' ပြည်တွင်းစားဆန်က လကုန်ပိုင်းဆိုတော့ အရောင်းအဝယ်ကောင်းပေမယ့် အတက်အကျမရှိဘူး၊ ဈေးငြိမ်တယ်၊ ဆန်အကြမ်းတွေက ပြည်ပရဲ့လိုအပ်ချက် တင်ရမယ့်ကာလရယ်၊ ဝင်ရောက်မှုရဲ့ လျော့နည်းမှုရယ်ပေါ့၊ ဝယ်လိုအားနဲ့ရောင်းလိုအားပေါ်မှာပဲ အခြေခံတော့ ဝယ်လိုအားရှိတဲ့အချိန် ပစ္စည်းရဲ့တက်ရောက်မှု နည်းတဲ့အခါမှာ ဈေးနှုန်းက မြှင့်ပြီးတော့ ဝယ်ရတာ သဘောသဘာဝပါပဲ၊ ရန်ကုန်ဝင်ရောက်မှုက အကြမ်းကနည်းတဲ့အခါကျတော့ ဈေးကွက်ကမြှင့်တာလည်း ပါပါတယ် '
Yangon Times/NN
#Local_News
#Published_ 09 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
‘‘ ဘဏ်တစ်ခုနဲ့ချိတ်ဆက်ပြီး တစ်ရွေးစ နှစ်ရွေးစတော့ စတင်ရောင်းချနေပြီဖြစ်ပြီး အခြားဘဏ်တွေ၊ ရွှေဆိုင်တွေ၊ရွှေလုပ်ငန်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ဦးမှာဖြစ်တယ်’’ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမျိုးမြင့်
Yangon Times/tthl
#Local_News
#Published_ 09 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published 09 January 2024
ယူနိုက်တက်လေကြောင်းနဲ့ အလက်စ်ကာလေကြောင်းတို့ဟာ လေယာဥ်တက်ခွင့်ပိတ်ထားတဲ့ ဘိုးအင်းကုမ္ပဏီထုတ် MAX 9 လေယာဉ်အများအပြားမှာ အစိတ်အပိုင်းများ လျော့ရဲချောင်ကျနေတာကို တွေ့ရှိခဲ့ကြပြီးနောက် ဘိုးအင်းရဲ့ နောက်ဆုံးပေါ် 737 MAX ပြဿနာက ပိုမိုဆိုးရွားလာကာ ရောင်းအားအကောင်းဆုံး လေယာဥ်ကုမ္ပဏီအနေနဲ့ ဘယ်လိုထုတ်လုပ်နေသလဲဆိုတဲ့အပေါ် စက်မှုပညာရှင်များကြား စိုးရိမ်မှုမြင့်တက်နေကြပါတယ်။
အလက်စ်ကာလေကြောင်းလိုင်းမှ ပြေးဆွဲတဲ့ လေယာဥ်တစ်စင်းဟာ သောကြာနေ့က ပို့တ်လန်း အော်ရီဂွန် လေဆိပ်ကနေ ထွက်ခွာပြီးမကြာမီမှာပဲ တံခါးချပ်တစ်ခု ကျွတ်ထွက်သွားခဲ့ကာ အမေရိကန်အာဏာပိုင်များက 171 MAX 9 လေယာဥ်များကို ဘေးကင်းစွာ ဆင်းသက်ခိုင်းခဲ့ပါတယ်။
အလက်စ်ကာလေကြောင်းလိုင်းမှ နည်းပညာရှင်များ လေယာဥ်တွေကို စစ်ဆေးတဲ့အခါမှာ အချို့လေယာဥ်နေရာတွေမှာ အစိတ်အပိုင်းတွေ လျော့ရဲနေတာတွေကို တွေ့ရှိခဲ့ကြတယ်လို့ တနင်္လာနေ့က ပြောကြားခဲ့ကြပါတယ်။
တရားဝင်စစ်ဆေးမှုများ မလုပ်ခင် ဘိုးအင်းကုမ္ပဏီနဲ့ အမေရိကန်ဖက်ဒရယ် လေကြောင်းကွပ်ကဲရေး (FAA)မှ နောက်ဆုံးမှတ်တမ်းတင်မှုများကို စောင့်ဆိုင်းနေပါတယ်။
အဆိုပါ လေယာဉ်အမျိုးအစားတွေ ပျံသန်းနေတဲ့ ယူနိုက်တက်လေကြောင်းကလည်း ကနဦးစစ်ဆေးမှုများ ပြုလုပ်ရာမှာ တံခါးချပ်အများအပြားမှာ တံခါးဂျက်များကြပ်ဖို့ လိုအပ်နေတယ်လို့ တွေ့ရှိထားပါတယ်။
