#Local_News
Published 30 July 2024
▪️ ရွှေပြည်သာမြို့နယ်ရှိ မွမွလေးအကြော်စက်ရုံတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း နာရီဝက်နီးပါး မီးငြှိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇူလိုင်(၃၀)ရက် မနက် ၀၇ ၁၅အချိန်ခန့်က မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ငမိုးရိပ်လမ်းတွင် မွမွလေးအကြော်စက်ရုံ၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
▪️ အဆိုပါ မီးလောင်ကျွမ်းမှုအားရွှေပြည်သာမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်သတ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ၀၇ ၂၉ အချိန် မီးထိန်းနိုင်ကာ၀၇ ၃၅ အချိန် မီးငြိမ်းကြောင်း သိရသည်။
#YMG/tthl #Yangon_Times
#World_Health
Published 30 July 2024
▪️ တိုးတက်ထွန်းကားလာတဲ့ ဒီဂျစ်တယ်ခေတ်ကြီးမှာ လူသားတွေ လှုပ်ရှားဆောင်ရွက်ကြရာမှာ နည်းပညာနဲ့ မကင်းပါဘူး။
▪️ ဒါပေမဲ့ ဒီဂျစ်တယ်ပစ္စည်းတွေကို အပျင်းပြေကြည့်တာထက် ကျော်ပြီး အချိန်ကုန်လာကြပြီး အထူးသဖြင့် ကလေးတွေက ပိုပြီးအသုံးများလာပါတယ်။
▪️ ဒီမတိုင်ခင်ခေတ်တုန်းက ကလေးတွေဟာ အပြင်ဘက်မှာဆော့ကစားရင်း ကယ်လိုရီလောင်စာတွေကို လောင်ကျွမ်းကြပါတယ်။
▪️ အခုတော့ အပြင်မထွက်ကြတော့ဘဲ ဖုန်းနဲ့ ကွန်ပျူတာဖန်သားပြင်မှ တင်ဆက်မှုအမျိုးမျိုးကိုသာ ကြာမြင့်စွာ ကြည့်နေကြပါတယ်။
▪️ ဒီလိုမျိုး ကြာရှည်ကြည့်ရှုခြင်းဟာ ကလေးတွေရဲ့ စိတ်ပိုင်းကျန်းမာရေးကို ဆိုးရွားစွာသက်ရောက်နေပါတယ်။
▪️ ဒိန်းမတ်တောင်ပိုင်းတက္ကသိုလ်က ကလေးတွေမှာ ဖန်သားပြင်ကြည့်ရှုချိန် လျှော့ချခြင်းနဲ့ စိတ်ပိုင်းကျန်းမာရေး တိုးတက်ခြင်းတို့ကြား ဆက်စပ်မှုကို တွေ့ရှိခဲ့ကြပါတယ်။
▪️ တစ်ပတ်ကို ပျမ်းမျှအားဖြင့် ဖုန်းကြည့်ရှုချိန် ၃ နာရီခန့် လျှော့ချခြင်းဖြင့်ပင် နှစ်ပတ်အတွင်း တိုးတက်မှုတွေ တွေ့ရပါတယ်။
▪️ ဒီလိုမျိုး ထိန်းချုပ်စောင့်ကြည့်ပြီး အသုံးပြုစေပါက ကလေးတွေဟာ လူမှုပေါင်းသင်းရေး၊ စဉ်းစားတွေးတောမှုတို့မှာ တိုးတက်လာပြီး အခြားသူတွေကို ကူညီချင်စိတ် ဖြစ်လာပါတယ်။
▪️ ကလေးတွေရဲ့ စွမ်းအင်တွေကို စက်ပစ္စည်းတွေက အသုံးချစေတာ မဟုတ်ဘဲ အထဲမှာ ထိန်းချုပ်ထားသလိုဖြစ်ကာ ကလေးတွေကို ပင်ပန်းစေပါတယ်။
