#Local_News
Published 01 October 2025
▪️ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဥ် ၌ မီးရောင်စုံအလှများအလှဆင်၍သီတင်းကျွတ်ပွဲတော်ကိုစည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
▪️ ထိုသို့ကျင်းပရာတွင် အောက်တိုဘာ ၃ ရက်မှ အောက်တိုဘာ ၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ မွန်းလွဲ ၂ နာရီမှ ည ၉ နာရီအထိအား နိုင်ငံကျော်တေးသံရှင်များဖြင့်ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်းသိရသည်။
▪️ ယင်းသို့တင်ဆက်ရာတွင် ဟဲလေး၊ ထွန်းထွန်း၊ ဟန်ထွန်း၊ ပူစူး၊ ဖြိုးမြတ်အောင်၊ ချစ်ဇွဲသာ၊ ပိုင်ပိုင်၊ ခွန်းဝတီပြည့်၊ သော်တာချမ်းမြေ့နှင့် ပြင်ဦးလွင်မြို့မှတေးသံရှင်များအပြင် DJ ပညာရှင်များဖြစ်သော Axel, 9Nine, Kylo, Diary, Joely, Barni, Zorro, Valatino, AXN နှင့် MC HULK တို့မှလည်း ဖျော်ဖြေတင်ဆက်မှုများပြုလုပ်သွားမည်ဖြစ်ကာ စားသောက်ဆိုင်များနှင့် ပြင်ဦးလွင်ဒေသထွက်ပစ္စည်းများဝယ်ယူနိုင်ရန် Night Bazaar တို့ကိုလည်းစီစဉ်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 01 October 2025
▪️ ဖိလစ်ပိုင်အလယ်ပိုင်းမှာ ပြင်းအားအဆင့် ၆.၉ ရှိတဲ့ မြေငလျင်ကြီး လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၂၇ ဦးအထိရှိလာကာ ဒဏ်ရာရသူ ၁၄၀ ကျော်လာပါတယ်။
▪️ ကယ်ဆယ်ရေးတွေက ပြိုကျတဲ့ အဆောက်အအုံတွေကို ဝင်ရောက်ရှာဖွေနေတာကြောင့် အလောင်းများ ထပ်တိုးလာနိုင်တယ်လို့ အရာရှိတွေက ဗုဒ္ဓဟူးနေ့မှာ သတိပေးထားပါတယ်။
▪️ အင်္ဂါနေ့ နိုင်ငံအလယ်ပိုင်း ဗီဆာယက်စ်ဒေသရှိ ဆယ်ဘူပြည်နယ် ဘိုဂိုမြို့ကမ်းရိုးတန်းမှာ ည ၁၀ နာရီမတိုင်မီ ငလျင်လှုပ်ခတ်ခဲ့သဖြင့် ဓာတ်အားများပြတ်တောက်ပြီး အဆောက်အအုံတွေ ပြိုကျကုန်ပါတယ်။
▪️ ဆယ်ဘူပြည်နယ်ဟာ ဖိလစ်ပိုင်ရဲ့ အကျော်ကြားဆုံး ဧည့်ခရီးသွားနေရာတွေထဲက တစ်ခုဖြစ်ပြီး လူဦးရေ ၃.၄ သန်းနေထိုင်ပါတယ်။
▪️ မက်တန်-ဆယ်ဘူ အပြည်ပြည်ဆိုင်ရာလေဆိပ်ကတော့ ဆက်လက်လည်ပတ်နေဆဲ ဖြစ်ပါတယ်။
▪️ ငလျင်ဒဏ် အပြင်းထန်ဆုံးခံစားရတဲ့ ဆယ်ဘူမြောက်ပိုင်းမှာ အရေးပေါ်ကယ်ဆယ်ရေးများ ပြုလုပ်နိုင်ဖို့ ကပ်ဘေးသင့်နေရာအဖြစ် သတ်မှတ်ထားပါတယ်။
▪️ ဆန်ရေမီဂျီယိုမြို့တော်ဝန် အယ်ဖီရေနက်စ်က ဒုက္ခသည်များအတွက် အစာနဲ့ရေ တောင်းခံထားသလို ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးလုပ်သားများအတွက် ပစ္စည်းကိရိယာတွေလည်း တောင်းဆိုထားပါတယ်။
▪️ မိုးသည်းထန်စွာ ရွာနေပြီး လျှပ်စစ်ဓာတ်အားမရတာကြောင့် အကူအညီလိုအပ်နေပါတယ်လို့ ရေနက်စ်က DZMM ရေဒီယိုကို ပြောထားပါတယ်။
▪️ ဘိုဂိုမြို့မှာ ဆေးရုံပေါ်မှလူနာတွေ ထွက်ပြေးခဲ့ရပြီး နောက်ဆက်တွဲရိုက်ခတ်မှုတွေကြောင့်လည်း ဒေသခံတွေ ထွက်ပြေးခဲ့ရပါတယ်။
▪️ ဖိလစ်ပိုင်ဟာ ပစိဖိတ် Ring of Fire နေရာထဲ ရှိနေကာ မီးတောင်လှုပ်ရှားမှုတွေ ငလျင်တွေ ဖြစ်လေ့ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။
