#World_Science
Published 27 April 2025
▪️ ကမ္ဘာဂြိုဟ်အပြင် စကြဝဠာထဲက အခြားဂြိုဟ်တွေမှာ သက်ရှိဂြိုဟ်သားတွေ ရှိနေလားဆိုတာကို လေ့လာစူးစမ်းနေကြဆဲဖြစ်ပါတယ်။
▪️ အခုဆိုရင် ဧရာမဂြိုဟ်ကြီးတစ်ခုမှာ ဂြိုဟ်သားသက်ရှိများ ရှင်သန်နေထိုင်နိုင်ဖွယ် ရှိတယ်ဆိုတဲ့ အခိုင်မာဆုံး အထောက်အထား ရရှိလာပါတယ်။
▪️ K2-18b ဆိုတဲ့ ပြင်ပဂြိုဟ်ဟာ ကမ္ဘာဂြိုဟ်ကနေ အလင်းနှစ် ၁၂၄ နှစ်ကွာဝေးပြီး လီယိုကြယ်တာရာအစုအဝေးမှာ တည်ရှိပါတယ်။
▪️ ကျွန်ုပ်တို့ရဲ့ နေစကြဝဠာထဲက မဟုတ်ပေမယ့် သူ့ရဲ့လေထုကို အကြိမ်ကြမ်ဆန်းစစ်အပြီးမှာတော့ ကမ္ဘာပေါ်မှာ သက်ရှိတွေကနေပဲ ထုတ်လုပ်တယ်လို့ သိထားတဲ့ ဒြပ်ပေါင်းများရဲ့ ဓာတုလက္ခဏာများ တွေ့ထားတယ်လို့ သိပ္ပံပညာရှင်များ အခိုင်အမာဆိုထားပါတယ်။
▪️ မီသိန်းနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တို့က ထိုဂြိုဟ်ရဲ့လေထု ၁ ရာခိုင်နှုန်းစီအထိ တွေ့ရှိထားပါတယ်။
▪️ ဒါ့အပြင် ဒိုင်မီသိုင်းဆာလ်ဖိုက်၊ ဒိုင်မီသိုင်းဒိုင်ဆာလ်ဖိုက် ဓာတုပစ္စည်းတွေလည်း တွေ့ရှိလာတာဟာ ဇီဝသက်ရှိလက္ခဏာဖြစ်ပြီး ဂြိုဟ်ပေါ်မှာ သက်ရှိတည်ရှိတယ်လို့ ညွှန်ပြနေပါတယ်။
▪️ ဒါ့အပြင် K2-18bဟာ ပူနွေးတဲ့သမုဒ္ဒရာ ဖုံးအုပ်ထားပြီး ပထမဆုံးအနေနဲ့ ဇီဝသက်ရှိလက္ခဏာတွေ့ရတာ ဖြစ်တယ်လို့ ကိမ်းဘရစ်ချ်တက္ကသိုလ်မှ နက္ခတ္တပညာရှင် နစ်ကူမာဒူဆူဒန်က ပြောပါတယ်။
▪️ ကျွန်ုပ်တို့ နေစကြဝဠာအဖွဲ့အစည်း အပြင်ဘက်မှာ သက်ရှိလှုပ်ရှားမှုတွေ့ရတဲ့ အခိုင်မာဆုံး အထောက်အထားဖြစ်နေပြီး ဒီလက္ခဏာတွေက လက်တွေ့မှန်ကန်မှာလားဆိုတာ သတိကြီးကြီးထားရမယ်လို့ ဆိုပါတယ်။
▪️ အထက်ပါဓာတုပစ္စည်းတွေ တွေ့ရတာဟာ ဘူမိဗေဒနဲ့ ဓာတုရင်းမြစ်တွေကြောင့်လည်း ဖြစ်နိုင်ပြီး K2-18bမှာ သက်ရှိလက္ခဏာတွေ ရှိလားဆိုတာကိုသိရဖို့ နောက်ထပ်လေ့လာချက်တွေ ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။
#Source: WION