မြန်မာနိုင်ငံရဲ့ ထုတ်ကုန်တွေကို ဂျပန်နိုင်ငံနဲ့ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက် ဝင်ရောက်နိုင်ဖို့နဲ့ မြန်မာ့ပို့ကုန်တွေပြည်ပကို တိုးမြှင့်တင်ပို့နိုင်ဖို့ ရည်ရွယ်ပြီး အာဆီယံ-ဂျပန်စင်တာနဲ့ ပူးပေါင်းကာ စီမံကိန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်လို့ တိုကျိုမြို့ရှိ မြန်မာသံရုံးမှ သိရပါတယ်။
#Local_News
Published 4 December 2024
#တိုကျိုမြို့ရှိမြန်မာသံရုံး #အာဆီယံ-ဂျပန်စင်တာ
#YMG/SW#Yangon_Times
ပြည်တွင်းရှိ အထည်ချုပ်လုပ်ငန်းနဲ့ စက်ရုံတွေမှာ အလုပ်သမားအခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 4 December 2024
#အထည်ချုပ်လုပ်ငန်း #အလုပ်သမားအခက်အခဲ
#YMG/NN #Yangon_Times
နိုဝင်ဘာလအတွင်းပြည်ပနိုင်ငံတွေကို ကန်ဒေါ်လာသန်း၁၅၀ ကျော်တန်ဖိုးရှိတဲ့ ဆန်နဲ့ဆန်ကွဲတန်ချိန်သုံးသိန်းကျော်တင်ပို့ထားပြီး အင်ဒိုနီးရှားနိုင်ငံကိုဆန်တန်ချိန် တစ်သိန်းကျော်နဲ့အများဆုံးတင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 4 December 2024
#ဆန်အများဆုံးတင်ပို့ #အင်ဒိုနီးရှား
#YMG/NN #Yangon_Times
အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)ရဲ့နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် (၁၇)ကြိမ်မြောက်ပန်းပွဲတော် (Floral Fantasia) ကို ယခုလ ၁၄ ရက်ကစပြီး ဇန်နဝါရီလ ၁၂ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပမယ်လို့ သိရပါတယ်။
#Local_News
Published 4 December 2024
#အမျိုးသားကန်တော်ကြီးဥယျာဉ် #ပန်းပွဲတော်ကျင်းပ
#YMG/SW#Yangon_Times
#Local_News
Published 4 December 2024
▪️ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၌ ယနေ့မနက်အစောပိုင်းက နေအိမ် မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)မှ သိရသည်။
▪️ ဒီဇင်ဘာ ၄ နံနက် ၁၂နာရီ၅၀မိနစ် အချိန်ခန့်က မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ကျွဲဆည်ကန် ၁၁ လမ်းတွင် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းအရ မြန်မာနိင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ ရေဂါလံ ၃၄၀၀ ဆံ့ ရေသယ်ယာဥ် ၊ အရေးပေါ် ရှာဖွေကယ်ဆယ်ရေးယာဥ်များနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့၀င်များ ထွက်ခွာကာ သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့၀င်များအား ထောက်ပံ့ကူညီခြင်း ၊ မီးလောင်ပြင်တွင် ဒဏ်ရာရရှိသူ ကျားတစ်ဦးအား ရှေးဦးပြုစု ကုသပေးခြင်းများ ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ မနက် ၁ နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် လူသေဆုံးမှု မရှိသော်လည်း ထိခိုက်သူအား ဆေးရုံသို့တင်ပို့ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 04 December 2024
