သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်)၌ သီတဂူအခမဲ့ မျက်စိအလင်းအလှူ
တော်တွေ ပြုလုပ်လျှက်ရှိရာ အခုလအတွင်းပြုလုပ်တဲ့ ရှစ်ကြိမ်မြောက်အထိ စုစုပေါင်း မျက်စိဝေဒနာရှင် ၃၃၀၀ကျော်ကို အလင်းရောင်ဖွင့်ပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 30 November 2024
#သီတဂူ #မျက်စိအလင်းအလှူတော်
#YMG/NN #Yangon_Times
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ အောက်တိုဘာနဲ့ နိုဝင်ဘာနှစ်လတာနီးပါးအတွင်း ခရီးသွားတစ်သောင်းကျော်ဝင်ရောက်ခဲ့တယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကနေ သိရပါတယ်။
#Local_News
Published 30 November 2024
#ပုဂံရှေးဟောင်းသုတေသနပြတိုက် #ယဉ်ကျေးမှုဇုန်
#YMG/NN #Yangon_Times
#Local_News
Published 30 November 2024
▪️ ယနေ့နိုဝင်ဘာလ ၃၀ ရက်၊မနက် ၆ နာရီ ၂၆က ဗဟိုစံပြငါးဈေးရှိ ရေခဲကြိတ် စက်ရုံတွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
▪️ ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ၊ ကြည့်မြင်တိုင်မြိုနယ်၊ မန်ကျည်းတန်း တောင်/အနောက်ရပ်ကွက် ၊ ဥယျာဉ်လမ်းရှိ ဗဟိုစံပြငါးဈေး ရေခဲကြိတ်စက်ရုံ၌ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်စဉ်ကို သက်ဆိုင်ရာကတာဝန်ရှိသူများ စစ်ဆေးနေကြောင်း သိရသည်။
▪️ မီးလောင်မှုဖြစ်ပွားရာ နေရာသို့ ဒေသခံမီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များရောက်ရှိလာပြီး ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ ဘေးပတ်ဝန်း ကျင်သို့ ကူးစက်လောင်ကျွမ်းမှုမရှိဘဲ နံနက် ၆နာရီ ၃၆တွင် မီးထိန်းကာ နံနက် ၆နာရီ ၃၉တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
#Photo crd - Future Light Charity
#YMG/SW#Yangon_Times
#Local_News
Published 30 November 2024
▪️ အပတ်စဉ်ထုတ်ပြန်ပေးလျက်ရှိသည့် စားအုန်းဆီရည်ညွန်းဈေးများ ဆက်တိုက်မြင့်တက်လာခြင်းကြောင့် ပြင်ပပေါက်ဈေးနှင့် စာအုပ်ဖြင့်ဝယ်ယူရသည့်ဈေးများ လည်း ဆက်တိုက်လိုက်ပါမြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
▪️ ထို့ပြင် စားအုန်းဆီရည်ညွန်းဈေး ၇၀ဝဝကျော်လာပြီးနောက် နံနက်ခင်း အဆာ ပြေစာရောင်းချသည့်မုန့်များလည်းဈေးတက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။
▪️ "ဆီကစာအုပ်နဲ့ထုတ်တာ တစ်ပတ် ၃ရက်ကို တစ်ရက်၅၀သားရတယ်။ အရင်အပတ်ကတစ်ပိဿာ၇၀ဝဝ ခုတစ်ပတ်သွားထုတ်တော့ တစ်ပိဿာကို ၇၉၀ဝဖြစ် သွားပြီ။ ကျွန်မတို့ကမနက်ခင်း ချာပါတီ ပူရီရောင်းတော့ ရတဲ့ဆီနဲ့မလောက်တော့ အပြင်ကဝယ်သုံးရတယ်။ အပြင်မှာတစ်ပိဿာကို၁၂၀ဝဝရှိတယ်။ ဆီဈေးတက်တော့ မုန့်ဈေးလည်းတစ်ဖြေးဖြေးလိုက်တက်ရတာပေါ့။ "ဟု မင်္ဂလာတောင်ညွန့်မြို့နယ် အတွင်းချာပါတီ၊ ပူရီရောင်းချနေသည့် မုန့်သည်တစ်ဦးကပြောသည်။