ယူနိုက်တက်က ကနဦးစစ်ဆေးမှုပြုလုပ်စဉ် အစိတ်အပိုင်းလျော့ရဲနေတဲ့ လေယာဉ် ၁၀ စင်းနီးပါး တွေ့ရှိထားပြီး ဒီထက်တိုးလာနိုင်ဖွယ်ရှိတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။
စစ်ဆေးရေးလမ်းညွှန်ချက်များနဲ့ ပတ်သက်ပြီး ဘိုးအင်း၊ FAA ၊ လေကြောင်းလိုင်းများကြား ဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်။
ဘိုးအင်းက MAX 9 အော်ပရေတာများနဲ့ အနီးကပ် ရှိနေပြီး တွေ့ရှိလာတဲ့ ပြဿနာများ ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။
ဘိုးအင်းလေယာဥ်တိုင်းက ထုတ်လုပ်ပုံ စံချိန်မီအချက်အလက်များ၊ အမြင့်မားဆုံးလုံခြုံမှုနဲ့ အရည်အသွေးစံနှုန်းများနဲ့အညီ ရှိနေစေရန် ကတိပြုထားကြောင်း၊ ဒီကိစ္စကြောင့် လေယာဥ်ဝယ်ယူထားသူများနဲ့ ခရီးသည်များအပေါ် သက်ရောက်မှုရှိခဲ့တာကို နောင်တရမိကြောင်း လေယာဥ်ထုတ်လုပ်သူများက ဆိုပါတယ်။
လေယာဥ်ပျက်ကျမှု ၂ ခုဖြစ်ပွားခဲ့ကာ လူ ၃၄၆ ဦးသေဆုံးခဲ့ပြီးနောက် 737 MAX အမျိုးအစားတွေကို ၂၀၁၉ မတ်လကတည်းက လေယာဥ်ပျံတက်ခွင့် မပြုထားတာကြောင့် ယခုလိုပြဿနာတွေ ကြာရှည်လာပါက ဘိုးအင်းအတွက် ဖိအားပိုများလာစေမှာ ဖြစ်ပါတယ်။
အကြောင်းအရင်းကို ဆုံးဖြတ်ဖို့ စောလွန်းသေးတယ်လို့ စစ်ဆေးရေးများက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပြီး ဘိုးအင်းရှယ်ယာတွေ ၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။
Source: Reuters
#World_News
#Published_ 09 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published-9 January 2024
သင်္ဃန်းကျွန်းခရိုင်ဈေးများ၌ သား/ငါး အစားအစာဘေးကင်းလုံခြုံစေရေးကွင်းဆင်းစစ်ဆေးမှုများယမာန်နေ့က ပြုလုပ် ခဲ့ကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊တိရစ္ဆာန်ဆေးကုနှင့်ထုတ်လုပ်ရေးဌာနသည် ရန်ကုန်မြို့နေပြည်သူများ နေ့စဉ်စားသုံးသည့် အသား/ငါးများကတစ်ဆင့်ရောဂါမဖြစ်စေရေးနှင့်ဘေးကင်းလုံခြုံစေရေးအတွက် အသားထုတ်လုပ်ရုံများနှင့်စည်ပင်သာယာဈေးများကိုဝင်ရောက်စစ်ဆေးခြင်းဖြစ်သည်။
ထိုသို့စစ်ဆေးရာတွင် သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ တောင်ဥက္ကလာပမြို့နယ်၊ပဒေသာဈေးနှင့် သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/ရတနာဈေးများအတွင်းရောင်းချသည့် အသား/ငါး/ပုဇွန်များသန့်ရှင်းလတ်ဆတ်မှုရှိ/မရှိ၊လိုင်စင်စီများမြှဖန့်ဖြူးရောင်းချခြင်း၊တရားမဝင်အသားများရောနှောရောင်းချခြင်းရှိ/မရှိတို့ကိုစစ်ဆေး၍လိုအပ်သည်များကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 09 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
