#Local_News
Published_07 June 2024
▪️ Miss Universe Myanmar 2024 ပြိုင်ပွဲကြီး၏ Grand Final Competition ကို ဇွန်လ(၇)ရက်တွင် Yangon Convention Center (YCC) ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
▪️ (၁၁) ကြိမ်မြောက်ကျင်းပမည့် Miss Universe Myanmar 2024 ပြိုင်ပွဲကြီးတွင် Voting စနစ်ဖြင့် မဲအများဆုံးရရှိသူမှာ Top 6 အကို အလိုအလျောက်ဝင်ရောက်သွားမှာဖြစ်သည်ဟုဆိုသည်။
▪️ Official Voting Partner အဖြစ်ပါဝင်ထားသော Bigo Live Myanmar application တွင် ဝင်ရောက်မဲပေးထားရှိသည့် 25 May မှ စ၍ 7June 12:00ထိ Voting Result အရ ပရိတ်သတ်မဲမေးမှု အများဆုံး ရရှိထားသူ ၁၀ ယောက်မှာ အောက်ပါအတိုင်းဖြစ်ကြောင်း Miss Universe Myanmar Pageတွင် ဖော်ပြထားသည်။
1.Taungoo
2.Thanbyuzayat
3.Yangon East
4.Myawady
5.Bago
6.Tachileik
7.Mandalay
8.Kyaikto
9.Aungban
10,Yangon(South) ကိုယ်စားပြုအလှမယ်များဖြစ်ကြောင်း
▪️ မဲပြီးဆုံးရန် နာရီပိုင်းသာလိုတော့သည့်အတွက် မိမိအားပေးသည့် အလှမယ်ကို ကိုယ်တိုင်ကိုယ်ကျ မဲပေးလိုလျှင် BIGO Live Myanmar Application တွင် ဝင်ရောက်မဲပေးနိုင်ကြောင်း ဖော်ပြထားသည်။
▪️ Miss Universe Myanmar 2024 ပြိုင်ပွဲကြီး၏ Grand Finalပွဲ GRAND CORONATION NIGHT ကို အားပေးကြည့်ရူလိုသူများအနေဖြင့် ဇွန်(၇)ရက် ညနေ၅နာရီမှစပြီး တိုက်ရိုက် ( Live ) ထုတ်လွှင့်မှုအစီအစဉ်ကိုChannel 9 ရုပ်သံလိုင်းနဲ့ SKYPREMIER HD ရုပ်သံလိုင်းတွေမှာ ကြည့်နိုင်သလို၊Channel 9 Facebook Page၊ SKYPREMIER HD Facebook Page၊ Miss Universe Myanmar Youtube Channel တွေကနေ ရင်ခုန်စွာစောင့်မျှော်ကြည့်ရှုနိုင်ကြောင်း သိရသည်။


#tthl #Yangon_Times
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရဲ့ တောင်ဘက် ၆ ဖာလုံခန့်မှာတည်ရှိတဲ့ ပြည်ကျွန်းတောဆင်စခန်းကို လာရောက်တဲ့လည်ပတ်တဲ့ ဧည့်သည်နည်းခြင်းနဲ့ ရာသီဥတုအခြေအနေကြောင့် ယာယီပိတ်ထားတယ်လို့ ပြည်ဆင်စခန်းတာ၀န်ခံထံမှ သိရပါတယ်။
#Local_News
Published_07 June 2024
#ပြည်ကျွန်းတောဆင်စခန်း #ယာယီပိတ်ထား
#YMG/LW #Yangon_Times
'သက်ကြီးဟာသပညာရှင်များ ပူဇော်ကန်တော့ပွဲ'ကို ဇူလိုင်(၇)ရက်မှာကျင်းပဖို့ရှိပြီး အခုနှစ်မှာထူးခြားချက်အနေနဲ့ ဟာသပညာထူးချွန်ဆု(၄)ဆု၊ ဟာသပညာပံ့ပိုးမှု(၁)ဆု၊ ဟာသပညာဖန်တီးဆု(၄)ဆု စုစုပေါင်း(၉)ဆုချီးမြှင့်သွားမှာ ဖြစ်တယ်။
#Local_News
Published_07 June 2024
#'သက်ကြီးဟာသပညာရှင်များ #ဟာသထူးချွန်ဆု(၉)ဆု
#tthl #Yangon_Times
#Local_News
Published_07 June 2024
▪️ မုတ်သုံအားအသင့်အတင့်မှ အားကောင်းနေပြီး မိုးတိမ်တောင်များဖြစ်ထွန်းနေ၍ အခုရက်ပိုင်းအတွင်း ဒေသ(၄)ခု မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ ဇွန်(၈)ရက်နှင့် ဇွန်(၉)ရက်တို့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်၌ မိုးကြီးခြင်း မိုးဆက်လက်ပိုခြင်းများ ရှိနိုင်သည်ဟုဆိုသည်။
▪️ ဇွန်(၈)ရက် မနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာမည်ဟုဆိုသည်။
▪️ မိုးတိမ်တောင်ဖြစ်ပေါ်မှု အခြေအနေအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး မိုးသက်လေပြင်းတိုက်ခတ်နိုင်၍ သတိပြုနေထိုင်ရန်လိုအပ်ကြောင်း သိရသည်။
