သုထက်သာ
တစ်ချိန်က အမေရိကန်ပြည်ထောင်စုအတွက်သာ သီးသန့်ဟု ထင်ခဲ့ရသော နိုင်ငံရေး လှိုင်းလုံး ကြီးတစ်ခု သည် ယခုအခါ ဂျပန်နိုင်ငံ၏ ကမ်းခြေများသို့ မယွင်းမမှားစွာ ရိုက်ခတ်လာနေပြီဖြစ်သည်။
ဂျပန်၏ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ၏ ထိပ်တန်းနှင့် သြဇာကြီးမားသော ခေါင်းဆောင်တစ်ဦးဖြစ်သူ ဆာနာအဲ တာကာအိချိ၏ မူဝါဒများနှင့် ကြေညာချက်များတွင်၊ ကမ္ဘာတစ်လွှား ရင်းနှီးပြီးသားဖြစ်စဉ်တစ်ခုဖြစ်သည့် ဒေါ်နယ်ထရမ့် ဦးဆောင်ခဲ့သော အမျိုးသားရေးလူကြိုက်များဝါဒ၏ ဂျပန်ပုံစံဗားရှင်းတစ်ခု ပေါ်ထွက်လာသည်ကို မျက်ဝါးထင်ထင် မြင်တွေ့နေရသည်။
ယဉ်ကျေးမှု နောက်ခံများ ကွာခြားသော်လည်း၊ သူမ၏ ရပ်တည်မှုတွင် အဓိက အချက်များ ဖြစ်သော ပြင်းထန်သည့် အကာအကွယ်ပေးရေးဝါဒဆန်သည့် "ဂျပန် ပထမ" (Japan First) အစီအစဉ်၊ လူဝင်မှုကြီးကြပ်ရေးအပေါ် တင်းမာသော ရပ်တည်ချက်၊ နှင့် ရွှေထီးဆောင်းခဲ့သည့် အမျိုးသားရေး ဂုဏ်ယူမှုကို ပြန်လည်တမ်းတစေသော ဆွဲဆောင်မှုများ သည် အမေရိကန်နိုင်ငံရေးကို ပြန်လည် ပုံဖော်ခဲ့သည့် "အမေရိကန်ပထမ" (America First) အယူဝါဒကို ပဲ့တင်ထပ်နေသည်။
ဆယ်စုနှစ်ပေါင်းများစွာ ဂျပန်နိုင်ငံသည် သိုသိပ်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် စီးပွားရေး ဆိုင်ရာ အပြန်အလှန်မှီခိုမှုတို့အပေါ်အခြေခံကာ ၎င်း၏ စစ်ပြီးခေတ် အမှတ်သရုပ်ကို တည်ဆောက်ခဲ့ သည်။ ထိုဘုံသဘောတူညီချက်သည် ယခုအခါ နိုင်ငံတွင်း စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။
တာကာအိချိ၏ နိုင်ငံရေးအရှိန်အဝါ မြင့်တက်လာခြင်းသည် ပိုမို၍ အပေးအယူဆန်ပြီး မာကျောပြတ်သားသော နိုင်ငံခြားရေးမူဝါဒဆီသို့ ဦးတည်နေကြောင်း ဖော်ပြနေသည်။ ဂျပန်အတွက် ရှင်းလင်း ပြတ်သားမှုမရှိဘဲ ချက်ချင်းလက်ငင်း အကျိုးကျေးဇူးလည်းမရှိသော နိုင်ငံတကာ သဘောတူညီချက်များကို သူမက သံသယရှိနေသည်။ ယခင်က ကုန်သွယ်ရေးသဘောတူညီချက်များကို ပြန်လည်ညှိနှိုင်းရန် သူမ၏ တောင်းဆိုမှုများသည် ထရမ့်အစိုးရ၏ အပေးအယူဆန်လွန်းသော သံတမန် ရေးကို ထင်ဟပ်နေသည်။
ရေရှည်တည်တံ့သော မဟာမိတ်ဖြစ်မှုများနှင့် ကမ္ဘာလုံးဆိုင်ရာ စံနှုန်းများထက် ရေတို အမျိုးသား အကျိုး စီးပွားကို ဦးစားပေးသည့် ဤချဉ်းကပ်မှုသည် ဂျပန်၏ အစဉ်အလာ အခန်းကဏ္ဍဖြစ်သည့် လစ်ဘရယ် နိုင်ငံတကာအစီအစဉ်၏ အုတ်မြစ်အဖြစ်မှ ဖယ်ခွာကာ ကိုယ့်ဘာသာ ရပ်တည်ရန် ပိုမို တိမ်းညွတ် မှုရှိနေသည်ကို ပြသနေသည်။