#World_Health
Published 09 January 2024
ကိုဗစ်နောက်ဆက်တွဲ လက္ခဏာများ ခံစားနေရသူတွေဟာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မပြုလုပ်သင့်ကြောင်း၊ ကြွက်သားများကို ထိခိုက်စေကာ ဇီဝကမ္မဖြစ်စဥ်တွေကို ပိုမိုဆိုးရွားစေနိုင်ကြောင်း လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများ ပြုလုပ်ပြီးနောက် ပိုမိုနွမ်းနယ်ခြင်းနဲ့ နာကျင်ကိုက်ခဲမှုဒဏ်များ ဖြစ်လာနိုင်တယ်လို့ သိထားပေမယ့် အကြောင်းအရင်းဇာစ်မြစ်ကိုတော့ မသိသေးဘူးလို့ ဇန်နဝါရီ ၄ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
လေ့ကျင့်ခန်းလုပ်ပြီးနောက် အားအင်ကုန်ခမ်းခြင်း ခံစားခဲ့ရတဲ့ ကိုဗစ်နောက်ဆက်တွဲ လက္ခဏာခံစားရသူ ၂၅ ဦးနဲ့ ကိုဗစ်ကူးစက်မှုမှ အပြည့်အဝ သက်သာလာသူ ၂၁ ဦးတို့ကို စမ်းသပ်ခဲ့ကြပါတယ်။
တွေ့ရှိချက်အရ ကိုဗစ်နောက်ဆက်တွဲ လက္ခဏာရှိသူတွေဟာ ကျန်းမာသူတွေထက် လေ့ကျင့်မှုခံနိုင်ရည် နည်းပါးပြီး ၇ လောက်ကြာတဲ့အထိ ကြွက်သားနာခြင်း၊ အဆုံးစွန်နွမ်းနယ်ခြင်း၊ ဦးနှောက်အသိဉာဏ်ပြဿနာများ ခံစားခဲ့ကြပါတယ်။
နှလုံးနှင့်အဆုတ် လေ့ကျင့်ခန်း ပြုလုပ်ခိုင်းရာမှာ ကိုဗစ်နောက်ဆက်တွဲ လက္ခဏာရှိသူတွေက အောက်ဆီဂျင်အများဆုံး အသုံးပြုနိုင်စွမ်းနဲ့ စွမ်အားအမြင့်ဆုံး ထုတ်လုပ်နိုင်စွမ်းတို့မှာ အတော်လေးလျော့နည်းနေတာကို တွေ့ရှိခဲ့ကြပါတယ်။
ဒါကြောင့် ခန္ဓာကိုယ်ထဲမှာ တစ်ခုခုမှားယွင်းနေပြီဆိုတာ သေချာပေါက်ပြောနိုင်တယ်လို့ အမ်စတာဒမ် ဗီယူတက္ကသိုလ်မှ သုတေသနပြုစုသူ ဒေါက်တာရော့ဘ်ဝက်စ်က ပြောပြသွားပါတယ်။
ကိုဗစ်နောက်ဆက်တွဲ လက္ခဏာခံစားရသူများက လေ့ကျင့်ခန်းလုပ်ပြီးနောက် ကြွက်သားထိခိုက်ခြင်း၊ ဇီဝကမ္မဖြစ်စဥ် ဆိုးရွားလာခြင်းတို့ကြောင့် ဒီလိုမျိုးဖြစ်ရတာလို့ တွေ့ရှိရတာဖြစ်ပါတယ်။
#World_Health #ကိုဗစ်နောက်ဆက်တွဲလက္ခဏာခံစားရသူ #လေ့ကျင့်ခန်းအပြင်းအထန်မလုပ်သင့် #Source: WION
#World_Health
Published 09 January 2024
အစာအိမ်အူလမ်းကြောင်းနဲ့ ဦးနှောက်တို့ကြား ဆက်စပ်မှုကြီးမားပုံကို လေ့လာတွေ့ရှိထားကြပါတယ်။
အူလမ်းကြောင်း ပုံမှန်အလုပ်မလုပ်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ ပြဿနာအများအပြား ပေါ်ပေါက်လာတယ်လို့ သုတေသနတွေ တွေ့ရှိလာကြပါတယ်။
အစာအိမ်အူလမ်းကြောင်းမှာ နေထိုင်တဲ့ ဘက်တီးရီးယားများနဲ့ ပိုးမွှားအစုအဝေးကြီးဟာ ကျန်းမာတဲ့သူတွေနဲ့ယှဥ်ရင် ပေါင်းသင်းဆက်ဆံရေးစိုးရိမ်တဲ့သူတွေမှာ ကွဲပြားနေပါတယ်။
