Published 20 February 2024
ကင်ဆာဝေဒနာရှင် များ အတွက် ဓါတ်ရောင်ခြည် စက် အသစ် ၃လုံး ကို ယခု နှစ် ဆင် တပ်ဆင်ပးရန် ပြင်ဆင်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန မှ သိရသည်။
အဆိုပါ ဓါတ်ရောင်ခြည်စက် များ ကို နိုင်ငံတော် အကြီးအကဲ ၏ အထူးခွင့်ပြုချက်ဖြင့် ကင်ဆာရောဂါဓာတ်ရောင်ခြည်ကုသစက်အသစ်(၁)လုံး၊ ကျန်းမာရေး ဝန်ကြီးဌာနအစီအစဉ်ဖြင့် ဝယ်ယူမည့် ဓာတ်ရောင်ခြည်ကုသစက်အသစ်(၂)လုံးကို အသစ်ဆောက် လုပ်ပြီးစီးထားသည့် ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ အမျိုးသားကင်ဆာကုသရေးဌာနတွင် ယခုနှစ်အတွင်း တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၏ ကင်ဆာရောဂါကုသရေးလုပ်ငန်းများ ကို ဖေဖေါ်ဝါရီ ၁၇ရက် က သွားရောက်ကြည့်ရှုစစ်ဆေးစဉ်ပြောကြားခဲ့ ခြင်း ဖြစ်သည် ကင်ဆာဓာတ်ရောင်ခြည်ကုသမှုများကို အရေးပေါ်အခြေအနေများတွင် စောင့်ဆိုင်းမှု မရှိစေဘဲ ဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် တောင်ကြီးမြို့စဝ်စံထွန်းပြည်သူ့ ဆေးရုံကြီး တို့တွင် ကင်ဆာဓာတ်ရောင်ခြည်ကုသစက်(၁၂)လုံးအသုံးပြုကာ ကျန်းမာရေးဝန်ထမ်းများအနေ ဖြင့်စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ၌ပါ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ်အတွင်း အဆိုပါ ပြည်သူ့ဆေးရုံများတွင် ကင်ဆာဓာတ်ရောင်ခြည်ကုသမှု အကြိမ်ရေ (၁၁၀,၃၆၇)ကြိမ်အထိ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ကင်ဆာရောဂါ ဝေဒနာရှင်များ စောင့်ဆိုင်းမှုလျော့နည်းစေရေးနှင့် ထိရောက်သည့်ကုသမှုရရှိစေရေးအတွက် နိုင်ငံတော်အစိုးရ အနေဖြင့် ယခုနှစ်တွင် ကင်ဆာရောဂါဆေးဝါးများဝယ်ယူရန်အတွက်ခွင့်ပြုရန်ပုံငွေ (၁၂)ဘီလီယံ ကျော်ခွင့်ပြုချထားပေးခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 20 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published-20 February 2024
ရင်းနှီးမြှုပ်နှံမှုကြီးကြပ်သည့်စနစ်အပိုင်း၂တွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအချက်အလက်များပြန်လည်ဖြည့်သွင်းခြင်းအတွက် စမ်းသပ်ကာလကျော်လွန်ပါက Online စနစ်ဖြင့် လက်ခံသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှသိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုကြီးကြပ်သည့်စနစ်အပိုင်း၂တွင်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအချက်အလက်များပြန်လည်ဖြည့်သွင်းခြင်းအတွက်စမ်းသပ်ကာလသတ်မှတ်ခြင်းနှင့် နိုင်ငံခြားသားခန့်ထားခွင့်တင်ပြလျှောက်ထားခြင်းအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှအသိပေး ထားသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊နည်းဥပဒေအရခွင့်ပြုမိန့်ရရှိပြီးနောက်ပိုင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံသူက အွန်လိုင်းမှတဆင့်လျှောက်ထားဆောင်ရွက်နိုင်ရန် ၊ဌာနတာဝန်ရှိသူကစိစစ်ပြီး အွန်လိုင်းမှလိုအပ်ချက်များကို ပြန်ကြားနိုင်ရန်၊ခွင့်ပြုနိုင်ရန်၊ထောက်ခံချက်ပေးနိုင်ရန် နှင့် မှတ်တမ်းပြုလုပ်နိုင်ရန် ရည်ရွယ်၍ ရင်းနှီးမြုပ်နှံမှုကြီးကြပ်သည့်စနစ် ၊အပိုင်း၂ကို ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