ဤ “ဂျပန်ပထမ” သဘောထားသည် လူဝင်မှုကြီးကြပ်ရေးကိစ္စတွင် အထင်ရှားဆုံးဖြစ်သည်။ လျင်မြန်စွာ အိုမင်းလာပြီး လူဦးရေ လျော့နည်းလာသည့် လူဦးရေဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသော ဂျပန်နိုင်ငံတွင် တာကာအိချိသည် လူဝင်မှုကြီးကြပ်ရေးကို ဖြေရှင်းမှုတစ်ခုအဖြစ် လက်ခံမှုမပြုဘဲ ခြိမ်းခြောက်မှုအဖြစ် ပုံဖော်ခဲ့သည်။ သူမ၏ မူဝါဒသည် နယ်စပ်ထိန်းချုပ်မှုနှင့် နိုင်ငံခြားသားများအပေါ် ကန့်သတ်ချက်များကို သိသိသာသာ တင်းကျပ်ရန် တောင်းဆိုမှုများအပေါ် အခြေခံထားသည်။
ရွှေ့ပြောင်းနေထိုင်သူများကို ဂျပန်၏ လူမှုရေးတည်ဆောက်ပုံနှင့် ယဉ်ကျေးမှုသဟဇာတဖြစ်မှုအပေါ် အန္တရာယ်ဖြစ်စေသူများအဖြစ် ပုံဖော်ခြင်းဖြင့် သူမသည် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတစ်ဝန်း တွင်ရှိနေသည့် ရွှေ့ပြောင်းနေထိုင်သူ ဆန့်ကျင်ရေးစိတ်ဓာတ်ကို ဖြစ်ပေါ်စေသော ပဋိပက္ခဖန်တီးသည့် စကားလုံးများကို အသုံးပြုခဲ့သည်။ ဤရပ်တည်ချက်သည် ဂျပန်အတွက် နိုင်ငံခြားအလုပ်သမားများအား စီးပွားရေးအရလိုအပ်နေမှုကို လျစ်လျူရှုပြီး လူထု(လူပြိန်း)အကြိုက် နိုင်ငံရေးသမားများ၏ ထုံးစံအတိုင်း အမျိုးသားရေးစိုးရိမ်ပူပန်မှုများကို အသုံးချခဲ့သည်။
ထို့အပြင် တာကာအိချိ၏ အမျိုးသားရေးဝါဒသည် ဂျပန်၏ သရုပ်လက္ခဏာ၏ ထူးခြားသော အမြင်နှင့် သမိုင်းကြောင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည်။ ပြတ်သားသော အစဉ်အလာဝါဒီတစ်ဦးအနေဖြင့် သူမသည် ဂျပန်၏ စစ်အတွင်းအတိတ်ကို ပြန်လည်ပြင်ဆင်လိုသည့် အမြင်များနှင့်အငြင်းပွားဖွယ်ရာ ယာဆူကူနိ နတ်ကွန်းသို့ သူမက ပုံမှန်သွားရောက်ခြင်းတို့သည် သူမ၏ ကိုယ်ပိုင်ယုံကြည်ချက်များ သက်သက်မျှ မဟုတ်ပါ။ ၎င်းတို့သည် နိုင်ငံရေးဆိုင်ရာ ထုတ်ဖော်ပြောဆိုချက်များဖြစ်နေသည်။
၎င်းတို့ သည် စစ်ပြီးခေတ် စစ်ဆန့်ကျင်ရေးဝါဒ၏ အကန့်အသတ်များမှ ကင်းလွတ်ပြီး ပိုမိုပြတ်သား၍ တောင်းပန်ခြင်းမရှိသော အမျိုးသားရေးပုံရိပ်ဖော်ညွှန်းမှုကို ပြန်လည်ရယူလိုသည့် ဆန္ဒကို ဖော်ပြနေ သည်။ နိုင်ငံ၏ သမိုင်းကြောင်းကို မျက်နှာချေလိမ်းဖော်ပြသည့် ဤယဉ်ကျေးမှုဆိုင်ရာ အမျိုးသား ရေးဝါဒသည် အနောက်နိုင်ငံများရှိ ယဉ်ကျေးမှုစစ်ပွဲများကဲ့သို့ပင် ပျောက်ဆုံးသွားသော ကြီးမြတ်မှုနှင့် ရိုးရာဓလေ့များကို တမ်းတခြင်းဖြင့် လူအဖွဲ့အစည်းတစ်ရပ်လုံးကို လှုံ့ဆော်ရန် အထောက်အကူ ဖြစ်စေ သည်။
