၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြိုနယ်များအလိုက် လူစည်ကားရာနေရာတွေမှာ “နိုင်ငံသားအခွင့်အရေးမဆုံးရှုးဖိုမဲပေးကြပါစို” ဆောင်ပုဒ်ပါ လူထုအသိပညာပေးဆိုင်းဘုတ်တွေကို ယမန်နေ့က စိုက်ထူခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 08 October 2025
#ရွေးကောက်ပွဲ #ပါတီစုံဒီမိုကရေစီ
#YMG/SW #Yangon_Times
#Daily_News
Published 08 October 2025
၁။ ယခုလအတွင်း နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် (၆၈) စင်းဝင်ရောက်ဆိုက်ကပ်မည်
၂။ ဘုရားဖူးများအဆင်ပြေစေရန် ကျိုက်ထီးရိုး၌ ကေဘယ်လ်ကားများ နေ့စဉ်ပြေးဆွဲပေးနေ
၃။ မြန်မာရွှေ့ပြောင်းလုပ်သားအများဆုံးရှိသည့် ကရာဘီတွင်CI ထုတ်ပေးရေး ရွှေ့လျားယူနစ်(၁)ခုဖွင့်လှစ်မည်
၄။ ထောက်လှမ်းရှာဖွေရေးနှင့်တိုက်ခိုက်ပျံသန်းစွမ်းရည်အဆင့်မြှင့်တင်ထားသည့် KJ-500Aလေယာဉ်အား စစ်ရေးပြပွဲ၌တရုတ်ပြသ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 08 October 2025
▪️ မြန်မာနိုင်ငံတွင် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံချစ်ကြည်ရေး တိုးမြှင့်နိုင်ရန်ရောက်ရှိနေသော ဘယ်လာရုစ်နိုင်ငံမှ ဖျော်ဖြေရေးအဖွဲ့သည် ယမာန် နေ့က ပြင်ဦးလွင်မြို့ရှိ အထင်ကရနေရာများသို့ လှည့်လည်သွားရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။
▪️ အဆိုပါ ဖျော်ဖြေရေးအဖွဲ့တွင် ဘယ်လာရုစ် တေးဂီတပညာရှင်နှင့် တေးရေး/တေးဆို Mr. Vladi-mir Sukolinsky ၊ အဆိုရှင်များဖြစ်ကြသည့် Ms. Nadezhda Bryleva နှင့် Ms. Anzhelika Zaitseva၊ မန်နေဂျာ Mr. Danila Kisiev တို့ လေးဦးပါဝင်ပြီး မြန်မာ-ရုရှားချစ်ကြည်ရေးအသင်းဒုတိယဥက္ကဋ္ဌ မစ္စတာ အယ်လ်ဇန္ဒား၊ ရုရှားသံရုံးမှကိုယ်စားလှယ် Mr. Andrei Tretiakov နှင့် MRTV မှ တာဝန်ရှိသူများနှင့်အတူ ယမာန်နေ့မနက်ပိုင်းက ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်ရှိ ကျောက်ဖြစ်ရုပ်ကြွင်းပြတိုက်၊ အင်ကြင်းကျောက်ပြတိုက်၊ ရွှံ့ညွန်တော၊ ဝါးပိုးဝါးပင်များ ထိန်းသိမ်းထားရှိမှု၊ လိပ်ပြာပြတိုက်၊ မြန်မာသစ်ခွ မျိုးရင်းပြကွက်များအား စိတ်ပါဝင်စားစွာဖြင့် အသေးစိတ်ကြည့်ရှုလေ့လာကြပြီး ပြင်ဦးလွင်မြို့တွင်းရှိ အမှတ်တရပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ကြပြီး အမှတ်တရပစ္စည်းများ ဝယ်ယူအားပေးကြကြောင်းသိရသည်။