ပေါင်းသင်းဆက်ဆံရေးစိုးရိမ်တာဟာ မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်၊ အခြားအကြောင်းအရာများနဲ့ ဆက်စပ်နေပေမယ့် အူလမ်းကြောင်း ပိုးမွှားအစုအဝေးရဲ့ အရေးပါပုံကို အိုင်ယာလန် ကော့ခ်တက္ကသိုလ်ကောလိပ်မှ သုတေသီများ အသစ်တွေ့ရှိဖော်ပြထားပါတယ်။
အဓိကကတော့ လူမှုရေးဆိုင်ရာ ဦးနှောက်ပုံမှန် အလုပ်လုပ်နိုင်ရန် အူလမ်းကြောင်းပိုးမွှားတွေကို ထိန်းသိမ်းစောင့်ရှောက်သင့်တာပဲ ဖြစ်တယ်လို့ သုတေသနပြုစုသူ ပရော်ဖက်ဆာ ဂျွန်ခရိုင်ယန်က ပြောပြခဲ့ပါတယ်။
ကျန်းမာသူ ၆ ဦးရဲ့ မစင်နမူနာများနဲ့ ပေါင်းသင်းဆက်ဆံရေးစိုးရိမ်သူ ၆ ဦးရဲ့ မစင်နမူနာများကို နှိုင်းယှဥ်ခဲ့ကြရာ သူတို့ရဲ့ အူလမ်းကြောင်းပိုးမွှားများ ကွဲပြားနေတာကို ဆန်းစစ်တွေ့ရှိခဲ့ပါတယ်။
နမူနာတစ်မျိုးဆီကို ဓာတ်ခွဲခန်းသုံးကြွက် ၆ ကောင်ဆီ ထည့်ပေးခဲ့ကာ သူတို့ရဲ့သဘာဝ အူလမ်းကြောင်းပိုးမွှားများကို ပဋိဇီဝဆေးများပေးပြီး သတ်ပစ်ခဲ့ပါတယ်။
ထိုအခါမှာ ပေါင်းသင်းဆက်ဆံရေးစိုးရိမ်တဲ့ သူတွေထံမှ အူလမ်းကြောင်းပိုးမွှားများ ရရှိတဲ့ကြွက်တွေဟာ မတူညီတဲ့ ဘက်တီးရီးယားမျိုးစိတ် ၃ မျိုးရှိနေတာကို တွေ့ရှိခဲ့ပါတယ်။
ကျန်းမာတဲ့လူတွေထံမှ ပိုးမွှားများရရှိထားတဲ့ ကြွက်တွေဟာ နောက်ရက်တွေမှာ ပုံမှန်အတိုင်းပြုမူပေမယ့် ပေါင်းသင်းဆက်ဆံရေးစိုးရိမ်တဲ့ လူတွေထံမှ ပိုးမွှားများရရှိထားတဲ့ ကြွက်တွေဟာ အခြားကြွက်တွေနဲ့ ရင်ဆိုင်ရာမှာ ကြောက်ရွံ့တဲ့ပုံ ပေါ်နေပါတယ်။
ဒါဟာ အူလမ်းကြောင်းပိုးမွှားတွေအကြောင်း နောက်ထပ်သုတေသနများ ပြုလုပ်ရန် အရေးကြီးကြောင်း ဖော်ပြနေပြီး ကျန်းမာတဲ့ အူလမ်းကြောင်းရရှိဖို့ ကုသနည်းတွေ၊ အစားအစာတွေ လေ့လာဖို့လည်း လိုအပ်နေပါတယ်။
#World_Health #အူလမ်းကြောင်းနှင့်ဦးနှောက် #ဆက်စပ်မှုကြီးမားပုံ #သုတေသီများလေ့လာဖော်ထုတ် #Source: India Today
9 January 2024
ဂန္တဝင်အဆိုတော်ကြီး ဒေါ်မာမာအေး ဇန်နဝါရီ ၈ ရက် အမေရိကန်နိုင်ငံတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း အမေရိကန်ရောက် မြန်မာအသိုင်း အ၀ိုင်းမှ သိရသည်။
မြန်မာစံတော်ချိန် ယနေ့ နံနက် ၅ နာရီ ၅၈ မိနစ်၊
အမေရိကန်အရှေ့ဘက်ကမ်းရိုးတန်း စံတော်ချိန် ညနေ ၆:၂၈ ၊အသက် ၈၁ နှစ်အရွယ်၌ သူနေထိုင်သည့် အမေရိကန်ပြည်ထောင်စု၊ ဖိုဒ်ဝိန်းမြို့ နေအိမ်တွင် ကွယ်လွန်သွားခြင်းဖြစ်သည်။
