#Local_New

Published_18 November 2022


နစက အနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအထိ ပြစ်ဒဏ်ကျခံနေသော လူဦးရေ ၅၉၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း ယနေ့ နိုဝင်ဘာလ ၁၈ ရက်တွင် ပြုလုပ်သည့် ၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲအတွင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောသည်။

 

၂၀၂၁ ခုနှစ် ပြည်ထောင်စုနေ့တွင် နိုင်ငံခြားသား ၅၅ ဦး၊ ပြည်တွင်း ၂၃၃၁၄ ဦး စုစုပေါင်း ၂၃၃၆၉ ဦး၊ နှစ်ဆန်းတစ်ရက်နေ့တွင် နိုင်ငံခြားသား ၁၃၇ ဦး၊ ပြည်တွင်း ၂၃၀၄၇ ဦး စုစုပေါင်း ၂၃၁၈၄ ဦး၊ သီတင်းကျွတ်လပြည့်နေ့တွင် ပြည်တွင်းနိုင်ငံသား ၅၆၇၀ ဦး၊ ၂၀၂၂ ခုနှစ် မတ်လ ၂ ရက်တွင် နိုင်ငံခြားသား တစ်ဦး ပြည်တွင်းနိုင်ငံသား ၆ ဦးစုစုပေါင်း ၇ ဦး၊ နှစ်ဆန်းတစ်ရက်နေ့တွင် နိုင်ငံခြားသား ၄၂ ဦး၊ ပြည်တွင်းနိုင်ငံသား ၁၅၇၇ ဦး စုစုပေါင်း ၁၆၁၉ ဦး၊ အောက်တိုဘာလ ၁၀ ရက်တွင် ပြည်တွင်းနိုင်ငံသား ၆ ဦးနှင့် အမျိုးသားနေ့တွင် နိုင်ငံခြားသား ၄ ဦး ပြည်တွင်းနိုင်ငံသား ၅၇၇၀ ဦး စုစုပေါင်း ၅၇၇၄ ဦး တို့ကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group