Source: Reuters
#Local_News
Published 1 October 2025
▪️ Narrow Sky အမည်ရှိအနုပညာပြပွဲကိုဂျပန်ယဉ်ကျေးမှုစင်တာ(JFYG)တွင်အောက်တိုဘာလ၂ရက်မှ ၁၆ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှ သိရသည်။
▪️ ပြပွဲတွင်ပြသမည့် အနုပညာလက်ရာများမှာ စက္ကူများကို အနုပညာမြောက်စွာ ချိုးခေါက်လှီးဖြတ်ပုံဖော်သော ကိရိဂမိ(Kirigami) ပညာရပ်ဖြင့် ဖန်တီးထားသည့် အနုပညာလက်ရာများဖြစ်ပြီး လူသိများသည့်အိုရိဂမိ(Origami)စက္ကူခေါက်ပညာရပ်ကဲ့သို့ပင် ထင်ရှားသည့်ဂျပန်ရိုးရာ အနုပညာ ယဉ်ကျေးမှုတစ်ခု ဖြစ်ကြောင်းသိရသည်။
▪️ တင်ဆက်ပြသမည့်အနုပညာရှင် "ဖြိုးသမိန်" ၏ "Narrow Sky"အနုပညာလက်ရာပြပွဲတွင်ဂျပန်ရိုးရာ Kirigamiနှင့် မြန်မာPapercut ပညာတို့ကိုရောနှောဖန်တီးထားသည့် လက်ရာများလည်းပါဝင်ကြောင်း၊ပြပွဲကိုအောက်တိုဘာလ၂ ရက်မှ ၁၆ရက်ထိ (အပတ်စဉ်တနင်္ဂနွေနှင့်တနင်္လာနေ့များ တွင် မနက် ၉နာရီခွဲမှညနေ၃နာရီခွဲထိပြသသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Health
Published 1 October 2025
▪️ အကိုက်အခဲဖျားနာပျောက်ဆေး ပါရာစီတမောတွေဟာ ဆေးဆိုင်တွေမှာ အလွယ်တကူ သက်သက်သာသာဖြင့် ဝယ်ယူနိုင်တာကြောင့် လူတွေဟာ တစ်ခုခုဖြစ်ပြီဆိုရင် ပါရာစီတမောကို မှီခိုသုံးစွဲကြပါတယ်။
▪️ ဒါပေမဲ့ ဒီဆေးကို ပုံမှန်သောက်နေရင် အသည်းကို တိတ်တဆိတ် ထိခိုက်စေကာ ကျောက်ကပ်ကိုလည်း ဒဏ်ဖြစ်စေပြီး သွေးပေါင်ချိန်ပြဿနာ ဖြစ်နိုင်ပါတယ်။
▪️ ဖျားနာတဲ့အချိန်မှာ အစာအိမ်ထဲ အစာမရှိဘဲ ပါရာစီတမောသောက်သုံးရင် ဘာတွေဖြစ်နိုင်လဲဆိုတာကို အိန္ဒိယ Kokilaben Dhirubhai Ambani ဆေးရုံမှ ဒေါက်တာကာပီလ်အက်ဝါနီက ပြောသွားပါတယ်။
▪️ အစာမရှိချိန် ပါရာစီတမောသောက်တဲ့အခါ သွေးထဲသို့ လျင်မြန်စွာ စုပ်ယူနိုင်တာကြောင့် လျင်မြန်စွာသက်သာပြီး ဘေးကင်းတယ်လို့ ယူဆနိုင်ကြောင်း၊ ဒီဆေးကို အသည်းက အဓိကချေဖျက်ပေမယ့် အစာမရှိတဲ့အချိန် သတ်မှတ်ထားတဲ့ ပမာဏအတိုင်းသောက်ရင် အသည်းမထိခိုက်နိုင်ကြောင်း ရှင်းပြပါတယ်။
▪️ အခြားဆေးဘက်ဆိုင်ရာ ပညာရှင်များကလည်း ပါရာစီတမောကို အစာမရှိဘဲ သောက်သုံးခြင်းကို ထောက်ခံနေကြပြီး အစာအိမ်နံရံကို သက်ရောက်စေနိုင်တာနဲ့ လျင်မြန်စွာ သက်သာစေနိုင်တာတော့ မှာကြားထားပါတယ်။
▪️ လူကြီးတစ်ယောက်အတွက် ကန့်သတ်ချက်က တစ်နေ့ကို ပါရာစီတမော ၅၀၀ မီလီဂရမ် ၈ ပြားဖြစ်ပေမယ့် နေ့စဉ်တော့ အသုံးမပြုသင့်ပါဘူး။
▪️ ရေရှည်သုံးစွဲမယ်ဆိုရင်တော့ နေ့စဉ်သတ်မှတ်ချက်အတိုင်း အသုံးပြုရင်တောင် အသည်းထိခိုက်စေနိုင်ပါတယ်။
▪️ ကိုယ်ဝန်ဆောင်စဉ် ပါရာစီတမော သောက်သုံးခြင်းဖြင့် သန္ဓေသားမှာ အာရုံကြောဖွံ့ဖြိုးမှုချို့ယွင်းမှုများ ဖြစ်နိုင်ခြေများစေတာကို သတိပြုရပါမယ်။
Source: Indian Express
#World_Science
Published 1 October 2025
