အရှေ့အလယ်ပိုင်းပဋိပက္ခ စိုးရိမ်မှုလျော့ကျလာတာကြောင့် ရေနံနဲ့ ရွှေဈေးနှုန်းများ တနင်္လာနေ့က သိသိသာသာ ကျဆင်းသွားကာ အနောက်တက္ကဆပ် အင်တာမီဒီယိတ်(WTI) ရေနံစိမ်းဈေးကွက်နဲ့ နိုင်ငံတကာရွှေဈေးနှုန်းတို့ ၃ ရာခိုင်နှုန်းကျော် ကျဆင်းလာပါတယ်။
#World_Business
Published 28 November 2024
#အစ္စရေးလ်နှင့်ဟက်ဇ်ဘိုလာ #ရွှေဈေးကျဆင်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 28 November 2024
၁။ ပို့ကုန်အခြေပြုအရန်ဆန် အိတ်ရေ ၈ သိန်းအထိရှိသောကြောင့် ပြည်တွင်း ဆန်ပြတ်လပ်မှုမရှိနိုင်ဟု MRF ဥက္ကဋ္ဌပြော
၂။ အမျိုးသားအားကစားပွဲတော်၌ ပါဝင်ယှဉ်ပြိုင်ရန် မြန်မာ့ရိုးရာသိုင်းအားကစားသမားများစခန်းသွင်းလေ့ကျင့်ခြင်းများပြုလုပ်နေ
၃။ ကျိုက်ထီးရိုးစေတီတော်သို့ တစ်လကျော်အတွင်း နိုင်ငံခြားသား ဧည့်သည်များအပါအဝင် ဘုရားဖူးတစ်သိန်းခုနှစ်သောင်းကျော်လာရောက်ဖူးမျှော်
၄။ အစ္စရေးလ်နှင့်ဟက်ဇ်ဘိုလာ အပစ်အခတ်ရပ်စဲရေးသတင်းများကြောင့် နိုင်ငံတကာရေနံနှင့်ရွှေဈေးကျဆင်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမယ့် စတုတ္ထ အကြိမ်မြောက် မြန်မာ့နွားသိုးအလှ၊ အသားတိုးနွား၊ နို့စားနွားနှင့် ဆိတ်အလှပြပွဲပြိုင်ပွဲမှာ နွားနဲ့ဆိတ်ကောင်ရေ ၁၅၀ခန့် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သိရပါတယ်။
#Local_News
Published 28 November 2024
#ဆိတ်အလှပြပွဲ #မြန်မာ့နွားသိုးအလှ
#YMG/NN #Yangon_Times
နေပြည်တော်မှာ လာမယ့်ဒီဇင်ဘာလမှာကျင်းပမယ့် အမျိုးသားအားကစားပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်ဖို့ မြန်မာ့ရိုးရာသိုင်းအားကစားသမားတွေ စခန်းသွင်းလေ့ကျင့်တာကို တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားကွင်းမှာ ပြုလုပ်နေတယ်လို့မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်၊ ရန်ကုန်တိုင်းသိုင်းဆပ်ကော်မတီက သိရပါတယ်။
#Local_News
Published 28 November 2024
#အမျိုးသားအားကစားပွဲတော် #မြန်မာ့ရိုးရာသိုင်း
#YMG/NN #Yangon_Times
#Local_News
Published 28 November 2024
▪️ စင်ကာပူနိုင်ငံတွင် အိမ်အကူအဖြစ်အလုပ်လုပ်ကိုင်နေသည့် အသက်၂၆နှစ်အရွယ်မြန်မာအမျိုးသမီးတစ်ဦးကို တိရစ္ဆာန်များနှင့် ညှင်းပန်းနှိပ်စက်မှုအက်ဥပဒေအရ နိုဝင်ဘာလ၂၆ရက်က ထောင်ဒဏ်ကိုးလချမှတ်ခဲ့ကြောင်းCNA ၏ သတင်းဖော်ပြချက်မှ သိရသည်။
