#World_Discovery
Published 31 July 2024
▪️ ကိုမိုဒိုနဂါးလို့ခေါ်တဲ့ ဖွတ်ကောင်တွေဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးသက်ရှိပုတ်သင်မျိုးဖြစ်ပြီး သားကောင်တွေကို သတ်ဖြတ်နိုင်တဲ့ ချွန်မြတဲ့သွားတွေမှာ သံလွှာအုပ်ထားတယ်လို့ သိပ္ပံပညာရှင်များ တွေ့ရှိထားပါတယ်။
▪️ ဒီလိုမျိုး အသားစား တွားသွားသတ္တဝါတွေမှာ ယခင်က ဒီလိုအရာမျိုး မတွေ့ခဲ့ဖူးဘူးလို့ ကင်းစ်ကောလိပ်လန်ဒန်မှ သုတေသီများဦးဆောင်တဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။
▪️ သုတေသီတွေက ဖွတ်မျိုးစိတ် အမျိုးမျိုးမှ သွားတွေကို ယူဆောင်ပြီး အခြားပုတ်သင်အမျိုးမျိုးရဲ့ သွားတွေကိုလည်း လေ့လာခဲ့ပါတယ်။
▪️ ဖွတ်သွားတွေရဲ့ထိပ်တွေဘေးတွေမှာ လိမ္မော်ရောင်ခြယ်ရှိတဲ့ သံလွှာအုပ်ထားတာကို တွေ့ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
▪️ ဒီလိုသွားတွေကြောင့် ဖွတ်တွေဟာ ကြွက်ကနေစလို့ ရေထဲကကျွဲတွေကို ဖမ်းစားကာ ချွန်မြတဲ့သွားများဖြင့်ကိုက်ပြီး အဆိပ်ထုတ်လွှတ်ကြပါတယ်။
▪️ အသားစား ဒိုင်နိုဆောတွေမှာလည်း သံလွှာအုပ်ထားတဲ့ သွားတွေ ရှိနိုင်ခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ကျောက်ဖြစ်ရုပ်ကြွင်း သွားတွေကနေ အထောက်အထား မတွေ့ရတော့ပါဘူး။
▪️ ကိုမိုဒိုနဂါးတွေမှာ ချွန်မြပြီး ကွေးနေတဲ့ သွားများရှိပြီး အသားစားဒိုင်နိုဆောတွေလို သားကောင်တွေကို ဆွဲဖြဲပစ်နိုင်တယ်လို့ ကင်းစ်ကောလိပ်လန်ဒန်မှ ဒေါက်တာ အာရွန်လီဘလန့်စ်က ဆိုပါတယ်။
▪️ ဖွတ်ကောင်တွေဟာ အလျား ၃ မီတာနဲ့ အလေးချိန် ၉၀ ကီလိုဂရမ်အထိ ရှိနိုင်ပြီး လူသားလုပ်ရပ်တွေကြောင့် ခြိမ်းခြောက်ခံနေရကာ ရာသီဥတုပြောင်းလဲမှုကလည်း သူတို့ကျက်စားရာနေရာတွေကို ဖျက်ဆီးနေပါတယ်။
#Source: WION
#Local_News
Published 31 July 2024
▪️ "Peacock Pansy" လိပ်ပြာပုံ (၂၀၀) ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ်များအား ဇူလိုင် (၃၁)ရက် နံနက် (၉) နာရီခွဲမှ စတင်ရောင်းချသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သိရသည်။
▪️ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ၌ တွေ့ရှိရသော လိပ်ပြာမျိုးစိတ်အဖြစ် မှတ်တမ်းတင် သဘောထား မှတ်ချက်ပြုထားသည့် "Peacock Pansy" လိပ်ပြာပုံ (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးအား နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ရောင်းချပေးရာတွင် အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဇူလိုင် (၃၁) ရက်တွင် လာရောက်ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်၌ နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 31 July 2024