ထို့အပြင် ကော်မရှင်ခွင့်ပြုမိန့် ၊အတည်ပြုမိန့်ရရှိထားပြီးသောကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကြီးကြပ်သည့် စနစ်အပိုင်း၂တွင် လျှောက်လွှာများတင်ပြမည်ဆိုပါက ခွင့်ပြုမိန့်ရရှိချိန်မှစ၍ယနေ့အချိန်အထိ ဆောင်ရွက်ခဲ့သည့်ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအချက်အလက်များကို စနစ်တွင်ပြန်လည်ဖြည့်သွင်းခြင်းကို ဦးစွာဆောင်ရွက်ရမည်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ပြီးစီးမှသာ လျှောက်ထားလွှာ များတွင် တင်ပြဆောင်ရွက်ရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက် ပြီးစီးမှသာလျှောက်ထားလွှာ များ တင်ပြဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ကခွင့်ပြုခဲ့သည့် အဆိုပြုချက်ပါနိုင်ငံခြားသားကျွမ်းကျင်သူခန့်ထားခွင့်တင်ပြခြင်း၊ဝန်ထမ်းအင်အားစာရင်းတိုးမြှင့်ခွင့်တင်ပြခြင်းနှင့် ကော်မရှင်ကခန့်ထားခွင့်ပြုထားသည့်နိုင်ငံခြားသားကျွမ်းကျင်သူနှုတ်ထွက်သွားခြင်းများအား ၂၀၂၃ခုနှစ် ၊စက်တင်ဘာ၁ရက်နေ့မှစတင်၍ http://103.89.50.35တွင်တင်ပြလျှောက်ထားခြင်း(သို့မဟုတ်)စာမူရင်း(Hard Copy)ဖြင့်စမ်းသပ်ကာလအတွင်းတင်ပြလျှောက်ထား
နိုင်ပါကြောင်းအသိပေးကြေညာခဲ့ပြီးဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအချက်အလက်များ ပြန်လည်ဖြည့်သွင်းခြင်းအတွက် စမ်းသပ်ကာလ
နောက်ဆုံးရက်ကို ၂၀၂၄ခုနှစ်၊ ဇွန်လ၃၀ရက်နေ့အထိ သတ်မှတ်ကြောင်းနှင့် စမ်းသပ်ကာလကျော်လွန်ပါက စာပိုဒ်၃ပါအကြောင်းအရာများတင်ပြခြင်းကိုOnline စနစ်ဖြင့်သာလက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Online စနစ်ကို ပြန်လည်မှတ်ပုံတင်ခြင်းနှင့် လျှောက်ထားလွှာတင်ပြမှုများနှင့်စပ်လျဉ်း၍ကြုံတွေ့ရသည့် အခက်အခဲများကို စုံစမ်းမေးမြန်းလိုပါက ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးဌာနခွဲ သို့ လူ ကိုယ်တိုင်ဖြစ်စေ၊၀၁-၆၅၇၈၉၂ ၊၀၁-၆၅၇၈၉၃
Yangon Times/NN
#Local_News
#Published_ 20 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 20 February 2024
မြန်မာ-တရုတ် နှစ်နိုင်ငံဗဟိုအစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးတွဲ ကာကွယ်ရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၁၉ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။
ဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ သယံဇာတနှင့်ပတ်ဝန်ကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းတရုတ်နိုင်ငံနှင့် နှစ်နိုင်ငံအစိုးရများ အကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်နိုင်ရန်အတွက် ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်(၅)ချက်အပေါ် တိုင်းဒေသကြီး/ ပြည်နယ်များ အလိုက်သက်ဆိုင်ရာဌာနများပူးပေါင်း၍ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် နေတယ်လို့ ဆိုပါတယ်။
အာဆီယံဒေသအတွင်း hotspot အရေအတွက်နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးအတွက် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ အာဆီယံ သဘောတူညီချက်ကို ၂၀၀၃ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့ပြီးမီးခိုးမြူငွေ့ ညစ်ညမ်းမှု လျော့နည်းစေရေးအတွက် အကောင်အထည်နေတယ်လို့ ဆိုပါတယ်။
ဆက်လက်၍ ဒုတိယဥက္ကဋ္ဌ-၁ ဝန်ကြီး ဦးမင်းနောင်က မြန်မာ-တရုတ် နယ်စပ် တစ်လျှောက်ရှိ တောင်သူများ အသိပညာပေးခြင်း၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများ အသုံးပြု၍ သဘာဝဓာတ်မြေဩဇာ၊ ဇီဝလောင်စာ၊ ဇီဝဓာတ်ငွေ့စသည်ဖြင့် ပြန်လည် အသုံးချနိုင်ရေး အတွက် နည်းပညာနှင့် စက်ပစ္စည်းကိရိယာများ အကူအညီ ပေးရေး၊ နယ်စပ်ဒေသနေပြည်သူများ၏ ယာမီးရှို့မှုစနစ် ပပျောက်စေရေး အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် စီမံကိန်းများ ချမှတ်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ပါတယ်။
ယင်းနောက် ဒုတိယဥက္ကဋ္ဌ-၂ ဝန်ကြီး ဒေါက်တာစိုးဝင်းက တောမီးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများမှ ကာကွယ်ရန်နှင့် လျော့နည်း သက်သာစေရန် အစီအမံများရေးဆွဲ သွားရေးနှင့် ကော်မတီဝင်များက မိမိတို့ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားရမည့် အခြေအနေများ၊ မီးဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစား ရသည့် ပြည်သူများအတွက် ထောက်ပံ့ ကူညီမှုများ၊ သဘာဝဘေး အသိပညာပေး လုပ်ငန်းများ၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး နှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများအား သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအနေဖြင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် မီးငြှိမ်းသတ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင် ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့ဖွဲ့စည်းရန်နှင့် Contact Person ထားရှိမယ်လို့ သိရပါတယ်။
မီးဘေး အန္တရာယ်ကာကွယ်ခြင်းနှင့်ပတ်သက်တဲ့ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် နည်းပညာဆိုင်ရာ သင်တန်းများအား ပူးပေါင်းဆောင်ရွက်ရန်နှင့် အသိပညာပေး လုပ်ငန်းများဆောင်ရွက်ရန်၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လေ့လာဆန်းစစ် ခြင်းနှင့် ထိန်းချုပ်ခြင်းဆိုင်ရာလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားရန်နှင့် လုပ်ငန်း ကော်မတီရဲ့လုပ်ငန်းတာဝန်များကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
