Published-6 February 2024
၂၀၂၃ -၂ဝ၂၄ ပညာသင်နှစ်၊ အခြေခံပညာအတန်းများအတွက် ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများကို ယခုလ ဒုတိယအပတ်၌ စတင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှသိရသည်။
အဆိုပါ ကဲ့သို့ ဖြေဆိုရာတွင် အခြေခံပညာ မူလတန်းအဆင့် ပြီးမြောက်မှု စစ်ဆေးခြင်း (Grade-5) စာမေးပွဲကို ဖေဖေါ်ဝါရီ (၂၂) ရက်မှ ဖေဖေါ်ဝါရီ (၂၇) ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း
သိရသည်။
ထို့အပြင် အခြေခံပညာ အလယ်တန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-9) စာမေးပွဲကို ဖေဖော်ဝါရီ (၂၂) ရက်မှ ဖေဖေါ်ဝါရီ (၂၈)ရက် အတွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ကျန် အတန်းများ၏ ကျောင်းတွင်းစစ် စာမေးပွဲများကို ဖေဖေါ်ဝါရီ (၁၃) ရက်တွင် စတင်ဖြေဆိုရမည်ဖြစ်ကြောင်းလည်း သိရသည်။
ထို့အတူ အခြေခံပညာ အထက်တန်းအဆင့်ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-12)ကို လာမည့် မတ်လတွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ စစ်ဆေးကျင်းပခြင်းနှင့် အောင်စာရင်းထုတ်ပြန်ခြင်းတို့ကို သတ်မှတ်လုပ်ငန်းစဉ်များ အတိုင်း စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Yangon-Times/NN
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group
အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်ကြား တရားမဝင် လူဝင်မှုတွေနဲ့ ပတ်သက်ပြီး တက္ကဆပ်အုပ်ချုပ်ရေးမှူး ဂရက်ဂ်အက်ဘော့နဲ့ သမ္မတဂျိုးဘိုင်ဒင်တို့ ပြိုင်ဆိုင်မှုများကြောင့် ကြားညပ်နေတဲ့ တက္ကဆပ် အီးဂဲလ်ပတ်စ်မှ ဒေသခံတွေဟာ နိုင်ငံရေးကိစ္စများကြောင့် အစိုးရနဲ့ ပြည်နယ်အာဏာပိုင်များက ပြိုင်ဆိုင်နေကြတာဖြစ်ပြီး ယင်းတို့ရဲ့ မြို့လုံခြုံရေးကို စိုးရိမ်ကြတာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။
#World_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group
Published_ 6 February 2024
မြန်မာနိုင်ငံနှင့် အိုမန်နိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး အစဉ်အလာ ကောင်းရှိသည့်နိုင်ငံများဖြစ်တဲ့ အားလျော်စွာ တည်ရှိပြီးချစ်ကြည်ရင်းနှီးသော နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်တည်ဆောက်ဖို့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အိုမန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်ခြင်းခံရသော ဆော်ဒီ အာရေဗျနိုင်ငံအခြေစိုက် သံအမတ်ကြီးဦးတင်ယုသည် ၎င်း၏သံအမတ်ခန့်အပ်လွှာ (မိတ္တူ) ကို အိုမန်နိုင်ငံခြားရေးဝန်ကြီး H.E. Sayyid Badr Albusaidi ကိုယ်စား ဒုတိယဝန်ကြီး H.E. Khalifa bin Ali bin Issa Al Harthy ထံသို့ ဖေဖော်ဝါရီ ၄ ရက်တွင် ပေးအပ်စဉ် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ထို့အတူ ASEAN-GCC မူဘောင်အတွင်းမှ ဆက်ဆံရေးအပြင် ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေး၌ အပြန်အလှန် ထောက်ခံမှုပေးနိုင်ရေးတို့အတွက် ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြပါတယ်။
သံအမတ်ကြီးသည် သံအမတ်ခန့်အပ်လွှာ (မိတ္တူ) ပေးအပ်ခြင်း မပြုမီ အိုမန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့် ပစိဖိတ်ဌာန ဒုတိယအကြီးအကဲ H.E. Amb. Dr. Mohamad Ali Albalushi ၊ Asia Office ညွှန်ကြားရေးမှူး Amb. Hamood Nasser Al Nahdi တို့နှင့်တွေ့ဆုံ၍ မြန်မာ-အိုမန် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရေးကို ဆွေးနွေးခဲ့ပါတယ်။