▪️ ပြင်ပစွမ်းအင်ရင်းမြစ်မလိုအပ်ဘဲ လေထဲကနေ သောက်ရေသန့် တိုက်ရိုက်စစ်ထုတ်နိုင်မယ့် လေထုရေထုတ်စက်တစ်မျိုးကို မာဆာချူဆက်စ် နည်းပညာတက္ကသိုလ်(MIT)မှ သိပ္ပံပညာရှင်များ ထုတ်လုပ်လိုက်ပါတယ်။
▪️ တစ်ကမ္ဘာလုံးရှိ ပူပြင်းခြောက်သွေ့တဲ့ ဒေသတွေမှာ ရေရှားပါးမှုပြဿနာတွေကို ဖြေရှင်းဖို့အတွက် အောင်မြင်မှုတစ်ခု ဖြစ်လာနိုင်တယ်လို့ Nature Water ဂျာနယ်မှာ ဖော်ပြထားပါတယ်။
▪️ လေထုရေစုပ်ယူစက်က သတ္တုအော်ဂဲနစ်ဖရိမ်စက်ပစ္စည်း(MOF)ကို အသုံးပြုကာ လေထဲက ရေငွေ့ကို ဖမ်းယူတာ ဖြစ်ပါတယ်။
▪️ ဆိုလာစွမ်းအင်ကိုသာ လုံးဝအသုံးပြုတာကြောင့် ရေရှည်အတွက် သင့်လျော်ပါတယ်။
▪️ MIT သုတေသနအဖွဲ့ ပြောကြားချက်အရ ဒီစက်ဟာ စိုထိုင်းဆ ၂၀ ရာခိုင်နှုန်းလောက်မှာပင် MOF တစ်ကီလိုဂရမ်ကို သန့်စင်ရေ ၂.၈ လီတာအထိ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။
▪️ ရေအသည်းအသန်လိုအပ်နေတဲ့ ဒေသတွေမှာ ဒီနည်းပညာက အပြောင်းအလဲဖြစ်နိုင်တယ်လို့ MIT စက်အင်ဂျင်နီယာဌာနမှ ဦးဆောင်သုတေသီ ပရော်ဖက်ဆာ အက်ဗလင်ဝမ်က ပြောပါတယ်။
▪️ အရီဇိုးနားကန္တာရဒေသတွေမှာ စမ်းသပ်ချက်များအရ အလွန်ခြောက်သွေ့တဲ့ နေရာတွေမှာပင် WHO ရဲ့ သောက်သုံးရေစံနှုန်းများနဲ့ ကိုက်ညီအောင် ထုတ်လုပ်ပေးနိုင်တာ တွေ့ရပါတယ်။
▪️ ဒီစက်ဟာ ဂေဟစနစ်အတွက် အထောက်အကူပြုသလို သေချာထိန်းသိန်းစောင့်ရှောက်ပေးပါက ၁၀ နှစ်ကျော်လောက်အထိ လည်ပတ်နိုင်တယ်လို့ ဖော်ပြနေကြပါတယ်။
▪️ ၂၀၂၆ က စတင်ပြီး လူသားချင်းကူညီမှု အဖွဲ့အစည်းများနဲ့ ပူးပေါင်းကာ ရေရှားပါးတဲ့ အာဖရိက၊ အရှေ့အလယ်ပိုင်းတလျှောက်မှာ စီမံကိန်းများ စတင်ချမှတ်သွားမှာ ဖြစ်ပါတယ်။
▪️ ဒီနည်းပညာဟာ စစ်ရေးလုပ်ဆောင်ချက်များ၊ အာကာသခရီးစဉ်များ၊ အရေးပေါ်ရေလိုအပ်နေရာတွေအတွက်ပါ အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။
Source: WION
တရုတ်ရဲ့ ဖူကျန်လေယာဉ်တင်သင်္ဘောနဲ့ လေယာဉ်အမျိုးအစား ၃ ခုတို့ဟာ မကြာသေးမီက ပင်လယ်ပြင်စမ်းသပ်လေ့ကျင့်မှုများပြုလုပ်ခဲ့ရာ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေကြောင်းမြင်တွေ့ရတယ်လို့ စစ်ရေးလေ့လာသုံးသပ်သူ ဝေတုံရှူက ပြောပါတယ်။
#Asia_Military
Published 30 September 2025
#တရုတ်ဖူကျန်လေယာဉ်တင်သင်္ဘော
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်မြို့ရဲ့အထင်ကရပွဲတော်တစ်ခုဖြစ်တဲ့ ရေကျော်သီတင်းကျွတ်ပွဲစျေးကို အောက်တိုဘာလ(၁)ရက်ကနေ(၇)ရက်နေ့အထိ တစ်ပတ်ကြာကျင်းပသွားမယ်လို့ သိရပါတယ်။
#Local_News
Published 30 September 2025
#ရေကျော်သီတင်းကျွတ်ပွဲစျေး #ရန်ကုန်မြို့
#YMG/SW #Yangon_Times
နယ်စပ်ကုန်သွယ်မှုများဆောင်ရွက်ရာမှာ လိုက်နာရမယ့်လုပ်ငန်းစဉ်များ အကြောင်းသင်ကြားပိုချတဲ့ သင်တန်းကို ယမန်နေ့ကရန်ကုန်မြို့ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး၊ ညီလာခံခန်းမမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။
