#Local_News
Published_ 16 September 2022
မူးယစ်ဆေးဖြတ်လိုတဲ့ လူနာ(၄၀)ခန့်ကို မူးယစ်ဆေးဖြတ်နိုင်အောင်နဲ့ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်နိုင်အောင်ဆောင်ရွက်ပေးနေတယ်လို့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုဥက္ကဌဦးစံရှိန်က YMG ကို ပြောပါတယ်၊၊
#Yangon_Media_Group
Published 16 Sept 2022
ဥဇဘက်ကစ္စတန်နိုင်ငံ ဆမာကန်မြို့မှာကျင်းပခဲ့တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)ထိပ်သီးအစည်းအဝေးက မြန်မာနိုင်ငံကို SCO ရဲ့ ဆွေးနွေးဖက်နိုင်ငံအဆင့်ပေးအပ်ဖို့ သဘောတူဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။
ထိပ်သီးအစည်းအဝေးအပြီးထုတ်ပြန်တဲ့ ဆာမာကန်ကြေညာစာတမ်းထဲမှာထိုကဲ့သို့ဆုံးဖြတ်ကြောင်း ဖော်ပြထားတာဖြစ်တယ်လို့ TASS သတင်းဌာနက သတင်းရေးသားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံနှင့်အတူ ဘာရိန်း၊မော်လဒိုက်၊ကူဝိတ်နှင့် ယူအေအီးနိုင်ငံတွေကိုလည်း ဆွေးနွေးဖက်နိုင်ငံအဆင့်ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ TASS ကဖော်ပြပါတယ်။
“ အဖွဲ့ဝင်နိုင်ငံတွေက ဘာရိန်းဘုရင့်နိုင်ငံ၊မော်လဒိုက်သမ္မတနိုင်ငံ၊ကူဝိတ်နိုင်ငံ၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတို့ကို SCO ဆွေးနွေးဖက်မိတ်ဖက်များအဆင့် ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းအပေါ် ကျေနပ် အားရမှုရှိစွာ အလေးဂရုပြုကြပါတယ်” လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအနေနှင့် ဆွေးနွေးဖက်မိတ်ဖက် လက်မှတ်ရေးထိုးနိုင်ဖို့ လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကိုတော့ ဆက်လက် ဆောင်ရွက်ရဦးမယ့် သဘောတော့ရှိနေပါတယ်။
အဲဒီအပြင် အီဂျစ်အာရပ်သမ္မတနိုင်ငံ၊ဆော်ဒီအာရေဗျဘုရင်နိုင်ငံနှင့် ကာတာနိုင်ငံတို့ကိုလည်း SCO ဆွေးနွေးဖက်မိတ်ဖက်အဆင့် ပေးအပ်တဲ့ စာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြတာကိုလည်း အဖွဲ့ဝင်နိုင်ငံတွေက အလေးဂရုပြုခဲ့ ကြတယ်လို့ ကြေညာချက်မှာ ဆက်လက်ရေးသားထားပါတယ်။
အစည်းအဝေးအတွင်းမှာ SCO အတွင်းရေးမှူးချုပ်ရုံးနှင့် အာရပ်နိုင်ငံများအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးချုပ်ရုံး၊ ယူနက်စကို၊ အာရှနှင့်ပစိဖိတ် စီးပွားရေးနှု့်လူမှုရေးကော်မရှင်တို့ အကြားလည်း နားလည်မှုစာချွန်လွှာတွေလက်မှတ်ရေးထိုးခဲ့ကြတယ်လို့သိရပါတယ်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှာ တရုတ်၊အိန္ဒိယ၊ရုရှား၊အီရန် ကာဇက်စတန်၊ကာဂျစ်စတန်၊ပါကစ္စတန်၊တာဂျစ်ကစ္စတန်နှင့် ဥဇဘက်ကစ္စတန်တို့ဟာ တင်းပြည့်အဖွဲ့ဝင်နိုင်ငံတွေဖြစ်ပြီး လေ့လာသူအဆင့်နိုင်ငံတွေ၊ဆွေးနွေးဖက်မိတ်ဖက်နိုင်ငံတွေနှင့် ဖွဲ့စည်းတည်ထောင်ထားတာဖြစ်ပါတယ်။