ရှင်းရှင်းပြောရလျှင် ဆနဲ တာကာအိချိသည် ဒေါ်နယ်ထရမ့်၏ ကာဗွန်မိတ္တူမဟုတ်ပါ။ သူမ၏ နိုင်ငံရေးသည် ဂျပန်၏ ထူးခြားသော သမိုင်းနှင့် ရှေးရိုးစွဲကိုယ်ပိုင် ရိုးရာအစဉ်အလာများ၏ အသီးအပွင့် တစ်ခုဖြစ်နေသည်။ သို့သော်လည်း ထင်ရှားသော ဆင်တူမှုများကို လျစ်လျူရှုလိုက်ပါက ပိုမိုကြီးမားသော ကမ္ဘာလုံးဆိုင်ရာ လမ်းကြောင်းကို လွဲချော်သွားစေလိမ့်မည်။ စီးပွားရေးကာကွယ်ရေးဝါဒ၊ တင်းကျပ်သော လူဝင်မှုကြီးကြပ်ရေးမူဝါဒများနှင့် ပြင်းပြသော အမျိုးသားရေးဝါဒတို့ ပေါင်းစပ်ထားသော ဖော်မျူလာ သည် ကမ္ဘာတစ်ဝန်းတွင် အစွမ်းထက်ကြောင်း သက်သေပြနေသည်။
“အမေရိကန် ပထမ” က သမ္မတအိမ်ဖြူတော်၏ ထုတ်ပြန်ထားသော မူဝါဒပြန်ဖြစ်လာသည့် အခြေ အနေကို ကမ္ဘာကြီးရင်ဆိုင်နေရချိန်တွင် တာကာအိချိကဲ့သို့သော “ဂျပန် ပထမ” ထောက်ခံသူတစ်ဦး ပေါ်ပေါက်လာခြင်းသည် ခေတ်၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ ၎င်းသည် ဂျပန်ကို အတွင်းဘက်သို့ ဦးတည်စေနိုင်ပြီး ၎င်း၏ မဟာမိတ်များနှင့် ဆက်ဆံရေးနှင့် ကမ္ဘာ့စင်မြင့်ပေါ်တွင် ၎င်း၏ ရပ်တည်ချက်ကို အခြေခံကျကျ ပြောင်းလဲစေနိုင်သည့် ကြီးမားသော အပြောင်းအလဲကို ကိုယ်စားပြုနေသည်။ နေမင်းသည်ပိုမိုပြတ်သား၍ ပိုမို အမျိုးသားရေးဝါဒီဆန်သော အသစ်တစ်ရပ်တွင် ထွန်းလင်းလာပြီး ၎င်း၏ အရိပ်သည် အလွန်အမင်း ရင်းနှီးကျွမ်းဝင်ပြီးသား ပုံရိပ်ဖြစ်နေပါသည်။
(ယခု သုံးသပ်ချက်ဆောင်းပါးကို AP, ရိုက်တာနှင့် နိုင်ငံတကာ သတင်းပေးပို့ချက်များအပေါ် အခြေခံ၍ ဆန်းစစ်သုံးသပ်ထားခြင်းဖြစ်ပါသည်။)
ပန်းပဲ၊ ပန်းထိမ်၊ ပန်းပု၊ ပန်းချီ၊ ပန်းယွန်း အစရှိတဲ့ မြန်မာမှုပန်းဆယ်မျိုးကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်လမ်းတို ပြိုင်ပွဲတစ်ခု ကျင်းပသွားမယ်လို့မြန်မာအနုပညာနှင့်ယဉ်ကျေးမှုဖွံဖြိုးတိုးတက်ရေးအသင်း(ဗဟို)ရန်ကုန်မှ သိရပါတယ်။
#Local_News
Published 04 October 2025
#မြန်မာ့ပန်းဆယ်မျိုး #ပန်းပု_ပန်းချီ_ပန်းယွန်း
#YMG/SW #Yangon_Times
5 October 2025