စန္ဒကိန္နရီ သီချင်းကိုကြားပြီးနောက် အဆိုတော်ဖြစ်ချင်လာမိသည့် ဒေါ်မာမာအေးသည် မာမာအေးနာမည်နဲ့ လည်း ၁၉၅၈ ခုနှစ်မှာ တေးညွန့်မင်္ဂလာ သီချင်းဖြင့် စတင်ဓါတ်ပြားသွင်းခဲ့သည်။
"အချိန်ရမှ နားထောင်ပါ""မောင့်အချစ်မြား" "တုံးကျော်မ"စသည့်သီချင်းပေါင်းများစွာဖြင့် ပရိတ်သတ်၏အသည်းနှလုံးကိုနှစ်ပေါင်းများစွာ သိမ်းပိုက်ခဲ့သည့် ဂန္တဝင်အဆိုတော်ကြီး ဒေါ်မာမာအေးကွယ်လွန်သွားသည့်အတွက် အနုပညာတွေရော ပရိတ်သတ်များပါ အထူးဝမ်းနည်းကြေကွဲကြောင်း ရေးသားဖော်ပြထားကြသည်။
tthl
Yangon_Time
8 January 2024
Myanmar's Navy Chief, Admiral Moe Aung, received the appointment as the Union Minister for the Office of the Chairman of the State Administration Council through Order 3/2024 issued on January 8, 2024, by the SAC. Another order, 4/2024, similarly confirmed his role as an Advisor for National Security Affairs to both the SAC Chairman and the SAC.
Vice-Admiral Zwe Win Myint, who previously served as the Chief of Staff (Navy), has been promoted to the position of Navy Chief, according to information from a source closely associated with the military. Typically, military reshufflings are not publicly disclosed.
-ymg/knl
၈ ဇန်နဝါရီ ၂၀၂၄
ဦးစီးချုပ်(ရေ)အဖြစ်မှ နစက ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄)ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံရတဲ့ ဗိုလ်ချုပ်ကြီး မိုးအောင်ကို အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ် ထပ်မံခန့်အပ်တာဝန်ပေးအပ်လိုက်တယ်လို့သိရပါတယ်။
ယနေ့ ဇန်နဝါရီ (၈)ရက်ရက်စွဲဖြင့်ထုတ်ပြန်တဲ့ နစကရဲ့ အမိန့်အမှတ်၄/၂၀၂၄အရ ယင်းကဲ့သို့တာဝန်ပေးခန့်အပ်လိုက်တာ ဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတို့ အား အမျိုးသား လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဘက်ပေါင်းစုံမှ လေ့လာသုံးသပ်အကြံပြုနိုင်ရန်အတွက်ခန့်အပ်ခြင်းဖြစ်တယ်လို့လည်း အမိန့်မှာဖော်ပြ ထားပါတယ်။
ဗိုလ်ချုပ်ကြီးမိုးအောင်ကို လက်ရှိအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးတာဝန်ယူထားတဲ့ နစကအဖွဲ့ဝင်နှင့် ပြည်ထဲရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နေရာတွင် အစားထိုးခန့်အပ်လိုကတာဖြစ်တယ်လို့လည်း အမိန့် အရသိရပါတယ်။
-ymg/knl
