#DailyNews
Published_ 20 March 2023
၁။ ရန်ကုန်ရွှေဈေး အကယ်ဒမီအခေါက်ရွှေ သိန်း ၃၀ နီးပါး ရှိလာ
၂။ ရန်ကုန်၊ မန္တလေးနှင့် ထိုင်းနိုင်ငံများတွင် သင်္ကြန်တွင်းတရားစခန်းများ ပြန်ဖွင့်မည်
၃။ ဓာတ်ဆီဈေး တစ်လီတာ ၂၀၃၅ ကျပ်အထိ ပြန်လည်ကျဆင်းလာ
၄။ သန့်စင်စွမ်းအင်ကဏ္ဍကိုဦးစားပေးလာသော်ငြား လျှပ်စစ်ကျွမ်းကျင်ပညာရှင်များ အမေရိကန်တွင် ရှားပါးလျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#LocalNews
Published_ 20 March 2023
ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rule of Engagement) ကို လိုက်နာရန် မတ်လ ၁၉ ရက်က အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ မုံရွာတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား တိုင်းစစ်ဌာနချုပ်၊ ဇေယျာသီရိခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားလိုက်သည်။
သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် နယ်မြေတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သင်ကြားပေးထားသည့် စစ်အတတ်ပညာများကို အပြည့်အဝအသုံးချရန်လိုပြီး စစ်ရေးစွမ်းရည် ထက်မြက်နေရန်အတွက် အမြဲမပြတ်လေ့ကျင့် ဆောင်ရွက်နေရန်လိုကြောင်း၊တစ်ဦးချင်း သင်ယူတတ်မြောက်ထားသည့် စစ်နည်းဗျူဟာများနှင့် စစ်အတတ်ပညာများကို အပြည့်အဝ အသုံးချမှသာ စစ်မြေပြင်တွင် ထိခိုက်မှု နည်းပါးစေမည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
တပ်မတော်၏အဓိကတာဝန်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးလာသည့် ပြည်ပအန္တရာယ်များကို ကာကွယ်စောင့်ရှောက်ရန်နှင့် နိုင်ငံနှင့်နိုင်ငံသားတို့၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် မိမိတို့အနေဖြင့် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ကို ဖော်ဆောင်ပေးရန်နှင့် တစ်နိုင်ငံလုံးငြိမ်းချမ်းမှုရရှိရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ဦးတည်ဆောင်ရွက်လျက်ရှိပြီး တည်ငြိမ်အေးချမ်းမှုရှိကာ ဖိအားကင်းစွာဖြင့် မဲပေးနိုင်မှသာလျှင်လွတ်လပ်၍ တရားမျှတသည့်၊ စစ်မှန်သည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်လာမည်ဖြစ်သောကြောင့် ဖိအားပေးမှုနှင့် ခြိမ်းခြောက်မှုများမရှိအောင် ဆောင်ရွက်နိုင်မှသာ မဲရလဒ်များမှန်ကန်မည်ဖြစ်ကြောင်းလည်း ယင်းက ပြောသည်။
ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တစ်နိုင်ငံလုံး ငြိမ်းချမ်းမှုရရှိရေးသည် အဓိကလိုအပ်သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်လျက်ရှိရာတွင် ၎င်းတို့၏လိုလားချက်များ၊ ဖြစ်ချင်သည်များကို နိုင်ငံတော်အတွက် ဖြစ်သင့်ဖြစ်ထိုက်သည်များနှင့် ချိန်ထိုး၍ အကောင်းဆုံးဖြစ်အောင် တပ်မတော်အနေဖြင့် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်းလည်း ယင်းက ဆိုသည်။
ဒီမိုကရေစီစနစ်တွင် လွှတ်တော်သည် နိုင်ငံရေးအရအမြင့်ဆုံးဖြစ်ပြီး တိုင်းရင်းသားများအနေဖြင့်လည်း မိမိတို့ဒေသ၏ အခွင့်အရေးများကို တရားဥပဒေနှင့်အညီ တောင်းဆိုနိုင်ရေးအတွက် နိုင်ငံရေးစင်မြင့် လွှတ်တော်တွင် ပိုမိုပါဝင်နိုင်ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများအရ နိုင်ငံတော်အတွက် အပြုသဘောဆောင်သည့် ရလဒ်များကို ဖော်ဆောင်နိုင်ခဲ့ပြီး ဆက်လက်၍လည်း အသေးစိတ်ဆွေးနွေးရန် ကျန်ရှိသည်များကို ဆက်လက်ဆွေးနွေးနေကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group






#LocalNews