▪️ ထို့နောက် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE.FALLS) သို့ သွားရောက်ကြပြီး အပန်းဖြေစခန်းအတွင်းရှိ မှန်တံတားပေါ်မှ ဖြတ်သန်းကြည့်ရှုကာ ဆင်လိမ္မာသရုပ်ပြသမှုအား ကြည့်ရှုကြပြီး အပန်းဖြေစခန်းအတွင်း ဘာဂီယာဉ်ဖြင့် လှည့်လည်ကြည့်ရှုလေ့လာကြသည်။
▪️ ထိုသို့ သွားရောက်စဉ် မြန်မာတို့၏ သီတင်းကျွတ် ရုံးပိတ်ရက်ကာလအတွင်း လွတ်လပ်ပျော်ရွှင်စွာ အပန်းဖြေလာရောက်နေကြသည့် ပြည်သူများနှင့်အတူ တွေ့ဆုံနှုတ်ဆက်ခြင်း၊ စုပေါင်း၍ အမှတ်တရဓာတ်ပုံရိုက်ခြင်းများလည်း ဆောင်ရွက်ကြသည်။
▪️ အဆိုပါ ဖျော်ဖြေရေးအဖွဲ့သည် အောက်တိုဘာ ၅ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြပြီး ယင်းနေ့ညပိုင်းက မန္တလေးမြို့တော်ခန်းမတွင်လည်းကောင်း၊ အောက်တိုဘာ ၆ ရက်ညက ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင်လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ဆက်လက်၍ ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 08 October 2025
▪️ ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လွှမ်းခြုံမှု တိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ လာဘမုနိ တရုတ်ဘုံကျောင်း၌
ယာယီပြည်သူ့ဆေးရုံဖွင့်လှစ်၍ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေး နေ ကြောင်းသိရသည်။
▪️ ထိုသို့ဆောင်ရွက်ရာတွင် အောက်တိုဘာ ၅ ရက်မှစတင်၍ ယာယီဆေးရုံဖွင့်လှစ်ကာ ဒေသခံတိုင်းရင်းသားပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် လူနာများ လက်ခံကုသပေးလျက်ရှိရာ ထိုဒေသအနီးတစ်ဝိုက်မှ ဒေသခံ တိုင်းရင်းသားပြည်သူများ လာရောက်ကုသမှုခံယူလျက်ရှိပြီး အောက်တိုဘာ ၅ ရက်မှ ၆ ရက်အထိ ပြင်ပလူနာ ၁၆၅ ဦးနှင့် အတွင်းလူနာ ၄ ဦးကို လိုအပ်သောကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
▪️ ထို့အပြင် ကျောက်မဲမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အနေဖြင့်လည်း ပဏာမကျန်းမာရေး စောင့်ရှောက်ခြင်းလုပ်ငန်းများကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အောက်ရှိ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများ အမြန်ဆုံပြန်လည်ဖွင့်လှစ်ပြီး ကျောက်မဲမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများကို ကျန်းမာရေး ပညာပေးခြင်းလုပ်ငန်း၊ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း၊ ကိုယ်ဝန်ဆောင် မိခင်နှင့် ကလေးရှောက်ရေးလုပ်ငန်း၊ ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းနှင့် ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ပြန်လည်အားဖြည့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published October 2025