ထို့ပြင် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်နိုင်ရေး၊ နှစ်နိုင်ငံ ဘုံအကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက်အမြင်သဘောထားများကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။
Ymg_mnn
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group
၆ ဖေဖော်ဝါရီ ၂၀၂၄
နစက သည် အမိန့်အမှတ် ၁၈/ ၂၀၂၄ ကို ယနေ့ထုတ်ပြန်ကာ နေပြည်တော်ကောင်စီဝင်တစ်ဦးနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့ကို အပြောင်းအလဲလုပ်ခဲ့ပါတယ် ။
အမိန့်အရ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်အစား ဗိုလ်မှူးကြီး မျိုးဝင်းကို အစားထိုးခန့်အပ်ခဲ့ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းအစား ဗိုလ်မှူးကြီး မိုးမင်းသိန်းကို အစားထိုးခန့်အပ်ခဲ့တာဖြစ်ပါတယ်။
@ymg/knl
#Daily_News
Published_ 6 February 2024
၁။ ပင်လယ်ဓားပြများ ဖမ်းခေါ်သွားသည့် စားအုန်းဆီသင်္ဘောပေါ်က မြန်မာသင်္ဘောသား (၈)ဦး ပြန်လွတ်လာပြီ
၂။ ရှမ်းပြည်နယ်မှ ပြောင်းစိုက်တောင်သူ ၂၀ရာခိုင်နှုန်းကျော် ကြံစိုက်ပျိုးမှုကို ပြောင်းလဲစိုက်ပျိုးလာဟုဆို
၃။ ပြည်ထောင်စု တံခွန်စိုက်မြင်းစီးပြိုင်ပွဲ၌ တိုင်းလေးတိုင်းမှ အားကစားသမား ရာကျော်လာရောက်ယှဉ်ပြိုင်နေ
၄။ တရားမဝင်နယ်စပ်ဖြတ်ကျော်ကိစ္စ အမေရိကန်အစိုးရကိုင်တွယ်မှု တက္ကဆပ်ပြည်သူများစိုးရိမ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မိရိုးဖလာနှမ်းရိတ်သိမ်းနည်းက အက်ဆစ်ဓါတ်ပါဝင်မှုများစေတဲ့အပြင် အခြားအကြောင်းရာတွေပါ ဖြစ်စေတဲ့အတွက် နှမ်းအရည်သွေးကျစေတယ်၊ အခုပို့ချပေးတဲ့နည်းကတော့ နှမ်းကို တစ်ခါတည်းရိတ်၊ တစ်ခါထဲချွေ၊ နေလှမ်း စတဲ့နည်းစနစ်ဖြစ်တဲ့အတွက် ကုန်ကစရိတ်ကလည်း မကွာဘူး၊ သို့ပေမယ့် အရည်သွေးပိုကောင်းစေတဲ့အတွက် တောင်သူတွေအတွက် အကျိုးမြတ်ပိုဖြစ်စေတယ်
Yangon Times/LW
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group
Publoshed 6 February 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အနောက်လယ်ရပ်ကွက်၊ အမှတ်(၂)ဘောတံတားအနီးစက်လှေ မီးလောင်မှု ဖြစ်ပွားရာ အချိန် တစ်နာရီကျော် ကြာ ငြိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ထံ မှ သိရသည်။
ဖေဖေါ်ဝါရီ ၆ရက် မနက် ၁၁နာရီ ၃၂မိနစ် စက်လှေ မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြိတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ငြိမ်းသတ်ရာ တွင် မွန်းတည့် ၁၂နာရီ ၁၂မိနစ် အချိန် တွင် မီးထိန်း နိုင်ခဲ့ပြီး ၁နာရီ အချိန် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
လက်ရှိ တွင် စက်လှေ မီးလောင်သည့် အကြောင်းရာ နှင့် ပျက်စီးဆုံးရူံးမှု တန်ဖိုး ကိုစက်ဆိုင်ရာက စိစစ်လျက်ရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group
အယ်နီညိုကိုအံတုရန် အပူပိုင်းမိုးနည်းအညာဒေသများ၌ ရေကန်တူး၊ သစ်ပင်စိုက်မည်
"ရေနံချောင်း၊ မကွေးချောက်လမ်းတစ်လျှောက်မှာ ရေကန်သစ်တွေတူးတာ၊ ရေကန်ဟောင်းပြုပြင်တာ၊ သစ်ပင်စိုက်တာ၊ သစ်ပင်ရေလောင်းတာတွေ ဆောင်ရွက်နေတယ်"ရေနံ့သာဒင်းဂါးညီနောင်များအဖွဲ့မှတာဝန်ရှိသူတစ်ဦး
Yangon Times/tthl
