#World_News
Published 01 March 2025
▪️ မကြာသေးမီက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ထုတ်ပြန်လိုက်တဲ့ သမ္မတအမိန့်တစ်ရပ်ဟာ လွတ်လပ်တဲ့ ဖက်ဒရယ်ရွေးကောက်ပွဲကော်မရှင်အပေါ် ထရမ့်ရဲ့အာဏာသက်ရောက်လွန်းကာ ပြည်ထောင်စုရွေးကောက်ပွဲဥပဒေကို ချိုးဖောက်ရာကျတယ်ဆိုပြီး ဒီမိုကရက်တစ်ပါတီက သောကြာနေ့မှာ ထရမ့်ကို တရားစွဲဆိုလိုက်ပါတယ်။
▪️ အမျိုးသား ဒီမိုကရက်တစ်ကော်မတီ ၃ ခုက ဝါရှင်တန်ဒီစီ ပြည်ထောင်စုတရားရုံးမှာ တရားစွဲဆိုချက် တင်ခဲ့တာဖြစ်ပြီး ဒေါ်နယ်ထရမ့် ဒုတိယအကြိမ် သမ္မတဖြစ်စဉ်ကာလအတွင်း ပထမဆုံးအကြိမ် တရားစွဲဆိုတာ ဖြစ်ပါတယ်။
▪️ ကွန်ဂရက်လွှတ်တော်မှာ လူအင်အား အတော်လေးလျော့နည်းနေတဲ့ ဒီမိုကရက်တွေက ထရမ့်သမ္မတပြန်ဖြစ်လာစဉ် အစွန်းရောက်ပြုပြင်မှုများကို ထိရောက်စွာတန်ပြန်နိုင်ဖို့ ကြိုးပမ်းလာကြပြီး အစိုးရကြီးကြပ်ခွင့်တွေ လျှော့ချဖို့၊ အတွင်းရေး သဘောထားကွဲလွဲမှုတွေ ဖယ်ရှားဖို့ စီစဉ်လာကြပါတယ်။
▪️ ဇန်နဝါရီ ၂၀ ရက်နေ့ ဒေါ်နယ်ထရမ့် သမ္မတကျမ်းသစ္စာဆိုပြီးနောက်ပိုင်း အခြားကိစ္စရပ်များနဲ့ ပတ်သက်လို့ တရားစွဲဆိုချက် ဒါဇင်နဲ့ချီပြီး ရှိထားပါတယ်။
▪️ သောကြာနေ့ တရားစွဲဆိုချက်ထဲမှာ ဖေဖော်ဝါရီ ၁၈ ရက်နေ့အမိန့်က ရွေးကောက်ပွဲကော်မရှင်၊ အမျိုးသားအလုပ်သမား ဆက်ဆံရေးဘုတ်အဖွဲ့၊ လုံခြုံရေးနဲ့ ဖလှယ်ရေးကော်မရှင်၊ အခြားသော လွတ်လပ်တဲ့အေဂျင်စီတွေအပေါ် အိမ်ဖြူတော်မှ ပိုမိုထိန်းချုပ်ခွင့်ရရှိစေတယ်လို့ ဖော်ပြထားပါတယ်။
▪️ ဝေဖန်ရေးတွေက ဒီအမိန့်ဟာ အာဏာချုပ်ကိုင်တဲ့သဘောလို့ ပြောနေကြပါတယ်။
▪️ ဒီလိုကျင့်သုံးပါက နှစ်ဖက်ပါတီ ရွေးကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေမှာ ထရမ့်ရဲ့သဘော ဝင်ရောက်လာမှာဖြစ်ပြီး သူ့ဆန္ဒအတိုင်း ရလဒ်ထွက်ပေါ်စေလိမ့်မယ်လို့ ဒီမိုကရက်တွေ ဆိုပါတယ်။
▪️ အမေရိကန် တရားစီရင်ရေးဌာနကတော့ သမ္မတထရမ့်ရဲ့ လမ်းစဉ်ကို အပြင်းအထန်ခုခံဖို့ တရားရုံးမှာ ကြိုးပမ်းနေပြီဖြစ်ကာ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အီးမေးလ်မှာ ပြောထားပါတယ်။
▪️ တရားစွဲဆိုချက်ထဲမှာ ရွေးကောက်ပွဲကော်မရှင်ကို သမ္မတအကျပ်ကိုင်ထိန်းချုပ်ခြင်းမှ ကာကွယ်ပေးနေတဲ့ ဖက်ဒရယ်ဥပဒေဟာ အခြေခံဥပဒေသက်ရောက်တယ်လို့ ထုတ်ပြန်ပြီး ဖေဖော်ဝါရီ ၁၈ ရက်နေ့က ထရမ့်ရဲ့အမိန့်ကို တားဆီးဖို့ ကြိုးပမ်းတာ ဖြစ်ပါတယ်။
#Source: Reuters