#Local_News
Published - 23 August 2022
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်နဲ့နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်းကုန်သွယ်မှု တိုးတက်လာတယ် မူဆယ်ကုန်စည်ဒိုင်၊ ဆန်ကုန်သည်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#World_Art
Published 23 August 2022
ဂျပန်လက်မှုပညာရှင်တွေမှ ပြုလုပ်တဲ့ ပလတ်စတစ်အစားအသောက်ရုပ်ထုများကို တိုကျိုပြပွဲတစ်ခုမှာ ယခုအပတ်အတွင်း ပြသသွားခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published_23 August
ရှားပါးမျိုးစိတ်စာရင်းဝင် မြန်မာ့ကြယ်လိပ်ပေါက်ပွားနှုန်းက များတယ်ဆိုပေမဲ့ ရှင်သန်နိုင်နှုန်းကတော့ ကျဆင်းနေပါတယ်။
#Yangon_Media_Group
#Local_News
Published _ 23 August 2022
ပြည်တွင်းဆန်လက်ကျန်နည်းတဲ့ ကာလတွေမှာ ဆန်ဈေးနှုန်းကို ထိန်းညှိနိုင်ဖို့အတွက် အရန်ဆန်စီမံကိန်းတစ်ခု ဆောင်ရွက်ဖို့ရှိတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 23 August 2022
အိမ်၊ ခြံ၊ မြေ ဝယ်ယူပြီး ရင်းနှီးမြုပ်နှံတဲ့သူတွေရှိလာတဲ့အတွက် အိမ်၊ ခြံ၊ မြေ တန်ဖိုးတွေဟာ အရင်ကထက် (၃၀)ရာခိုင်နှုန်း ပိုတက်လာတယ်လို့ မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ အသင်းဝင်၊ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဒေါ်နှောင်းဝဿန်ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published - 23 August 2022
၁။ အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင်ရင်းနှီးမြုပ်နှံသူများရှိလာ၍ ယခင်ကထက်တန်ဖိုး(၃၀)ရာခိုင်နှုန်းတက်
၂။ ဆန်ဈေး ထိန်းညှိနိုင်ရန် အရန်ဆန်စီမံကိန်းဖြင့် ဆောင်ရွက်နေ
၃။ ရှားပါးမျိုးစိတ်စာရင်းဝင် မြန်မာ့ကြယ်လိပ်ပေါက်ပွားနှုန်းများသော်လည်း ရှင်သန်နိုင်နှုန်း ကျဆင်း
၄။ တိုကျိုပြပွဲတွင် ပလတ်စတစ်အစားအစာရုပ်ထုများအား ခင်းကျင်းပြသ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_23 August 2022
ငြိမ်းချမ်းရေး ဦးဆောင်အဖွဲ့(PPST)ရဲ့ ပထမဆုံးနာယကကြီးဟာ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ဖြစ်လာဖို့ အလားအလာ ရှိနေပါတယ်။
#Yangon_Media_Group
#Local_News
Published_23 August 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းနှင့် ပတ်သက်၍ သတင်းပေးပို့ပါက ဆုငွေ ချီးမြှင့်မည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနက သိရသည်။
သတင်းပေးပို့သူနှင့်ပတ်သက်သော အချက်အလက်များကို လျှို့ဝှက်စွာ ထိန်းသိမ်းထားရှိမည် ဖြစ်ပြီး ရရှိမည့်ဆုငွေများကိုလည်း လျှို့ဝှက်စွာ ဆက်သွယ်အကြောင်းကြား၍ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ ဆက်သွယ်ထုတ်ပေးသွားမည့်အပြင် သတင်းပေးသူကိုပါ လျှို့ဝှက်ထားရှိမည်ဖြစ်ကြောင်း သိရသည်။