#tthl #Yangon_Times
ထိုင်းနိုင်ငံမှာအလုပ်လုပ်ကိုင်နေတဲ့ MOU မြန်မာအလုပ်သမားတွေရဲ့ဘဏ်စာရင်းနဲ့ဘဏ်စာအုပ်တွေကိုအွန်လိုင်းလောင်းကစားလုပ်ကိုင်သူတွေနဲ့ငွေကြေးခဝါချလိုသူတွေ ကအသုံးချတာတွေရှိနေတယ်လို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိမြန်မာသံရုံးကဇွန်လ(၆)ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published_07 June 2024
#MOU မြန်မာအလုပ်သမားများ #ဘဏ်စာအုပ်များကိုအသုံးချမှုရှိနေ
#YMG/LW #Yangon_Times
အခုမိုးရာသီမှာကမ္ဘာ့အပူဆုံးချောက်မြို့နဲ့ မကွေး၊ ရေနံချောင်းတို့မှာ မိုးရေစုကန်၊လျိုပိတ်ကန် တွေ ဆက်လက်တူးဖော်ဆောင်ရွက်သွားမှာဖြစ်တယ်။
#Local_News
Published_07 June 2024
#အပူပိုင်းဒေသများ #မိုးရေစုကန်များတူးဖော်နေ
#tthl #Yangon_Times
မြန်မာ့ရိုးရာဆေးမင်ကြောင် ထိုးခြင်းတစ်ခေတ်ဆန်းစေဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ရိုးရာသိဒ္ဓိဝင်ဆေးမင်ကြောင်ထိုးနှံသူတွေဆီက သိရပါတယ်။
#Local_News
Published_07 June 2024
#မြန်မာ့ရိုးရာဆေးမင်ကြောင် #ရိုးရာသိဒ္ဓိဝင်ဆေးမင်ကြောင်
#YMG NN #Yangon_Times
#Local_News
Published_07 June 2024
▪️ ၂၀၂၄ ပညာသင်နှစ်အဝေးသင်သင်တန်းများ တက်ရောက်မည့်သူများအတွက် ကျောင်းအပ်နှံမှတ်ပုံတင်နိုင်မည့် နေ့ရက်ကိုဇွန်လ (၂၈) ရက်ထိ ဆက်လက်ရက်တိုးမြှင့်၍ လက်ခံပေးထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
▪️ ၂၀၂၄ ပညာသင်နှစ်အဝေးသင်သင်တန်းများကို ပြီးခဲ့သည့် ဒီဇင်ဘာ (၂၆) ရက်က စတင်ဖွင့်လှစ်ခဲ့ကာ ပထမနှစ်၊ ဒုတိယနှစ်နှင့်အထက် သင်တန်းများ ကျောင်းအပ်ခြင်းကို မေလ (၃၁) ရက်အထိ သက်ဆိုင်ရာ တက္ကသိုလ်ကောလိပ်များမှ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါသင်တန်းများ၏ကျောင်းအပ်မှတ်ပုံတင်ခြင်းကို ယခုဇွန်လ (၂၈) ရက်အထိစနေ၊ တနင်္ဂနွေရုံးပိတ်ရက်များမှအပ သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များတွင် ဆက်လက်အပ်နှံနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
၇ ဇွန် ၂၀၂၄
ကင်မရွန်နိုင်ငံဝန်ကြီးချုပ်ဟောင်း ဖီလီမွန်ယန်းကို ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ သဘာပတိအဖြစ် ဇွန်လ ၆ ရက်နေ့က တင်မြှောက်လိုက်တယ်လို့ သိရပါတယ်။
ယန်းဟာ ၇၈ကြိမ်မြောက်ညီလာခံရဲ့သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တဲ့ ထရင်နီဒက်နှင့်တိုဘာဂိုနိုင်ငံမှ ဒင်းနစ်ဖရန်စစ် ထံကနေ စက်တင်ဘာ၁၀ရက်နေ့ ညီလာခံဖွင့်တဲ့အခါ တာဝန်လွှဲယူမှာဖြစ်ပါတယ်။
နိုင်ငံတကာအသိုက်အဝန်းကို ဗဟုဝါဒတိုးမြှင့်ကြဖို့ ရွေးကောက်တင်မြှောက်ခံရတဲ့ သဘာပတိအသစ်က တိုက်တွန်း ပြောကြားပါတယ်။ ပြီးတော့ ကုလသမဂ္ဂရဲ့အခြေခံမူတွေနှင့် ပဋိညာဉ်အုတ်မြစ်ကိုလည်း သူကအလေးပေးပြောပါတယ်။
ယန်းဟာ ၁၉၄၇ခုနှစ် ဇွန်လမှာ မွေးဖွားခဲ့ပြီး ၂၀၀၉ မှ ၂၀၁၉အထိ ကင်မရွန်ဝန်ကြီးချုပ်ဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၂၀ပြည့်နှစ်မှစကာ သမ္မတရဲ့ အမျိုးသားဂုဏ်ထူးဆောင်ဆု အဓိပတိကြီးအဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။ ကင်မရွန်ဟာ ကုလသမဂ္ဂ အထွေထွေညီလာခံသဘာပတိအဖြစ် ရွေးချယ်ခံရတဲ့ အာဖရိကနိုင်ငံတွေထဲမှာ ၁၃နိုင်ငံမြောက် ဖြစ်ပါတယ်။ ၂၀၁၄မှာ ယူဂန်ဒါနှင့် ၂၀၁၉ မှာ နိုင်ဂျီးရီးယားတို့ အရွေးခံခဲ့ရပါတယ်။