Published_ 20 March 2023
OWIC ကဒ်အား မိမိအစီစဉ်ဖြင့်လျှောက်ထားရတွင် လုပ်ဆောင်ရခြင်းမှာ ပွဲစားများဖြင့် ဆောင်ရွက်မှုများကို ကာကွယ်တားဆီးနိုင်ရေးနှင့် အလုပ်သမားများ အချိန်ကုန်/ငွေကုန်မှုများ သက်သာလျော့နည်းစေရေးအတွက် ၂၀.၃.၂၀၂၃ ရက်နေ့မှစပြီး နေ့ချင်းပြီးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနထုတ်ပြန်လိုက်သည်။
OWIC လျှောက်ထားမည့် ကျွမ်းကျင်လုပ်းများနှင့်၊PRခွင့်ပြန်များအားလုံးနေပြည်တော်ရုံးချုပ်ကို လျှောက်ထားရန်မလိုအပ်တော့ကြောင်းအဆိုပါထုတ်ပြန်ချက်အရသိရသည်။
ယခင်ကသတ်မှတ်ထားသည့် စာရွက်စာတမ်းများအတိုင်း ပြောင်လဲမှုမရှိဘဲ မိတ္တူတစ်စုံနှင့် မူရင်းစာရွက်စာတမ်းအထောက်အထားများယူဆောင်၍ ကာယကံရှင်ကိုယ်တိုင် မရမ်းကုန်းမြို့နယ်၊ ၈ မိုင်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးသို့ သွားရောက်လျှောက်ထားရန်လိုအပ်ပါကြောင်း ဖော်ပြထားသည်။
အလလခ ပုံစံ ၂ နှင့် OWIC form ကိုဖြည့်၍ တစ်ပါတည်းယူဆောင်သွားရန်လိုအပ်ပါကြောင်း၊ကျွမ်းကျင်လုပ်သားအဖြစ်ပြည်ပသို့သွားရောက်မည့်သူများ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းတက်ရောက်ခွင့်အား ယခင်အတိုင်း နေပြည်တော်ရုံးချုပ်သို့တင်ပြရမည်ဖြစ်ကြောင်း၊ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းဆင်းလက်မှတ်ရှိရုံဖြင့် ကျွမ်းကျင်လုပ်သားအဖြစ် သတ်မှတ်၍ OWIC ထုတ်ပေးမည်မဟုတ်ကြောင်း၊ Visa နှင့် အခြားစာရွက်သာတမ်းမူရင်းများတိုက်ဆိုင်စစ်ဆေး၍ မှန်ကန်မှုရှိမှသာ ကျွမ်းကျင်လုပ်သားအဖြစ် OWIC ပြုလုပ်ခွင့်ရမည်ဖြစ်ကြောင်းအသိပေးကြေညာထားသည်။
ymg/ynzw
#Yangon_Media_Group
#LocalNews
Published_ 20 March 2023
ရန်ကုန် အင်းစိန်လမ်းနှင့် ပါရမီလမ်းထောင့် ကား ၄ စီးဆင့်တိုက်မှုဖြစ်ပွားပြီး ၁ ဦးသေဆုံးသွားတယ်လို့ လူမှုကူညီရေးအသင်းများထံမှ သိရသည်။
မတ်လ ၁၉ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ အင်းစိန်လမ်းဆုံ ပါရမီလမ်းထောင့်တွင် ကား ၄ စီးဆင့်တိုက်မှု ဖြစ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကို သွားရောက်ကူညီပေးခဲ့သည့် လင်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားချက်အရပါရမီလမ်းနှင့် အင်းစိန်လမ်းဆုံ ကား ၄ စီး ဆင့်တိုက်မှုဖြစ်ပွားရာနေရာသို့ အနောက်ခရိုင်မိသားစုများမှသွားရောက်ကူညီခဲ့ရာ ကားတစ်စီးပေါ်မှ မိသားစု ၃ ဦးဒဏ်ရာရပြီး ကလေးနှင့်ဖခင်ဖြစ်သူတို့အား ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ကလေးရဲ့မိခင်ကိုတော့ အင်းစိန်ဆေးရုံပို့ ဆောင်ကြောင်းသိရသည်။
ကလေးရဲ့ အမေဖြစ်သူအင်စိန်ဆေးရုံတွင် သေဆုံးသွားကြောင်းထပ်မံရရှိသောသတင်းများအရ လင်းလက်လူမှုရေးအသင်းထံမှသိရသည်။
ymg/ppk
#Yangon-Media-Group




#LocalNews
Published-19 March 2023
ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းတွင် ယနေ့ မတ်လ ၁၉ရက်က အမျိုးသားတစ်ဦး မိမိကိုယ်ကိုအဆုံးစီရင်ရန် မောင်းနှင်လာသည့် YBS ၂၃ ကားအရှေ့သို့ ပြေးဝင်ခဲ့ကြောင်း ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းကသိရသည်။
ယနေ့ ညနေ ၅ နာရီကျော်ခန့်က ဟုမ်းလမ်းနဲ့သဲကွင်းမှတ်တိုင်အကြားတွင်အမျိုးသားက YBS ကားတိုက်ခံရန် ကားရှေ့သို့ပြေးဝင်စဉ် ယာဉ်မောင်း၏ ကျွမ်းကျင်မှုကြောင့် ကားတိုက်မှုမဖြစ်ခဲ့သော်လည်း ခေါင်းကွဲဒဏ်ရာများရရှိ ခဲ့၍ ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းမှ ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