▪️ အင်္ဂါနေ့က ပြုလုပ်တဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ နေတိုး(NATO)မဟာမိတ်အဖွဲ့ဝင် ဖြစ်ရေးအတွက် ဖိတ်ကြားရန် ယူကရိန်းရဲ့ တောင်းဆိုချက်ကို နေတိုးက လက်ရှောင်ခဲ့သဖြင့် ယူကရိန်းက အနာဂတ် လုံခြုံရေး အာမခံချက်ရရှိဖို့အတွက် နေတိုးအဖွဲ့ဝင် ဖြစ်ရေးမှတပါး အခြားမရှိဘူးလို့ ကြေညာလိုက်ပါတယ်။
▪️ ယူကရိန်းကို အဖွဲ့ဝင်ဖြစ်ရေး ဖိတ်ခေါ်လိုက်ပါက ဒီဖြစ်ရပ်ကို တားဆီးဖို့ စစ်ပွဲဆင်နွှဲနေတဲ့ ရုရှားအကြောင်းပြချက် တစ်ခုကိုလည်း ဖယ်ရှားပြီးသား ဖြစ်လိမ့်မယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒရီဆစ်ဘီဟာက စာရေးသားပေးပို့ခဲ့ပါတယ်။
▪️ နေတိုးအဖွဲ့က ဖိတ်ကြားချက် ထုတ်ပြန်ဖို့ နေ့ရက်ကို မသတ်မှတ်ရသေးဘဲ အဖွဲ့ဝင်နိုင်ငံ ၃၂ နိုင်ငံကြား ဘုံသဘောတူညီချက် မရသေးဘူးလို့ သံတမန်များက ဆိုပါတယ်။
▪️ မကြာခင် အမေရိကန်သမ္မတ ရာထူးရယူတော့မယ် ဒေါ်နယ်ထရမ့်အစိုးရရဲ့ သက်ရောက်မှုကို မသိရမချင်း အဖွဲ့ဝင်နိုင်ငံအချို့က စောင့်ဆိုင်းနေပါသေးတယ်။
ညစာစားပွဲအပြီးမှာ လစ်သူရေးနီးယား နိုင်ငံခြားရေးဝန်ကြီး ဂေဘရီယယ်လီယပ်စ်လန်းစ်ဘာဂျစ်က အဖွဲ့ဝင်ဖြစ်ရေးကိစ္စ တိုးတက်မှုမရှိသေးဘူး သတင်းထောက်တွေကို ပြောသွားပါတယ်။
▪️ ချက်နိုင်ငံခြားရေးဝန်ကြီး ယန်းလီပက်ဗ်စကီက ယူကရိန်းကို ဖိတ်ကြားဖို့က လိုအပ်တယ်ဆိုပေမယ့် သဘောတူညီချက် မရသေးဘူးလို့ ဆိုပါတယ်။
▪️ ရုရှားနဲ့ ဆက်ဆံရေးနီးစပ်တဲ့ ဟန်ဂေးရီးယား နိုင်ငံခြားရေးဝန်ကြီး ပီတာဆစ်ဂျာတိုကတော့ ယူကရိန်း နေတိုးအဖွဲ့ဝင်ဖြစ်ရေးကို ဆန့်ကျင်နေဆဲ ဖြစ်ပါတယ်။
▪️ ယူကရိန်းအနေနဲ့ နေတိုးတစ်ဖွဲ့လုံးထက်စာရင် အနောက်တိုင်း တစ်နိုင်ငံချင်းစီကနေ လုံခြုံရေး အာမခံချက်များ ရနိုင်တယ်လို့ သံတမန်အချို့က အကြံပြုပါတယ်။
▪️ နေတိုးမဟာမိတ် သဘောတူညီချက်အရ တစ်နိုင်ငံတိုက်ခိုက်ခံရပါက ဝိုင်းဝန်းခုခံတိုက်ခိုက်ရမှာဖြစ်တဲ့အတွက် ယူကရိန်းက နေတိုးအဖွဲ့ဝင် ဖြစ်ချင်နေတာ ဖြစ်ပါတယ်။
#Source: Reuters
#Local_News
Published 4 November 2024
▪️ ၂၀၂၅ ခုနှစ်၊ မတ်လတွင်ဖြေဆိုမည့် တက္ကသိုလ်ဝင်စာမေးပွဲအချိန်ဇယားအား ပညာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ဒီဇင်ဘာ ၄ ရက် ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည်။