▪️ မကြာသေးမီ လေ့လာချက်အရ ကျောင်းနေကလေးတွေမှာ ဖုန်းနဲ့ ကွန်ပျူတာကြည့်ရှုချိန် များလွန်းခြင်းကြောင့် မျက်လုံးခြောက်သွေ့ရောဂါ အဖြစ်များလာပါတယ်။
▪️ တစ်နေ့ကို ဖုန်းကြည့်ချိန် ၃ နာရီခွဲကျော်တဲ့ ကလေးတွေဟာ မျက်လုံးခြောက်ရောဂါ ဖြစ်နိုင်ခြေများတယ်လို့ အိန္ဒိယကောလိပ်တွေမှ သုတေသီများက ဆိုပါတယ်။
▪️ မျက်လုံးခြောက်ရောဂါဟာ မျက်လုံးကနေ မျက်ရည်အလုံအလောက် မထွက်ဘဲ အလျင်အမြန် အငွေ့ပျံသွားကြကာ နီရဲခြင်းနဲ့ အမြင်အာရုံပြဿနာများ ဖြစ်လာစေပါတယ်။
▪️ တစ်နေ့ကို ကွန်ပျူတာ နာရီဝက်ခန့်ပင် ထပ်ပြီးအသုံးပြုဖြစ်ပါက မျက်လုံးခြောက်ရောဂါ ဖြစ်နိုင်ခြေများစေပြီး မူဝါဒချမှတ်သူများအနေဖြင့် ကလေးတွေမှာ တစ်နေ့ကို ကြည့်ရှုချိန် ၃ နာရီအောက်သာ ကန့်သတ်ပေးသင့်တယ်လို့ ဖော်ပြထားပါတယ်။
▪️ သုတေသနထဲမှာ ပါဝင်စမ်းသပ်တဲ့ ကလေးတွေထဲက ၉၀ ရာခိုင်နှုန်းဟာ မျက်လုံးခြောက်ရောဂါကြောင့် အစိုးရဆေးရုံတွေကို သွားရောက်စစ်ဆေးကြရပြီး အမြင်ဝါးခြင်း၊ နီမြန်းခြင်း၊ မျက်လုံးယားယံခြင်းတို့ ခံစားကြရပါတယ်။
▪️ ဖုန်းနဲ့ ကွန်ပျူတာကြည့်ရှုချိန် များခြင်းအပြင် မျက်တောင်ခတ်နှုန်း လျော့နည်းတာကလည်း ပိုမိုဆိုးရွားစေပါတယ်။
▪️ ဒီလိုမျက်လုံးပြဿနာမျိုး ခံစားရတဲ့ကလေးတွေဟာ သာမန်မျက်လုံးပြဿနာ မရှိသူတွေထက် ကြည့်ရှုချိန် ၆၀ မှ ၇၀ ရာခိုင်နှုန်း ပိုများပါတယ်။
▪️ ငယ်ရွယ်တဲ့အရွယ်မှာ ဒီဂျစ်တယ်ပစ္စည်းများ အသုံးပြုချိန် များလာခြင်းက မျက်လုံးပြဿနာတွေ ဖြစ်လာစေပြီး ငယ်ငယ်ကတည်းက မျက်လုံးမှာ ဒဏ်ဖြစ်လာစေပါတယ်။
▪️ မိဘတွေ ဆရာတွေ မူဝါဒချမှတ်သူများအနေနဲ့ ကလေးတွေကို ထိုပစ္စည်းတွေ အသုံးပြုတာနဲ့ ပတ်သက်ပြီး ၂၀/၂၀/၂၀ စည်းမျဉ်းကို ကျင့်သုံးပေးစေတယ်လို့ သုတေသီများ တိုက်တွန်းထားပါတယ်။
▪️ ထိုစည်းမျဉ်းကတော့ ဖုန်းကြည့်နေရင်းနဲ့ မိနစ် ၂၀ ကြာတိုင်း ပေ ၂၀၀ အဝေးကို အနည်းဆုံး စက္ကန့် ၂၀ ကြည့်ပေးတာ ဖြစ်ပါတယ်။
▪️ ဒါ့အပြင် တစ်နာရီကြာ ဖုန်းကြည့်ပြီးတိုင်း ၁၀ မိနစ်ခန့် လမ်းထလျှောက်ဖို့ကိုလည်း အကြံပြုထားပါတယ်။
#Source: India Today
ရာသီဥတုပူပြင်းလွန်းသဖြင့် ဂျပန်တွင် လေအေးပေးစက်အပါအဝင် အေးမြထုတ်ကုန်များကို ပြပွဲပြသလာရ
