#World_Health
Published 1 January 2026
■ ဗိုက်တာမင်-ဒီက ကယ်စီယံစုပ်ယူမှု၊ ကိုယ်ခံအားမျှတမှု၊ ကြွက်သားကြံ့ခိုင်မှုတို့အတွက် အရေးကြီးပါတယ်။
■ ဒါပေမဲ့ ဗိုက်တာမင်-ဒီ အမြဲနည်းပါးနေရင်တော့ အရိုးအားနည်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ ရောဂါဘယ ကူးစက်နိုင်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
■ ဗိုက်တာမင်-ဒီက အာရုံကြောတွေနဲ့ ဟော်မုန်းတွေကို ထိန်းညှိပေးတာကြောင့် အချို့တွေမှာဆိုရင် စိတ်အပြောင်းအလဲဖြစ်ခြင်း၊ အိပ်စက်မှုပြဿနာများနဲ့ ရင်ဆိုင်ရတတ်ကြောင်း ဂျူပီတာဆေးရုံမှ ဒေါက်တာ အာမစ်ဆာရက်ဖ်က ပြောပါတယ်။
■ ခန္ဓာကိုယ်ထဲမှာ ဗိုက်တာမင်-ဒီ တစ်မီလီလီတာလျှင် ၁၂ နာနိုဂရမ်နှုန်းအောက်က ချို့တဲ့လွန်းတဲ့ ပမာဏဖြစ်ပြီး ကြာလာတဲ့အခါ အရိုးဆုံးရှုံးခြင်း၊ အရိုးပျော့ခြင်း၊ ဆီးချိုသွေးတိုးတို့လို ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ခြေများစေပါတယ်။
■ ပင်ပန်းလွယ်ခြင်း၊ ကိုက်ခဲခြင်း၊ ကြွက်တက်ခြင်း၊ ခါတိုင်းထက် အအေးမိလွယ်ခြင်းတို့ ကြုံလာရပြီဆိုရင် ဗိုက်တာမင်-ဒီ ချို့တဲ့တဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။
■ နေထွက်တဲ့အချိန်တွေမှာ လူတွေက အဆောက်အဦတွေထဲမှာပဲ အနေများတာကြောင့် နေရောင်ခြည်ကနေ ဗိုက်တာမင်-ဒီရရှိမှု နည်းစေပြီး အစားအစာနဲ့လည်း သိပ်ပြီး အကူအညီမဖြစ်ပါဘူး။
■ ထိုအခါမှာ တစ်ပတ်ကို ဗိုက်တာမင်-ဒီ ပမာဏမြင့်မားစွာဖြင့် သီတင်းပတ်တွေကြာအောင် ကုသရပြီး ဆက်လက်ကုသသွားရမှာ ဖြစ်ပါတယ်။
■ အလွန်အကြူးမဖြစ်စေရန်လည်း ပုံမှန်စစ်ဆေးမှုတွေ ပြုလုပ်ပေးရပါမယ်။
■ မနက်ခင်းနေရောင်ခြည်ကို ၁၅-၂၀ မိနစ်ခန့် နေ့စဉ်ထိတွေ့ပေးသင့်ပြီး ပုံမှန်လမ်းလျှောက်ခြင်း၊ ဗိုက်တာမင်-ဒီပါဝင်တဲ့ နို့၊ ဒိန်ချဉ်၊ အသား၊ ကြက်ဥ၊ အဆီပါသောငါးတို့လည်း စားသုံးခြင်းတို့ ပြုလုပ်သင့်ပါတယ်။
Source: Indian Express