Ymg_mnn
#Local_News
#Published_ 20 February 2024
Published 20 February 2024
အစ္စရေးလ်နဲ့ ဟားမတ်စ်စစ်ပွဲ ချက်ချင်းအပစ်အခတ် ရပ်စဲရေးအတွက် တောင်းဆိုမယ့် အယ်လ်ဂျီးရီးယားနိုင်ငံရဲ့ ဖြေရှင်းဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့ မဲပေးဆုံးဖြတ်မှုမပြုမီမှာပဲ အမေရိကန်က ဂါဇာအရေးနဲ့ ပတ်သက်ပြီး ယင်းကိုယ်ပိုင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဖြေရှင်းဆုံးဖြတ်ချက်မူကြမ်းကို ၁၉ ရက်နေ့က အဆိုတင်ပြလိုက်ပါတယ်။
အဆိုတင်သွင်းချက်အရ ယာယီအပစ်အခတ် ရပ်စဲရန်နဲ့ အစ္စရေးလ်အနေနဲ့ ဂါဇာတောင်ဘက်စွန်း ရာဖာမြို့ကို တိုက်ခိုက်မယ့် အစီအစဥ်အတိုင်း မပြုရန် တောင်းဆိုသွားမှာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အစ္စရေးလ်ဝန်ကြီးချုပ်တို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်က စကားပြောဆိုခဲ့ရာမှာ အပစ်အခတ်ရပ်စဲရေး စကားပါဝင်ခဲ့ပါတယ်။
အယ်လ်ဂျီးရီးယားက လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက အဆိုတင်သွင်းခဲ့ပေမယ့် အမေရိကန်က ဗီတိုအာဏာသုံးမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
ထိုအဆိုပြုချက်က ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းနေမှုကို အနှောင့်အယှက် ဖြစ်စေလိမ့်မယ်လို့ အမေရိကန်က ယူဆတာဖြစ်ပါတယ်။
ဖြေရှင်းဆုံးဖြတ်ချက်တစ်ရပ် အတည်ပြုဖို့အတွက်ဆိုရင် အနည်းဆုံးထောက်ခံမဲ ၉ မဲရရှိရမှာဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံကနေ ဗီတိုအာဏာမသုံးဖို့ လိုအပ်ပါတယ်။
လူသားချင်း စာနာထောက်ထားမှု ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရန် ရည်မှန်းတဲ့ တင်သွင်းချက် ၂ ခုကိုလည်း အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချထားပါတယ်။
ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိရန်နဲ့ ဟားမတ်စ်တို့မှ ဖမ်းဆီးထားတဲ့ ဓားစာခံများ လွှတ်ပေးရေးတို့ သေချာပေါက်ရရှိရန်အတွက် အမေရိကန်မှ သံတမန်တွေဟာ အစ္စရေးလ်၊ ကာတာ၊ အီဂျစ်တို့မှ သံတမန်များနဲ့ အလေးအနက် ဆွေးနွေးနေကြပါတယ်။
မွတ်ဆလင်ဥပုသ်စတင်တဲ့နေ့မှာ ဓားစာခံတွေကို မလွှတ်ဘူးဆိုရင် မတ်လ ၁၀ ရက်နေ့မှာ ရာဖာမြို့ကို မြေပြင်တိုက်ခိုက်မှု ပြုလုပ်သွားမယ်လို့ အစ္စရေးလ်တို့က ဟားမတ်စ်တို့ကို ရာဇသံပေးထားပါတယ်။
အစ္စရေးလ်ဘက်မှ စစ်ပွဲဆိုင်ရာ ဝန်ကြီးများအဖွဲ့ဝင် ဘင်နီဂန့်ဇ်က ‘’မွတ်ဆလင်ဥပုသ်စတင်တဲ့နေ့မှာ ဓားစာခံတွေ ပြန်မလွှတ်သေးဘူးဆိုရင် တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေမယ် ဆိုတာကို တစ်ကမ္ဘာလုံးရော ဟားမတ်စ်ခေါင်းဆောင်တွေရာ သိထားရပါမယ်’’ လို့ ပြောကြားသွားပါတယ်။