Source Xinhua
#Local_News
Published_07 June 2024
▪️ တိုက်ကြီး ခရိုင်အတွက်၂၀၂၄ ခုနှစ် မိုးစပါးချေးငွေကျပ်သန်း ၆၄၀၀ ကျော် ချထားပေးကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှသိရသည်။
▪️ ဇွန် ၄ ရက်က တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင်အတွင်း တောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ၂ဝ၂၄ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းကို အခမ်းအနား ပြုလုပ်၍ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကတိုက်ကြီး ခရိုင်အတွက် ၂ဝ၂၄ ခုနှစ်၊ မိုးစပါးချေးငွေ (၆၄၈၅ ဒသမ ၇၀) ကျပ်သန်းအား လည်း ကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများက တိုက်ကြီးမြို့နယ်အတွင်းရှိ တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများကိုလည်းကောင်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်က တိုက်ရိုက်အစေ့ချကိရိယာ Seeder ဖြင့် နွေစပါးစိုက်ပျိုးခဲ့သည့် တောင်သူများ အနေဖြင့် ပန်းတိုင်ရည်မှန်းချက်ကျော်လွန်စိုက်ပျိုးနိုင်ခဲ့၍ ယခုမိုးစပါးကိုလည်း Seeder ဖြင့် စိုက်ပျိုးကြရန်မှာကြားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ Seeder ဖြင့် စိုက်ပျိုးခြင်းသည် အကုန်အကျသက်သာ၍ အထွက်နှုန်းတိုးပြီး ဝင်ငွေပိုမိုရရှိနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_07 June 2024
▪️ တရုတ်-မြန်မာသံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၄) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လှိုင်သာယာရှိအမှတ် (၁၄) အခြေခံပညာအထက်တန်း ကျောင်းသို့စာရေးကိရိယာနဲ့ စားနပ်ရိက္ခာထုပ်များ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။
▪️ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် တရုတ်နိုင်ငံ ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု ဖောင်ဒေးရှင်းတို့သည် ဇွန်လ ၆ ရက်နေ့တွင် ရန်ကုန်တိုင်း အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း လှိုင်သာယာမြို့နယ်သို့ စာရေးကိရိယာနဲ့ စားနပ်ရိက္ခာထုပ်များ လှူဒါန်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
▪️ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က ယနေ့ လှူဒါန်းခြင်း၏ရည်ရွယ်ချက်မှာ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၄) နှစ်ပြည့် အထိမ်းအမှတ်ဖြစ်၍ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း၏ မူလရည်မှန်းချက်ကို ပြန်လည်အောက်မေ့ပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး သံယောဇဉ်ကို လက်ဆင့်ကမ်းကာ ကျောင်းသားကျောင်းသူများ ပညာသင်ယူပြီး ထူးချွန်ထက်မြတ်သူများ ဖြစ်လာစေရန်အတွက် အကူအညီပေးခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။
▪️ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း လှိုင်သာယာမြို့နယ်သည် တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် ကူညီတည်ဆောက်ပေးသည့် “တရုတ်-မြန်မာ ချစ်ကြည်ရေးကျောင်း” ၂၃ ကျောင်းအနက် တစ်ကျောင်းဖြစ်သည်ဟုဆိုသည်။