တရားမဝင် တင်သွင်း၊ တင်ပို့မှုများ တွေ့ရှိပါက တင်သွင်း၊ တင်ပို့ ပစ္စည်းများနှင့် ပတ်သက်၍ တားဆီး၊ ဖမ်းဆီးနိုင်သည့် သတင်းအချက်အလက်တိတိကျကျဖော်ပြ၍ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များထံ လျှို့ဝှက်လုံခြုံစွာ သတင်းပေးတိုင်ကြားနိုင်ကြောင်းလည်း အကောက်ခွန်ဦးစီးဌာနက ဆက်သွယ်ရမည့် ဖုန်းနံပါတ်များဖြင့် ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။
တရားမဝင် တင်သွင်း၊ တင်ပို့မှုများနှင့် ပတ်သက်၍ တားဆီး၊ ဖမ်းဆီးပစ္စည်းများအပေါ် ရွေးယူဒဏ်ငွေ တပ်ရိုက်ခြင်း သို့မဟုတ် လေလံတင်ရောင်းချခြင်းမှ ရရှိငွေ၏ ၃၀ ရာခိုင်နှုန်းကို ဖမ်းဆီးသူများ အားလည်းကောင်း၊ ၂၀ ရာခိုင်နှုန်းကို သတင်းပေးသူများအားလည်းကောင်း ပြည်ထောင်စုအစိုးရ အဖွဲ့၏အမိန့်ကြော်ငြာစာအမှတ် ၇၀/၂၀၂၀ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆုငွေချီးမြှင့်ရန် ထုတ်ပြန်ထားခြင်းလည်း ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_23 August 2022
ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် ဦးမောင်ဝိတ်နှင့်ဆက်စပ်အမှုနှစ်ခုအတွက် လိုပြသက်သေမလာသောကြောင့် ယနေ့ သြဂုတ်လ ၂၃ ရက်တွင်လည်း မစစ်ဆေးခဲ့ရကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
အဆိုပါအမှု နှစ်ခုကို ရှေ့နေအဖွဲ့က တရားလွှတ်တော်ချုပ်၌ ပြီးခဲ့သည့် ဇူလိုင်လ ၁၃ရက်က ချေဖျက်ခွင့်တင်ခဲ့သော်လည်း ယခု(သြဂုတ်)လ ၁၇ ရက်တွင် ပယ်ချခဲ့ခြင်းလည်း ဖြစ်သည်။
"ရုံးချိန်းနှစ်ခုရှိပြီ၊ လိုပြသက်သေမလာတာ။ မလာဘူးဆိုရင် တရားလိုဖက်က ပယ်တာတွေ ဘာတွေလုပ်ရတာ ဖြစ်ပါတယ်။ တရားလိုက အဂတိတိုက်ဖျက်ရေးကော်မရှင် ဖြစ်တဲ့အတွက် သူတို့ဘက်ကပယ်ရမှာ။ ဒီနေ့ နှစ်ယောက် စစ်ရမယ်၊ အဲဒီနှစ်ယောက်ထဲမှာ ဦးသန့်သော်ကောင်းလည်းပါတယ်။ ဒါပေမဲ့ မလာကြဘူး။ ခြေဖျက်ဖို့တင်ထားတာတွေလည်း လက်မခံဘူး။ဒ ါကြောင့် အမှုကို နောက်တစ်ပတ် အင်္ဂါနေ့မှာ ရုံးချိန်းပြန်ချိန်းတယ်"ဟု အဆိုပါ နီးစပ်သူတစ်ဦးကပြောသည်။
ယနေ့ရုံးချိန်းတွင် ရဟတ်ယာဉ်ဝယ်ယူမှုနှင့် ပတ်သက်သော အမှုနံပတ် ၄၉ အတွက်လည်း လူကယ်ပြန်ဒုဝန်ကြီးဟောင်း ဦးစိုးအောင်အား တရားလိုပြသက်သေအဖြစ် နေပြည်တော်အချုပ်ထောင်တွင်းတရားရုံး၌ ဆက်လက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၁၁ နှစ် ချမှတ်ထားသည့်အပြင် ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့်ပတ်သက်သည့် အဂတိအမှု ၄ မှုအတွက် ထောင်ဒဏ် ၆ နှစ် ထပ်မံ ချမှတ်ခဲ့သေးကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published _ 23 August 2022
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ထဲတွင် မြန်မာဘက်ခြမ်းသို့ တရားမဝင် တင်သွင်းမည့်ကားနှစ်စီးနှင့် ဆိုင်ကယ် ၁၃ စီးကို ဩဂုတ်လ ၂၂ ရက်တွင် သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းစစ်ဘက်က ထုတ်ပြန်ထားသည်။