#Local_News
Published 30 September 2025
#နယ်စပ်ကုန်သွယ် #
#YMG/SW #Yangon_Times
နယ်စပ်ကုန်သွယ်မှုများဆောင်ရွက်ရာမှာ လိုက်နာရမယ့်လုပ်ငန်းစဉ်များ အကြောင်းသင်ကြားပိုချတဲ့ သင်တန်းကို ယမန်နေ့ကရန်ကုန်မြို့ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး၊ ညီလာခံခန်းမမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။
#Local_News
Published 30 September 2025
#နယ်စပ်ကုန်သွယ် #
#YMG/SW #Yangon_Times
#Local_News
Published 30 September 2025
▪️ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို ၃၀ - ၉ - ၂၀၂၅ ရက်နေ့မှ ၁၃ - ၁၀ - ၂၀၂၅ ရက်နေ့အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ပထမအကြိမ်အဖြစ် ကပ်ထားကြေညာမည်ဖြစ်ေကြာင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
▪️ အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် ကပ်ထားကြေညာနိုင်ခြင်း မရှိပါက သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းကြည့်ရှုနိုင်ရေးဆောင်ရွက်ထားမည်ဖြစ်ကြောင်း၊ထို့ကြောင့် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာစဉ် မဲဆန္ဒရှင်များက မဲစာရင်း လာရောက်ကြည့်ရှုမှသာ ပြည့်စုံမှန်ကန်သော မဲစာရင်း ရရှိနိုင်မည် ဖြစ်ရာမဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်စေလိုကြောင်း၊ လိုအပ်သောပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ (အခမဲ့) ရယူနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
▪️ ထိုသို့ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီးပါက အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းတွင် နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်များအနေဖြင့်လည်း လိုအပ်သော တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ထပ်မံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 30 September 2025
▪️ ယနေ့နံနက်ပိုင်းက အင်အား၄.၉ရစ်(ခ်)တာစကေးရှိ ငလျင်တစ်ခု ဖောင်းပြင်မြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ တမူးမြေငလျင်စခန်းမှတိုင်းထွာရရှိချက်အရ စက်တင်ဘာ ၃၀ ရက် နံနက် ၇ နာရီ ၁၀ မိနစ် ၁၂ စက္ကန့်ကဖောင်းပြင်မြို့၏ အရှေ့တောင်ဘက်(၁၄)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ်(၂၄ ဒသမ ၁၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၄ ဒသမ ၉၅)ဒီဂရီ၊ အနက်(၆၅)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ထားဝယ်ရိုးရာသပိတ်မျှောပွဲကို လာမယ့်အောက်တိုဘာလ ၅ ရက်နဲ့ ၆ရက် တို့မှာထားဝယ်မြို့မှာ နှစ်ညဆက်တိုက် ကျင်းပသွားမယ်လို့ သိရပါတယ်။
#Local_News
Published 30 September 2025
#ထားဝယ်ရိုးရာသပိတ်မျှောပွဲ
#YMG/NN #Yangon_Times
Page 270 of 2056