မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားရဲ့ ခွင့်ပြုရေလမ်းကင်းလွတ်အမြင့်ကို (၄၄)မီတာအဖြစ် သတ်မှတ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 27 September 2025
#မြန်မာ-ကိုရီးယား #ဒလတံတား
#YMG/SW #Yangon_Times
#Daily_News
Published 27 September 2025
၁။ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား ရေလမ်းကင်းလွတ်အမြင့်ကို (၄၄)မီတာသတ်မှတ်
၂။ MTSH က အစုရှယ်ယာတစ်စုလျှင် အမြတ်ဝေစု (၁၉၀)ကျပ်သတ်မှတ်
၃။ မုန်တိုင်းငယ်အရှိန်ကြောင့်၂၄နာရီအတွင်း ဒေသအချို့တွင် မိုးကြီးပြီးရုတ်တရက်ရေကြီးနိုင်
၄။ ရှင်ကျန်အွီဂွယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတည်ထောင်ခြင်းနှစ်(၇၀)ပြည့်ပွဲအား ရှီကျင့်ဖျင်တက်ရောက်ဂုဏ်ပြု... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 27 September 2025
▪️ အမေရိကန် လူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ဦးက နယူးယော့ခ်မြို့တရားရုံးတစ်ခုမှာ အမျိုးသမီးတစ်ဦးကို ကြမ်းပြင်သို့ တွန်းချခဲ့ပါတယ်။
▪️ ချီကာဂိုထိန်းသိမ်းရေးဌာနတစ်ခု အပြင်ဘက်မှာ ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးဖြင့် လူစုခွဲခဲ့ပါတယ်။
▪️ ဘော့စ်တွန်နားတဝိုက်မှာ ဖမ်းဆီးမှုအတွင်း အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
▪️ သမ္မတဒေါ်နယ်ထရမ့်တို့ လူဝင်မှုတိုက်ဖျက်နေတဲ့အပေါ် အမေရိကန်မြို့ကြီးတွေမှာ တင်းမာမှုမြင့်တက်လာပြီး ကြာသပတေးနေ့နဲ့ သောကြာနေ့တို့မှာ ယခုလို ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။
▪️ အမေရိကန်မှာ နေထိုင်နေတဲ့ ရွှေ့ပြောင်းသူတွေကို ထရမ့်က ပမြောက်အများ နေရပ်ပြန်ပို့ဖို့ ကြိုးပမ်းနေရာ ပြစ်မှုမှတ်တမ်း မရှိသူတွေကိုပါ ဖမ်းဆီးနေပါတယ်။
▪️ နယူးယော့ခ်၊ ချီကာဂို၊ ဝါရှင်တန်နဲ့ ဒီမိုကရက်အားပေးမြို့များမှ လူတွေက ယခုရက်ပိုင်းအတွင်း ပြန်လည်ခုခံလာကြပါတယ်။
▪️ ဂွာတီမာလာမှ အမျိုးသမီးဆိုရင် အမြဲတမ်းနေထိုင်ခွင့်ရှိသူဆိုပေမယ့် လူဝင်မှုထိန်းသိမ်းရေးတွေက သူမကို ကြမ်းပြင်သို့ တွန်းချခဲ့ကြပါတယ်။
