊ နောက်ပြီးတော့ အရင်ကလိုမျိုး လူတစ်ဦးကိုဘယ်လောက်ပဲ ထည့်လိုရမယ်ဆိုတဲ့ပုံမျိုးတွေ၊ သတ်မှတ်တာမျိုးတွေလည်းမရှိတော့ပါဘူး။ ဈေးကွက်ထဲမှာလည်း Gas ကပုံမှန်အရောင်းအဝယ်အနေအထားမျိုးပြန်ဖြစ်နေပါပြီ၊ လာပို့တဲ့အခါတွေလဲ အရင်လိုလမ်းကြောင်းကြပ်တာမျိုးတွေမရှိတော့ပါဘူး" ဟု ၎င်းကဆိုသည် ။
ရန်ကုန်မြို့ရှိ လူအတော်များများဟာ ထမင်းဟင်းချက်ရာ၌ လွယ်ကူ၍ ကုန်ကျစရိတ်နည်းသည့်အတွက် ဂက်စ်မီးဖိုများကို အသုံးများကြပြီး စားသောက်ဆိုင်လုပ်ငန်းများ၌လည်း ပိုမိုလျှင်မြန်မှုကြောင့် Gas ကိုအသုံးပြုမှုများရခြင်းဖြစ်သည်။
ပြည်တွင်း၌ ရောင်းချနေသည့် Gas တွေကို ထိုင်းနိုင်ငံမှ အဓိကထားတင်သွင်းလျှက်ရှိနေကြောင်းလည်း သိရှိရသည်။
#Ymg/NN
#Yangon_Media_Group
#Local_News
Published_ 26 September 2022
သဗ္ဗညုဘုရားကြီး ပြန်လည်ပြုပြင်ထိန်းသိမ်းရန် လျာထားကာလမှာ ၁၀ နှစ်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူးရဲ့ ပြောကြားချက်အရ သိရပါတယ်။
ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် သဗ္ဗညုဘုရား ပြန်လည်ပြုပြင်နိုင်ရေး ကြိုတင်ဆောင်ရွက်မှုများ ရှင်းလင်းတင်ပြမှု အခမ်းအနားကို စက်တင်ဘာ ၂၆ ရက် နေ့လယ် (၂) နာရီက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ရှေးဟောင်း သုတေသန ပြတိုက်တွင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်၊ သြဂုတ်(၂၄)ရက်ကလှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် ထိခိုက်ပျက်စီးမှုကို ပြန်လည်ပြုပြင် ထိန်းသိမ်းရန်အတွက် သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေး စာချွန်လွှာကို တရုတ်နိုင်ငံနှင့် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရန် လျာထားခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၈) ရက်နေ့မှသာ သဗ္ဗညုဘုရားပြုပြင်ထိန်းသိမ်းရေး စီမံကိန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ပြီးပြုပြင် ထိန်းသိမ်းရန်အတွက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများဆောင်ရွက်နေတာ ဖြစ်ပါတယ်။
တရုတ်ပညာရှင်အဖွဲ့က သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး ကြွရောက်လာသော ဆရာတော်ကြီးများမှ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်၊ မြို့နယ်သံဃနာယကဆရာတော်၊ သဗ္ဗညု ဩဝါဒ ဆရာတော်တို့က ဩဝါဒစကားများ အသီးသီးမိန့်ကြားခဲ့ကြောင်း သိရပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published _26 September 2022
အမြန်လမ်းတွင် ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက် ၅ နာရီကျော်အချိန်က ခရီးသည်တင်ယာဉ်တစ်စီး လမ်းလယ်ကျွန်းကို ဝင်တိုက်မိသောကြောင့် ယာဉ်နောက်လိုက်ဒဏ်ရာရသွားကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့က သိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၅၁/၁-၂)ဖာလုံကြားတွင် နေပြည်တော်ဘက်မှရန်ကုန်ဘက်သို့ မောင်းနှင့်လာသော Express ခရီးသည်တင်ယာဉ်တစ်စီး၏ နောက်ဝဲဘက် ဘီးပေါက်ကာလမ်းလယ်ကျွန်းရှိ ဘာရီယာတုံးများကို ဝင်တိုက်မိကာ Unber Pass တံတားပေါ်၌ ကန်လန့်ဖြတ်ရပ်တန့်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းအခင်းဖြစ်နေရာသို့ ဗောဓိကုန်းအမြန်လမ်းနယ်မြေ မီးသတ်စခန်း၊ဇီးပင်သာအမြန်လမ်းမကြီးရဲစန်းတို့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်ပေးခဲ့ရကြောင်း၊ ယာဉ်ပေါ်ပါခရီးသည်များ ဘေးကင်းကြကာ ဒဏ်ရာရသွားသည့် ယာဉ်နောက်လိုက် အမျိုးသားအား တောင်ငူပြည်သူဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 26 September 2022
၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ အဆင့်မြင့်တက္ကသိုလ်များမှ ဘွဲ့ရရှိခဲ့သည့် မြန်မာထူးချွန်ကျောင်းသားကျောင်းသူ (၄၄)ဦးအား ယခုနှစ်အတွက်'တရုတ်- မြန်မာချစ်ကြည်ရေးပညာရည်ချွန်ဆု'များချီးမြှင့်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်၊၊
Peking University ၊ Beijing Foreign Studies University ၊ Central China Normal University စသည့်တရုတ်နိုင်ငံ၏ အဆင့်မြင့်တက္ကသိုလ်များမှ ဘွဲ့ရရှိခဲ့သူများကို ပညာရည်ချွန်ဆုချီးမြှင့်ပေးအပ်ခဲ့ခြင်း ဖြစ်သည်၊၊
စက်တင်ဘာလ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှအွန်လိုင်းမှတစ်ဆင့်“၂၀၂၂ ခုနှစ် တရုတ်-မြန်မာချစ်ကြည်ရေး ပညာရည်ချွန်ဆု”ချီး မြှင့်ပေးအပ်ခြင်းအခမ်းအနားပြုလုပ်ပြီး ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်၊၊
အခမ်းအနားတွင် တရုတ်-မြန်မာ ပညာရေးနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်ရေး အပြင် 'တရုတ်နိုင်ငံတွင်ပညာသင်ကြားသည့် မြန်မာကျောင်းသားကျောင်းသူများသမဂ္ဂထူထောင်ရန်'တို့နှင့် စပ်လျဉ်း၍ ပညာတော်သင်ကျောင်းသားကျောင်းသူများက တက်တက်ကြွကြွဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်၊၊
အခမ်းအနားတွင် ယဉ်ကျေးမှုသံမှူး Mr. Pan Feng က "တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသည် ရှည်လျားသောသမိုင်းကြောင်း ရှိကြောင်း၊ ပြည်သူချင်း အေးအတူပူအမျှ ချစ်ခင်ရင်းနှီးစွာ ထိတွေ့ဆက်ဆံကြပြီး ယဉ်ကျေးမှု၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တည်ငြိမ်စွာ မြှင့်တင်ဖော်ဆောင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံအစိုးရပညာသင်ဆု၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံမှ ပညာသင်ကျောင်းသားကျောင်းသူ ထောင်နှင့်ချီသည် တရုတ်နိုင်ငံ၌ ပညာသင်ယူမှု ပြီးမြောက်ခဲ့ပြီး တရုတ်-မြန်မာ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးထမ်းရွက်လျက်ရှိကြောင်း" ပြောကြားသည်။
မြန်မာကျောင်းသားကျောင်းသူများ၏ ဇွဲလုံ့လဝီရိယရှိမှုကို သံမှူး Mr. Pan Feng က အပြည့်အဝ အသိအမှတ်ပြုပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၏ ကျောရိုးမဏ္ဍိုင်နှင့် တရုတ်-မြန်မာဆွေမျိုးပေါက် ဖော်ချစ်ကြည်ရေးကို အားကောင်းစွာ မြှင့်တင်သူ၊ ထိန်းသိမ်းစောင့်ရှောက်သူ ဖြစ်လာစေရန် အားပေးတိုက်တွန်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိ သည်၊၊
ပညာရည်ချွန်ဆုရရှိသည့် ကျောင်းသားကျောင်းသူကိုယ်စားလှယ်က "တရုတ်နိုင်ငံသို့သွားရောက် ပညာသင်ကြားသည့် မြန်မာကျောင်းသားကျောင်းသူများကို တရုတ်သံရုံးမှ ပံ့ပိုးကူညီမှုနှင့် အားပေးမှုများ ပေးအပ်သည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ အနာဂတ်တွင် တရုတ်-မြန်မာဆက်ဆံရေး ချစ်ကြည်ရင်းနှီးစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း "ပြောကြားပါသည်။
ထို့နောက် ပညာတော်သင်ကျောင်းသားကျောင်းသူများသည် တရုတ်နိုင်ငံ၌ ပညာသင်ကြားခဲ့သည့်အတွေ့အကြုံများကို မျှဝေခဲ့ကြပြီး တရုတ်-မြန်မာ ပညာရေးနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုများကို မည်သို့တိုးမြှင့်ဆောင်ရွက်ရန်၊ တရုတ်နိုင်ငံတွင်ပညာသင်ကြားသည့် မြန်မာကျောင်းသားကျောင်းသူများသမဂ္ဂ ထူထောင်ရန် တို့နှင့်စပ်လျဉ်း၍ တက်တက်ကြွကြွ ဆွေးနွေးခဲ့ကြသည်။
#ymg/tthl
#Yangon_Media_Group
Page 1592 of 2080