တရုတ်ပြည်မှ ပထမဆုံးပြည်တွင်းထုတ် အပျော်စီးသင်္ဘောကြီး Adora Magic City ဟာ ပထမဆုံးခရီးဦးအနေဖြင့် ရှန်ဟိုင်းဆိပ်ကမ်းတစ်ခုကနေ တနင်္လာနေ့က စတင်ထွက်ခွာခဲ့ပြီဖြစ်ပြီး တရုတ်နိုင်ငံဟာ ဇိမ်ခံအပျော်စီးသင်္ဘောစီးပွားရေးသို့ ဝင်ရောက်လာပြီဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။
#Asia_Industry
Published_8 January 2024
#အပျော်စီးသင်္ဘော #Adora Magic City
#Yangon_Times #YMG_News #Yangon_Media_Group
၈ ဇန်နဝါရီ ၂၀၂၄
ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးမိုးအောင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်လိုက်တယ်လို့သိရပါတယ်။
၂၀၂၄ခုနှစ် ဇန်နဝါရီ (၈)ရက် ယနေ့ရက်စွဲဖြင့်ထုတ်ပြန်တဲ့ နစကရဲ့ အမိန့်အမှတ်၃/၂၀၂၄မှာ ဗိုလ်ချုပ်ကြီးမိုးအောင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၍ဥက္ကဋ္ဌရုံးဝန်ကြီးအဖြစ်ခန့်အပ်ကြောင်းဖော်ပြထားတာဖြစ်ပါတယ်။
အဆိုပါအမိန့်အရ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁)၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂)တို့တွင် ပြည်ထောင်စုဝန်ကြီးများအဖြစ်ခန့်အပ်တယ်လို့လည်း အမိန့်ထုတ်ပြန်ထားပါတယ်။
ဦးကိုကိုလှိုင်နှင့် ဦးအောင်နိုင်ဦးတို့ဟာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးပြည်ထောင်စုဝန်ကြီးများအဖြစ်မှ နစကဥက္ကဋ္ဌ ရုံး ဝန်ကြီးဌာန ဝန်ကြီးများအဖြစ်ပြောင်းရွှေ့တာဝန်ပေးအပ်ခံရခြင်းဖြစ်ပါတယ်။
လစ်လပ်သွားတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးပြည်ထောင်စုဝန်ကြီးတွေနေရာမှာ အစားထိုးခန့်အပ်မှုကိုတော့ မတွေ့ရှိရ သေးဘဲ ရှိပါတယ်။
ဦးစီးချုပ်(ရေ)နေရာကိုလည်းလက်ရှိစစ်ဦးစီးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကိုခန့်ထားလိုက်တယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ပြီး တပ်ရာထူးအပြောင်းအလဲများကို သတင်းထုတ်ပြန်ကြေညာလေ့မရှိကြောင်းသိရပါတယ်။
-ymg/knl
#Daily_News
Published_8 January 2024
၁။ ကျိုက်ထီးရိုးကို (၇)ရက်တာအတွင်း ပြည်တွင်းပြည်ပမှ ဘုရားဖူး( ၄)သောင်းတစ်ထောင်ကျော်ဝင်ရောက်
၂။ အဝယ်ပြန်သွက်လာသဖြင့် ပဲတီစိမ်း ဈေးပြန်တက်လာ
၃။ မတ်ပဲနှင့်ပဲစင်းငုံတန်ချိန်သုံးသိန်းခွဲတင်ပို့ရန် MOUရေးထိုးထားသည့်အပြင် ၂၀၂၄_၂၀၂၅ ဘဏ္ဍာနှစ်အတွင်း လွတ်လပ်စွာတင်သွင်းခွင့်ကို အိန္ဒိယထပ်မံသက်တမ်းတိုးမြှင့်
၄။ တရုတ်ပြည်၏ပထမဆုံးပြည်တွင်းထုတ်အပျော်စီးသင်္ဘောကြီး ခရီးဦးစတင်ထွက်ခွာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 562 of 1661