#World_News
Published 26 April 2025

▪️ ၂၅ ရက်နေ့ သောကြာနေ့က နီပေါငလျင်လှုပ်ခတ်မှုကြီး ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့အတွက် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်ခဲ့ကြကာ ထိပ်သီးအရာရှိများတက်ရောက်ခဲ့ကြပြီး အနာဂတ်ဘေးအန္တရာယ်များ ရင်ဆိုင်နိုင်ဖို့အတွက် ပိုမိုကောင်းမွန်စွာ ပြင်ဆင်သွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။

▪️ ၂၀၁၅ခုနှစ် ဧပြီ ၁၅ရက်နေ့က ငလျင်လှုပ်ခတ်ခဲ့ချိန် နံနက် ၁၁ နာရီ ၅၆ မိနစ်အတိအကျအတိုင်း မနေ့က ဝန်ကြီးချုပ် ခတ်ဂါပရာဆတ်အိုလီ၊ ထိပ်သီးဝန်ကြီးများ၊ အရာရှိများ၊ သံတမန်များက ငလျင်ဒဏ်ကြောင့် ပြိုကျသွားခဲ့တဲ့ မျှော်စင်ကြီးတစ်ခုမှာ အသက်ဆုံးပါးခဲ့သူများအတွက် ၁ မိနစ်ခန့် ငြိမ်သက်မတ်တပ်ရပ်ပေးခဲ့ကြပါတယ်။

▪️ ထိုနေ့က ပြင်းအားအဆင့် ၇.၈ ရှိတဲ့ငလျင်ကြောင့် လူပေါင်း ၉ ထောင်ခန့်သေကြေခဲ့ပြီး ၂၂,၀၀၀ ကျော်ဒဏ်ရာရကာ နေအိမ်အဆောက်အအုံပေါင်း ၁ သန်းလောက် ပျက်စီးခဲ့ရပါတယ်။

▪️ အသက်အိုးအိမ်များစွာ ဆုံးရှုံးခဲ့ရပေမယ့် အောင်မြင်စွာနလန်ထူ ပြန်လည်တည်ဆောက်နိုင်ခဲ့ကာ နီပေါအနေနဲ့ ကြံ့ခိုင်မှုရှိကြောင်း ပြသနိုင်ခဲ့တယ်လို့ ဝန်ကြီးချုပ်အိုလီက ပြောပါတယ်။

▪️ နီပေါကို ကယ်ဆယ်မှုများ၊ ပြန်လည်ဆောက်လုပ်ရေးများဖြင့် ကူညီပေးခဲ့တဲ့နိုင်ငံများမှ သံအမတ်များ၊ ဝန်ကြီးများက အိုလီနဲ့အတူ အသက်ဆုံးရှုံးခဲ့သူများကို အောက်မေ့တဲ့အနေနဲ့ ဖယောင်းတိုင်များ ထွန်းညှိခဲ့ကြပါတယ်။

▪️ "ဒီလိုနလန်ထူနိုင်တာဟာ ကိုယ်တိုင်သာဆို မဖြစ်နိုင်ဘဲ ထောက်ပံ့ကူညီခဲ့ကြတဲ့ နိုင်ငံများနဲ့ အေဂျင်စီအဖွဲ့များကို ကျေးဇူးတင်လိုပါတယ်" လို့ ပြောပါတယ်။

▪️ ငလျင်ကြောင့်ပျက်စီးသွားတဲ့ အဆောက်အအုံ ၈၀ ရာခိုင်နှုန်းခန့်ကို စံနှုန်းအသစ်များနဲ့အညီ ပြန်လည်တည်ဆောက်ပြီးဖြစ်ကာ ကျေးလက်ဒေသတွေမှာတော့ နေအိမ် ၉၅ ရာခိုင်နှုန်းအထိ ပြန်လည်တည်ဆောက်ပြီး ဖြစ်တယ်လို့ သဘာဝဘေးအန္တရာယ် လျှော့ချထိန်းသိမ်းရေးမှ အငြိမ်းစားအကြီးအကဲဟောင်း အန်နီလ်ပိုခရယ်က ပြောထားပါတယ်။

▪️ မိသားစုတွေကို နေအိမ်ပြန်ဆောက်ဖို့အတွက် ဒေါ်လာ ၃,၀၀၀ ပေးအပ်ခဲ့ကာ ရုံးခန်းများကိုတော့ အင်ဂျင်နီယာများ၊ ကျွမ်းကျင်သူများ အကူအညီဖြင့် အစိုးရမှဆောက်လုပ်ပေးခဲ့ပါတယ်။

▪️ ပေးခဲ့ရတဲ့အချိန်၊ အတိုင်းအတာ၊ ဖြတ်သန်းခဲ့ရပုံများကို ထည့်စဉ်းစားရင် နီပေါရဲ့ ပြန်လည်ဆောက်လုပ်ရေးနဲ့ နလန်ထူရေးတို့က စံနမူနာတွေထဲက တစ်ခုဖြစ်တယ်လို့ ပိုခရယ်က ပြောသွားပါတယ်။

#Source: AP News