Ref: TASS
#World_Technology
Published 16 September 2022
ဗုဒ္ဓဟူးနေ့က စတင်ဖွင့်လှစ်လိုက်တဲ့ ဒက်ထရွိုက်မော်တော်ကားပြပွဲမှာ အမေရိကန်ကားကုမ္ပဏီကြီးတွေရဲ့ ဓာတ်ဆီသုံးကားများနဲ့ လျှပ်စစ်ကားများပြသခဲ့ကြပြီး သမ္မတ'ဂျိုးဘိုင်ဒန်'လည်း တက်ရောက်ခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 16 September 2022
မန္တလေးတိုင်းအတွင်းရှိ ပျူမြို့ဟောင်းတစ်ခုဖြစ်တဲ့
ပင်လယ်မြို့ဟောင်း (သို့မဟုတ်) မိုင်းမောကို မကြာမီတူးဖော်သုတေသနပြုလုပ်သွားမှာဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(စီမံ)ညွှန်ကြားရေးမှူးဦးအောင်အောင် ကျော်က ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published-16 Setember 2022
လာမယ့် ခရီးသွားရာသီအစမှာ ပြည်တွင်းကို ဝင်ရောက်လာမဲ့ပြည်ပခရီးသွားဦးရေဟာ နည်းနိုင်သေးတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published _ 16 September 2022
အခါကြီးရက်ကြီး ကာလတွေမှာ မိမိရဲ့ မြိုနယ်ကိုပြန်ကြမယ့်သူတွေ များပြားတာကြောင့် အဝေးပြေးယာဉ်လိုင်းတွေရဲ့ ကားလက်မှတ်နှုန်းထားတွေကို သာမာန်ထက် ဈေးတင်ရောင်းတာတွေမပြုလုပ်ကြဖို ညွှန်ကြားချက်ထုတ်ထားတယ်လို YRTC ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က YMG ကိုပြောပါတယ်။
#Yangon_Media_Group
Published 16 Sept 2022
တရုတ်နိုင်ငံ တောင်ပိုင်း ဟူနန်ပြည်နယ် မြို့တော် ချန်ရှား မြို့လယ်က အထပ်မြင့် ရုံးကြီး သောကြာနေ့ မွန်းလွဲပိုင်းက မီးကြီးလောင်ကျွမ်းခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက သတင်းပေးပို့ပါတယ်။
အဲဒီအဆောက်အအုံဟာ အထပ်ပေါင်း ၄၂ထပ်ရှိပြီး ၆၅၆ ပေကျော်မြင့်မားတဲ့ တရုတ်တယ်လီကွမ်းအဆောက်အအုံကြီးဖြစ်ပါတယ်။ အထပ်ဒါဇင်ကျော်ဟာ မီးလောင်ကျွမ်းခံရပါတယ်။
ကနဦးစစ်ဆေးချက်များအရ အဆောက်အအုံရဲ့ ပြင်ပနံရံတွေမှာ မီးစတင်လောင်ကျွမ်းတာလို့ ဟူနန်မီးသတ်ဌာနက ပြောပါတယ်။ လက်ရှိမှာ ပြင်ပကမီးကိုငြှိမ်းသတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိလို့သိရပါတယ်။
Source: Reuters
#China_ Hunan_ Changsha
#Changsha_Fire
#China_Telecom_building
#DailyNews
Published _ 16 September 2022