▪️ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့်စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက် ၌ ရောင်းဝယ် ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်ပြီး နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးများ တဖြည်းဖြည်းမြင့်တက်လာခဲ့ရာ နိုဝင်ဘာ (၁၈)ရက်မှ စ၍ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၇၀ဝ၀ကျော်အထိရောက်ရှိခဲ့ပြီး နိုဝင်ဘာလ ၂၆ ရက်မှ ဒီဇင်ဘာလ ၁ ရက်အထိ ရန်ကုန်အထိုင် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးမှာ တစ်ပိဿာလျှင် (၇,၂၈၀) ကျပ် သတ်မှတ်ထားကြောင်း သိရသည်။
#YMG/SW#Yangon_Times
#World_News
Published 30 November 2024
▪️ ယူကရိန်းဘက်က တာဝေးပစ်လက်နက်များ အသုံးပြုနေတာဟာ အမေရိကန်တို့ စစ်ရေးတိုက်ရိုက် ဝင်ရောက်ပတ်သက်မှုကြောင့်ဖြစ်ပြီး ရုရှားအနေနဲ့ ကိုယ်ပိုင်ကာကွယ်ခွင့်ရှိတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ရုရှားကာကွယ်ရေးဝန်ကြီးကို ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယား မီဒီယာက စနေနေ့မှာ ဖော်ပြလိုက်ပါတယ်။
▪️ အမေရိကန်နဲ့ အနောက်တိုင်းကြောင့် ယူကရိန်းတို့က ရုရှားပိုင်နက်ထဲကို တာဝေးပစ်လက်နက်များ ပစ်ခတ်နေတာဖြစ်ပြီး ရုရှားအနေနဲ့ တုံ့ပြန်သင့်တယ်လို့ ကင်မ်ဂျုံအန်းက ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရီဘယ်လူဆော့ဗ်ကို ပြောခဲ့တာ ဖြစ်ပါတယ်။
▪️ လက်ဝါးကြီးအုပ် ခြယ်လှယ်ချင်သူများထံမှ ရုရှားဖက်ဒရေးရှင်းရဲ့ ကာကွယ်ပိုင်ခွင့်မူဝါဒကို မြောက်ကိုရီးယားအစိုးရ၊ စစ်တပ်နဲ့ ပြည်သူတို့က မယိမ်းမယိုင် ထောက်ခံသွားမယ်လို့ ဖော်ပြထားပါတယ်။
▪️ ရုရှားသမ္မတပူတင်နဲ့ ဇွန်လက လက်မှတ်ရေးထိုးခဲ့တဲ့ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ခြင်း အပါအဝင် စစ်ရေးကိစ္စတွေမှာ တိုးချဲ့ပူးပေါင်းသွားဖို့ ကင်မ်ဂျုံအန်းက ကတိပြုလိုက်ပြီး ထိုထဲမှာ အပြန်အလှန် ကာကွယ်ရေး သဘောတူညီချက်လည်း ပါဝင်ပါတယ်။
▪️ ယမန်နှစ် စက်တင်ဘာလက ရုရှားမှာ ခေါင်းဆောင်များ တွေ့ဆုံပြီးနောက်ပိုင်း မြောက်ကိုရီးယားဟာ လက်နက်ခဲယမ်း ကွန်တိန်နာ ၁ သောင်းကျော်အပြင် တွန်းကန်ဟောင်ဝစ်ဇာများ၊ ဒုံးကျည်လောင်ချာများ တင်ပို့ခဲ့ပါတယ်။
▪️ မြောက်ကိုရီးယားတပ်တွေ ရုရှားမှာ နေရာချတဲ့အကြောင်း ကင်မ်ဂျုံအန်းနဲ့ ဘယ်လူဆော့ဗ်တို့ ဆွေးနွေးခြင်း ရှိမရှိကိုတော့ မဖော်ပြထားပါဘူး။