▪️ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ၂၀၁၇ ခုနှစ်တွင် အဆိုပါကျောင်းအတွက် ၂ လွှာ စာသင်ဆောင်တစ်ဆောင် တည်ဆောက်ပေးခဲ့ပြီး ကျောင်းဆောင်၏ မူလအခြေအနေကို တိုးတက်ကောင်းမွန်လာစေခဲ့ကြောင်းနှင့် ထို့နောက် တရုတ်သံရုံးက ကျောင်းဆရာ၊ ဆရာမများ တရုတ်နိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ရန်စီစဥ်ပေးခဲ့ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း တရုတ်သံရုံးမှ အဆိုပါကျောင်းထံသို့ ကပ်ရောဂါကာကွယ်ရေးပစ္စည်းများလည်း လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။


#tthl #Yangon_Times
#Local_News
Published 7 June 2024
▪️ စက်မှုဇုန်ပြင်ပတွင် လည်ပတ်နေသော လုပ်ငန်းများရှိသဖြင့် စက်မှုဇုန်အသစ်များ ထပ်မံတည်ဆောက်ပေးသွားရမည်ဖြစ်ကြောင်းစက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက ပြောသည်။
▪️ ဇွန်လ ၆ရက်နေ့က ကျင်းပပြုလုပ်သည့် စက်မှုလုပ်ငန်းနှင့်စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားတွင် ယခုကဲ့သို့ပြောကြားခြင်း ဖြစ်သည်။
▪️ မြန်မာနိုင်ငံတွင်တည်ထောင်ပြီး စက်မှုဇုန် ၂၈ ဇုန်၊ စက်မှုရပ်ကွက်ငါးခု၊ ဆောင်ရွက်ဆဲစက်မှုဇုန်စီမံကိန်းနှစ်ခုရှိကြောင်း၊ အဆိုပါစက်မှုဇုန်၊ စက်မှုရပ်ကွက်နှင့် စီမံကိန်းများအတွင်း အငယ်စား၊ အလတ်စားနှင့်အကြီးစားစက်မှု လုပ်ငန်းပေါင်း ၇၉၇၂ ခုရှိပြီး လုပ်သားပေါင်းငါးသိန်းကျော်ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထားနိုင်ကြောင်း၊ စက်မှုဇုန်ပြင်ပတွင်လည်ပတ်နေသော လုပ်ငန်းများရှိသဖြင့် စက်မှုဇုန်အသစ်များ ထပ်မံတည်ဆောက်ပေးသွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
▪️ ပြည်တွင်းစက်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စက်မှုဇုန်အသစ်များတည်ထောင်ရန်နှင့် တည်ထောင်ထားရှိသော စက်မှုဇုန်များ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်၍ စက်မှုဇုန်ဥပဒေကို ၂၀၂၀ ပြည့်နှစ် မေ ၂၆ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး တာဝန်ခံဝန်ကြီးဌာနသည် စက်မှုဝန်ကြီးဌာနဖြစ်ကြောင်း၊ အတည်ပြုပြီး စက်မှုဇုန်ဥပဒေနှင့်အညီ ဗဟိုကော်မတီ၊ ဒေသဆိုင်ရာကော်မတီ၊ စီမံခန့်ခွဲရေးကော်မတီများ ဖွဲ့စည်းပြီး စက်မှုဇုန်အသစ်များ စနစ်တကျထူထောင်သွားရန်၊ တည်ထောင်ပြီး စက်မှုဇုန်များအား အဆင့်မြှင့်တင်ရန်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်များတွင် ပြန့်ကျဲတည်ရှိနေသော စက်မှုလုပ်ငန်းများအား စက်မှုဇုန်များတွင် စုပေါင်းလုပ်ကိုင်စေခြင်းဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများ ခံစားရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန်နှင့် နိုင်ငံ့စီးပွားတိုးတက်စေရန် ဆောင်ရွက်ကြရန် ထပ်မံပြောကြားခဲ့သည်။
▪️ အဆိုပါ အစည်းအဝေးသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊ ကောင်စီဝင်များ၊ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ နေပြည်တော်ကောင်စီရှိ ဌာနဆိုင်ရာအကြီးအကဲများနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
Page 559 of 1860