#Local_New
Published_18 November 2022

 

၂၀၂၃ တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ကြိုတင်အသိပေးထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးခင်မောင်ဦးက ပြောသည်။

 

ယနေ့ နိုဝင်ဘာလ ၁၈ ရက် နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် ၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ယင်းအပြင် တိုင်းနှင့် ပြည်နယ် ၃ ခုတွင် ရွေးကောက်ပွဲအတွက် မဲရုံသတ်မှတ်မှုလုပ်ငန်းစဉ်များ ပြီးစီးပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ လာမည့် ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကို ပြောင်းလဲကျင့်သုံးမည်ဖြစ်သည့်အတွက် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံညှိနှိုင်းပြီးဥပဒေ၊ နည်းဥပဒေများကိုပြင်ဆင်ရေးဆွဲနေပြီဖြစ်ကြောင်း မဲဆန္ဒရှင်တွေအနေဖြင့် လွယ်လွယ်ကူကူမဲပေးလို့ရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

 

အချိုးကျကိုယ်စားပြုစနစ် (PR) ကို ပြောင်းလဲကျင့်သုံးမှာဖြစ်တဲ့အတွက် ပြည်သူတွေ လွယ်ကူစွာမဲပေးနိုင်ဖို့အတွက် ကော်မရှင်အနေဖြင့်ကျယ်ကျယ်ပြန့်ပြန့် အသိပေးဟောပြောသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/sth
#Yangon_Media_Group