#Local_News
Published 05 January 2025

▪️ ယနေ့ ဇန်နဝါရီလ ၅ရက်နံနက်အစောပိုင်းက ရပ်ထားသော ခရီးသည်ယာဉ်အား ကုန်တင်ယာဉ်မှအရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။

▪️ ၅.၁.၂၀၂၆ရက်နေ့၊နံနက် ၀၅နာရီ ၃၀မိနစ် အချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၇၀/၅နှင့် ၇၀/၆ ကြားတွင် ရပ်ထားသော ခရီးသည်ယာဉ်အား ကုန်တင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အုတ်ရှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။

▪️ အဆိုပါယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ယာဉ်မှ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိ‌
သော်လည်း ကုန်တင်ယာဉ်မှ ယာဉ်မောင်းထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ရာ အဆိုပါလူနာအား သုခဝေစည်လူမှုကူညီရေးအသင်းယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#YMG/SW #Yangon_Times