#World_Health
Published 1 January 2026
■ လက်သည်းတွေကို သွားဖြင့်ကိုက်တဲ့ အလေ့အကျင့်က ထင်ထားတာထက် ပိုပြီးဘေးအန္တရာယ် ဖြစ်စေတယ်လို့ ဆရာဝန်များ သတိပေးထားပါတယ်။
■ လက်သည်းကိုက်တဲ့အခါ အနားတဝိုက်က အသားမာတွေနဲ့ အရေပြားတွေပါ ကိုက်မိကြပါတယ်။
■ ဒီအလေ့အကျင့်ဟာ ကလေးဘဝတည်းက စတင်တာဖြစ်တယ်လို့ စိတ်ရောဂါကုဆရာဝန် လာဗာညာရှာမာက ပြောပါတယ်။
■ ကလေးအများစုကတော့ ဒီအကျင့် ပျောက်သွားကြပေမယ့် အချို့ကတော့ ဆက်လက်ကျန်ရှိနေပြီး အလိုအလျောက် ကိုက်မိတတ်ကြပါတယ်။
■ လက်သည်းကိုက်တဲ့အခါ အာရုံခံစားမှု အာရုံစူးစိုက်မှု ရုတ်တရက်ပြောင်းလဲစေတာကို ဦးနှောက်က သိရှိလာကာ အချိန်ကြာလာရင် ကိုယ်တိုင်တောင် သတိမထားမိတော့ဘဲ ပြုမူနေတတ်ပါတယ်။
■ ဖိစီးမှု၊ ပျင်းရိမှုတို့ ကြုံရတဲ့အခါ တုံ့ပြန်တဲ့အနေဖြင့် စတင်ကိုက်မိတာဖြစ်ပြီး ထိန်းချုပ်ရခက်ခဲကာ လက်သည်းဖြစ်ပေါ်စေတဲ့ တစ်ရှူးတွေ ထိခိုက်တာကြောင့် လက်သည်းတွေ ပုံသဏ္ဍာန်ပျက်ယွင်းလာပါတယ်။
■ လက်သည်းနားတဝိုက်က အရေပြား အကြိမ်ကြိမ်ပျက်စီးကာ မှိုကူးစက်တွေ ဖြစ်လာနိုင်ပါတယ်။
■ လက်သည်းကိုက်ခြင်းဖြင့် လက်ချောင်းမှ အန္တရာယ်ရှိ ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေ ပါးစပ်ထဲရောက်ရှိကာ ရောဂါကူးစက်လွယ်လာပါတယ်။
■ အလေ့အကျင့်ပျောက်အောင် လေ့ကျင့်လုပ်ယူခြင်း၊ တုံ့ပြန်မှုသတိထားခြင်း၊ လက်သည်းကိုက်လိုစိတ်ကို ထိန်းချုပ်ခြင်းတို့ဖြင့် ထိရောက်စွာ ကာကွယ်နိုင်ပါတယ်။
■ စိတ်ခံစားချက် ထိန်းချုပ်ခြင်း၊ စိုးရိမ်ပူပန်စိတ်တွေကို ထောက်ပံ့အားပေးခြင်းတို့ဖြင့် အဆိုပါနည်းလမ်းတွေကို ထိရောက်အောင် ပြုလုပ်ပေးနိုင်ပါတယ်။
Source: India Today.