#Local_News
Published 1 March 2025
▪️ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ သရေခေတ္တရာ မြို့ဟောင်းတစ်ခုလုံးကို အပေါ်စီးမှ ကြည့်ရှုနိုင်မည့် ရှုခင်းကြည့် မျှော်စင်တည်ဆောက်လျှက်ရှိရာ လတ်တလောတွင် RC လုပ်ငန်းပိုင်း ပြီးစီးနေပြီဖြစ်ကြောင်း ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ၊ သရေခေတ္တရာ ဌာနမှ သိရသည်။
▪️ အဆိုပါရှုခင်းကြည့်မျှော်စင်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်းတာဝန်ယူ၍ ပြည်မြို့ရှိ သရေခေတ္တရာမြို့ဟောင်း၏ အနောက်ဘက် ကြက်တူရွေးတောင် နေရာတွင် အမြင့် ပေ ၄၂ ပေ အထိတည်ဆောက်နေခြင်းဖြစ်သည်။
▪️ ယင်းရှုခင်းကြည့်မျှော်စင်တွင် စုစုပေါင်း အဆင့် ၃ ဆင့်ပါဝင်ပြီး ၁၂ ပေအမြင့်ရှိ အဆင့် ၂ ဆင့်နှင့် ၁၀ ပေအမြင့်ရှိ တစ်ဆင့်တို့ပါဝင်ကြောင်း သိရသည်။
▪️ အဆိုပါ မျှော်စင်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် ၇၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း၊ ကျန်ရှိအပိုင်းများမှာ မြန်မာမှုအမွှန်းပန်းလက်ရာများ တပ်ဆင်ရန်သာကျန်ရှိနေကြောင်း သိရသည်။
▪️ ၎င်းမျှော်စင်ကို အမြင့်ဆုံးနေရာတွင် တည်ဆောက်ထား၍ သရေခေတ္တရာမြို့ဟောင်း တစ်ခုလုံးကို တွေ့မြင်ရနိုင်မည့် အပြင် မြို့ဟောင်းအတွင်းရှိ အထင်ကရ စေတီပုထိုးများ၊ တောင်၏အနောက်ဘက်ခြမ်းရှိ ပြည်မြို့၊ မင်းကြီးတောင်၊ ဧရာဝတီမြစ်ကမ်းအထိ မြင်ရနိုင်ကြောင်း သိရသည်။
▪️ ထို့အပြင် တောင်ခြေမှမျှော်စင်အထိတက်နိုင်မည့် လမ်းများကို ဘဏ္ဍာနှစ်အလိုက် ဆက်လက်ဖော်ဆောင်သွားရန်ရှိပြီး ကားဖြင့်လာရောက်သူများအတွက်ကိုလည်း ကားရပ်နားနိုင်မည့် ရပ်နားစခန်းများ၊ နားနေရန် ဈေးဆိုင်ခန်းများစသည်တို့ကိုဖော်ဆောင်သွားရန်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times