▪️ အဆိုပါထုတ်ပြန်ချက်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ မြန်မာစာဘာသာရပ်အား မတ် ၁၇ ရက်၊ အင်္ဂလိပ်စာဘာသာရပ်အား မတ် ၁၈ ရက်၊ သင်္ချာဘာသာရပ်အား မတ် ၁၉ ရက်တို့တွင် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖြေဆိုရမည်ဖြစ်ပြီး ဓာတုဗေဒဘာသာရပ်နှင့်ပထဝီဝင်ဘာ သာရပ်တို့အား မတ် ၂၀ ရက်၊ ရူပဗေဒဘာရပ်နှင့်သမိုင်းဘာသာရပ်တို့အား မတ် ၂၁ ရက်၊ ဇီဝဗေ ဒဘာသာရပ်နှင့်ဘောဂဗေဒဘာသာရပ်တို့အား မတ် ၂၂ ရက်တို့တွင် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖြေဆိုရမည်ဖြစ်သည်။
▪️ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှထုတ်ပြန်ခဲ့သည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်ဇယားအရ စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများမှာ ပိတ်ရက်မရှိဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 4 December 2024
▪️ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ eLearning Portal for MSMEs တွင်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) အတွက် လုပ်ငန်းလည်ပတ်မှုအတွင်းနှင့် ပြင်ပပတ်ဝန်းကျင်မှတစ်ဆင့် ရင်ဆိုင်ကြုံတွေ့နိုင်သည့်ထိခိုက်ဆုံးရှုံးနိုင်ခြေအမျိုးမျိုး၊ စိန်ခေါ်မှုအမျိုးမျိုးအတွက် “ထိခိုက်ဆုံးရှုံးနိုင်ခြေများ စီမံခန့်ခွဲမှု (Risk Management)” သင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
▪️ ထိုသင်တန်းမှတစ်ဆင့် မိမိစီးပွားရေးလုပ်ငန်းအတွက် ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု (Risk Management) ရဲ့ အရေးပါပုံ၊ ရင်ဆိုင်ကြုံတွေ့နိုင်သည့် ထိခိုက်ဆုံးရှုံးနိုင်ခြေ (Risk) အမျိုးအစားများဖြစ်ပေါ်လာချိန်တွင် ထိရောက်စွာတုံ့ပြန်နိုင်ရန် အကဲဖြတ်သုံးသပ်ခြင်း၊ ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် စောင့်ကြည့်ခြင်းစသည့် ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များ၊ ထိခိုက်ဆုံးရှုံးနိုင်ခြေများကို ထည့်သွင်းစီမံတတ်သည့် အလေ့အထနှင့်ခံနိုင်ရည်ရှိမှု၊ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုစွမ်းရည်ကို လက်တွေ့အသုံးချမှု စသည်များကို မြန်မာဘာသာစကားနှင့် စနစ်တကျ လေ့လာသင်ယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် သင်ခန်းစာအားလုံးလေ့လာပြီး Final test ဖြေဆိုအောင်မြင်ပါက UNDP ကပေးအပ်သည့်“သင်တန်းပြီးဆုံးကြောင်းလက်မှတ် (Certificate of Completion)” ကိုလည်း အခမဲ့ ရရှိမည်ဖြစ်ကြောင်း၊ တက်ရောက်လိုသူများအနေဖြင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ eLearning Portal for MSMEs ၏ လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသောလင့်ခ်ကိုနှိပ်ပြီး မြန်မာဘာသာစကားဖြင့် တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW#Yangon_Times
