#World_News
Published 02 January 2026

■ ဆွစ်ဇာလန် ခရန်စ်မွန်တာနာ နှင်းလျှောစခန်းမှ နှစ်သစ်ကူးပါတီတစ်ခုမှာ လူကြပ်ညပ်နေတဲ့ ဘားတစ်ခု မီးလောင်စွဲသဖြင့် အယောက် ၄၀ သေဆုံးကာ ၁၁၅ ဦး ဒဏ်ရာရခဲ့ကြောင်း အရာရှိတွေ ကြာသပတေးနေ့က ပြောပါတယ်။

■ လီကွန်စတယ်လေးရှင်းလို့ခေါ်တဲ့ ဘားမှာ ပျော်ပါးနေကြစဉ် သန်းခေါင် ၁ နာရီခွဲအချိန်မှာ မီးလောင်ခဲ့တာ ဖြစ်တယ်လို့ ရဲတွေပြောပါတယ်။

■ ဒီနိုင်ငံရဲ့ အဆိုးရွားဆုံး ဖြစ်ရပ်တွေထဲက တစ်ခုဖြစ်ပြီး သေဆုံးသူအများစုက လူငယ်တွေဖြစ်တယ်လို့ ဆွစ်ဇာလန်သမ္မတ ဂိုင်းပါမီလင်က ပြောပါတယ်။

■ မီးလောင်ရတဲ့ အကြောင်းအရင်း သေချာမသိရသေးဘဲ မတော်တဆ ဖြစ်ဖွယ်ရှိတယ်လို့ အာဏာပိုင်တွေ ပြောပါတယ်။

■ အလောင်းတွေ လောင်ကျွမ်းနေတဲ့အတွက် ဘယ်သူဘယ်ဝါတွေ ဆိုတာနဲ့ သေဆုံးစာရင်းအတိအကျ သိရဖို့ အချိန်ကြာဦးမှာ ဖြစ်ပါတယ်။

■ ဗီဒီယိုတွေထဲမှာ အဆောက်အဦကနေ မီးလောင်စွဲပျံ့နှံ့နေပြီး လူတွေက အလန့်တကြား ထွက်ပြေးနေကြပါတယ်။

■ စုံစမ်းစစ်ဆေးချက်များအရ ဘားပိုင်ရှင်ဟာ ပြင်သစ်စုံတွဲဖြစ်တယ်လို့ ရှေ့နေ ဘိထရစ်ပီလောက်က ပြောပါတယ်။

■ စခန်းမှာ လာရောက်ပျော်ရွှင်ကြသူတွေက နိုင်ငံအနှံ့မှ နိုင်ငံခြားသားတွေ ပါဝင်နေပြီး အတိအကျတော့ မသိရသေးပါဘူး။

■ ဗီဒီယိုပြချက်တွေထဲမှာ ကြာသပတေးနေ့ ညနေခင်းမှာ ရာနဲ့ချီတဲ့လူတွေက ထိခိုက်နစ်နာသူတွေအတွက် လေးစားမှုပြုခဲ့ကြပါတယ်။

Source: Reuters