▪️ ဖုန်းနဲ့ စက်ပစ္စည်းတွေကို လုံးဝအသုံးမပြုခိုင်းတာ မဟုတ်ဘဲ လျှော့ချဖို့ကိုသာ သုတေသီတွေ အကြံပြုပါတယ်။
▪️ အပျင်းပြေရန်အတွက် အချိန်အနည်းငယ် အသုံးပြုပေးဖို့ကလည်း လိုအပ်တာကြောင့် မျှတတဲ့နည်းလမ်းဖြင့် တစ်ပတ်ကို ၃ နာရီလောက်သာ အသုံးပြုသင့်ပါတယ်။
▪️ ကလေးတွေ ဖုန်းအသုံးပြုချိန်ကို လူကြီးတွေက စောင့်ကြည့်သတိပြုသင့်ပါတယ်။
▪️ လူကြီးတွေ အလုပ်ရှုပ်နေတဲ့အချိန် ကလေးတွေ လာရှုပ်မှာစိုးလို့ဆိုပြီး ဖုန်းပေးသုံးတာမျိုးကို ပြောင်းလဲသင့်ပြီး အဲဒီအစား ဉာဏ်စမ်းပဟေဌိတွေ၊ စာအုပ်တွေနဲ့သာ ဖြေရှင်းသင့်ပါတယ်။
#Source: Hindustan Times
ဂျပန်မှာ ယခုနှစ်ပထမနှစ်ဝက်အတွင်း ဒေဝါလီခံလာရတဲ့ သက်တမ်းနှစ် ၁၀၀ ကျော်ရှိကုမ္ပဏီများ စံချိန်တင် မြင့်မားလာကာ ၂၀၀၀ ခုနှစ်က ပိုမိုများပြားလာကြောင်း သုတေသနကုမ္ပဏီတစ်ခုမှ စစ်တမ်းကောက်ယူထားပါတယ်။
#Asia_Business
Published 29 July 2024
#ဒေဝါလီခံရခြင်းစံချိန်တင် #သက်တမ်းနှစ်(၁၀၀)ကျော်သည့်ကုမ္ပဏီ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 29 July 2024
၁။ တနင်္သာရီရိုးရာအမွေအနှစ် နဂါးလှေတော်များ ရေကြီးနစ်မြုပ်ပြီး ရေထဲမျောပါဆုံးရှုံးသွားမည်ကိုစိုးရိမ်နေရ
၂။ သုံးလတာအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာသန်း (၁၄၀) ကျော် ဝင်ရောက် ထားပြီး ပို့ဆောင်ရေး၊ ဆက်သွယ်ရေးကဏ္ဍ၌ အဓိကရင်းနှီးမြှုပ်နှံထား
၃။ ဂျပန်တွင်ကျင်းပမည့် ယူ-၁၂ လူငယ်ကမ္ဘာ့ဘောလုံးပြိုင်ပွဲတွင် မြန်မာပါဝင်ယှဉ်ပြိုင်မည်
၄။ ဂျပန်၌ သက်တမ်းနှစ်(၁၀၀)ကျော်ရှိသည့် ကုမ္ပဏီများဒေဝါလီခံရခြင်းစံချိန်တင်များပြားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြစ်ရေကြီးတာကြောင့် ကယ်ဆယ်ရေးစခန်းတွေရောက်ရှိနေကြတဲ့ ပဲခူးမြို့က ရေဘေးရှောင် တွေအတွက် သောက်သုံးရေနဲ့စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေဆီကသိရပါတယ်။
#Local_News
Published 29 July 2024
#ပဲခူးမြို့ရေဘေးရှောင် #စားနပ်ရိက္ခာများလိုအပ်နေ
#YMG/NN #Yangon_Times
#Local_News
Published 29 July 2024