#World_Health
Published 04 December 2024
▪️ ပုံမှန်မဟုတ်တဲ့ အချိန်တွေမှာ အိပ်စက်ခြင်းက ကျန်းမာရေးအတွက် မကောင်းနိုင်တာ သိထားကြပေမယ့် ယခုလေ့လာချက်အသစ်မှာတော့ အသက်အန္တရာယ်ပါ ရှိစေတယ်လို့ တွေ့ရှိလာကြပါတယ်။
▪️ အိပ်ချိန်ပုံမှန်မရှိတာဟာ နှလုံးသွေးကြောရောဂါများဖြစ်တဲ့ နှလုံးရောဂါ၊ လေဖြတ်ခြင်းတို့ပင် ဖြစ်စေနိုင်ပါတယ်။
▪️ တွေ့ရှိချက်များအရ အိပ်ချိန်မှန်ကန်စွာ သတ်မှတ်ဖို့က အိပ်ချိန်လုံလောက်တာထက် ပိုပြီးသင့်လျော်နေတယ်လို့ သုတေသနအဖွဲ့က ဆိုပါတယ်။
▪️ အသက် ၄၀ မှ ၇၉ နှစ်ကြား လူပေါင်း ၇၂၀၀၀ ကျော်ကို တစ်ပတ်ကြာအောင် အိပ်စက်မှုပုံစံများ လေ့လာခဲ့ကြပါတယ်။
▪️ ရမှတ် ၈၇ မှတ်အထက်ကို အိပ်ချိန်ပုံမှန်လို့ သတ်မှတ်ကာ ၇၂ မှတ်အောက်ကိုတော့ အိပ်ချိန်ပုံမှန် မဟုတ်ဘူးလို့ သတ်မှတ်ပြီး ကြားရမှတ်ကတော့ သာမန်လို့ သတ်မှတ်ပါတယ်။
▪️ နောက် ၈ နှစ်အတွင်းမှာ လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ နှလုံးဖောက်ခြင်းတို့ ဖြစ်ပျက်တဲ့ အချက်အလက်များကို စုဆောင်းခဲ့ရာမှာ အိပ်ချိန်ပုံမှန်မရှိသူတွေက နှလုံးသွေးကြော ပြဿနာကြီးများ ဖြစ်နိုင်ခြေ ၂၆ ရာခိုင်နှုန်း ပိုများတာကို တွေ့ရပါတယ်။
▪️ အိပ်ချိန်ပုံမှန်အိပ်လေ့ရှိသူတွေက တစ်ညကို ရှိသင့်ရှိထိုက်တဲ့ အိပ်ချိန် ၇ နာရီမှ ၉ နာရီကြား ပိုမိုရရှိစေတာကိုလည်း တွေ့ရပါတယ်။
▪️ အိပ်ရေးပျက်ခဲ့တာကို ပြန်ဖြည့်အိပ်ခြင်းက နှလုံးသွေးကြောပြဿနာများ ဖြစ်နိုင်ခြေကို မလျော့ကျစေပါဘူး။
▪️ ညအိပ်ချိန်မှာ ပုံမှန်သတ်သတ်မှတ်မှတ် မရှိပါက နှလုံးပြဿနာများ ဖြစ်နိုင်ခြေ များစေတာနဲ့ ဆက်စပ်နေပုံကို ဖော်ပြနေပါတယ်။
▪️ ဒါကြောင့်အိပ်ချိန်ကို ပုံမှန်သတ်မှတ်အိပ်စက်ဖို့က အရေးကြီးတယ်လို့ အကြံပြုသွားပါတယ်။
#Source: New York Post
#World_Health
Published 04 December 2024
▪️ လူတွေ အသက်ကြီးလာတဲ့အခါ ဦးနှောက်ကျုံ့လာတာကို မကာကွယ်နိုင်ပေမယ့် နှောင့်နှေးအောင်တော့ လုပ်လို့ရပါသေးတယ်။
▪️ သွေးတွင်းသကြားဓာတ် ထိန်းချုပ်ခြင်းက ဦးနှောက်ကျန်းမာရေးအပေါ် သက်ရောက်နိုင်ပြီး ဦးနှောက်ကျန်းမာရေး ကျဆင်းလာခြင်းကို နှောင့်နှေးစေတယ်လို့ ဘန်ဂူရီယန်တက္ကသိုလ်မှ သုတေသီများ တွေ့ရှိလာပါတယ်။