တိုက်ခိုက်မှုဆောင်ရွက်ရာမှာ ပူးပေါင်းစွာဖြင့် အရပ်သားများ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ပြုလုပ်သွားမယ်လို့လည်း ဂန့်ဇ်က ပြောကြားလိုက်ပါတယ်။
Source: WION
#World_News
#Published_ 20 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
#World_Health
Published 20 February 2024
သံဓာတ်က ခန္ဓာကိုယ်မှာ အရေးပါတဲ့ သတ္တုဓာတ်ဖြစ်ပြီး အခန်းကဏ္ဍအမျိုးမျိုးမှာ ပတ်သက်နေပါတယ်။
ခန္ဓာကိုယ်ထဲက သံဓာတ်တဝက်လောက်ကို သွေးနီဥဆဲလ်တွေနဲ့ ဟေမိုဂလိုဘင် ပရိုတိန်းတွေမှာ တွေ့ရပါတယ်။
နောက်ထပ်အနေဖြင့် သံဓာတ်ကို စွမ်းအင်ထုတ်လုပ်ခြင်း၊ ဇီဝကမ္မဖြစ်စဥ်၊ ဆဲလ်ကာကွယ်ခြင်းတို့မှာ ပါဝင်နေတဲ့ အင်ဇိုင်းတွေနဲ့ ကြွက်သားတွေမှာလည်း တွေ့ရပါတယ်။
အချို့သံဓာတ်တွေကိုတော့ ဖယ်ရီတင်ပရိုတိန်းနဲ့ ချိတ်ဆက်တဲ့ အသည်း၊ သရက်ရွက်၊ ရိုးတွင်းခြင်ဆီတို့မှာ သိမ်းဆည်းထားပါတယ်။
ခန္ဓာကိုယ်ကနေ သံဓာတ်ကို သဘာဝအတိုင်း ဆုံးရှုံးနေတာကြောင့် အစားအစာကနေ နေ့စဥ်စားသုံးပေးဖို့ လိုအပ်ပါတယ်။
သံဓာတ်ကို အသား၊ ငါး၊ ဥတွေမှာ အဓိကတွေ့ရတဲ့အပြင် ပဲအမျိုးမျိုး၊ အစိမ်းရောင်ဟင်းရွက်များ၊ ကောက်ပဲသီးနှံများ၊ အခွံမာသီး၊ အစေ့အဆန်တို့မှာလည်း တွေ့ရပါတယ်။
ဒါပေမဲ့ အပင်အခြေပြုအစားအစာမှ ရတဲ့သံဓာတ်ကို ခန္ဓာကိုယ်မှစုပ်ယူခြင်းက အသားကရတဲ့ သံဓာတ်ထက် နည်းပါးနေပါတယ်။
အပင်မှရတဲ့ သံဓာတ်ကို ဗိုက်တာမင်စီနဲ့ တွဲဖက်ရင်တော့ စုပ်ယူမှုကို အားကောင်းစေပါတယ်။
သံဓာတ်စုပ်ယူမှုကို အတားအဆီးဖြစ်စေတဲ့ အရာတွေကတော့ ကော်ဖီ၊ ကိုကိုး၊ လက်ဖက်ခြောက်တို့မှာ ပါဝင်တဲ့ တန်နင်ပဲဖြစ်ပါတယ်။
နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာပါတဲ့ ကယ်လ်စီယမ်နဲ့ ကယ်လ်ဆင်တို့ကလည်း သံဓာတ်စုပ်ယူမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။
သွေးစစ်ဆေးရာမှာ သံဓာတ်ကို တိုင်းတာနိုင်တဲ့ အချက်အလက် များစွာရှိနေပြီး ပထမဆုံးကတော့ ဟေမိုဂလိုဘင်ဖြစ်ကာ နောက်တစ်မျိုးက သွေးရည်ကြည်သံဓာတ် ဖြစ်ပါတယ်။
နောက်တစ်မျိုးက သံဓာတ်သိမ်းဆည်းခြင်းကို တိုင်းတာတဲ့ ဖယ်ရီတင်ဖြစ်ပါတယ်။
ဟေမိုဂလိုဘင်နည်းပါးတဲ့အခါ သွေးအားနည်းရောဂါ ဖြစ်တတ်ပြီး လက္ခဏာအမျိုးမျိုး ပေါ်ပေါက်တတ်ပါတယ်။
သံဓာတ်ချို့တဲ့ရတဲ့ အကြောင်းအရင်း အမျိုးမျိုးရှိနိုင်ပြီး ထိခိုက်ဒဏ်ရာ၊ ခွဲစိတ်မှုတို့ကနေ သွေးထွက်ခြင်းကြောင့် ဖြစ်နိုင်သလို သံဓာတ်ပါတဲ့ အစားအစာတွေ နည်းပါးခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ခန္ဓာကိုယ်ထဲမှာ သံဓာတ်စုပ်ယူမှု ပြဿနာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။
သံဓာတ်ချို့တဲ့တဲ့အခါ အာဟာရဓာတ် ပြည့်ဝစေရန် ဦးစားပေးသင့်ပြီး ဖြည့်စွက်စာများ စားသုံးပေးဖို့လည်း အကြံပြုပါတယ်။
ကလေးမွေးကင်းစတွေမှာ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် သံဓာတ်လိုအပ်ပြီး ငယ်စဥ်မှာ သံဓာတ်သိသိသာသာ ချို့တဲ့တာဟာ ပြန်လည်ကုသလို့ မရတော့ပါဘူး။