၁။ အခါကြီးရက်ကြီးများတွင် အဝေးပြေးကားလက်မှတ်များဈေးတင်ရောင်းချခြင်း မပြုလုပ်ကြရန် YRTC မှညွှန်ကြားထား
၂။ ပွင့်လင်းရာသီအစတွင် ပြည်ပခရီးသွားဧည့်သည့် နည်းနိုင်သေးဟု UMTA ဥက္ကဋ္ဌပြော
၃။ မန္တလေးတိုင်းအတွင်းရှိပျူခေတ်ပင်လယ်မြိုဟောင်း
တူးဖော်ရေးများစတင်မည်
၄။ ဘိုင်ဒင်တက်ရောက်ခဲ့သည့် ဒက်ထရွိုက်မော်တော်ကားပြပွဲတွင် လျှပ်စစ်ကားများပါပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
published _ 16 September 2022
နေပြည်တော်မှာ လတ်တလောပြုလုပ်နေလျှက်ရှိသည့် အိမ်ရာစီမံကိန်းတွေ၊ မြို့တွင်းထဲရှိ အထင်ကရနေရာတွေကို ပြန်လည်မွန်းမံမှုတွေပြုလုပ်နေကြတဲ့အတွက် အိမ်ခြံမြေစျေးကွက်ဟာလည်း အဝယ်လိုက်နေပြီး အတက်ဖက်ကို ဦးတည်နေတယ်လို့ နေပြည်တော်ရှိ အိမ်ခြံမြေရောင်းဝယ်ပြုလုပ်သူတွေက ဆိုပါတယ်။
#Yangon_Media_Group
#Local_News
Published - 16 September 2022
မြန်မာနိုင်ငံတွင် ပမာဏအများဆုံးဖြင့် ရင်းနှီးမြှုပ်နှံသူများတွင် စင်ကာပူနှင့် ဟောင်ကောင်တို့ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)၏ စာရင်းတွေအရ သိရသည်။
စင်ကာပူနိုင်ငံတစ်ခုတည်း၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ပမာဏသည် ကန်ဒေါ်လာ ၁ ဒသမ ၀၈၉ ဘီလီယံရှိပြီး ၅ လအတွင်း ဝင်ရောက်ခဲ့သည့် FDI စုစုပေါင်း ဒေါ်လာ ၁ ဒသမ၂၃ ဘီလီယံ၏ ၈၈ ရာခိုင်နှုန်းအထိ ပါဝင်နေကြောင်း သိရသည်။
ယင်းအပြင် လုပ်ငန်း ၁၀ ခု၏ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်ပြီး မြို့ပြဖွံ့ဖြိုးရေး၊ အိမ်ခြံမြေ၊ စွမ်းအင်နှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် အဓိကထား ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း DICA က ထုတ်ပြန်ထားသည်။
ဒုတိယအများဆုံးအဖြစ်ဟောင်ကောင်မှ စီမံကိန်းလုပ်ငန်း ၇ တွင် ဒေါ်လာသန်း ၇၀ ခန့် ထည့်ဝင်ထားပြီး ၊ တရုတ်မှ ဒေါ်လာ ၅၆.၇ သန်းနှင့် လုပ်ငန်း ၁၅ ခုတွင် ရင်းနှီးမြှုပ်နှံထားကြောင်း ဖော်ပြထားသည့် အချက်အလက်အရ သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published - 16 September 2022
သကြားလက်ကျန်မှာ နည်းနေပြီး ပြည်ပ Export ပုံမှန်သွားနေရခြင်းကြောင့် ပြည်တွင်းသကြားဈေးကွက်မှာ အမြင့်ဈေးတွင်ရှိနေပြီး ပုံမှန်လည်ပတ်နေကြောင်း ကုန်သည်များထံမှ သိရသည်။