▪️ အသက် ၂၆ နှစ်အရွယ် မြန်မာအိမ်အကူအမျိုးသမီး Junny Lal Awn Pui၏ ညှင်းပန်းနှိပ်စက်သည့် လုပ်ရပ်များကြောင့် Boyboy အမည်ရှိ အသက်၁၅နှစ်အရွယ်ခွေးထီးလေး သေဆုံးသွားခဲ့ကြောင်း National Parks Board (NParks) တိရစ္ဆာန်ဆေးကုသရေးအစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။
▪️ မြန်မာအိမ်အကူအမျိုးသမီးသည် ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလတွင် အသက်၃၇နှစ်အရွယ်Heng အမည်ရှိ အမျိုးသမီးအိမ်တွင် အိမ်အကူအဖြစ်စတင် လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည်အလုပ်ရှင်၏ ညွှန်ကြားချက်ဖြင့် ခွေးကိုရိုက်နှက်ကာ လသာဆောင်လက်ရန်းတွင် ချိတ်ဆွဲထားခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်တိရစ္ဆာန်များနှင့် ညှင်းပန်းနှိပ်စက်မှုအက်ဥပဒေအောက်ရှိ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုစွဲချက်သုံးခုဖြင့် ပြစ်မှုထင်ရှားတွေ့ရှိခဲ့ခြင်းေကြာင့် ထောင်ဒဏ်ချမှတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
▪️ မြန်မာအိမ်အကူကို ထောင်ဒဏ်ချမှတ်ခဲ့သော်လည်း အလုပ်ရှင်ဖြစ်သူကို အရေးယူခြင်းရှိ မရှိကိုမသိရှိရသေးကြောင်း သိရသည်။
#YMG/SW#Yangon_Times
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ အခုနှစ်တောင်ဖွင့်ရာသီတစ်လကျော်အတွင်း နိုင်ငံခြားသားဧည့်သည်များအပါအဝင် ဘုရားဖူးတစ်သိန်းခုနှစ်သောင်းကျော်လာရောက်ဖူးမျှော်ခဲ့တယ်လို့ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံက သိရပါတယ်။
#Local_News
Published 28 November 2024
#ကျိုက်ထို #ကျိုက်ထီးရိုးစေတီတော်
#YMG/NN #Yangon_Times
ပို့ကုန်အခြေပြုအရန်ဆန် အိတ်ရေ ၈ သိန်းအထိရှိသောကြောင့် ပြည်တွင်း ဆန်ပြတ်လပ်မှုမရှိနိုင်ဘူးလို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 28 November 2024
#ဆန်ပြတ်လပ်မှုမရှိ #MRFဥက္ကဋ္ဌ
#YMG/NN #Yangon_Times
#Local_News
Published 28 November
▪️ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသောမြန်မာမိဘ၂ဦးက မွေးဖွားသည့် ကလေးများ မွေးဖွားခြင်းမှတ်ပုံတင်နိုင်ကြောင်း ဘန်ကောက်မြို့ရှိမြန်မာသံရုံးက ထုတ်ပြန်ထားသည်။
▪️ ထုတ်ပြန်ချက်အရ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ (၁၀)အရ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားမိဘ (၂)ပါးမှ မွေးဖွားသည့် ကလေးများအတွက် မွေးဖွားကြောင်းကို မွေးဖွားသည့်နေ့မှစ၍ တစ်နှစ် အတွင်း မြန်မာသံရုံး၊ ဘန်ကောက်မြို့ (သို့မဟုတ်) မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့တို့တွင် အောက်ပါပုံစံများ ဖြည့်စွက်၍ မိဘ (သို့မဟုတ်) အုပ်ထိန်းသူကိုယ်တိုင်လာရောက်၍ မှတ်ပုံတင် နိုင်ကြောင်း၊ေလျှာက်ထားရာတွင်ကလေးမွေးဖွားကြောင်း မွေးစာရင်းမိတ္တူ (အင်္ဂလိပ်ဘာသာပြန်) နှင့်အတူ မွေးဖွားသည့်နေ့မှစ၍ တစ်နှစ်အတွင်း မိဘ (သို့မဟုတ်) အုပ်ထိန်းသူက မြန်မာသံရုံး၊ ဘန်ကောက်မြို့ (သို့မဟုတ်) မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့သို့ လာရောက်၍ နိုင်ငံတော်ပြင်ပတွင် ကလေးမွေးဖွားခြင်းမှတ်တမ်း (ပုံစံ နိုင်-၈) ပူးတွဲ(က)ပါအား ဖြည့်စွက်၍ လာရောက်မှတ်ပုံတင်နိုင်ကြောင်း၊
▪️ ယင်းသို့မှတ်ပုံတင်ရာတွင် မိဘနှစ်ပါး၏ မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ မိဘနှစ်ပါး၏ လျှောက်လွှာနှင့် ဝန်ခံကတိပြုချက်မိတ္တူတို့ကို ပူးတွဲတင်ပြရမည်။ ကောင်စစ်အရာရှိများမှ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြအတည်ပြုချက်ရယူခြင်း၊ နိုင်ငံတော် ပြင်ပတွင် မွေးဖွားသော နိုင်ငံသားအတွက် မွေးဖွားကြောင်း မှတ်ပုံတင်ခြင်း၊ မိဘ၏ နိုင်ငံသားလက်မှတ်တွင် အမည်ထည့်သွင်းခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင်မြန်မာနိုင်ငံသားမိဘ(၂)ပါးမှ ထိုင်းနိုင်ငံတွင် မွေးဖွားသည့် ကလေးများအတွက် မွေးဖွားခြင်းမှတ်ပုံတင်ပြီးပါက ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်ရန်လိုအပ်ပါကစာရွက်စာတမ်းများ ပူးတွဲ(ခ)နှင့်အတူ မြန်မာနိုင်ငံကူးလက်မှတ် (မွေးတိုး) အား မြန်မာသံရုံး၊ ဘန်ကောက်မြို့နှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ချင်းမိုင်မြို့တို့၌ လျှောက်ထားနိုင်ကြောင်း သိရသည်။
#YMG/SW#Yangon_Times
#Local_News
Published 28 November 2024
▪️ ရုရှားနိုင်ငံက မြန်မာနိုင်ငံမှအလုပ်သမားများခေါ်ယူမှုစတင်နေပြီဖြစ်ပြီး ရုရှားနိုင်ငံ၏ လုပ်သားခေါ်ယူမှုပုံစံသည်နှစ်နိုင်ငံသဘောတူစာချုပ် (MOU) အရ အခမဲ့စနစ် (Zero-Cost) ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် အေဂျင်စီများအဖွဲ့ချုပ် (MOEAF)မှ သိရသည်။
▪️ ထိုသို့ အခမဲ့စနစ်(Zero-Cost)ဖြစ်သောကြောင့် မြန်မာနိုင်ငံမှသွားရောက်အလုပ်လုပ်ကိုင်မည့်သူများအေနဖြင့် အခြေခံကုန်ကျစရိတ်အနည်းငယ်သာကုန်ကျမည်ဖြစ်ကြောင်း MOEAF တာဝန်ရှိသူတစ်ဦးကပြောသည်။
▪️ ရုရှားဖက်မှ လုပ်သားခေါ်ယူရာတွင် ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများအတွက် ခေါ်ယူမည်ဖြစ်ကြောင်း၊ရုရှားသို့လုပ်သားများစေလွတ်ရန်အတွက် ြပည်တွင်းမှအလုပ်အကိုင်အေဂျင်စီအချို့ပြင်ဆင်မှုများစတင် ပြုလုပ်နေပြီဖြစ်ပြီး ရုရှားအစိုးရဘက်မှလည်းလုပ်သားသစ်စုဆောင်းခြင်းအတွက် ဘာသာစကားသင်တန်းများစတင် ပေးနေပြီဖြစ်ကြောင်း သိရသည်။