#World_Health #အလွန်အရေးပါသောသံဓာတ် #Source: The Jerusalem Post
#World_Discovery
Published 20 February 2024
ပိုးနားသန်ကောင် မျိုးကွဲအသစ်တစ်ခုနဲ့ မျိုးစိတ်အသစ် ၅ ခုကို သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က အာဖရိက အရှေ့တောင်ပိုင်း ဝေးလံတဲ့ တန်ဇန်နီးယား တောအုပ်တွေထဲမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
သုတေသီတွေက သစ်တောပြန်လည်ပြုပြင်ရေးနှင့် ရာသီဥတုစမ်းသပ်ချက် တစ်စိတ်တစ်ပိုင်းအနေဖြင့် တန်ဇန်နီးယားတောင်တွေကို ရှာဖွေစူးစမ်းခဲ့ကြတာ ဖြစ်ပါတယ်။
အူဂျွန်ဝါတောင်တန်းတွေမှာ သစ်ပင်နဲ့ နွယ်ပင်ကြီးထွားမှုတွေကို လေ့လာနေရင်း ပိုးနားသန်တွေကို တွေ့ရှိခဲ့ကြတာ ဖြစ်တယ်လို့ ဩစတြေးလျရှိ ဆန်းရှိုင်းကို့စ်တက္ကသိုလ်မှ သုတေသီများက ဖော်ပြထားပါတယ်။
တွေ့ရှိခဲ့တဲ့ ပိုးနားသန်တွေက ဂြိုဟ်သားဇာတ်ကားတွေထဲက သတ္တဝါတွေနဲ့ ဆင်တူပြီး ဦးခေါင်းတွေက Star Wars ဇာတ်ကားထဲကအရာတွေနဲ့ ဆင်တူနေပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့က ဖော်ပြထားရာမှာ မျိုးစိတ်အသစ်တွေကို ဂြိုဟ်သားမျက်နှာနဲ့ တူတယ်လို့ ဆိုပါတယ်။
အသစ်တွေ့ရှိထားတဲ့ ပိုးနားသန်တွေက စင်တီမီတာအနည်းငယ် ပိုမိုရှည်လျားကာ ခြေထောက် ၂၀၀ ခန့်ရှိပါတယ်။
ပိုးနားသန်နမူနာတွေကို ဒိန်းမတ်နိုင်ငံ ကိုပင်ဂေဂင်တက္ကသိုလ်ရှိ သဘာဝသမိုင်းပြတိုက်သို့ ပို့ဆောင်ထားပါတယ်။
သစ်တောပြန်လည်စိမ်းစိုရန်အတွက် ဒီလိုသတ္တဝါတွေက အရေးပါတာကြောင့် ပိုးနားသန် အရွယ်အစားအားလုံးကို တိုင်းတာထားကြောင်း မာရှယ်လ်က မှတ်ချက်ပြုလိုက်ပါတယ်။
အာဖရိကအကြီးမားဆုံး ပိုးနားသန်တွေက အလျား ၃၅ စင်တီမီတာလောက်အထိ ရှိနိုင်တယ်လို့လည်း ဆက်လက်ဖော်ပြထားပါတယ်။
#World_Discovery #ဂြိုဟ်သားမျက်နှာနှင့်ဆင်တူ #ပိုးနားသန်မျိုးစိတ်အသစ် #Source: WION
ယူကရိန်းနဲ့ အစ္စရေးလ်တို့အတွက် အမေရိကန်အစိုးရရဲ့ ဒေါ်လာ ၉၅ ဘီလီယံ ထောက်ပံ့ကူညီမှုဟာ တိုက်ပွဲအခြေအနေ၊ အမေရိကန်ပြည်ထောင်စု၊ ကမ္ဘာ့အရေးတို့အတွက် အကျိုးရှိလာစေမှာလားဆိုတာကို အချို့ပြည်သူတွေ မေးခွန်းထုတ်လာကြပါတယ်။
#World_News
Published_ 19 February 2024
#ယူကရိန်းနှင့်အစ္စရေးလ် #အမေရိကန်ပြည်သူများသံသယရှိလာ
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 19 February 2024
၁။ ၂၀၂၄ ခုနှစ် ရွှေနဂါးနှစ်တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနား ရန်ကုန်မြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့
၂။ ရွှေဈေးကျပ် ၃၉ သိန်းအထိ စံချိန်တင်ဆက်မြင့်တက်
၃။ ပဲစဉ်းငုံဈေး ယခင် နှစ်ထက် ဈေးထက်ဝက်ခန့် မြင့်လာသည့်အတွက် စိုက်ပျိုးတောင်သူများအကျိုးမြတ်ပိုရရှိ