▪️ အမေရိကန်အစိုးရအဖွဲ့က ယူကရိန်းကို အမေရိကန်ထုတ် လက်နက်များဖြင့် ရုရှားနိုင်ငံထဲသို့ ပစ်ခတ်ခွင့်ပြုလိုက်ပြီးနောက် ယူကရိန်းဟာ ATACMS ဒုံးကျည်များ ပစ်ခတ်ခဲ့ပါတယ်။
▪️ ရုရှားက တုံ့ပြန်တဲ့အနေဖြင့် ယူကရိန်း စစ်ရေးနဲ့ စွမ်းအင်အဆောက်အအုံများကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။
▪️ ကင်မ်ဂျုံအန်းနဲ့ ပူတင်တို့ လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်က အရှေ့မြောက်အာရှမှာ လွှမ်းမိုးမှုမျှတနိုင်စေဖို့ရာ ပါဝင်ပေးနိုင်မယ်လို့ ဘယ်လူဆော့ဗ်က မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးနဲ့ သီးခြားပြောဆိုခဲ့ပါတယ်။
#Source: Reuters
#World_Health
Published 30 November 2024
▪️ နယူးယော့ခ်မှ အသက် ၅၇ နှစ်ရှိ ရှရဲလ်မာရကာဆိုတဲ့ အမျိုးသမီးဟာ ကရာတေး ခါးပတ်နက်တစ်ဦးဖြစ်သလို အမြင့်ခုန်အားကစားတွေလည်း ပြုလုပ်သူဖြစ်ပါတယ်။
▪️ အခုတော့ စက်ရုပ်လက်များဖြင့် အဆုတ် ၂ခုအစားထိုး ခွဲစိတ်မှုခံယူတဲ့ ပထမဆုံးလူနာလည်း ဖြစ်လာပါတယ်။
▪️ နယူးယော့ခ်တက္ကသိုလ် ဂရော့စ်မန်းဆေးကျောင်းမှ တွဲဖက်ပရော်ဖက်ဆာ ဒေါက်တာ စတက်ဖာနီချန်းက ဦးဆောင်ကာ အောက်တိုဘာ ၂၂ ရက်နေ့မှာ အသေးစားခွဲစိတ်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
▪️ ချန်းက ဒါဗင်ချီရှီစက်ရုပ်စနစ် အသုံးမပြုမီ နံရိုးတွေကြားမှာ ခွဲစိတ်ရာငယ်များ ပြုလုပ်ခဲ့ပြီး နှလုံးနဲ့ အသက်ရှူလမ်းကြောင်းတို့ကို အဆင့်သင့် ပြုလုပ်ခဲ့ပါတယ်။
ခွဲစိတ်ရာ သေးတဲ့အတွက် အကျိုးကျေးဇူးများများရရှိပြီး နာကျင်မှုလျော့နည်းစေကာ အလျင်အမြန် သက်သာစေကြောင်း ပြောသွားပါတယ်။
▪️ ထိုဆေးရုံကနေ ၂၀၂၃ အတွင်း အဆုတ်အစားထိုး ခွဲစိတ်မှုပေါင်း ၇၆ ခု ပြုလုပ်ခဲ့ပါတယ်။
▪️ ဒီမတိုင်ခင်ကလည်း ချန်းကဦးဆောင်ကာ လူနာတစ်ဦးရဲ့ ညာဘက်အဆုတ်ကို စက်ရုပ်လက်များဖြင့် ပထမဆုံး အစားထိုးခွဲစိတ်မှု ပြုလုပ်ခဲ့ပါတယ်။
▪️ အဆုတ် ၂ခုစလုံး ခွဲစိတ်မှုမှာ အင်္ဂါသစ်များကို ထိခိုက်ခြင်းမရှိဘဲ ခွဲစိတ်ဖို့လိုတာကြောင့် ပြင်ဆင်မှုများ ပြုလုပ်ရတယ်လို့ ဒေါက်တာက ရှင်းပြပါတယ်။
▪️ လွန်ခဲ့တဲ့ ၁၅ နှစ်ကစပြီး မာရကာဟာ လေ့ကျင့်ခန်းများ ပြုလုပ်စဉ် ခဏတဖြုတ် အသက်ရှူကြပ်ခြင်း ခံစားရတာကို သတိထားမိခဲ့ပါတယ်။
▪️ ၂၀၁၀ မှာတော့ အသက်ရှူလမ်းကြောင်းပိတ်ရောဂါ ဖြစ်ပွားကြောင်း တွေ့ရှိကာ ဆေးလိပ်ဖြတ်ခဲ့ရပါတယ်။
▪️ အလုပ်တွေလည်း နားလိုက်ရကာ အစားထိုးခွဲစိတ်မှု ခံယူမယ့်စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။
▪️ စက်ရုပ်လက်များဖြင့် ခွဲစိတ်ခြင်းက နာကျင်မှုလျော့နည်းစေပြီး လျင်မြန်စွာ သက်သာနိုင်မယ်လို့ မာရကာက ယုံကြည်ထားပါတယ်။