နှစ်စဉ်မိုးတွင်းကာလသည် သကြားဈေးကွက်အေးသည့်ရာသီဖြစ်သော်လည်း လက်ရှိတွင် သကြားဈေးကွက် ကောင်းနေကြောင်း၊ ယင်းအပြင် ဒီဇင်ဘာလလယ်မှသာ သကြားကြိတ်သည့် ရာသီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်များတွင် သကြားဈေး တစ်ပိဿာလျှင် အများဆုံး ၉၀၀ ခန့်သာရှိခဲ့ပြီး လက်ရှိ သကြား တစ်ပိဿာလျှင် ၂,၃၅၀ ဝန်းကျင်ခန့်အထိ ရရှိနေကြောင်းသိရသည်။ လက်ရှိတွင်သကြားကို ဗီယမ်နမ်နိုင်ငံ တစ်နိုင်ငံတည်းသာ တင်ပိုလျှက်ရှိပြီး လက်ရှိ အချိန်အထိ တန်ချိန် တစ်သိန်းကျော်ထိ တင်ပို့ထားပြီးဖြစ်ကြောင်း သိရသည်။
ပြည်တွင်း သကြားကို ဗီယမ်နမ်နိုင်ငံသို့ ပြီးခဲ့သည့်နှစ်မှ စတင်တင်ပို့ခဲ့ခြင်းဖြစ်ပြီး အဆိုပါနှစ်တွင် သကြားတန်ချိန် တစ်သိန်းခုနှစ်သောင်းခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
တစ်နှစ်လျှင် ပျမ်းမျှသကြားတန်ချိန် လေးသိန်းခန့်ထွက်ရှိပြီး လက်ရှိ သကြားလက်ကျန်အိတ် အရေအတွက် ခုနှစ်သိန်းခန့် ကျန်မည်ဖြစ်ကြောင်း၊ ကိုဗစ်ကြောင့် ပြီးခဲ့သည့်နှစ်များက သကြားဈေးကွက်မှာ အရှုံးပေါ်ခဲ့ပြီး ကြံစိုက်ဧကများကို လျှော့ချစိုက်ပျိုးခဲ့ခြင်းများလည်းရှိခဲ့ကာ ယခုနှစ်တွင် ဈေးကောင်းရနေသည့်အတွက် သကြားတိုးချဲ့စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published - 16 September 2022
အခြေခံစားသောက်ကုန်ဖြစ်သည့် ကြက်သွန်နီဈေးနှုန်းမှာ ကျပ် ၃၀၀၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအထိ ကြက်သွန်နီဈေးနှုန်းမှာတစ်ပိဿာ ၄၅၀၀ အထိ မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အရွယ်အစားနှင့်အမျိုးအစားပေါ်မူတည်ပြီး တစ်ပိဿာ ၂၄၀၀ မှ ၃၁၀၀ ကျပ်အထိရှိကြောင်း သိရသည်။
ကြက်သွန်နီ ဈေးနှုန်းမြင့်တက် ခြင်းကို ထိန်းချုပ်ရန်အတွက် ပြည်ပမှ ကြက်သွန်နီတင်သွင်းလေ့ရှိပြီး လက်ရှိတွင်လည်း တရုတ်ဘက်မှ ကြက်သွန်ကားမှာ ပုံမှန်အဝင်ရှိကြောင်း သိရသည်။
တရုတ်ကြက်သွန်နီဈေးနှုန်းမှာ တစ်ပိဿာ ၂၄၀၀ မှ ၂၆၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။
" ကြက်သွန်တွေက ဈေးတော့ကျနေပါပြီ။ ထပ်ကျဖို့လည်းရှိပါတယ်။ နယ်ကနေတော့ ကြက်သွန်ကားတွေက ပုံမှန်ဝင်တယ်။ ပစ္စည်းပေါ်မူတည်ပြီး ရောင်းကြတယ်"ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဥက္ကဌ ဦးခင်ဟန်က ပြောသည်။
ဘုရင့်နောင်ကုန်စည်ဒိုင်ရ ဈေးနှုန်းဖော်ပြချက်တွေအရ ဆိတ်ဖြူကြက်သွန်နီအမျိုးအစားမှာ ပြီးခဲ့သည့် သြဂုတ်လတွင် တစ်ပိဿာကို ၂၂၅၀ ကျပ်ကနေ ၂၆၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့ပြီး စက်တင်ဘာလ အတွင်း ဈေးနှုန်းမှာ ဆက်တိုက်မြင့်တက်လာခဲ့ကာ ယခုရက်ပိုင်းမှသာပြန်လည်ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
Page 1600 of 1992