▪️လေသင်္ဘောလို ပုံစံရှိတဲ့ S1500 ကမ္ဘာ့အကြီးဆုံး ပျံသန်းနိုင်တဲ့ လေအားလျှပ်စစ်ထုတ်တာဘိုင်ဟာ မကြာသေးခင်က စမ်းသပ်ပျံသန်းမှုအတွင်း တစ်မဂ္ဂါဝပ် (1 megawatt) လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။
▪️လေအားလျှပ်စစ်တာဘိုင်တွေဟာ တရုတ်နိုင်ငံရဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အပေါ် ကြီးမားစွာ အားထား ရတဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နှင့်ပြီးသားပါ။ ဒါပေမယ့် တရုတ်နိုင်ငံဟာ ကုန်ကျစရိတ်ကို လျှော့ချဖို့နဲ့ စွမ်းဆောင်ရည်ကို တိုးမြှင့်ဖို့ နည်းလမ်းတွေကို အမြဲတမ်း ရှာဖွေနေပါတယ်။ အဲဒီလိုနဲ့ပဲ လျှပ်စစ်ဓာတ်အား အမြောက်အမြား ထုတ်လုပ်နိုင်ပြီး နေရာအနှံ့အပြားကို လျင်မြန်စွာ ရွှေ့ပြောင်း တပ်ဆင်နိုင်ပြီး လေမှုတ်သွင်းပြီးဖောင်းရတဲ့ ဘက်စုံသုံး လေအားတာဘိုင်တစ်မျိုးကို တီထွင် နိုင်ခဲ့ တာပါ။
▪️S1500 ပေါ်လောပေါ် လေအားလျှပ်စစ်စနစ်ဟာ ၁၃ ထပ်အဆောက်အအုံလောက် မြင့်ပြီး ဘက်စကက်ဘောကွင်း လောက် ရှည်လျားပါတယ်။ ပျံသန်းနေတဲ့ ဧရာမ လေယာဉ်အင်ဂျင်ပုံစံနဲ့တူပြီး သမားရိုးကျရဟတ် တိုင်တွေ (မီတာ ၂၀၀ ခန့်) ရဲ့ အမြင့်ထက် လေတိုက်နှုန်းပိုမြန်ပြီး ပိုတည်ငြိမ်တဲ့ မီတာ ၁,၅၀၀ အမြင့်အထိ လုပ်ကိုင်နိုင်စွမ်းရှိပါတယ်။

▪️ပေကျင်း လင်ရီ ယွင်ချွမ်း စွမ်းအင်နည်းပညာ ကုမ္ပဏီလီမိတက် (Beijing Linyi Yunchuan Energy Technology Co. Ltd.) က တီထွင်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး ပျံသန်းနိုင်တဲ့ လေအားတာဘိုင်ဟာ ဟီလီယမ်ဓာတ်ငွေ့ဖြည့်ထားတဲ့ ပင်မအိတ်ကြီးတစ်ခုနဲ့ ကွင်းပုံသဏ္ဌာန်အတောင်ပံတစ်ခု ပါရှိပြီး အဲဒီကွင်းပုံသဏ္ဌာန်အတောင်ပံဟာ တည်ငြိမ်တဲ့ အမြင့်ပိုင်းလေတိုက်နှုန်းတွေကို အသုံးပြုပြီး ရဟတ်ကို လည်ပတ်စေတဲ့ ဧရာမပြွန်ကြီးတစ်ခုကို ဖြစ်ပေါ်စေပါတယ်။
▪️ကီလိုဝပ် ၁၀၀ ထုတ်လုပ်ပေးတဲ့ မီးစက် ၁၂ လုံးရဲ့အကူအညီနဲ့ ဖန်တီးမှုအားကောင်းတဲ့ လျှပ်စစ် ထုတ်လုပ်ရေးစနစ်ဟာ ကေဘယ်ကြိုးတွေကနေတစ်ဆင့် လျှပ်စစ်ဓာတ်အားကို မြေပြင်ကို တည်ငြိမ်စွာ ပေးပို့ပါတယ်။
▪️ပျံသန်းနေတဲ့ တာဘိုင်တွေရဲ့ အဓိကအားသာချက်တွေထဲက တစ်ခုကတော့ ကြီးမားတဲ့ သတ္တု တာဝါတိုင်တွေနဲ့ ရဟတ်တွေ တည်ဆောက်ဖို့ မလိုအပ်တာကြောင့် တစ်ကီလိုဝပ်နာရီ ကုန်ကျစရိတ်ကို ၃၀% လျှော့ချနိုင်ပါတယ်။ လေမှုတ်သွင်းရတဲ့ ဒီဇိုင်းကြောင့် ခရီးဝေးကို ရွှေ့ပြောင်းရလွယ်ကူစေပါတယ်။
