#Local_News
Published 1 March 2025

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီမြိုသစ်ရှိ သီတဂူကေတုမတီအာယုဒါနဆေးရုံတော် ၌ အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲနှင့် သွားခံတွင်းဆိုင်ရာ လူနာများအားကုသပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  သီတဂူကေတုမတီအာယုဒါနဆေးရုံတော်တွင် ပထမဆုံးအကြိမ်အဖြစ် အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲနှင့် သွားခံတွင်းဆိုင်ရာလူနာများကို  ဖေဖေါ်ဝါရီ ၂၇ ရက်နေ့တွင်စတင်ကုသပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် သွားခံတွင်းဆိုင်ရာရောဂါများကို ဖေဖေါ်ဝါရီ ၂၈ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် စတင်၍ ကုသပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးရုံကြီးရပ်ဝေးရပ်နီးမှာ လူနာများလာရောက်ကုသလျှက်ရှိရာညအိပ်လာရောက်ရမည့် ရပ်ဝေးဝေဒနာရှင်များသည်  မိမိတို့၏ တစ်ကိုယ်ရေတစ်ကာယအသုံးအဆောင်များကို တပါတည်း ယူဆောင်လာကြပြီး  ‌အခမဲ့ ဆေးကုသမှုခံယူ လေ့ရှိ ကြကြောင်း သိရသည်။

#YMG/NN #Yangon_Times