▪️ အစိုးရအနေဖြင့်မြန်မာလုပ်သားများကို ပြည်ပသို့MOU စနစ်ဖြင့်စေလွှတ်ရာတွင် ထိုင်း၊ ဂျပန်နှင့်ကိုရီးယားနိုင်ငံများသို့ အများဆုံးစေလွတ်လျက်ရှိကြောင်း သိရသည်။
#YMG/SW#Yangon_Times
၂၈ နိုဝင်ဘာ ၂၀၂၄
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ဟာ တစ်ခါက သူ့ကို ဖေ့စ်ဘုတ်ခ်မှာ ပိတ်ပင်ခဲ့တဲ့ Meta ရဲ့စီအီးအို မတ်ဇူကာဘတ်နှင့် ဖလော်ရီဒါရှိ ထရမ့်ရဲ့ မာအာလာဂိုကလပ်မှာ နိုဝင်ဘာ ၂၇ ရက်ဗုဒ္ဓဟူးနေ့က ညစာစားရင်း တွေ့ဆုံခဲ့ပါတယ်။
ထရမ့်ရဲ့ ဒုတိယသက်တမ်းမှာ ဒုတိယရုံးအဖွဲ့အကြီးအကဲအဖြစ်ခန့်အပ်ခံထားရတဲ့ စတိဖင်မီလာက ဇူကာဘတ်ဟာ အခြားသော စီးပွားရေးခေါင်းဆောင်တွေလိုပဲ ထရမ့်ရဲ့ စီပွားရေးအစီအစဉ်ကို ထောက်ခံ ခဲ့တယ်လို့ ထုတ်ဖော်ပြောပါတယ်။
ထရမ့်နှင့်ဆက်ဆံရေးတွေ ဆိုးရွားပြီးနောက် ဇူကာဘတ်ဟာ လက်ယာဝါဒီတွေအပေါ် သူ့ရဲ့အမြင်တွေ ပြောင်းဖို့ကြိုးစားနေတာဖြစ်တယ်လို့ သတင်းတွေကရေးသားပါတယ်။
“ မတ်ခ်ကြည့်ရတာ သူ့ကိုယ်ကျိုးရှိနေတာထင်ရှားတယ်။ သူမှာ ကိုယ်ပိုင်ကုမ္ပဏီနှင့် ကိုယ်ပိုင် အစီအစဉ်အာဂျင်ဒါတွေရှိနေတယ်” လို့ မီလာက ဖောက်စ်သတင်းဌာနနှင့် တွေ့ဆုံမှုအကြောင်း မေးမြန်း ခန်းမှာ ဖြေကြားခဲ့ပါတယ်။
ဒါပေမယ့် ထရမ့်ရဲ့ခေါင်းဆောင်မှုအောက်မှာ အမေရိကန်ရဲ့ အမျိုးသားပြန်လည်သစ်လွင်မှုအစီအစဉ်ကို ထောက်ခံလိုတယ်ဆိုတာကို သူကရှင်းရှင်းလင်းလင်းပြသခဲ့တယ်လို့လည်း မီလာကဆိုပါတယ်။
ဇူကာဘတ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တွေ့ဆုံမှုကို အတည်ပြုပါတယ်။ ဇူကာဘတ်ဟာ ညစာအတူ စားဖို့ ထရမ့်ကဖိတ်ကြားခဲ့တာဖြစ်ပြီးထရမ့်နှင့်သူ့အဖွဲ့ဟာ လာမယ့်အစိုးရအကြောင်း ပြောဆိုဆွေးနွေး ခဲ့တာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ထရမ့်ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့မှာ အမေရိကန် ကွန်ဂရက်အဆောက်အအုံကို အတိုက် အခိုက်ခံရပြီးတဲ့နောက် ဖေ့စ်ဘုတ်က အဖယ်ခံခဲ့ရပါတယ်။ ဒါပေမယ့် သူ့အကောင့်ကို ၂၀၂၃ခုနှစ်စောစောပိုင်းမှာ ဖေ့စ်ဘုတ်ခ်က ပြန်ဖွင့်ပေးခဲ့ပါတယ်။
Source AP
၂၀၂၄ခုနှစ် သမ္မတမဲဆွယ်ပွဲမှာ ဇူကာဘတ်ဟာ သမ္မတစ်ဦးဦးကို ထောက်ခံတာတွေမလုပ်ခဲ့ပါဘူး။ သူဟာ ယခုနှစ်စောစောပိုင်းကစပြီး ထရမ့်အပေါ်အပြုသဘောပိုမိုပြသလာခဲ့ပါတယ်
#Local_News
Published 28November 2024
▪️ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့်Alliance Stars Group of Companiesတို့ အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် Eco Green City စီမံကိန်းအတွင်းရှိ တန်ဖိုးနည်းအိမ်ရာများတည်ဆောက်မှုယခုနှစ်ကုန်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