#Source: New York Post
#Local_News
Published 30 November 2024
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် သွင်းကုန် လုပ်ငန်းရှင်များအတွက် တရုတ်ယွမ် ၁၀သန်းကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ၂၉ရက်က ထုတ်ပြန်သည်။
▪️ ထိုသို့ရောင်းချရာတွင် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform)မှ တဆင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ ဗဟိုဘဏ်အနေဖြင့် နိုဝင်ဘာလအတွင်း အမေရိကန်ဒေါ်လာ၉၄သန်းကျော်နှင့် ထိုင်းဘတ် (၃၄၆) သန်းကျော်ကို ထုတ်ရောင်းပေးထားခဲ့ပြီး တရုတ်ယွမ် (၁၃.၇၅) သန်းကိုလည်းယခုလအတွင်း ထုတ်ရောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
▪️ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဗဟိုဘဏ်၏ နိုင်ငံခြားငွေရောင်းချပေးမှုအနေဖြင့်ဘဏ်များက ဝယ်ယူသူ ( Bank to Customer Dealing) ကို တစ်ဒေါ်လာလျှင်ငွေလဲနှုန်း ၂၀၉၄ - ၄၅၀၀ ကျပ်နှုန်းအတွင်း အမေရိကန်ဒေါ်လာ ၄၀.၀၀၈ သန်းကျော်အားလည်းကောင်း၊ ဘဏ်များအချင်းချင်း (Interbank Dealing)တွင် တစ်ဒေါ်လာလျှင်ငွေလဲနှုန်း ၂၁၀၃-၄၄၆၅ ကျပ်အတွင်း အမေရိကန်ဒေါ်လာ ၆.၉၀၉ သန်းကျော်အားလည်းကောင်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
▪️ ဗဟိုဘဏ်မှ ပြီးခဲ့သည့် ဩဂုတ်လ (၁) ရက်မှ နိုဝင်ဘာလ (၂၆) ရက်အထိ ဒေါ်လာ (၃၃၅) သန်းကျော်၊ ထိုင်းဘတ် (၁. ၂၅၈) ဘီလျံကျော်နှင့် တရုတ်ယွမ် (၅၆) သန်းခန့်အထိ ထုတ်ရောင်းပေးထားပြီး ယခုဘဏ္ဍာနှစ်၏ (၇)နှစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံ ထုတ်ရောင်းပေးထားကြောင်း သိရသည်။
#YMG/SW#Yangon_Times
#World_Science
Published 30 November 2024
▪️ ကမ္ဘာ့ဆွဲအားစက်ကွင်းတိုင်းမှာ ချိုင့်ရှိကြပြီး ဆွဲအားအပေါက်လို့ ခေါ်ကြပါတယ်။
▪️ အိန္ဒိယသမုဒ္ဒရာထဲက ချိုင့်ခွက်ကတော့ ကမ္ဘာပေါ်မှာ အနက်ရှိုင်းဆုံးချိုင့် ဖြစ်နေပါတယ်။
▪️ ထိုနေရာမှ ပင်လယ်ရေမျက်နှာပြင်က အခြားနေရာတွေထက် ၃၄၈ ပေနိမ့်ကျနေပြီး ဆွဲအားအလွန်အားနည်းပါတယ်။
▪️ ၁၉၄၈ ခုနှစ်တုန်းက တွေ့ရှိခဲ့ပေမယ့် ဘယ်လိုဖြစ်ပေါ်မှန်း မသိကြပါဘူး။
၂၀၂၃ မှာတော့ စတင်သဘောပေါက်လာကြပါတယ်။
▪️ လော်ရေရှာနဲ့ ဂွန်ဝါနာတိုက်တို့ကြားမှ တက်သီစ်လို့ခေါ်တဲ့ ရှေးဟောင်းသမုဒ္ဒရာ ပျောက်ကွယ်သွားတာကြောင့် အိန္ဒိယသမုဒ္ဒရာထဲမှာ ဆွဲအားအပေါက်ကြီး ဖြစ်ပေါ်လာပါတယ်။
▪️ အဆိုပါချိုင့်ခွက်ကြီးက စတုရန်းကီလိုမီတာ ၃.၁ သန်း ကျယ်ဝန်းကာ အိန္ဒိယအနောက်တောင်ဘက်ကနေ ၁၂၀၀ ကီလိုမီတာအကွာမှာ တည်ရှိပါတယ်။