၃။ ယူကရိန်းနှင့်အစ္စရေးလ်တိုအတွက် ဒေါ်လာဘီလီယံချီထောက်ပံ့မှုများကို အမေရိကန်ပြည်သူများသံသယရှိလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
"ကိုရင်လေးကို နေအိမ်၊ ကျောင်းတွေမှာတရားဟောလို့ရပြီး လမ်းကိုဖြတ်ပြီး မြို့အလယ်၊ ရွာအလယ်မှာ တရားဟောလို့ မရဘူးလို့ အင်းစိန်ခရိုင်သာသနာရေးမှူးရုံးက တစ်ဦးကဖုန်းနဲ့တစ်ဆင့်ပြောလို့ ရပ်ရွာလူကြီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကလည်း တစ်ဆင့်ပြန်ပြောပြတယ်"
ထန်းတပင်မြို့နယ်ရှိ လသာဘုန်းကြီးကျောင်းမှဆရာတော်
ကိုရင်လေးတရားဟောခွင့်နဲ့ ပတ်သက်လို့ သာသနာရေးဦးစီးဌာနမှ တရားဝင်ထုတ်ပြန်ချက်ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။
#Local_News
Published_ 19 February 2024
#ကိုရင်လေးရှင်ဥတ္တမသာရ #တရားဟောခွင့် #တရားဝင်ထုတ်ပြန်ထားခြင်းမရှိ
#tthl #Yangon_Times
'ထိုင်းကိုပြောင်းအဓိက ကုန်သွယ်မှုလမ်းကြောင်းကရနောင်းကိုနယ်စပ်၊ ရေကြောင်းနဲ့သွားတယ်၊ ကုန်းတွင်းလမ်းကတာချီလိတ်ကသွားတဲ့လမ်းလည်းရှိတယ်၊ တာချီလိတ်လမ်းကလဲ ၁၂ ဘီးကား တိုင်းတွဲကားတိုင်း သွားလို့မရတဲ့အခါကျတော့ ကန့်သတ်ချက်တွေရှိတယ်၊ ထိုင်းကိုရောင်းတဲ့ဈေးတန်းက အတက်အကျ ခပ်ပါးပါးရှိတယ်၊ ကိုယ့်ပြည်တွင်းကမူဝါဒတွေ၊ တန်ဆာခတွေလုပ်သားခတွေပေါ်မူတည်ပြီးမှ ဈေးကတွက်ချက်လို့ရတယ် '
#Local_News
Published_ 19 February 2024
#ပြောင်းဈေးကျဆင်း #တန်ဆာခတွေလုပ်သားခတွေ
#YMG/NN #Yangon_Times
#Local_News
Published_ 19 February 2024
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဖေဖော်ဝါရီ လ(၁၉)ရက်တွင် နိုင်ငံခြားငွေကြေးဈေးကွက်အတွက် အမေရိကန်ဒေါ်လာ ၈ သန်း နှင့် ထိုင်းဘတ် သန်း ၂၀၀ ရောင်းချပေးကြောင်းဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၈) ရက်တုန်းကလည်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာ(၈)သန်းနှင့် ဖေဖော်ဝါရီလ (၁၄)ရက်နေ့ကလည်းအမေရိကန်ဒေါ်လာ(၅.၃၈)သန်းထုတ်ရောင်းချပေးထားေကြာင်း ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သည်။
သွင်းကုန်လုပ်ငန်းရှင်တွေအနေဖြင့် နိုင်ငံခြားငွေဝယ်ယူရေးတွင် အခက်အခဲများအထိုက် အလျောက်ဖြေရှင်း ပေးနိုင်ရန်ဗဟိုဘဏ်အနေဖြင့် အမေရိကန်ဒေါ်လာ ရော၊ ထိုင်းဘတ်ငွေနှင့်တရုတ်ယွမ်ငွေတွေပါရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။
#Local_News #ထိုင်းဘတ်သန်း(၂၀၀)ထပ်မံရောင်းချ #ဒေါ်လာ(၂၁.၃၈)သန်းရောင်းပေး #tthl #Yamgon_Times
ပဲစဉ်းငုံဈေးကွက်ဟာ လာမယ့်နှစ်မှာလဲ အခုလိုဈေးကွက်ကောင်းမယ့်အနေထားရှိတဲ့အတွက် ပို့ကုန်လုပ်ငန်းရှင်များနဲ့ စိုက်ပျိုးရေး ဈေးကွက်အလားအလာ ခန့်မှန်းသူတွေက တောင်သူတွေကို ပဲစဉ်းငုံပိုမိုတိုးချဲ့စိုက်ပျိုးဖို့ အကြံပြုထား
#Local_News
Published_ 19 February 2024
#ပဲစဉ်းငုံဈေးကွက် #ပို့ကုန်လုပ်ငန်းရှင်
#YMG/LW #Yangon_Times
Page 539 of 1697