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group
Published_6 Feb 2024
NCA ထိုးထားသည့် မွန်ပြည်သစ်ပါတီထံ PDF အဖွဲ့ဝင်များနှင့်ပူးပေါင်းနေသည့် ရာမညတပ်ဖွဲခေါင်းဆောင် အပါအဝင် (၁၀) ဦး လာရောက်ပူးပေါင်းကြကြောင်း မွန်ပြည်သစ်ပါတီက မွန်ဘာသာဖြင့် သတင်းထုတ်ပြန် ထားသည်။
ရာမညတပ်ဖွဲ့ခေါင်းဆောင် နိုင်ဗညားက မွန်ပြည်သစ်ပါတီ အမှတ်(၂) တပ်ရင်း ထားဝယ်ခရိုင် ထံ ပူးပေါင်း လိုကြောင်း လာရောက်ဆက်သွယ်ခဲ့သဖြင့် မွန်ပြည်သစ်ပါတီက လက်ခံခဲ့သည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြ ထားကြောင်း သိရသည်။
အဆိုပါ PDF အဖွဲ့ဝင်များနှင့်ပူးပေါင်းနေသည့် ရာမညတပ်ဖွဲခေါင်းဆောင် အပါအဝင် (၁၀) ဦး တို့အနေဖြင့် မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းတွင်လှုပ်ရှားခဲ့သူများ ဖြစ်ကြောင်း၊ မွန်ပြည်သစ်ပါတီထံ လာရောက် ပူး ပေါင်းသူများမှာ ရာမညတပ်ဖွဲ ခေါင်းဆောင် နိုင်ဗညား အပါအဝင် (၁၀)ဦးဖြစ်ပြီး ယင်းတို့နှင့်အတူ လက်နက် အစုံ (၇)လက်နှင့် ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများလည်း ပါဝင်ကြောင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ (၅)ရက်က ရေးမြို့နယ်တောင်ပိုင်းတွင် ရာမညတပ်ဖွဲဝင်များနှင့် အမည်မသိ လက်နက် ကိုင် အဖွဲများ တိုက်ပွဲဖြစ်ပွါးခဲ့ရာ တိုက်ပွဲအတွင်း ရာမညတပ်ဖွဲ့မှ အဖွဲ့ဝင် (၂)ဦး သေဆုံးသွားကာ လက်နက်ခဲ ယမ်းအချို့လည်း ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
Photo- မွန်ပြည်သစ်ပါတီ (NMSP)
Yangon Times/PP
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group
တံခွန်စိုက် မြင်းစီးပြိုင်ပွဲမှာ ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ ဧရာဝတီတိုင်းက မြင်းစီးအားကစားသမား ၁၀၀ကျော် လာရောက်ယှဉ်ပြိုင်နေပါတယ်၊ ဒီနှစ်ပြိုင်ပွဲက ထူးထူးခြားခြား တံခွန်စိုက်ဖလားဖြစ်တာကြောင့် သုံးနှစ်ဆက်တိုက်ရရင် ဒီဖလားကြီးကို အပိုင်ရသွားမှာပါ၊ ပြည်ထောင်စုဖလားပြိုင်ပွဲကို နောက်နှစ်တွေလည်း ကျင်းပသွားမယ်၊ တစ်နှစ်ထက်တစ်နှစ်လည်း မြင်းစီးအားကစားသမားကောင်းတွေ ပေါ်ထွက်လာမယ်လို့မျှော်လင့်ပါတယ်
Yangon Times/NN
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group
သကြားစက်တွေမှ ကြံစိုက်ပျိုးမယ့်သူတွေအတွက် ကြံမျိုးဆစ်တွေ စိုက်စရိတ်တွေနဲ့ လိုအပ်တဲ့စက်ပစ္စည်းတွေကိုပါ အရစ်ကျနဲ့ ရောင်းချပေးတာတွေ ရှိတဲ့အတွက် ပြောင်းစိုက်တောင်သူတွေအနေနဲ့ ကြံစိုက်ပျိုးမှု ကို ပြောင်းလာရာ ပြောင်းစိုက်တောင်သူ ၂၀ရာခိုင်နှုန်းကျော် ကြံစိုက်ပျိုးမှုကို ပြောင်းစိုက်လာတယ်လို့ဆိုပါတယ်။
Yangon Times/LW
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group
ပင်လယ်ဓားပြဖမ်းသွားသည့် စားအုန်းဆီသင်္ဘောပေါ်က မြန်မာသင်္ဘောသား (၈)ဦးပြန်လွတ်လာ
"ဇန်နဝါရီလမှာ အာဖရိကတိုက် အနောက်ဘက်ကမ်းရိုးတန်းမှာ သွားလာနေတဲ့ စားအုန်းဆီတင်ကုန်တင်သင်္ဘောပေါ်က သင်္ဘောသားတွေအနက် မြန်မာသင်္ဘောသား(၈)ဦး ကပ္ပတိန်၊ ကုန်းဘတ်အရာရှိနဲ့ အခြားအဆင့်သင်္ဘောသားတွေ၊စက်ခန်းအရာရှိနဲ့ အခြားအဆင့်သင်္ဘောသားတွေကို ပြန်ပေးဆွဲ ခေါ်ဆောင်သွားတာဖြစ်ပြီး အခုလမှာ ပြန်လွတ်လာတယ်" မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်(MSF)ဥက္ကဌဦးစိုးမင်းအောင်
Yangon Times/tthl
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group
Page 560 of 1699