▪️ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ အထူးဗျူဟာမြောက် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေး ဆက်လက်မြှင့်တင်ဖို့အကြောင်းကို အင်္ဂါနေ့က တယ်လီဖုန်းဖြင့် ဆွေးနွေးပြောဆိုခဲ့ကြသလို ဒီဇင်ဘာလမှာ အိန္ဒိယသို့ ပူတင်လည်ပတ်ရေး ပြင်ဆင်တဲ့အကြောင်းတွေလည်း ပါဝင်ခဲ့ပါတယ်။
▪️ ဖုန်းပြောရာမှာ ပူတင်ရဲ့ ၇၃ နှစ်မြောက်မွေးနေ့မှာ ကျန်းမာချမ်းသာပြီး အောင်မြင်မှုများ ဆက်လက်ရရှိဖို့ မိုဒီက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
▪️ နှစ်ဖက်ခေါင်းဆောင်တွေက အိန္ဒိယနဲ့ ရုရှားကြား အထူးမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးတက်စေရန် လိုလားကြောင်းနဲ့ လာမယ့်ဒီဇင်ဘာအတွင်း အိန္ဒိယသို့ ရုရှားသမ္မတ လာရောက်လည်ပတ်ဖို့ ပြင်ဆင်ရေးတွေအကြောင်းလည်း ဆွေးနွေးခဲ့ကြကြောင်း ရုရှားသမ္မတရုံးက ဖော်ပြထားပါတယ်။
▪️ နှစ်နိုင်ငံလမ်းစဉ်များ တိုးတက်ရေးအကြောင်း သုံးသပ်ခဲ့ကြပြီး ရုရှား-အိန္ဒိယဆက်ဆံရေး ပိုမိုနက်ရှိုင်းစေဖို့ ကတိကဝတ်များ ပြောဆိုခဲ့ကြပါတယ်။
▪️ ဝန်ကြီးချုပ်မိုဒီက ဒီဇင်ဘာမှာ ပြုလုပ်မယ့် ၂၃ ကြိမ်မြောက် ရုရှား-အိန္ဒိယ နှစ်ပတ်လည်အစည်းအဝေးမှာ အိန္ဒိယသို့လာရောက်မယ့် ရုရှားသမ္မတကို ကြိုဆိုဖို့မျှော်လင့်နေကြောင်း ပြောပါတယ်။
▪️ ဘုံသဘောတူညီချက်အပေါ် မူတည်ပြီး နှစ်နိုင်ငံ့ဆက်ဆံရေး တည်မြဲရေးအကြောင်းကို ပူတင်က အလေးပေးပြောခဲ့ပါတယ်။
▪️ ဒီမတိုင်ခင်ကလည်း ပူတင်က မိုဒီရဲ့ ၇၅ နှစ်မြောက်မွေးနေ့အတွက် တယ်လီဂရမ်ကနေ ဂုဏ်ပြုဆုတောင်းပေးခဲ့ပါတယ်။
Source: ANI
#World_Health
Published 08 October 2025
▪️ ခါးနာခါးကိုက်ခြင်းက အဖြစ်အများဆုံး ကျန်းမာရေးပြဿနာတွေထဲက တစ်ခုဖြစ်သလို ပြုလုပ်တဲ့ အလေ့အထတွေကလည်း တိတ်တဆိတ် ပိုဆိုးရွားစေပါတယ်။
▪️ အရိုးအထူးကုဆရာဝန်ကြီး ဒေါက်တာ အိုဘိုင်ဒါရာမန်က ခါးကိုက်ခြင်းသက်သာဖို့ရာ အဟန့်အတားဖြစ်စေတဲ့ အစားအစာနဲ့ နေထိုင်စားသောက်မှုပုံစံတွေကို ဖော်ပြထားပါတယ်။