▪️ မက်ဒီတာရေးနီးယန်း စားသောက်မှုပုံစံရဲ့ အာရုံကြောကာကွယ်နိုင်စွမ်းမှာ သွေးတွင်းသကြားဓာတ် ထိန်းချုပ်မှုက ပတ်သက်နေတယ်လို့ ဖော်ပြထားပါတယ်။
▪️ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်းဖြင့် ဦးနှောက်ရင့်ရော်ခြင်းကို နှောင့်နှေးစေနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
▪️ လူတွေမှာ နေထိုင်မှုသက်တမ်းရှိသလို ဦးနှောက်မှာလည်း သူ့သက်တမ်းနဲ့သူ ရှိပါတယ်။
▪️ ဦးနှောက်သက်တမ်းနုနယ်စဉ်မှာ ဦးနှောက်ကျန်းမာရေး ပိုကောင်းပြီး ဦးနှောက်သက်တမ်း အိုမင်းတဲ့အခါ မှတ်ဉာဏ်နဲ့ အသိဉာဏ်ကျဆင်းလာပါတယ်။
▪️ မက်ဒီတာရေးနီးယန်း အစားအစာတွေက အသက်အရွယ်ကြောင့် ဦးနှောက်ကျုံ့ခြင်းကို တစ်နှစ်ခွဲအတွင်း တဝက်လောက် လျှော့ချပေးတယ်လို့ တွေ့ထားကြပါတယ်။
▪️ ထိုအစားအစာတွေမှာ ပိုလီဖီနောလ်ဓာတ် ကြွယ်ဝပြီး ဇီဝဖြစ်စဉ်ကျန်းမာရေးကို ထောက်ပံ့ရုံမက ဦးနှောက်တည်ဆောက်ပုံနဲ့ လုပ်ဆောင်ချက်တို့ကိုလည်း ကာကွယ်ပေးပါတယ်။
▪️ ဘဲစားရေမှော်ပင်တွေဆိုရင် သွေးတွင်းသကြားဓာတ်နဲ့ ဦးနှောက်ကျန်းမာရေးတို့အတွက် တိုးတက်စေတယ်လို့ တွေ့ရှိထားပါတယ်။
▪️ အပင်အခြေပြု စားစရာတွေမှာ တွေ့ရတဲ့ ပိုလီဖီနောလ်က သွေး-ဦးနှောက်ပိုင်းခြားမှုကို ဖြတ်သန်းကာ ဦးနှောက်ရောင်ရမ်းမှုကို လျှော့ချပေးတယ်လို့ သိရပါတယ်။
#Source: The Jerusalem Post
လက်ဘနွန်နဲ့ အစ္စရေးလ်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်က ဗုဒ္ဓဟူးနေ့ အာရုံတက်ချိန်မှာ စတင်သက်ရောက်လာပြီး မရေရာမှုတွေရော ပျော်ရွှင်မှုတွေပါ ခံစားနေရတဲ့ ထောင်ပေါင်းများစွာသော လက်ဘနွန်ရွှေ့ပြောင်းအရပ်သားတွေဟာ မြို့တော်ဘေရုကနေ နေရပ်ပြန်နေပြီဖြစ်ကာ သူတိုရဲ့ဘဝတွေကို ပြန်လည်တည်ဆောက်နေပါပြီ။
#World_News
Published 3 December 2024
#လက်ဘနွန်-အစ္စရေးလ် #စစ်ဘေးရှောင်အရပ်သား
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 3 December 2024
၁။ ကမ္ဘာ့ရွှေဈေးကျဆင်းလာခြင်းနှင့် ကောလဟာလများပျောက်ကွယ်သွားခြင်းကြောင့် မြန်မာ့ရွှေဈေးကျဆင်းလာ
၂။ ဆန်စပါးအထွက်တိုးရန် ဆောင်ရွက်ရာ၌ စိန်ခေါ်မှုများရှိနေ
၃။ အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ထုတ်ယူရန်ကျန်ရှိသည့် ဆုမဲတစ်သောင်းကျော်ကို ယခုလ ၃၁ ရက်နောက်ဆုံးထားထုတ်ယူနိုင်
၄။ လက်ဘနွန်-အစ္စရေးလ်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စတင်အသက်ဝင်လာလာချင်းမှာပင် စစ်ဘေးရှောင်အရပ်သားများနေရပ်ပြန်နေကြ
... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 259 of 1733