"စိတ်ပုံမှန်မဟုတ်တာလား။ ဒါမှမဟုတ် ကားဆရာကို ဒုက္ခပေးတာလား ကာယကံရှင်ပဲသေချာသိမှာပါ"ဟု ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး၏ လူမှုကွန်ရက်စာမျက် နှာတွင်ရေးသားထားသည်။
ယင်းအမျိုးသားကကားအရှေ့သို့ ပြေးဝင်ခဲ့သည့် ရုပ်သံတစ်ခုမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။အဆိုပါ ရုပ်သံကို ကားတိုက်ခံရန်ကြိုးပမ်းသည့်သူအား မသင်္ကာသဖြင့်အိမ်စီးကား တစ်စီးမောင်းနှင်သူတစ်ဦးက လိုက်ရိုက်ထားခြင်းဖြစ်ကြောင်းလည်း ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းက ရေးသားထားသည်။
#ymg/mt
#Yangon-Media-Group



#LocalNews
Published_ 19 March 2023
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့ နယ်ရှိ ရန်ကုန်ဘူတာကြီးနှင့် လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးသစ်တို့တွင် တည်ဆောက်ကြသည့် EV Charging Station များကို ယနေ့ မတ်လ ၁၉ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပထမဦးဆုံး Charging Station အဖြစ် ရန်ကုန်ဘူတာကြီးတွင် စတင်ဖွင့်လှစ်ခဲ့ကာ ယင်းကို Essential Motors Myanmar ကုမ္ပဏီက တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ယင်း Charging Station ရှိ လျှပ်စစ်ကားများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းကိုယ်တိုင် စမ်းသပ်မောင်းနှင်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
ယင်းနောက် Asia Pacitic AutoMaker Corporation က တည်ဆောက်သော သီရိမင်္ဂလာဈေးသစ် မှ EV Charging Station ကို ထပ်မံဖွင့်လှစ်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ Charging Station တွင် လျှပ်စစ်ကားများ အားသွင်းမည်ဆိုပါက တစ်ယူနစ်ကို ၄၀၀ ကျပ် ကျသင့်မည်ဖြစ်သောကြောင့် လျှပ်စစ်ကားတစ်စီးအတွက် အားအပြည့်သွင်းမည်ဆိုပါက ၃၂၀၀၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်းလည်း သိရသည်။
လျှပ်စစ်ကားများအတွက် နောက်ထပ် ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်လျက်ရှိသည့် Charging Station များအနက် ကျန်ရှိနေသေးသည့် အလုံသခင်မြပန်းခြံ၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းနှင့် လှိုင်သာယာမြို့နယ် ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်းတို့ မှ Charging Station များကို မနက်ဖြန် မတ်လ ၂၀ ရက်နှင့် ၂၅ ရက်တွင် ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော လျှပ်စစ်ကား Charging Station ကို နေပြည်တော်၊ သပြေကုန်းဈေး၌ မတ်လ ၄ ရက်က ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ymg/mt
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 19 March 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ငွေတီဦး (စာရေးဆရာ)နှင့်အတူ
- "အတိတ်ရဲ့အလွန်"စာအုပ်က ကိုဗစ်ရဲ့အဆိုးဆုံးကာလတွေမှာရေးဖြစ်ခဲ့တဲ့ စာစုလေးတွေကို စုစည်းထုတ်ဝေခဲ့တာဖြစ်ကြောင်း
စာအုပ်ကိုရေးတဲ့အခါ Attention ဆိုတာထက် Intention ဖြစ်ဖို့ရည်ရွယ်ပြီးရေးခဲ့တာဖြစ်ပြီး အခန်း ၂၆ ခန်းပါဝင်တာဖြစ်ပြီး တစ်ခန်းချင်းစီတိုင်းမှာ အသိပညာပေးနိုင်ဖို့ ကြိုးစားရေးဖြစ်ခဲ့တာဖြစ်ကြောင်း
ဆုံးရှုံးမှုတွေ အများကြီးကြားထဲက သမာဓိတစ်ခုကြောင့်သာ စာအုပ်ကိုရေးနိုင်ခဲ့တာဖြစ်ကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #ငွေတီဦး (စာရေးဆရာ) #YMG #Yangon_Media_Group
Page 1592 of 2417