ဂျပန်နိုင်ငံမှာ အပူချိန်ပြင်းထန်နေသဖြင့် တိုကျိုမြိုတော်က ပြပွဲတစ်ခုမှာ လေအေးပေးစက်အမျိုးမျိုး၊ ထီးအဖွင့်အပိတ်ပါတဲ့ ကျောပိုးအိတ်များ စသဖြင့် အေးမြထုတ်ကုန်ပစ္စည်းများကို ဗုဒ္ဓဟူးနေ့မှ သောကြာနေ့အထိ ပြသခဲ့ပါတယ်။
#World_Technology
Published 30 July 2024
#ရာသီဥတုပူပြင်းလွန်း #အေးမြထုတ်ကုန်များ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 30 July 2024
၁။ တနင်္သာရီမြို့တွင် ရေကြီးမြင့်မှုစိုးရိမ်ရေအမှတ်သာမက အန္တရာယ်ရေအမှတ်ကိုပါ ကျော်လွန်လာပြီဖြစ်
၂။ တောင်ကိုရီးယားသို့ EPS စနစ်ဖြင့် မြန်မာလုပ်သားတစ်နှစ်လျှင်တစ်သောင်းကျော်အထိသွားရောက်နေ၊ အမျိုးသမီးများလာမည့်နှစ်ဆန်းနောက်ဆုံးထားသွားနိုင်
၃။ ကမ္ဘာ့ရွှေဈေးတစ်ရက်တည်း(၁၆)ဒေါ်လာတက်၊ YGEA ရွှေဈေး(၄)သောင်းကျော်တက်
၄။ ရာသီဥတုပူပြင်းလွန်းသဖြင့် ဂျပန်တွင် လေအေးပေးစက်အပါအဝင် အေးမြထုတ်ကုန်များကို ပြပွဲပြသလာရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အိမ်ထောင်စုတစ်စုကို တစ်လအတွက်တစ်ကြိမ်လျှင် စားအုန်းဆီနှစ်ပိဿာနှုန်းကို အိမ်တိုင်ရာ
ရောက် ငွေချေစနစ်နဲ့ ဖြန့်ဖြူးရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း MEODAရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 30 July 2024
#စားအုန်းဆီ #အိမ်အရောက်ငွေချေစနစ်
#YMG/NN #Yangon_Times
ရန်ကုန်နဲ့ ပဲခူးမှာဆေးဝါးအမျိုးအစားပေါင်း တစ်ထောင်ခန့်ရောင်းချပေးနေတဲ့ အရောင်းစင်တာသုံးခုကို ဖွင့်လှစ်ရောင်းချပေးနေတယ်လို့ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 30 July 2024
#အရောင်းစင်တာသုံးခု #ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း
#YMG/NN #Yangon_Times
ကမ္ဘာ့ရွှေဈေးတစ်ရက်တည်း (၁၆)ဒေါ်လာတက်လို့ ဇူလိုင်(၂၉)ရက်ထက် ဇူလိုင်(၃၀)ရက်မှာ YGEA ရွှေဈေး(၄)သောင်းကျော်တက်သွားတယ်လို့ သိရပါတယ်။
#Local_News
Published 30 July 2024
#ကမ္ဘာ့ရွှေဈေး #(၁၆)ဒေါ်လာတက်
#YMG/tthl #Yangon_Times
တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်နဲ့ မြန်မာလုပ်သားတစ်နှစ်ကို တစ်သောင်းကျော်အထိသွားရောက်နေပြီး စာမေးပွဲဖြေဆိုအောင်မြင်ထားတဲ့၊ အမျိုးသမီးတွေအနေနဲ့ အခုနှစ်အတွင်း(ဒါမှမဟုတ်)လာမယ့် နှစ်ဆန်းကိုနောက်ဆုံးထားသွားရနိုင်တယ်လို့ EPS-Korea သင်တန်းကျောင်းတွေက သိရပါတယ်။