▪️ပေကျင်း လင်ရီ ယွင်ချွမ်း စွမ်းအင်နည်းပညာ ကုမ္ပဏီလီမိတက် ဟာ လာမယ့်နှစ်ကစပြီး S1500 လေအားတာဘိုင်တွေကို အများအပြားထုတ်လုပ်ဖို့ စီစဉ်ထားပေမဲ့ စည်းမျဉ်းစည်းကမ်းဆိုင်ရာ မူဘောင်တွေနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး စံနှုန်းတွေ၊ ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေမှာ တပ်ဆင်မှုရဲ့ တည်ငြိမ်မှုကို သရုပ်ပြနိုင်ဖို့နဲ့ အစိတ်အပိုင်းတွေရဲ့ ခံနိုင်ရည်ရှိမှု စတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားရဦးမှာ ဖြစ်ပါတယ်။
▪️ “လေထုထဲမှာရှိတဲ့ လေစွမ်းအင်ကို တန်ဖိုးတင့်သင့်ပြီးသဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိတဲ့ လျှပ်စစ်ဓာတ်အားရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာစေဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ ပေကျင်း လင်ရီ ယွင်ချွမ်း စွမ်းအင်နည်းပညာ ကုမ္ပဏီလီမိတက်ရဲ့ အမှုဆောင်အရာရှိချုပ် Dun Tianrui က ပြောကြားခဲ့ပါတယ်။
Source SCMP
#World_Health
Published 05 October 2025
▪️ သွေးကြောဆေးသွင်းနည်း(IV)ဆိုတာဟာ ဆေးရည်တွေ၊ အာဟာရဓာတ်တွေကို လူနာရဲ့ သွေးကြောကနေ သွေးလမ်းကြောင်းထဲ ထိုးသွင်းတဲ့ နည်းပညာဖြစ်ပါတယ်။
▪️ လိမ်းဆေးတွေ သောက်ဆေးတွေက အာနိသင်ရဖို့ အချိန်ယူရပေမယ့် IV ကတော့ ချက်ချင်းထိရောက်နိုင်ပါတယ်။
▪️ IV ကို ကျွမ်းကျင်သူကသာ ပြုလုပ်ကြပြီး အာဟာရဓာတ် ဆိုးရွားစွာချို့တဲ့ခြင်းကို ကုသတဲ့နေရာမှာ သုံးကြသလို နာကျင်ကိုက်ခဲမှုနဲ့ ကျန်းမာရေးအခြေအနေတွေအတွက်လည်း အသုံးပြုကြပါတယ်။
▪️ IV ကို ဆေးဘက်ဆိုင်ရာ ကြပ်မတ်မှုအောက်မှာ ဘေးကင်းစိတ်ချရနိုင်ပါတယ်။
▪️ ရေဓာတ်ခန်းခြောက်ခြင်း၊ အာဟာရဓာတ်ချို့တဲ့ခြင်း၊ ဆေးချက်ချင်းရောက်ရှိစေလိုခြင်းတို့အတွက် အသုံးပြုကြပါတယ်။
▪️ ဒါပေမဲ့ ဆေးထိုးတဲ့နေရာမှာ ရောဂါပိုးဝင်ခြင်း၊ သွေးကြောရောင်ရမ်းခြင်း၊ ဆေးရည်လျှံထွက်ခြင်းတို့ ဖြစ်တတ်ပါတယ်။
▪️ ဆေးဘက်ဆိုင်ရာ အထောက်အပံ့မရှိဘဲ အသုံးပြုပါကလည်း ဘေးအန္တရာယ်ရှိနိုင်ပါတယ်။
▪️ ဗိုက်တာမင်တွေကို သွေးကြောထဲသို့ တိုက်ရိုက်ထည့်သွင်းတဲ့နေရာမှာလည်း အသုံးပြုပါတယ်။