▪️ လူဝင်မှုထိန်းသိမ်းရေးအရာရှိတွေ မျက်နှာအုပ်ဝတ်ဆင်ခြင်း မရှိစေမယ့် ဥပဒေတစ်ခုကို ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူး ဒီမိုကရက်ဘက်တော်သား ဂေဗင်နယူဆန်က လက်မှတ်ရေးထိုးလိုက်ပါတယ်။
▪️ ချီကာဂိုဆင်ခြေဖုံးအရပ်ရှိ လူဝင်မှုထိန်းသိမ်းရေးစခန်းတစ်ခုနားမှာ ဆန္ဒပြသူတွေကို ဖြိုခွင်းဖို့အတွက် အရာရှိတွေက မျက်ရည်ယိုဗုံးတွေသုံးခဲ့ကြပါတယ်။
▪️ ခြံစည်းရိုးအနောက်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ဒီလိုမျိုး ပစ်ခတ်စရာအကြောင်း မရှိဘူးလို့ လင်ကွန်းပတ်ပရက်စ်ဘီတာရီယန် ဘုရားကျောင်းမှ သင်းအုပ်ဆရာက ပြောသွားပါတယ်။
Source: Reuters
#World_Science
Published 27 September 2025
▪️ လူသားမျိုးစိတ်ရဲ့ အစောပိုင်းရှေ့ပြေးမျိုးရိုးမျောက်ဝံတွေဟာ အပူပိုင်းသစ်တောတွေမှာ နေထိုင်ခဲ့ကြတယ်လို့ ထင်ထားခဲ့ကြပေမယ့် သုတေသနအသစ်မှာတော့ အအေးဒဏ်ကြား နေခဲ့ရကြောင်း တွေ့ရှိလာပါတယ်။
▪️ သုတေသီတွေက ယူဂန်ဒါနဲ့ မာဒါဂတ်စ်ကာတို့မှ ချင်ပန်ဇီတွေနဲ့ လီမာမျောက်တွေကို လေ့လာခဲ့ကြပါတယ်။
▪️ လူသားတွေ ဘယ်လိုဆင့်ကဲပြောင်းလဲလာတယ်ဆိုတာကို နားလည်ဖို့က အခြေခံကျကျ အရေးပါပါတယ်။
▪️ ဂေဟစနစ်နဲ့ ဆင့်ကဲပြောင်းလဲခြင်း ပြောင်းလဲမှုတွေရဲ့ အဓိကအကြောင်းအရင်းထဲမှာ ရာသီဥတုပါဝင်ပါတယ်။
▪️ ရီးဒင်းတက္ကသိုလ်မှ ဂျော့ဂျ်အေဗာရီယာလော်တူရီယိုနဲ့ အခြားသုတေသီတွေက ရှေးခေတ်မျိုးစိတ်မူလအစနဲ့ ထိုနေရာတွေမှာ ရာသီဥတုအကြောင်း ဆက်စပ်လေ့လာခဲ့ကြပါတယ်။
▪️ ယခင်ထင်ထားသလို ပူနွေးတဲ့ အပူပိုင်းပတ်ဝန်းကျင်ဆိုတာထက် အေးပြီးခြောက်သွေ့တဲ့ ဒေသတွေမှာ နေထိုင်ခဲ့ကြတယ်လို့ အံ့အားသင့်ဖွယ် တွေ့ရှိထားပါတယ်။
▪️ ဒီလိုပတ်ဝန်းကျင် အခြေအနေတွေက ယင်းတို့ အလိုက်သင့် ဆင့်ကဲပြောင်းလဲပြီး အခြားဒေသများသို့ တိုးချဲ့တဲ့နေရာမှာ အရေးပါနိုင်ပါတယ်။
▪️ ခြောက်သွေ့ခြင်းနဲ့ စိုစွတ်ခြင်း ရာသီဥတုတွေ ရုတ်တရက်ပြောင်းလဲခြင်းက မျိုးရိုးဆင့်ကဲပြောင်းလဲလာတာ ဖြစ်ပါတယ်။
▪️ ရုပ်ကြွင်းအထောက်အထားများအရ ရှေးခေတ်လူဝံတွေဟာ မြောက်အမေရိကမှ အစပြုပြီး အာတိတ်ဒေသတွေဆီ နယ်ချဲ့ခဲ့ကြပါတယ်။
▪️ ဒါတွေကို လေ့လာခြင်းဖြင့် ဆင့်ကဲပြောင်းလဲမှုတွေကနေ ပတ်ဝန်းကျင်ခြိမ်းခြောက်မှုအထိ ခန့်မှန်းရာမှာ အထောက်အကူ ဖြစ်နိုင်ပါတယ်။
Source: Phys.
