#Local_News
Published _ 18 november 2022

 

နိုဝင်ဘာ ၁၇ ရက်ကကျရောက်ခဲ့သည့် (၁၀၂)နှစ်မြောက် အမျိုးသားနေ့အား ဂုဏ်ပြုသည့်အနေဖြင့် နစက မှတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီး သီးမှ အကျဉ်းသား၊အကျဉ်းသူ ၅၇၇၄ ဦးအား ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းအား မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံး(ရန်ကုန်)မှ ကြိုဆိုသည်ဟု ယနေ့ နိုဝင်ဘာလ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

 

ကနေဒါသံရုံး(ရန်ကုန်)၏ ထုတ်ပြန်ချက်တွင် နိုင်ငံရေးအကျဉ်းသား ၇၀၀ ကျော်အပါအဝင် အကျဉ်း သား ၆၀၀၀ ခန့်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းအား ကနေဒါနိုင်ငံက ကြိုဆိုသည်ဟု ရေးသားထားသည်။

 

လွတ်မြောက်လာသူများသည် ၎င်းတို့ ချစ်ခင်ရသူများနှင့်လုံခြုံစွာပြန်လည်ဆုံစည်းနိုင်လိမ့် မည်ဟုမျှော်မှန်းကာ နိုင်ငံခြားသားများ လွတ်မြောက်လာခြင်းနှင့်၎င်းတို့၏ မိခင်နိုင်ငံများသို့ လုံခြုံစွာပြန်သွားနိုင်ခြင်းများကိုလည်း ကနေဒါနိုင် ငံကကြိုဆိုသည်ဟု ယင်းထုတ်ပြန်ချက်၌ ရေးသားထားသည်။

 

နိုင်ငံရေးအကျဉ်းသားအားလုံးနှင့်ဖမ်းဆီးချုပ်နှောင်ခံရသူများအားလုံးလွတ်မြောက် ရေးကိုလည်း ကနေဒါနိုင်ငံမှ ဆက်လက်တောင်းဆိုသည်ဟုလည်း ကနေဒါသံရုံး(ရန်ကုန်)၏ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားရှိသည်။

 

#ymg/NN
#Yangon_Media_Group