▪️ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် မြစ်ရေကြီးမှုဖြစ်ပေါ်နေသည့် နေရာများရှိ ပြည်သူများအား ကျပ်သိန်းတစ်ရာကျော် ကိုမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှလှူဒါန်းခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် မြစ်ရေကြီးမှုဖြစ်ပေါ်နေသည့် နေရာများရှိ ပြည်သူများအား ထောက်ပံ့လှူဒါန်းရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ ဦးဆောင်မှုဖြင့် အနုပညာရှင်များနှင့် ရုပ်ရှင်ချစ်သူများ စုပေါင်းလှူဒါန်းမှု ရန်ပုံငွေမှ ကချင်ပြည်နယ်မြစ်ကြီးနားအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ရုပ်ရှင်ထုတ်လုပ်သူနှင့် ရုပ်ရှင်ရုံလုပ်ငန်းရှင်အချို့မှ စုပေါင်းလှူငွေ ကျပ်၁၂သိန်း ၊ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ ကသာ၊ ကလေး၊ မုံရွာအတွက် ကျပ်သိန်းငါးဆယ်၊ မွန်ပြည်နယ်အတွက်ကျပ်ဆယ်သိန်းတို့အား သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းနှင့်ပြည်နယ်ဗီဒီယို အခြေခံ အဖွဲ့များမှတစ်ဆင့် ပေးပို့လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်များသို့ ငွေကျပ် ဆယ်သိန်းစီ ဆက်လက်ပေးပို့နိုင်ရန် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသည် ယနေ့ အထိလက်ခံရရှိခဲ့သောအလှူငွေ ကျပ်တစ်ရာ့ရှစ်သိန်းခြောက်သောင်းကိုးရာအနက် ကျပ်ကိုးဆယ့်နှစ်သိန်းငါးသောင်းနှင့် ရုပ်ရှင်နှင့်ထုတ်လုပ်သူ လှူဒါန်းငွေ ကျပ်ကိုးသိန်းခွဲ၊ စုစုပေါင်း ကျပ်တစ်ရာ့နှစ်သိန်းကိုရေဘေးအတွက် လှူဒါန်းပြီးဖြစ်ကြောင်းလည်း သိရသည်။
#YMG/NN #Yangon_Times
အခုရက်ပိုင်းအတွင်း ရန်ကုန် ရွှေရည်ညွှန်းဈေးအနည်းငယ်မြင့်တက်လာပြီး ပြင်ပပေါက်ဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကိုကျပ် သိန်း၆၀ကျော်အထိရှိလာတယ်လို့ ရွှေဈေးကွက်ထဲကသိရပါတယ်။
#Local_News
Published 29 July 2024
#ရန်ကုန်ရွှေရည်ညွှန်းဈေး #အနည်းငယ်မြင့်တက်
#YMG/NN #Yangon_Times
ဂျပန်မှာကျင်းပမယ့် ယူ-၁၂ လူငယ်ကမ္ဘာ့ဘောလုံးပြိုင်ပွဲမှာ မြန်မာပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး မြန်မာ ယူ - ၁၂ အသင်းဟာအုပ်စု( D )မှာ ဂျပန်အသင်း (၃)သင်းနဲ့တစ်အုပ်စုတည်း ကျရောက်လျက်ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 29 July 2024
#ယူ-၁၂ #ကမ္ဘာ့ဘောလုံးပြိုင်ပွဲ
#YMG/tthl #Yangon_Times