▪️ နာမည်ကြီးပုဂ္ဂိုလ်တွေဆီကနေ ထောက်ခံမှုရပြီးနောက် ဗိုက်တာမင် IV ထိုးခြင်းက ရေပန်းစားလာပါတယ်။
▪️ နည်းလမ်းကတော့ ဆေးပိုက်ပြွန်လေးကို လက်မှာရှိတဲ့ သွေးကြောထဲထည့်သွင်းကာ ပိုက်ကို ဆေးရည်ပါတဲ့ IV အိတ်နဲ့ ချိတ်ဆက်ထားပါတယ်။
▪️ ဆေးရည်သွားနှုန်းကို လူနာထဲ သင့်တော်သလောက် ရောက်ရှိဖို့အတွက် ချိန်ညှိနိုင်ပါတယ်။
▪️ ခြုံပြောရရင် IV ကုသနည်းက ဘေးကင်းထိရောက်ပေမယ့် ဘေးအန္တရာယ်လည်း ရှိနိုင်တာကြောင့် ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသာ ဆောင်ရွက်သင့်ပါတယ်။
Source: DoctorNDTV
#World_Science
Published 05 October 2025
▪️ ပြီးခဲ့တဲ့လ အမေရိကန်အစိုးရ အမိန့်ကြေညာချက်အရ နာဆာ(NASA)ဟာ နိုင်ငံတော်ထောက်လှမ်းရေးနဲ့ လုံခြုံရေးအေဂျင်စီအဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
▪️ အခုဆိုရင် ထောက်လှမ်းရေး၊ တန်ပြန်ထောက်လှမ်းရေး၊ စုံစမ်းစစ်ဆေးရေး၊ လုံခြုံရေးတာဝန်များ အပါအဝင် ယခင်နဲ့ကွဲပြားတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်နေပါတယ်။
▪️ ဒါကြောင့် နာဆာက အာကာသယာဉ်တွေ ထုတ်လုပ်မယ့်အစား သူလျှိုယာဉ်တွေ ထုတ်လုပ်လာမှာလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။
▪️ ဒီကိစ္စက နာဆာဝန်ထမ်းများကြား မကျေနပ်ချက် ထွက်ပေါ်လာကာ ယခုသီတင်းပတ် အစောပိုင်းအတွင်း နာဆာရုံးချုပ်အပြင်ဘက်မှာ ဆန္ဒပြခဲ့ကြပါတယ်။
▪️ ဒီအမိန့်ကို ရပ်တန့်ဖို့ တရားစွဲဆိုချက်အများအပြား တင်ခဲ့ကြပါတယ်။
ဒေါ်နယ်ထရမ့်က ၂၀၂၆ ခုနှစ်အတွက် နာဆာအသုံးစရိတ် လျှော့ချကြောင်း ကြေညာထားပါတယ်။
▪️ ၂၅ ရာခိုင်နှုန်းနီးပါး လျှော့ချဖို့ အဆိုပြုခဲ့တာဖြစ်ပြီး ၂၄.၈ ဘီလီယံကနေ ၁၈.၈ ဘီလီယံအထိ လျော့နည်းသွားမှာ ဖြစ်ပါတယ်။
▪️ ထရမ့်က အာကာသကို စစ်ရေးအသုံးချဖို့ စိတ်ဝင်စားနေတဲ့ပုံပေါ်ပြီး Golden Dome ဒုံးကျည်ကာကွယ်ရေးအစီအစဉ်ရဲ့ အစိတ်အပိုင်း ဖြစ်လာနိုင်ပါတယ်။
▪️ နာဆာယာယီအကြီးအကဲ ရှောင်ဒပ်ဖီပြောပုံအရ ထရမ့်ဟာ တရုတ်ထက်အရင် လကမ္ဘာသို့ လူတွေစေလွှတ်ချင်နေသလို မားစ်ဂြိုဟ်ဆီကိုလည်း ရောက်ချင်နေပါတယ်။
▪️ နာဆာရဲ့ ကမ္ဘာ့သိပ္ပံလုပ်ငန်းတာဝန်တွေ ရပ်ဆိုင်းမှာဖြစ်ပေမယ့် Artemis အာကာသလုပ်ငန်းစဉ်ကတော့ ဆက်ရှိနေမယ်လို့ ပြောသွားပါတယ်။
Source: WION.