#Local_News
Published 30 July 2024
#တောင်ကိုရီးယား #နှစ်ဆန်းနောက်ဆုံးထားသွားနိုင်
#YMG/NN #Yangon_Times
"တနင်္သာရီမြို့မှာ စိုးရိမ်ရေအမှတ်ကျော်ရုံမကအန္တရာယ်အမှတ်လည်းကျော်လွန်ခဲ့ပါပြီ၊ အခုညနေ နေဝင်ချိန်တနင်္သာရီမြို့ရဲ့ရေအမှတ်က ၂၉ပေ ၆လက်မလောက်ရှိမယ်"(တနင်္သာရီဒေသခံ)
#Local_News
Published 30 July 2024
#တနင်္သာရီ #စိုးရိမ်ရေအမှတ်သာမက
#YMG/tthl #Yangon_Times
#World_Politics
Published 30 July 2024
▪️ ဗင်နီဇွဲလား ရွေးကောက်ပွဲမှာ သမ္မတ နီကိုလတ်စ်မက်ဒူရိုနဲ့အဖွဲ့က ခြယ်လှယ်ထိန်းချုပ်ခဲ့တာကြောင့် ယင်းရဲ့ရွေးကောက်ပွဲ အနိုင်ရရှိမှုရလဒ်ကို ယုံကြည်လက်ခံမှာမဟုတ်ဘူးလို့ အမေရိကန်အစိုးရက တနင်္လာနေ့မှာ ပြောကြားလိုက်ကာ ဗင်နီဇွဲလားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်သွားဖို့ စီစဉ်နေပါတယ်။
▪️ ဗင်နီဇွဲလား ရွေးကောက်ပွဲ အာဏာပိုင်များက မက်ဒူရိုဟာ တတိယအကြိမ်အနိုင်ရရှိတယ်လို့ ကြေညာခဲ့ရာမှာ မဲအငြင်းပွားမှုဖြစ်နေတဲ့အပေါ် အမေရိကန်က ပြတ်ပြတ်သားသား တုန့်ပြန်သွားမယ်လို့ အကြီးတန်းအရာရှိများက တနင်္ဂနွေနေ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
▪️ ဗင်နီဇွဲလားကို အုပ်စိုးလာတာ ၂၅ နှစ်အထိ ရှိပြီဖြစ်တဲ့ ဆိုရှယ်လစ်ပါတီက အခုဆိုရင် ထပ်မံသက်တမ်းရှည်လာတာလည်း ဖြစ်ပါတယ်။
▪️ လွတ်လပ်သော ထင်မြင်ချက်မဲပေးမှုတွေမှာ အတိုက်အခံပါတီက အပြတ်အသတ် အနိုင်ရထားတယ်လို့ ညွှန်ပြနေပါတယ်။
▪️ အမေရိကန်နဲ့ အခြားအစိုးရအဖွဲ့အချို့က တရားဝင် မဲရေတွက်မှုကို သံသယရှိနေပါတယ်။
မက်ဒူရိုရဲ့ ပြိုင်ဘက် အက်ဒ်မွန်ဒိုဂွန်ဇာလက်ဇ်က သူသာ အမှန်တကယ် အနိုင်ရသူလို့ ပြောနေပါတယ်။
▪️ မက်ဒူရိုအနေဖြင့် မဲပေးမှုအခြေပြဇယား အသေးစိတ်ကို ချပြဖို့ အများကတောင်းဆိုနေကြပေမယ့် ဒီလိုမပြနိုင်တာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ကြေညာချက်ရလဒ်ကို လက်မခံနိုင်စရာ ဖြစ်နေပါတယ်။
▪️ ရှေ့ဆက်ပြီး မက်ဒူရိုဘာဆက်လုပ်မလဲ ဆိုတဲ့အပေါ်မူတည်ကာ ဗင်နီဇွဲလားကို အမေရိကန်က အရေးယူပိတ်ဆို့ရေး မူဝါဒချမှတ်သွားဖို့ ရှိပါတယ်။
▪️ အမေရိကန်ဟာ ၂၀၁၈ ခုနှစ်တုန်းကလည်း မက်ဒူရိုရဲ့ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ခဲ့ဖူးပါတယ်။
▪️ ရွေးကောက်ပွဲရလဒ် ကြေညာချက်ဟာ ဗင်နီဇွဲလားပြည်သူတွေရဲ့ မဲပေးမှုတွေ ဆန္ဒတွေအတိုင်း ဖြစ်မနေတာဟာ တကယ်စိုးရိမ်စရာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောပါတယ်။