အခုဘဏ္ဍာနှစ် သုံးလတာကာလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ၁၉ အမေရိကန်ဒေါ်လာ သန်း (၁၄၀) ကျော် ဝင်ရောက်ထားပြီး ပို့ဆောင်ရေး၊ ဆက်သွယ်ရေးကဏ္ဍ၌ အဓိကရင်းနှီးမြှုပ်နှံထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က သိရပါတယ်။
#Local_News
Published 29 July 2024
#နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု #ကန်ဒေါ်လာသန်း(၁၄၀)
#YMG/NN #Yangon_Times
#Regional_News
၂၉ ဇူလိုင် ၂၀၂၄
မလေးရှားနိုင်ငံက BRICS အဖွဲ့ကြီးထံ ဝင်ရောက်ရန် တရားဝင်လျှောက်ထားလိုက်ပြီး အဖွဲ့ဝင်ဖြစ်ဖို့ ရုရှားက ထောက်ခံပေးလိမ့်မယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။
BRICS စီးပွားရေးအဖွဲ့ကြီးဟာ ယင်းရဲ့ အရှိန်အဝါကို တောင်ကမ္ဘာထဲ တိုးချဲ့ဖို့ ရုရှားက ကြည့်နေပါတယ်။
ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဟာ မလေးရှားကို နှစ်ရက်တာသွားရောက်ခဲ့ပြီးနောက် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်ကို BRICS အဖွဲ့ဝင်တာ ထောက်ခံပေးမယ်လို့ အာမခံပြောကြားခဲ့တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ရုရှားဟာ BRICS ရဲ့လက်ရှိ အလှည့်ကျဥက္ကဋ္ဌဖြစ်ပြီး အဖွဲ့မှာ ဘရာဇီးလ်၊ရုရှား၊အိန္ဒိယ၊တရုတ်နှင့် တောင်အာဖရိကတို့ပါဝင်ပါတယ်။
မလေးရှားဝန်ကြီးချုပ်အန်ဝါဟာ အစ္စရေးနှင့်ဟားမာ့စ်စစ်ပွဲမှာ အမေရိကန်ရဲ့ရပ်တည်ချက်အပေါ် ပြစ်တင်ဝေဖန်ခဲ့ပြီး အရှေ့ အလယ်ပိုင်းငြိမ်းချမ်းရေးအတွက် တောင်းဆိုရာမှာ မလေးရှားနှင့်ရုရှားတို့ ရပ်တည်ချက်အတူတူရှိကြတယ်လို့ ပြောထား ပါတယ်။
Source : Bloomberg
တနင်္သာရီရိုးရာအမွေအနှစ်နဂါးလှေတော်တွေ ရေစီးနဲ့မျောပါပျောက်ဆုံးမှာ၊ ရေစီးအရှိန်နဲ့ နဂါးလှေတော်တွေကွဲထွက်ပျက်စီးမှာကို စိုးရိမ်နေတယ်လို့ သိရပါတယ်။
#Local_News
Published 29 July 2024
#တနင်္သာရီရိုးရာအမွေအနှစ် #နဂါးလှေတော်
#YMG/tthl #Yangon_Times
#World_Politics
Published 29 July 2024
▪️ ဗြိတိန်အစိုးရသစ်က ပြည်သူ့ဘဏ္ဍာရေး အကဲဖြတ်မှု မပြုလုပ်ခင်မှာ တိုင်းပြည်ဟာ ယိုယွင်းပျက်စီးနေတယ်လို့ တနင်္လာနေ့က ကြေညာလိုက်ပြီး မကြာသေးမီက ရွေးချယ်ခံရတဲ့ အလုပ်သမားပါတီဟာ ပေါင် ၂၀ ဘီလီယံလိုငွေပြနေတာနဲ့ ပတ်သက်လို့ ရှေ့ကအစိုးရတွေကို အပြစ်တင်သွားမှာ ဖြစ်ပါတယ်။