အမှတ်(၃၅၀၈) ရိန်းဂျားတပ်ခွဲမှ တပ်ဖွဲ့ဝင်များသည် ထာ့ဆောင်ယန်းမြိုနယ် ဘန့်မိုင်ထိုင်းလုမ့်ယင် ကျေးရွာအုပ်စု သောင်ရင်းမြစ်ကမ်းတစ်လျှောက် လုံခြုံရေးယူနေစဉ် နံနက်ပိုင်းက တောထဲ၌ လမ်းလျှောက်လာသည့် လူခုနစ်ဦးအား စစ်ဆေးရန် ရပ်ခိုင်းရာ တောထဲသို့ ထွက်ပြေးသွားခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယင်းနောက် အနီးအနားတစ်ဝိုက် လိုက်လံရှာဖွေစစ်ဆေးရာ နံပါတ်ပြားမပါရှိသည့် မီးခိုးရောင်တိုယိုတာဟိုင်းလပ်ကားတစ်စီး၊ တံခါးလေးဘက်ပါအဖြူရောင် အီစူဇူးကားတစ်စီးနှင့်အတူ မသင်္ကာသူတစ်ဦးအား တွေ့ရှိဖမ်းဆီးခဲ့ကြောင်းသိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ သောင်ရင်းမြစ်ကမ်းနားတောထဲ၌ဝှက်ထားသည့် မော်တော် ဆိုင်ကယ် ၁၃ စီးကိုထပ်မံတွေ့ရှိခဲ့ကြောင်း၊ ဖမ်းဆီးရမိသူကို ဆက်လက်အရေးယူရန် မဲ့မွေးနယ်မြေရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published_23 August 2022
မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ လမ်း ၃၀ နှင့် ၅၇ လမ်းဒေါင့်တွင် ယနေ့ သြဂုတ်လ၂၃ ရက် နံနက် ၈ နာရီခွဲခန့်အချိန်က မိနစ်ခန့်က ဇနီးမောင်နှံ နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
အဆိုပါ ဇနီးမောင်နှံတွင် အမျိုးသားမှာ မြနန်းရုံဟိုတယ်၏ မန်နေဂျာတစ်ဦးဖြစ်ကြောင်း၊ လမ်း ၃၀ပေါ်တွင် အမည်မသိအမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးမြို့ခံတစ်ဦးကပြောသည်။
အဆိုပါ ဇနီးမောင်နှံနှစ်ဦးက ဆိုင်ကယ်ဖြင့် လမ်း ၃၀ အတိုင်း အရှေ့မှအနောက်သို့ စီးနင်းလာရာ Unity ကိုယ်ပိုင်အထက်တန်းကျောင်းရှေ့အရောက်တွင် အမည်မသိ အမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့် လားရာတူ မောင်းနှင်၍ ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက်လမ်း ၃၀ လမ်းအတိုင်း အနောက်မှ အရှေ့သို့ ပြန်လှည့်မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
သေနတ်ဖြင့် ပစ်ခံရသည့်ဟိုတယ်မန်နေဂျာ ဦးစည်သူကိုကိုနှင့် ဇနီးဒေါ်နှင်းဝေဝေလှိုင်တို့ သေနတ်ဒဏ်ရာများဖြင့် နေရာ၌ပင် သေဆုံးသွားကြကြောင်း၊ အခင်းဖြစ်နေရာဝန်းကျင်တွင် S &B 20 9x19 စာတန်းပါ ကျည်ခွံ ၆ ခွံ၊ Unity ကျောင်းရှေ့လမ်း ၃၀ လမ်းပေါ်တွင် အလားတူကျည်ခွံ ၁ ခွံ ပေါင်း ၇ ခွံကို တွေ့ရှိခဲ့ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 23 Aug 2022
တောင်ကိုရီးယားနိုင်ငံသို့ တရားဝင် မြန်မာလုပ်သားသစ် ၁၄၉ ဦး ဒီကနေ့ သြဂုတ် ၂၃ ရက်တွင် ထပ်မံရောက်ရှိလာကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန် ထားပါတယ်။
အဆိုပါ လုပ်သားများအနက် လုပ်သားသစ် ၁၀ ဦးမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်သားအဖြစ်အသစ်ဝင်ရောက် လုပ်ကိုင်ကြမည်ဖြစ်ပြီး လုပ်သားသစ် ၁၃၉ ဦးမှာ ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်ကြမည်ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာလုပ်သားများကို တောင်ကိုရီးယားအစိုးရက တရားဝင်ပြန်လည် ခေါ်ယူလျှက်ရှိရာ ပြီးခဲ့သည့် ဩဂုတ် ၁၈ ရက်ကလည်း မြန်မာလုပ်သား ၁၆၈ ဦး စေလွှတ်ခဲ့ ရပြီး ဩဂုတ်လအတွင်း မြန်မာလုပ်သား ၉၀၀ ကျော် စေလွှတ်ခဲ့ပြီး ဖြစ်ပါတယ်။
ygm_mnn
#Yangon_Media_Group
Page 1604 of 1952