▪️ မက်ဒူရိုကတော့ ဗင်နီဇွဲလား ရွေးကောက်ပွဲစနစ်ဟာ ပွင့်လင်းမြင်သာမှုရှိတယ်လို့ တနင်္လာနေ့က အကြိမ်ကြိမ်ပြောခဲ့ပါတယ်။
▪️ သတင်းအတိအကျ မသိသေးခင်အထိ အမေရိကန်က ဆုံးဖြတ်ချက်ချဦးမှာ မဟုတ်ဘဲ အထိုက်အလျောက်တော့ တုန့်ပြန်ဆောင်ရွက်သွားမယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောပါတယ်။
▪️ အမေရိကန်က နိုင်ငံတကာမှ မဟာမိတ်များနဲ့ ပူးပေါင်းကာ မက်ဒရူအစိုးရအဖွဲ့အပေါ် တုန့်ပြန်သွားဖို့ စီစဉ်နေပါတယ်။

#Source: Reuters
#World_Health
Published 30 July 2024
▪️ အသားအရေ၊ ဆံပင်၊ အဆစ်အမြစ်တွေအတွက် ကော်လာဂျင်ဓာတ်က ဘယ်လောက်အရေးကြီးလဲဆိုတာ သိထားကြပြီး ဖြစ်ပါတယ်။
▪️ ဒါကြောင့် ကော်လာဂျင်က ဘယ်လိုအကျိုးပြုလဲ၊ ဘယ်လောက်အသုံးပြုသင့်လဲ၊ ဆိုးကျိုးတွေရှိလားဆိုတာတွေကို သုံးသပ်သွားမှာ ဖြစ်ပါတယ်။
▪️ ကော်လာဂျင်က အရေပြား၊ ကြွက်သား၊ အရိုး၊ အရွတ်တွေကို ကြံ့ခိုင်စေပြီး တစ်ရှူးတွေကို သန်မာတင်းရင်းစေပါတယ်။
▪️ အသက်ကြီးလာတဲ့အခါ ကော်လာဂျင်နည်းလာပြီး အရေးကြောင်းများ၊ အဆစ်အမြစ် တောင့်တင်းခြင်းများ ဖြစ်လာစေပါတယ်။
▪️ ဒီအတွက် ကော်လာဂျင် ဖြည့်စွက်ဆေးများ အသုံးပြုလာကြပါတယ်။
▪️ များသောအားဖြင့် တစ်နေ့ကို ကော်လာဂျင် ၂.၅ မှ ၁၅ ဂရမ်သုံးစွဲဖို့ လေ့လာချက်တွေမှာ အကြံပြုထားပါတယ်။
▪️ ကိုယ်အလေးချိန်ကျဖို့အတွက် တစ်နေ့ကို ၁၅ ဂရမ်သုံးစွဲသင့်ပါတယ်။
▪️ အရေးကြောင်းလျော့ပါးပြီး အသားအရေ တင်းရင်းစေဖို့အတွက် ၃ လအတွင်း နေစဉ် ၁၀၀၀ မီလီဂရမ်ခန့် အသုံးပြုဖို့ ပညာရှင်များ အကြံပြုထားပါတယ်။
▪️ ဆံကေသာကျန်းမာရေးအတွက် ငါးမှရတဲ့ ကော်လာဂျင်ကို နေ့စဉ် ၃၀၀ မီလီဂရမ်ခန့် လိုအပ်ပါတယ်။
▪️ တစ်နေ့ကို ကော်လာဂျင် ၁၅ ဂရမ်ထက်များတာကတော့ များလွန်းတဲ့ပမာဏလို့ ဆိုနိုင်ပါတယ်။
ကော်လာဂျင်များလွန်းတဲ့အခါ ဝမ်းလျှောခြင်း၊ ရေအလုံအလောက် မသောက်ရင် ကျောက်ကပ်ထိခြင်းတို့ ဖြစ်တတ်ပါတယ်။
▪️ ဒါ့အပြင် ဓာတ်မတည့်ခြင်း၊ ယားယံခြင်း၊ ဖောရောင်ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ ကယ်လ်စီယမ်များခြင်းတို့ ဖြစ်တတ်ပါတယ်။
▪️ ကော်လာဂျင်ဖြည့်စွက်ဆေးတွေကို ပုံစံအမျိုးမျိုးဖြင့် ရနိုင်ပါတယ်။
▪️ ဘယ်လိုပဲဖြစ်ဖြစ် ဖြည့်စွက်ဆေးသုံးစွဲမယ်ဆိုရင်တော့ ကျွမ်းကျင်သူဆရာဝန်များနဲ့ ဦးစွာတိုင်ပင်သင့်ပါတယ်။
#Source: The Jerusalem Post
Page 503 of 1861