▪️ ဇူလိုင် ၄ ရက်နေ့က ဗြိတိန်နိုင်ငံကို အုပ်ချုပ်ဖို့ အပြတ်အသတ် ရွေးချယ်ခံရတဲ့ အလုပ်သမားပါတီဟာ အာဏာရရချင်းမှာ တိုင်းပြည်ရဲ့ ပြည်သူ့မူဝါဒအားလုံးနီးပါး ထင်ထားတာထက် ပိုဆိုးနေတယ်ဆိုတာကို ချပြနေခဲ့ပါတယ်။
▪️ တိုင်းပြည်ကို ယခင် ၁၄ နှစ်တာ အုပ်ချုပ်သွားတဲ့ ကွန်ဆာဗေးတစ်ပါတီဟာ တိုင်းပြည်အတွက် အသုံးစရိတ်ချပေးမယ်ဆိုပြီး ကတိပြုကာ ပြည်သူ့ထောက်ခံချက်ရဖို့ ကြိုးစားခဲ့တယ်လို့ ဘဏ္ဍာရေးဝန်ကြီး ရေချယ်လ်ရိဗ်စ်က ပါလီမန်မှာ တင်ပြရန် ထုတ်ဖော်သွားမှာ ဖြစ်ပါတယ်။
▪️ ထိုအကဲဖြတ်မှုအတွင်း ဗြိတိန်နိုင်ငံကြီး ယိုယွင်းပျက်စီးနေကြောင်း၊ နိုင်ငံရေးကြောင့် စီးပွားရေးနဲ့ အများပြည်သူဝန်ဆောင်မှုတွေမှာ ယိုယွင်းလာကြောင်း ပြသသွားမယ်လို့ ဝန်ကြီးချုပ် ကီယာစတာမာ အစိုးရရုံးက ထုတ်ပြန်ခဲ့ပါတယ်။
▪️ ယခင်အစိုးရဟာ ဘယ်ကရတဲ့ငွေတွေမှန်းမသိဘဲ ယခုဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ် အများအပြား အသုံးပြုဖို့ ကတိပြုခဲ့ကြောင်း ပြသသွားမှာ ဖြစ်ပါတယ်။
▪️ အလုပ်သမားပါတီ ကြေညာခဲ့တဲ့ ပြည်သူ့ဘဏ္ဍာရေး ပြဿနာကို ကွန်ဆာဗေးတစ်တွေက ငြင်းဆန်လိုက်ပါတယ်။
▪️ ရိဗ်စ်က သူမရဲ့ ပထမဆုံးဘတ်ဂျက်စာရင်းအတွက် ရက်စွဲထုတ်ပြန်သွားမှာဖြစ်ပြီး လွတ်လပ်သော ခန့်မှန်းချက်များကို တာဝန်ယူသွားမှာ ဖြစ်တဲ့အပြင် ဌာနတစ်ခုစီတိုင်း ရန်ပုံငွေ ဘယ်လောက်ရသွားမှာလဲဆိုတာကို ဆုံးဖြတ်သွားမယ့် တရားဝင်အသုံးစရိတ်သုံးသပ်ချက်အတွက်လည်း ပြင်ဆင်နေပါတယ်။
▪️ စာသင်ဆရာ/ဆရာမများနဲ့ ကျန်းမာရေးလုပ်သားတွေအတွက် ငွေကြေးဖောင်းပွမှုကို ကျော်လွန်ကာ ချီးမြှင့်သွားဖို့ကိုလည်း သဘောတူဖို့ မျှော်မှန်းထားပါတယ်။
▪️ အလုပ်သမားပါတီက တိုင်းပြည်လိုငွေပြတာကို ဘယ်လိုဖြေရှင်းမလဲ မသိရသေးပါဘူး။
▪️ ဝင်ငွေအခွန်နှုန်းထားတွေ၊ နိုင်ငံတော်အာမခံကြေးတွေ၊ အခြားအခွန်အခတွေရဲ့ နှုန်းထားတွေကို မတိုးမြှင့်ဘူးလို့ ရွေးကောက်ပွဲတုန်းက ကတိပြုထားပါတယ်။
▪️ အစိုးရက ဘယ်လိုတိုင်းတာ ဆောင်ရွက်မှာလဲဆိုတာကို ချမပြခဲ့ပေမယ့် အလုပ်သမားဝန်ကြီး ပတ်မက်ဖက်ဒန်က ယင်းတို့လက်ဆင့်ကမ်း ရရှိထားတဲ့ ပြည်သူ့ဝန်ဆောင်ရေး အဖြစ်မှန်တွေအကြောင်း ဝန်ခံဖို့ဝန်မလေးဘူးလို့ ဆိုပါတယ်။
#Source: Reuters
Page 504 of 1861