▪️ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (၃) မိုင်မှ (၅/၄)မိုင်ဝဲယာတွင် တည်ရှိသော အဆိုပါစီမံကိန်းသည်ဆောက်လုပ်ရေးဝန်းကြီးဌာနနှင့် ပုဂ္ဂလိကကုမ္ပဏီများအကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော စီမံကိန်းကြီးလေးခုအနက်တစ်ခုအပါအဝင်ဖြစ်ပြီး ဒုတိယမြောက် အကောင် အထည်ဖော်သည့် စီမံကိန်းဖြစ်ပြီး ရင်းနီးမြုပ်နှုံမှုတန်ဖိုး အမေရိကန်ဒေါ်လာ နှစ်ဘီလျံခန့်သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။
▪️ "စီမံကိန်းအတွင်းကတန်ဖိုးနည်းအိမ်ရာတွေကိုတည်ဆောက်ရာမှာ အခန်းအကျယ်၄၃၆ စတုရန်းပေကို (၈)ခန်းတွဲ (၅)ထပ်အဖြစ်နဲ့အဆောက်အအုံ ၂၈လုံးအခန်းရေ (၁၁၂၀)ခန်းတည်ဆောက်နေတာပါ။ ဒီနှစ်ဒီဇင်ဘာမှာ တည်ဆောက်မှုအားလုံးပြီးစီးမယ်လို့မျှော်မှန်းထားပါတယ်" ဟု Alliance Stars Group of Companies မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
▪️ စီမံကိန်းကိုဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)က ရေးဆွဲခဲ့သည့် ရန်ကုန်မြို့ ရည်မှန်းချက် ၂၀၄၀ မှာပါဝင်သည့် အနာဂတ်မြို့သစ်စီမံကိန်းတစ်ခု အကောင်အထည်ဖော်ရန်၊ ဝင်ငွေနည်းပြည်သူများအတွက် လိုအပ်သည့် အငှားအိမ်ရာများ တန်ဖိုးနည်းအိမ်ရာများ ဖြည့်ဆည်းပေးနိုင်ရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး လူမှုဘဝမြင့်မားလာစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊၂၀၁၉ခုနှစ်တွင်စတင်ခဲ့သည့် အဆိုပါစီမံကိန်းကို အပိုင်းသုံးပိုင်းခွဲတည်ဆောက်နေခြင်းဖြစ်ပြီးစီမံကိန်းအားလုံး လာမည့်၂၀၂၉ခုနှစ်တွင် ပြီးစီးရန်မျော်မှန်းထားကြောင်း သိရသည်။
#YMG/SW#Yangon_Times
#Local_News
Published_ 28 November 2024
▪️ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
▪️ ထိုသို့ဆွေးနွေးရာတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ရေး၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေးနှင့် နှစ်နိုင်ငံအကြား ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး စတဲ့ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။
▪️ အဆိုပါဆွေးနွေးမှုကို နိုဝင်ဘာ (၂၇)ရက်က ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် H.E. Mr. Dusit Manapan တို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
#ymg_mnn #Yangon_Media_Group
Page 265 of 1733