ဖိလစ်ပိုင်မှလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အိမ်ရာတွေပျက်စီးကာ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေသဖြင့် အသက်ရှင်ကျန်ရစ်သူတွေဟာ အပြင်ဘက်မှာ အိပ်စက်နေကြရပါတယ်။
#Asia_Crisis
Published 04 October 2025
#ဖိလစ်ပိုင် #ငလျင်
#YMG #Yangon_Times #Yangon_Media_Group
လာမယ့် ရွေးကောက်ပွဲအလွန်မှာ ကားဈေးကွက်အခြေအနေတွေ ကြီးမားတဲ့ ပြောင်းလဲမှုမဖြစ်ပေါ်နိုင်ဘဲ ပုံမှန်အတိုင်းသာဆက်ရှိနိုင်တယ်လို့မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 04 October 2025
#ကား #ရွေးကောက်ပွဲ
#YMG/NN #Yangon_Times
ဆီထွက်သီးနှံ တစ်ခုဖြစ်တဲ့ မြေပဲလှိုင်ချိန်မှာ စားအုန်းဆီ တင်သွင်းမှုများပြားပါက တောင်သူတွေ အခက်တွေ့နိုင်တယ်လို့ မြန်မာနိုင်ငံဆီစက်လုပ်ငန်းရှင်များအသင်းကသိရပါတယ်။
#Local_News
Published 04 October 2025
#မြေပဲ #စားအုန်းဆီ
#YMG/NN #Yangon_Times
(၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာလပထမပတ်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမမှာ ကျင်းပသွားမယ်လို့သိရပါတယ်။
#Local_News
Published 04 October 2025
#မြန်မာ့ကျောက်မျက်ရတနာ #နေပြည်တော်
#YMG/SW #Yangon_Times
#Daily_News
Published 04 October 2025
၁။ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပြုလုပ်မည်
၂။ မြေပဲလှိုင်ချိန် စားအုန်းဆီတင်သွင်းမှုများပြားပါက တောင်သူများအခက်တွေ့နိုင်
၃။ ရွေးကောက်ပွဲအလွန်၌ ကားဈေးကွက်ပုံမှန်အတိုင်းသာဆက်ရှိနိုင်
၄။ ဖိလစ်ပိုင်ငလျင်လှုပ်ခတ်ပြီးနောက် အိမ်ခြေများပျက်စီးသဖြင့်ဒေသခံများအပြင်ဘက်၌အိပ်စက်နေထိုင်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 04 October 2025
▪️ အမေရိကန်လွတ်လပ်ရေး နှစ် ၂၅၀ ပြည့်အထိမ်းအမှတ်အဖြစ် သမ္မတဒေါ်နယ်ထရမ့်ရဲ့ ပုံပါဝင်တဲ့ ၁ ဒေါ်လာတန်အကြွေစေ့ ထုတ်လုပ်ဖို့ ဘဏ္ဍာရေးဝန်ကြီးဌာန စဉ်းစားနေပါတယ်။
▪️ ဖြစ်လာနိုင်တဲ့ ဒီဇိုင်းအရ အကြွေစေ့တစ်ဖက်မှာ ထရမ့်လက်သီးလက်မောင်းတန်းနေပြီး ယမန်နှစ်က လုပ်ကြံခံရမှုကနေ အသက်ရှင်ကျန်ခဲ့တဲ့ အမှတ်အသား "fight, fight, fight" ဆိုတဲ့ စကားလုံးလည်း ပါဝင်ပါတယ်။
▪️ တခြားတစ်ဖက်မှာတော့ သူ့အပေါ်ကနေ လွတ်လပ်ခွင့်ဆိုတဲ့ စကားလုံးနဲ့ ၁၇၇၆-၂၀၂၆ လို့ ရေးသားပါတယ်။
▪️ ပထမဆုံးမူကြမ်းက အတားအဆီးတွေကြားမှာတောင် တည်မြဲတဲ့စိတ်ဓာတ်နဲ့ ဒီမိုကရေစီကို ကောင်းကောင်းဖော်ပြနေတယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဖော်ပြထားပါတယ်။