#World_Health
Published 27 September 2025
▪️ ရုရှားမှ ထုတ်လုပ်လိုက်တဲ့ mRNA အခြေပြု ကင်ဆာကာကွယ်ဆေး Enteromix ဟာ အစောပိုင်းစမ်းသပ်ချက်တွေမှာ ၁၀၀ ရာခိုင်နှုန်း ထိရောက်ဘေးကင်းမှုရှိကြောင်း ဖော်ပြလာပြီးနောက် ကင်ဆာရောဂါအတွက် မျှော်လင့်စရာ ဖြစ်လာပါတယ်။
▪️ ဒါပေမဲ့ တကယ်တမ်း ထူးခြားလောက်တဲ့ အောင်မြင်မှု သတ်လို့ရလား၊ ဘယ်လောက်အထိ သေချာမှုရှိနေလဲ။
▪️ ဒီကာကွယ်ဆေးကို ရုရှားမှ အမျိုးသားဆေးသုတေသန ဓာတ်ရောင်ခြည်ဌာနနဲ့ အိန်ဂျယ်ဟဒ်မော်လီကျူးဇီဝတက္ကသိုလ်တို့မှ ထုတ်လုပ်ထားကာ mRNA နည်းပညာကို အခြေပြုထားပြီး လူနာတစ်ဦးချင်းစီရဲ့ အကျိတ်ပုံစံအလိုက် ပြုလုပ်ပေးပါတယ်။
▪️ လူနာရဲ့ အကျိတ်ဆဲလ်တွေဆီကနေ RNA ကို ထုတ်ယူကာ ကင်ဆာကို ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာ ကိုယ်ခံအားစနစ်ကို သင်ပြပေးကြောင်း သုတေသနအဖွဲ့မှ မော်လီကျူးကင်ဆာအထူးကု ဒေါက်တာယူလီယာမီခေးလိုဗာက ရှင်းပြပါတယ်။
▪️ အူမကြီးကင်ဆာဖြစ်နေတဲ့ လူနာ ၄၈ ဦးကို အစောပိုင်းပထမအဆင့် စမ်းသပ်မှုများပြုလုပ်ရာမှာ ကိုယ်ခံအားတုံ့ပြန်မှု ၁၀၀ ရာခိုင်နှုန်းရရှိခြင်း၊ ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမားမရှိခြင်း၊ အကျိတ်လျော့ပါးသွားခြင်းတို့ တွေ့ရှိရပါတယ်။
▪️ အလားတူ mRNA ကင်ဆာကာကွယ်ဆေးတွေကို မိုဒါနာနဲ့ ဘိုင်အိုအန်တက်ခ်တို့လို့ ကုမ္ပဏီတွေကလည်း ထုတ်လုပ်နေပြီး စမ်းသပ်မှုနောက်ပိုင်းအဆင့် ရောက်ရှိနေကြပါပြီ။
▪️ Enteromix ကတော့ ပညာရှင်ဆွေးနွေးသုံးသပ်မှု ရရှိရန်နဲ့ ပိုမိုကျယ်ပြန့်တဲ့ တတိယအဆင့်စမ်းသပ်မှုများ ပြုလုပ်နိုင်ရန် စောင့်ဆိုင်းနေပါတယ်။
Source: India Today.
နန်ကျင်းသတ်ဖြတ်မှု ကြောက်မက်ဖွယ်ရာများအကြောင်း သရုပ်ဖော်ထားတဲ့ တရုတ်ရုပ်ရှင် Dead To Rights ဟာ အင်္ဂါနေ့အထိ ရုံဝင်ငွေ ယွမ် ၃ ဘီလီယံ (အမေရိကန်ဒေါ်လာသန်း ၄၂၀ ကျော်) ကျော်လွန်သွားပြီဖြစ်ကြောင်း အွန်လိုင်းလက်မှတ်ပလက်ဖောင်း အချက်အလက်များအရ သိရပါတယ်။
#Asia_History
Published 26 September 2025
#Dead_To_Rights #ဂျပန်ကျူးကျော်ရက်စက်မှု
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံကထွက်ရှိတဲ့ သရက်သီးတွေကို တောင်ကိုရီးယားနိုင်ငံက ကုမ္ပဏီတစ်ခုကဝယ်ယူဖို့ကမ်းလှမ်းလာတာကြောင့် ပြည်တွင်းက တင်ပို့လိုသူတွေကို အခုလနောက်ဆုံးထား လျှောက်ထားကြဖို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ဖိတ်ခေါ်ထားပါတယ်။
#Local_News
Published 26 September 2025
#တောင်ကိုရီးယား #သရက်သီး
#YMG/NN #Yangon_Times
တရုတ်ပြည်သူ့သမ္မတနိုင်ငံ မှာကျင်းပခဲ့တဲ့ (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှာ မြန်မာ့ဆန်အမျိုးအစား (၂၀)ခန့် ပါဝင်ပြသခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ကသိရပါတယ်။
#Local_News
Published 26 September 2025
#တရုတ်ပြည်သူ့သမ္မတနိုင်ငံ #တရုတ်-အာဆီယံကုန်စည်ပြပွဲ
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုနယ်က ပြည်သူ့ရင်ပြင်မှာသီတင်းကျွတ် MSME ဈေးရောင်းပွဲတော်ကို လာမယ့် အောက်တိုဘာလ (၄) ရက်မှ (၇) ရက်အထိ (၄) ရက်တိုင်တိုင်ကျင်းပသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။
#Local_News
Published 26 September 2025
#MSME #သီတင်းကျွတ်ဈေးရောင်းပွဲတော်
#YMG/SW #Yangon_Times
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ မှ ထပ်မံတည်ဆောက်ပြီးစီးတဲ့ တိုက်(၅)လုံးကိုမဲနှိုက်နေရာချထားပေးသွားမယ်လို့ DUHG(Ygn)ကသိရပါတယ်။