တက်သီစ်သမုဒ္ဒရာက လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၈၀ လောက်က တိမ်မြုပ်သွားကာ ကမ္ဘာ့မြေအပေါ်ယံလွှာအောက်သို့ ဝင်သွားခဲ့ပါတယ်။
▪️ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၀ လောက်က ထိုအစအနတွေကြောင့် အာဖရိကတိုက်အောက်ရှိ အရာဝတ္ထုတုံးကြီးကနေ ထွက်လာတဲ့ သိပ်သည်းဆအရာများ နေရာရွေ့သွားပါတယ်။
▪️ အာဖရိကတိုက်အောက်မှာ ပိတ်နေတဲ့ အတုံးကြီးက ဧဝရတ်တောင်ထက် အဆ ၁၀၀လောက် ပိုမြင့်ပြီး သိပ်သည်းဆနည်းတဲ့ မက်ဂ်မာတွေ ပျောက်ကွယ်ကုန်ကာ ဆွဲအားလျော့နည်းလာတာ ဖြစ်ပါတယ်။
▪️ ချိုင့်ခွက်အောက်မှာ သိပ်သည်းဆနည်းပါးတဲ့ အငွေ့များ တည်ရှိတာကို အတည်ပြုနိုင်ဖို့ သုတေသနတွေ ထပ်မံပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။
▪️ မားစ်ဂြိုဟ်မှာလည်း မျက်နှာပြင်အောက်မှာ အဆိုပါချိုင့်ခွက်များ ရှိနေတာကို တွေ့ရှိထားပြီး ကမ္ဘာပေါ်မှ ဖြစ်တာကို သိရှိပြီးတဲ့အခါ မားစ်ဂြိုဟ်ရဲ့ အကြောင်းကိုလည်း သိခွင့်ရလာနိုင်ပါတယ်။
#Source: WION
ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံရေး ထိပ်သီးအစည်းအဝေး(GFSS)ဖွင့်ပွဲကို အင်္ဂါနေ့က ယူအေအီးနိုင်ငံ အဘူဒါဘီမှာ ဖွင့်လှစ်ခဲ့ပြီး တစ်ကမ္ဘာလုံးရဲ့ ငတ်မွတ်မှုကို ဖြေရှင်းပြီး ရေရှည်တိုးတက်ဖွံဖြိုးစေမယ့် ဆန်းသစ်ပူးပေါင်းရေး ဖြေရှင်းချက်များ ရရှိရန်အတွက် သိပ္ပံပညာရှင်များ၊ နည်းပညာ စွန့်ဦးတီထွင်သူများနဲ့ အခြားကိုယ်စားလှယ်များ တက်ရောက်လာကြပါတယ်။
#World_Event
Published 29 November 2024
#အဘူဒါဘီ #စားနပ်ရိက္ခာဖူလုံရေး
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 29 November 2024
၁။ ငါးရက်တာအတွင်း ပြင်ပရွှေဈေး ၁၂သိန်းကျော်ကျဆင်း
၂။ ထိုင်းဘတ် ၅ သန်းနီးပါး ဗဟိုဘဏ်ထပ်မံထုတ်ရောင်း
၃။ စက်သုံးဆီများ အားလုံးဈေးနှုန်းမြင့်တက်
၄။ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံရေးအစည်းအဝေး အဘူဒါဘီ၌ကျင်းပ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 29 November
▪️ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ JLPT စာမေးပွဲအတွက် နာမည်၊ မွေးသက္ကရာဇ် နှင့် ကျား/မ အမှားပြင်ဆင်လိုသူများ ပြင်ဆင်လိုသူများအနေဖြင့် ဒီဇင်ဘာလ(၁)ရက် စာမေးပွဲဖြေဆိုသည့်နေ့ စာမေးပွဲ section အားလုံးဖြေပြီးချိန်တွင် ဖြေဆိုရမည့် Test Site ရှိ Office မှ သတ်မှတ်ထားသော နေရာတွင် စာဖြေသူကိုယ်တိုင် သွားရောက် ပြင်ဆင်ရမည်ဖြစ်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီ၊ မြန်မာနိုင်ငံဂျပန်ပြန် ပညာသင်ဟောင်းအသင်းမှ သိရသည်။
