#World_Health
Published 27 April 2025

▪️ အကျန်းမာဆုံးသော လင်းပိုင်တွေမှာ ပြည့်ဝဖက်တီးအက်ဆစ် C15:0 မြင့်မားစွာပါဝင်ကာ အင်ဆူလင်၊ ဂလူးကို့စ်၊ ကိုလက်စ်ထရောလ်ပမာဏတို့ နည်းပါးတယ်လို့ တိရိစ္ဆာန်ရောဂါပညာရှင် စတက်ဖာနီဗင်းဝက်ဆန်က ပြောသွားပါတယ်။

▪️ ပင်တာဒီကာနိုအစ်အက်ဆစ်လို့လည်း ခေါ်တဲ့မော်လီကျူးဟာ အသည်းအဆီဖုံးရောဂါ၊ ဆီးချို၊ နှလုံးရောဂါ ဖြစ်နိုင်ခြေတို့ကို လျော့ကျစေတယ်လို့ သုတေသနတွေမှာ တွေ့ရှိယူဆထားပါတယ်။

▪️ C15:0 ဟာ အိပ်စက်မှု၊ စွမ်းအင်မြှင့်တင်ခြင်းတို့မှာလည်း အလားအလာရှိကာ အိုမင်းဆန့်ကျင်ဆေးများဖြစ်တဲ့ ရာပါမိုင်ဆင်၊ မက်ဖော်မင်တို့နဲ့ နှိုင်းယှဉ်ခံနေရပါတယ်။

▪️ C15:0 ဟာ အိုမီဂါ-၃လိုမျိုး မရှိမဖြစ်ဖက်တီးအက်ဆစ်ဖြစ်ပြီး ခန္ဓာကိုယ်လိုအပ်ချက်အတိုင်း မထုတ်လုပ်နိုင်တာကြောင့် ဖြည့်စွက်ဆေးတွေ စားပေးဖို့လိုပါတယ်။

▪️ AMPK အင်ဇိုင်းဟာ စွမ်းအင်နည်းသွားတဲ့အခါ ပြန်လည်ဖြည့်တင်းပေးပြီး အသက်ကြီးလာတာနဲ့အမျှ AMPKလျော့နည်းလာကာ နာတာရှည်အခြေအနေ ဖြစ်လာစေပါတယ်။

▪️ C15:0 က အဆိုပါAMPKကို လှုံ့ဆော်ပေးနိုင်တာ တွေ့ရပါတယ်။

▪️ အိုနာရောဂါတွေနဲ့ ဆက်စပ်နေတဲ့ ဆဲလ်တွေကို ဖြစ်ပေါ်စေတဲ့ mTORပရိုတိန်းကိုတော့ C15:0က ဟန့်တားပေးပါတယ်။

▪️ C15:0 ပါဝင်တဲ့ Fatty15ဖြည့်စွက်ဆေး အသုံးပြုသူတွေမှာ အိပ်စက်မှုတိုးတက်စေသလို ဆံပင်နဲ့ ခြေသည်းလက်သည်းကြီးထွားတာလည်း သတိထားမိပါတယ်။

▪️ C15:0 ကို နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ နို့၊ ထောပတ်၊ ဒိန်ခဲတို့မှာ အဓိကတွေ့ရပြီး ထောပတ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းက C15:0 ၇၅ မီလီဂရမ်ပေးစွမ်းနိုင်ပါတယ်။

▪️ နေကြာဆီနဲ့ အသား၊ ပင်လယ်စာ၊ အစေ့အဆန်တို့မှာလည်း အနည်းငယ်ပါဝင်ပြီး တစ်နေ့ကို C15:0 ၁၀၀ မှ ၂၀၀ မီလီဂရမ်စားသုံးဖို့ အကြံပြုထားပါတယ်။

▪️ Fatty15 သုံးစွဲသူ တဝက်ခန့်က သုံးစွဲပြီး ၂ ပတ်အတွင်း အာနိသင်သိလာကာ ၇၂ ရာခိုင်နှုန်းကတော့ ၁၆ ပတ်အတွင်း သိသာလာတယ်လို့ဆိုပါတယ်။

#Source: New York Post