#Local_News
Published 26 September 2025
#သုခဒဂုံပြည်သူ့အငှါးအိမ်ရာ # မဲနှိုက်နေရာချထားပေး
#YMG/SW #Yangon_Times
#Daily_News
Published 26 September 2025
၁။ သုခဒဂုံပြည်သူ့အငှါးအိမ်ရာမှ တိုက်(၅)လုံးကို မဲနှိက်နေရာချထားပေးမည်
၂။ သီတင်းကျွတ် MSME ဈေးရောင်းပွဲတော်ကို ကျင်းပမည်
၃။ တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၌ မြန်မာ့ဆန်အမျိုးအစား(၂၀)ခန့် ပါဝင်ပြသ
၄။ ဂျပန်ကျူးကျော်ရက်စက်မှုများအကြောင်းကွက်ကွက်ကွင်းကွင်းတင်ဆက်ထားသည့် Dead To Rights ရုပ်ရှင် ဝင်ငွေယွမ်(၃)ဘီလီယံကျော်ခဲ့ပြီ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 26 September 2025
▪️ အာရှဘောလုံးအဖွဲ့ချုပ်(AFC)မှ ကြီးမှူးကျင်းပမည့် ဘောလုံးပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်းက ပြောသည်။
▪️ ယမာန်နေ့ မနက် ၉ နာရီအချိန်က ရန်ကုန်မြို့ ဝေဇယန္တာလမ်းရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏပတ္တမြားခန်းမ၌ကျင်းပခဲ့သည့်
(AFC) မှ ကြီးမှူးကျင်းပမည့် နိုင်ငံတကာဘောလုံးပြိုင်ပွဲများ၏ ပွဲစဉ်များကို အိမ်ရှင်အဖြစ် အောင်မြင်စွာလက်ခံကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး၌ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း အာရှဘောလုံးအဖွဲ့ချုပ်(AFC)မှ ကြီးမှူးကျင်းပမည့် ဘောလုံးပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ရာ အောက်တိုဘာ ၁၃ ရက်မှ ၁၇ ရက်အထိ (AFC) U-17 Women’s Asian Cup China 2026 Qualifiers ပြိုင်ပွဲ၊ အောက်တိုဘာ ၁၄ ရက်တွင် (AFC) Asian Cup Saudi Arabia 2027 Qualifiers ပြိုင်ပွဲ၊ နိုဝင်ဘာ ၉ ရက်မှ ၁၅ ရက် အထိ Asian Women’s Cham-pions League (AWCL) 2025 Group Stage ပြိုင်ပွဲ၊ နိုဝင်ဘာ ၂၂ ရက်မှ ၃၀ ရက်အထိ AFC U-17 Asian Cup Saudi Arabia 2026 Qualifiers ပြိုင်ပွဲများကျင်းပမည်ဖြစ်ပါကြောင်း ပြောကြားသည်။
▪️ အဆိုပါပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဘောလုံးပြိုင်ပွဲများ၏ လုံခြုံရေးကို ယခင်ဆောင်ရွက်ပေးသည်ထက် ပိုမိုဂရုစိုက် ဆောင်ရွက်ပေးစေလိုကြောင်း၊ သွားလာ/နေထိုင်စားသောက်ရေး ကိစ္စရပ်များ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာကိစ္စရပ်များ၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းထိန်းသိမ်းရေးကိစ္စရပ်များ၊ ယာဉ်လမ်းကြောင်းပိတ်ဆို့မှုမဖြစ်ပေါ်စေရေးတို့ကို သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် အလေးထားဆောင်ရွက်ပေးစေလိုကြောင်း၊ ပြိုင်ပွဲများအောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့မှ ဝိုင်းဝန်းကူညီပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးစေလိုပါကြောင်းပြောကြားခဲ့ သည်။
▪️ ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီမံရေးရာနှင့်လုံခြုံရေးဌာနတာဝန်ခံက Video Clip ဖြင့် ပြိုင်ပွဲအစီအစဉ်များကို ရှင်းလင်းပြသပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြသည်။
▪️ ယင်းနောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က Asian Women’s Champions League (AWCL) 2025 Group Stage ပြိုင်ပွဲ ယှဉ်ပြိုင်အောင်နိုင်ရေးကိစ္စရပ်များကို ထပ်မံဖြည့်စွက်ပြောကြားပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား သည်။
▪️ အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 274 of 2056