#World_Science
Published 27 April 2025

▪️ တရုတ်ဘက်ထရီထုတ်လုပ်ရေးတစ်ခုက ဒင်္ဂါးပြားအရွယ်အစားသာရှိတဲ့ ဘက်ထရီတစ်မျိုးကို ဆန်းသစ်တီထွင်လိုက်ပါတယ်။

▪️ ဒီဘက်ထရီကို ရေဒီယိုသတ္တိကြွ နစ်ကယ်အိုင်ဆိုတုပ်ဖြင့် ဓာတ်အားပေးထားပြီး တည်ငြိမ်တဲ့ကြေးနီအဖြစ် တဖြည်းဖြည်းပျက်စီးသွားမှာ ဖြစ်ပါတယ်။

▪️ ဘက်ထရီဆဲလ်က အစပိုင်းမှာ အားနည်းပေမယ့် နှစ် ၅၀ လောက်အထိ စွမ်းအားပေးနိုင်အောင် အသုံးပြုနိုင်ပါတယ်။

▪️ BV100လို့ခေါ်တဲ့ နျူကလီးယားစွမ်းအင်အသေးစား ဘက်ထရီကို အများအပြားထုတ်လုပ်နေပြီဖြစ်ပြီး Beijing Betavolt New Energy Technologyရဲ့ ဆဲလ်ဟာ နှစ် ၅၀ အထိ အားမသွင်းဘဲ စွမ်းအားပေးနိုင်မယ်လို့ သိရပါတယ်။

▪️ ဒီတီထွင်မှုကြောင့် Betavoltဟာ နျူကလီးယားဘက်ထရီများ ထုတ်လုပ်ရောင်းချဖို့ ပြိုင်ဆိုင်မှုမှာ ဦးဆောင်သူဖြစ်လာပါတယ်။

▪️ BV100 ဟာ နစ်ကယ်-၆၃ ပျက်စီးလာတဲ့ ရေဒီယိုသတ္တိကြွထံမှ စွမ်းအင်ကိုအသုံးချထားကာ အိုင်ဆိုတုပ်ပျက်စီးလာမှုကနေ လျှပ်စစ်အဖြစ်သို့ ပြောင်းလဲပေးပါတယ်။

▪️ BV100 ဟာ ဒင်္ဂါးပြားအရွယ်သာရှိပြီး ၃ ဗို့လျှင် ၁၀၀ မိုက်ခရိုဝပ်ထုတ်ပေးနိုင်ပေမယ့် ဖုန်း၊ လက်ပ်တော့လိုမျိုး ပစ္စည်းတွေအတွက်တော့ အားမလုံလောက်ပါဘူး။

▪️ သာမန်ဘက်ထရီတွေနဲ့ မတူတာက လီသီယံဘက်ထရီတွေထက် စွမ်းအင်သိပ်သည်းဆ ၁၀ ဆကျော်ပေးနိုင်ကာ တစ်ဂရမ်လျှင် တစ်နာရီကို ၃,၃၀၀ မီလီဝပ်သိုလှောင်နိုင်သလို ထိခိုက်ကြမ်းတမ်းမှုကို ခံနိုင်ရည်ရှိပြီး အပူချိန်အနုတ် ၆၀ဒီဂရီမှ အပေါင်း ၁၂၀ဒီဂရီဆဲလ်စီးယပ်စ်အတွင်း မပေါက်မကွဲနိုင်ပါဘူး။

▪️ Betavoltက သူ့နည်းပညာတွေကို လေကြောင်းစနစ်များ၊ ဉာဏ်ရည်တုကိရိယာများ၊ ဆေးပစ္စည်းများ၊ ဒရုန်းငယ်များ၊ မိုက်ခရိုစက်ရုပ်များစတဲ့ နေရာအများအပြားမှာ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

▪️ အချိန်ကြာမြင့်စွာ ဓာတ်အားပေးနိုင်ဖို့လိုတဲ့ ဘယ်ပစ္စည်းမဆို ဒီနည်းပညာအတွက် ဈေးကွက်ဖြစ်လာနိုင်ပါတယ်။

#Source: Techspot