▪️ အချို၊ သကြားများလွန်းခြင်း၊ ဆီကြော်နဲ့ အသင့်စားစားစရာများ၊ ပရိုတိန်းနည်းပါးခြင်း၊ အိပ်ရာပေါ်အနေများခြင်းတို့ကို အဓိကပြောထားပါတယ်။
▪️ သကြားနဲ့ အသင့်စားတွေက ကျောရိုးအဆစ်တွေအနားမှာ ရောင်ရမ်းစေကာ အာဟာရဓာတ်ချို့တဲ့ခြင်းဖြင့် ကျောရိုးပြန်လည်သက်သာခြင်းကို ထိခိုက်စေပါတယ်။
▪️ အနားယူချိန်များလွန်းရင် လှုပ်ရှားမှုနည်းတဲ့အတွက် အဆစ်တွေဆီ အာဟာရဓာတ်ရောက်ရှိမှု နည်းပါးစေပါတယ်။
▪️ သကြားစားလွန်းရင် ရောင်ရမ်းမော်လီကျူးတွေ ထုတ်လုပ်စေပြီး နာတာရှည်ကိုက်ခဲခြင်း၊ ခါးကိုက်ခြင်းတို့ကို ပိုဆိုးစေနိုင်ပါတယ်။
▪️ ဆီကြော်တွေ အသင့်စားမုန့်တွေက AGE လိုမျိုး အဆိပ်အတောက်တွေ ထွက်စေတာကြောင့် ရောင်ရမ်းခြင်းမြင့်မားစေပြီး ထိခိုက်ဒဏ်ရာတွေကနေ ပြန်လည်သက်သာမှုနှုန်းကို ထိခိုက်စေပါတယ်။
▪️ ပရိုတိန်းနည်းပါးရင်တော့ ကျောရိုးဆစ်တွေနဲ့ အနားတဝိုက်က အမိုင်နိုအက်ဆစ်အရွတ်တွေ ထိခိုက်စေကာ ခါးကိုက်ခြင်းဖြစ်နိုင်ခြေ များစေပြီး ပရိုတိန်းဖြည့်စွက်စားပေးခြင်းဖြင့် ကြွက်သားကျန်းမာရေး တိုးတက်စေပါတယ်။
▪️ အိပ်ရာပေါ် ကြာရှည်အနားယူတဲ့အခါ ကျောရိုးကြွက်သားတွေ အားနည်းစေပြီး အဆစ်ပြားတွေကြားဖိအားများစေပါတယ်။
▪️ မလှုပ်ရှားတာများတဲ့အခါ ကျောရိုးဆစ်တွေဆီ အာဟာရဓာတ်ရောက်ရှိမှု လျော့နည်းသွားပြီး ခါးကိုက်သက်သာမှုကို နှေးစေပါတယ်။
Source: Indian Express
#World_Health
Published 08 October 2025
▪️ နေရောင်ခြည်သုံး ဆိုလာစွမ်းအင်တွေက စွမ်းအင်ထုတ်လုပ်တဲ့နေရာမှာ အသက်သာဆုံး နည်းလမ်းတွေထဲက တစ်ခုဖြစ်သလို ရာသီဥတုဖောက်ပြန်မှု ခုခံဖို့အတွက်လည်း ရွေးချယ်စရာတွေထဲက တစ်ခုဖြစ်ပါတယ်။
▪️ ရေရှည်မှာ အားကိုးရမယ့် နည်းလမ်းဖြစ်ကာ ကမ္ဘာကြီး မပူနွေးစေဘဲ စွမ်းအင်လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မှာ ဖြစ်ပါတယ်။
▪️ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို စွမ်းအင်ပမာဏနဲ့ ညီမျှခြင်းချပြီး လက်တွေ့အသုံးချလာနိုင်ပါတယ်။
▪️ လက်ရှိ ဆိုလာပြားတွေက နေစွမ်းအင်ရဲ့ ၂၀ ရာခိုင်နှုန်းကိုသာ ဖမ်းယူနိုင်တယ်လို့ ထောက်ပြနေကြပေမယ့် တကယ်တမ်းတော့ ဆိုလာနဲ့ လေအားတို့က တစ်ကမ္ဘာလုံးစွမ်းအင်လိုအပ်ချက်ရဲ့ အဆ ၁၀၀ ကျော် ထောက်ပံ့ပေးနိုင်တယ်လို့ Carbon Tracker က ၂၀၂၁ မှာ ဖော်ပြထားပါတယ်။
▪️ လက်ရှိအများဆုံးအသုံးပြုနေတဲ့ လောင်စာတွေကတော့ ထိုကဲ့သို့ အဆ ၁၀၀ ကျော်စွမ်းအင်ထောက်ပံ့နိုင်ဖို့အတွက် လုံလောက်စွာ ရှိမနေပါဘူး။