▪️ အမှားပြင်ဆင်ရန်အတွက် ၁. Test Voucher မူရင်း၂. သက်သေခံကဒ်ပြား မူရင်း (Passport, Driving License ကားလိုင်စင်အမျိုးအစား B, C, D, E , နိုင်ငံသား သက်သေခံကဒ်)၊ စာဖြေသူကိုယ်တိုင် ဖြည့်သွင်းရေးသားထားသည့် အချက် အလက် များပါဝင်သောအမှားပြင်ဆင်ချက်ဖောင်တို့ကို ယူဆောင်၍ စာမေးပွဲနေ့ ပြင်ဆင်ရန် သတ်မှတ်ထားသည့်ရုံးခန်းတွင် ပြင်ဆင်လျှောက်ထားရမည်ဖြစ်ကြောင်း၊ အမှားပြင်ဆင်ရာတွင် အမည်နှင့် မွေးသက္ကရာဇ်အနက်မှ တစ်မျိုးသာလျှင် ပြင်ဆင်ခွင့်ရှိပြီး သက်သေခံကဒ်နှင့် Test Voucher တွင် ပါရှိသည့် အမည်၊ မွေးသက္ကရာဇ်များ လုံးဝကွဲလွဲနေပါက ပြင်ဆင်ခွင့်မရနိုင်ကြောင်း သိရသည်။
▪️ ထို့ကြောင့် အမှားပြင်ဆင်လိုသူများသည် အမည်စာလုံးပေါင်းမှားယွင်းမှုမရှိစေရန် Passport, ဘွဲ့လက်မှတ်များတွင် အသုံးပြုသည့်အတိုင်း သေချာစွာဖြည့်သွင်းပေး ရန်လိုကြောင်း၊ အမှားပြင်ဆင်ခြင်းကိုစာမေးပွဲဖြေဆိုသည့်နေ့ (၁.၁၂.၂၀၂၄) တွင်သာ လက်ခံမည်ဖြစ်ပြီး၊ အောင်လက်မှတ် ထွက်ရှိမည့် ကာလအထိ အမှားပြင်ဆင်ခြင်းလျှောက်ထားမှုအား လက်ခံမည်မဟုတ်ကြောင်း၊ အောင်လက်မှတ်ထွက်ရှိပြီးနောက်ပိုင်းမှ အမှားပြင်ဆင်ရန် လျှောက်ထားသူများသည် ပြင်ဆင်ခြင်းအတွက် ၂လမှ ၆လအထိ ကြာမြင့်မည် ဖြစ်ပြီး၊ အမှားပြင်ဆင်ခြင်းလျှောက်ထားသူဦးရေ များပြားသည့်အပေါ်တွင် မူတည်၍ ပိုမိုကြာမြင့်ခြင်းရှိနိုင်ကြောင်း၊ ထို့ပြင် အောင်လက်မှတ်တခုအား တကြိမ်သာ ပြန်လည်ပြင်ဆင်ရန် လျှောက်ထားနိုင်ပြီး လျှောက်ထားသည့် အခါတွင်လည်း စာမေးပွဲနေ့မှစတင်၍ တစ်နှစ်အတွင်းအကြုံးဝင်သော အောင်လက်မှတ်များသာ ပြင်ဆင်ခွင့်ရှိသောကြောင့် မိမိပြင်ဆင်လိုသည့်အချက်အား သေချာစွာ စစ်ဆေးလျှောက်ထားရန် လိုအပ်ကြောင်း သိရသည်။
#YMG/SW#Yangon_Times
#Local_News
Published_29 Nov 2024
▪️ စွမ်းအင်ကဏ္ဍအပါအဝင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများကိစ္စများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia တို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။
▪️ ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်တွင် Ms. Ma Jia ကရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် သွားရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
▪️ ယင်းတို့ဆွေးနွေးရာတွင် တရုတ်-မြန်မာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ဆက်လက်နက်ရှိုင်းစေရေး၊ စီးပွားရေး နှင့်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ ယဉ်ကျေးမှုနှင့် ဒေသတွင်းကူးလူးဆက်ဆံရေး စသည့်ကဏ္ဍများတွင် လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#Yangon_Times/PP
Page 263 of 1733