▪️ ယင်းက အစိုးရပိတ်သိမ်းမှု အဆုံးသတ်ပြီးနောက် သတင်းအချက်အလက်တွေ ပိုမိုမျှဝေမယ်လို့ ပြောကြားခဲ့ပြီး လွှတ်တော်အမတ်တွေဟာ အသုံးစရိတ် ဥပဒေကြမ်းသစ်နဲ့ ပတ်သက်လို့ ဖက်ဒရယ်လုပ်ဆောင်ရပ်များစွာ ရပ်ဆိုင်းလိုက်ကြောင်း X ဆိုရှယ်မီဒီယာမှာ ဖော်ပြထားပါတယ်။
▪️ ၂၀၂၆ မှာ ဘဏ္ဍာရေးဝန်ကြီးဌာနကို အမေရိကန်ပြည်ထောင်စု နှစ်ငါးရာပြည့်နှစ်အတွက် သင်္ကေတဒီဇိုင်းများဖြင့် ၁ ဒေါ်လာတန် အကြွေစေ့များ ထုလုပ်ခွင့်ဥပဒေကို လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
▪️ အကြွေစေ့တခြားတစ်ဖက်မှာတော့ ၁၉၆၉ မှာ ကွယ်လွန်ခဲ့ပြီး ၁၉၇၁ မှာ တစ်ဒေါ်လာတန် အကြွေစေ့မှာ ပထမဆုံးသမ္မတအဖြစ် ပါဝင်ခဲ့တဲ့ သမ္မတဟောင်း ဒွိုက်ဒီအီဆန်ဟောင်ဝါရဲ့ပုံ ပါဝင်ပါတယ်။
▪️ အကြွေစေ့ဒီဇိုင်းကို ထရမ့်သဘောကျခြင်းရှိမရှိနဲ့ ပတ်သက်ပြီး အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလင်းလီဗစ်က သူသဘောကျမှာ သေချာတယ်လို့ ပြောသွားပါတယ်။
Source: India Today
#World_Health
Published 04 October 2025
အမျိုးသမီးတွေမှာ အိမ်တွင်းကိုယ်ဝန်စစ်ကိရိယာဆိုတာက ဆီးထဲမှာ hCG ဟော်မုန်းတွေကို ရှာဖွေတာ ဖြစ်ပါတယ်။
အမျိုးသမီးတွေ သန္ဓေအောင်တဲ့အခါ hCG အလျင်အမြန် များပြားလာပါတယ်။
ဒါကြောင့် hCG က ကိုယ်ဝန်ရှိမရှိ စစ်ဆေးတဲ့ အမှတ်အသားတစ်ခုလို့ ပြောလို့ရပါတယ်။
ယောက်ျားတွေမှာ ကိုယ်ဝန်မဆောင်နိုင်တာကြောင့် အဆိုပါဆီးစစ်တံနဲ့ စစ်ဆေးရင် အနုတ်လက္ခဏာ ပြရမှာပါ။
ဒါပေမဲ့ ရှားရှားပါးပါးအနေနဲ့ အမျိုးသားတွေမှာ အပေါင်းလက္ခဏာ ပေါ်ပေါက်တာမျိုး ဖြစ်နိုင်ပါတယ်။
ဒါဟာ ကိုယ်ဝန်ကြောင့်မဟုတ်ဘဲ hCG ထုတ်လုပ်နေတဲ့ အချို့သော အခြေအနေတွေကြောင့် ဖြစ်ပါတယ်။
ဝှေးစေ့အကျိတ်ရှိတဲ့ ယောက်ျားအများစုမှာ ဆဲလ်တွေ ပုံမှန်မဟုတ်ကြီးထွားရာကနေ hCG ထုတ်လုပ်ပါတယ်။
အသည်း၊ အစာအိမ်၊ အဆုတ်တို့မှ ရှားပါးအကျိတ်တွေမှာလည်း hCG ထုတ်လုပ်လေ့ရှိပါတယ်။
ဒါကြောင့် အမျိုးသားတွေမှာ ဆီးစစ်တံနဲ့စစ်ဆေးလို့ အပေါင်းလက္ခဏာပေါ်ရင် ကိုယ်ဝန်ရှိတဲ့သဘောမဟုတ်ပေမယ့် ကျန်းမာရေးပြဿနာတွေတော့ ဖြစ်နိုင်ပါတယ်။
အထူးသဖြင့် ဝှေးစေ့ကင်ဆာဖြစ်တဲ့အခါ hCG ထွက်လာတာကြောင့် မပေါ့ဆသင့်ပါဘူး။
ယောက်ျားများ ကျန်းမာရေးနဲ့ မျိုးပွားအခြေအနေ ကောင်းမွန်နေစေရန်အတွက်ဆိုရင် ဆရာဝန်နဲ့ ပုံမှန်ပြသခြင်း၊ ဆေးလိပ်အရက်ဖြတ်ခြင်း၊ သန့်ရှင်းစွာ နေထိုင်ခြင်း၊ နေထိုင်စားသောက်မှုပုံစံ ထိန်းသိမ်းခြင်း၊ ကူးစက်မှုကာကွယ်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။
Source: Indian Express.
Page 266 of 2056