▪️ ရာစုနှစ် ၃ ခုအတွင်း လေလွင့်သွားတဲ့ အပူတွေချည်းသပ်သပ်ကပင် ကမ္ဘာကြီးကို ၃ ဒီဂရီဆဲလ်စီးယပ်စ်လောက် ပူနွေးစေနိုင်ပါတယ်။
▪️ ဆိုလာ၊ လေ ၊ လှိုင်းစွမ်းအင်တို့ကတော့ သူတို့ကိုယ်တိုင်ကိုက စွန့်ပစ်အပူစွမ်းအင် ဖြစ်နေတာကြောင့် ဒါက ပြဿနာမဟုတ်တော့ပါဘူး။
▪️ စွန့်ပစ်အပူစွမ်းအင်များကြောင့် ဥရောပမှာ နွေရာသီအမြင့်ဆုံးအပူချိန် ၀.၄ ဒီဂရီဆဲလ်စီးယပ်စ်လောက် ပိုမြင့်မားလာတယ်လို့ သုတေသီများ ခန့်မှန်းထားပါတယ်။
▪️ ဆိုလာနဲ့ လေစွမ်းအင်တို့က နောက်ထပ်ရာစုနှစ်တွေအထိ လူသားတွေလိုအပ်တဲ့ စွမ်းအင်အားလုံးကို ထောက်ပံ့ပေးနိုင်ရုံမက ရာသီဥတု မဆိုးရွားစေတဲ့ တစ်ခုတည်းသော နည်းပညာတွေ ဖြစ်ပါတယ်။
Source: New Scientist
တရုတ်အရှေ့ပိုင်း ဖူကျန်ပြည်နယ် နန်ကျင်းခရိုင် ကွမ်ယန်ကျေးရွာဟာ ဧည့်ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံဖြိုးတိုးတက်နေပြီး ရွာခံများအတွက် ဝင်ငွေနဲ့အလုပ်အကိုင်များ ပိုမိုဖန်တီးပေးလျက်ရှိပါတယ်။
#Asia_Culture
Published 07 October 2025
#တရုတ်ကွမ်ယန်ကျေးရွာ #ဖူကျန်ပြည်နယ်
#YMG #Yangon_Times #Yangon_Media_Group
ရှမ်းပြည်နယ်မှာ နောက်နှစ်ရက်အတွင်း မိုးပိုလာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ မနက်ပိုင်းထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 07 October 2025
#ရှမ်းပြည်နယ် #မိုး
#YMG/NN #Yangon_Times
ပြီးခဲ့တဲ့ရက်ပိုင်းက တစ်ကျပ်သား ကျပ်သိန်း(၈၀)အောက်ရောက်ရှိနေတဲ့
မြန်မာ့ရွှေပြင်ပပေါက်ဈေးဟာ တစ်ရက်အတွင်းမှာ ကျပ်လေးသောင်းပြန်လည်မြင့်တက်လာတယ်လို့ ရွှေဈေးကွက်အသိုင်းအဝိုင်းမှသိရပါတယ်။
#Local_News
Published 07 October 2025
#မြန်မာ့ရွှေဈေး #ရွှေ
#YMG/SW #Yangon_Times
ယခုလ(၉)ရက်မှစတင်ကာရန်ကုန်-နေပြည်တော် ခရီးစဉ်အတွက် DEMUအမြန်ရထားတစ်စင်းထပ်တိုးပြေးဆွဲပေးသွားမယ်လို့ မြန်မာ့မီးရထားမှသိရပါတယ်။
#Local_News
Published 07 October 2025
#ရန်ကုန်_နေပြည်တော် #DEMU
#YMG/SW #Yangon_Times
ယနေ့ ညပိုင်းမှာဖြစ်ပေါ်မယ့် စူပါမွန်းဖြစ်စဉ်ကိုမြန်မာနိုင်ငံက မြင်တွေ့ရမှာဖြစ်တယ်လို့ မြန်မာ့နက္ခတာရာနှင့် သိပ္ပံပညာဝါသနာရှင်များအသင်းမှ သိရပါတယ်။
#Local_News
Published 07 October 2025
#စူပါမွန်း #မြန်မာ့နက္ခတာရာ
#YMG/SW #Yangon_Times
Page 264 of 2056