#World_Wildlife
Published 22 August 2022
ကနေဒါ ဟတ်ဒ်ဆန်ပင်လယ်အော်တဝိုက်မှာ ဘယ်လူဂါဝေလငါးတွေက ခရီးသွားဧည့်သည်တွေရဲ့လှေတွေအနီးမှာ ရေငုပ်လိုက် ပြန်ပေါ်လာလိုက်နဲ့ သွားလာနေကြပါတယ်။
#Yangon_Media_Group
#Local_News
Published_22August 2022
လတ်တလောမှာ ပုဂံဒေသမှာရှိတဲ့ ဟိုတယ်(၃)ပုံ(၁)ပုံခန့်သာ ပြန်ဖွင့်နိုင်သေးတယ်လို့ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(ပုဂံဇုန်)ဥက္ကဌ ဦးဇော်ဝိတ်က ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Pubblished-22 August 2022
ပြင်ပဈေးကွက်ထဲမှာ စားအုန်းဆီတစ်ပိသာကို ၁၂၀၀၀ ဝန်းကျင်ထိမြင့်တက်နေတယ်လို့ ရောင်းသူနဲ့ ဝယ်ယူသုံးစွဲသူတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 22 August 2022
အခုတစ်ပတ်ထဲမှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေ အဝယ်လိုက်နေပြီး ဈေးနှုန်းတွေကလည်း ဆက်တိုက် မြင့်တက်လာနေတယ်လို့ ဘုရင့်နောင်ပွဲရုံဆီကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 22 August 2022
၁။ ကြက်သွန်ဈေး ပြင်ပဈေးကွက်တွင် ကျပ် ၃၀၀၀ ကျော်ရှိနေ
၂။ စားအုန်းဆီဈေးနှုန်း တစ်ပိသာ ၁၂၀၀၀ ဝန်းကျင်ထိမြင့်တက်နေ
၃။ ပုဂံဒေသတွင် ဟိုတယ်(၃)ပုံ(၁)ပုံသာ ပြန်ဖွင့်နိုင်သေး၊ လာမယ့်ခရီးသွားရာသီအတွက် ပြင်ဆင်နေ
၄။ ကနေဒါနိုင်ငံဟတ်ဒ်ဆန် ပင်လယ်အော်၏ နွေရာသီပတ်ဝန်းကျင်သို့ ဘယ်လူဂါဝေလငါးများ ပြောင်းရွှေ့လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_22 August 2022
လတ်တလောမှာ အင်းလေးဒေသထွက် စားသောက်ကုန်တွေအရောင်းအေးနေပေမယ့်လည်း ထိုင်းနိုင်ငံဘက်ကတော့ မှာယူမှုတွေရှိနေတယ်လို့ အင်းလေးဒေသထွက် စားသောက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 22 August 2022
ထိုင်းနိုင်ငံ၌ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာ MoU အလုပ်သမား ၁၉၇ ဦးသည် ယနေ့သြဂုတ်လ ၂၂ ရက် နံနက်ပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် ထပ်မံထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။
မြန်မာ MoU အလုပ်သမား အမျိုးသား ၁၀၀ ဦးနှင့်အမျိုးသမီး ၉၇ ဦး(စုစုပေါင်း ၁၉၇ ဦး)သည် ရန်ကုန်မြို့မှတဆင့် ကော့သောင်းမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့ကြပြီးနောက် ကော့သောင်းနယ်စပ်ဂိတ်၌ စစ်ဆေးမှုများခံယူကာ စက်လှေများဖြင့် ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။
၎င်းတို့အလုပ်လုပ်ကိုင်မည့် ကုမ္ပဏီသို့ ကုမ္ပဏီတာဝန်ရှိသူများက တစ်စုတစ်စည်းတည်းဆက်လက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ MoU အလုပ်သမားများသည် ထိုင်းနိုင်ငံရှိ Golden line Business Co,Ltd ၌ ၂ နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်ရန် ပြည်ပအလုပ် အကိုင်အကျိုးဆောင်(ထိုင်း)လိုင်စင်ရအေဂျင်စီ Hnin Oo Wai Co,Ltd မှ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
၎င်းတို့အား ကော့သောင်းခရိုင်၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့သောင်းခရိုင်ရုံးနှင့် တာဝန်ရှိသူများက စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

ymg/NN
#Yangon_Media_Group
#Local_News
Published-22 August 2022
မကြာခင် စပါးသစ်ထွက်ရှိတော့မည်ဖြစ်သော်လည်း ဈေးကွက်တွင် ဆန်ဈေးကျဆင်းနိုင်ခြေမရှိကြောင်း ဆန်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
လက်ရှိတွင် ဈေးကွက်ထဲ၌ ဆန်ဈေးနှုန်းမှာ ဆက်တိုက်မြင့်တက်နေပြီး ပြည်တွင်းစားသုံးဝယ်ယူ သိုလှောင်မှုများကြောင့် ဈေးမြင့်တက်နေခြင်းဖြစ်ကာ သယ်ယူပို့ဆောင်စရိတ် မြင့်တက်နေခြင်းသည်လည်း ဆန်ဈေးကို ပိုမြင့်စေခြင်းဖြစ်သည်။
ရန်ကုန်ဈေးကွက်တွင် မြောင်းမြ ပုသိမ်ပေါ်ဆန်းတစ်အိတ်လျှင် ၅၉၀၀၀ ကျပ် မှ ၆၅၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၇၈၀၀၀ ကျပ် မှ ၉၀၀၀၀ ကျပ်၊ ဈေးတက်လာကြောင်း၊ ဆန်ကြမ်းဖြစ်သည့် ဧည့်မထဆန်တစ်အိတ်လျှင် ၃၆၅၀၀ ကျပ် မှ ၃၈၀၀၀ကျပ်၊ ရက် ၉၀ ဆန်တစ်အိတ်လျှင် ၄၂၀၀၀ ကျပ် မှ ၄၄၀၀၀ ကျပ်၊ အသီးသီးဈေးတက်လာကြောင်းသိရသည်။
လက်ရှိအချိန်သည် မိုးစပါးစိုက်ပျိုးထားသည့် အချိန်ဖြစ်ပြီး ယခင်စပါးလက်ကျန်တွေကို မိုးစပါးစိုက်ပျိုးရန် အရင်းအနှီးပြန်လုပ်ရခြင်းကြောင့် တောင်သူလက်ထဲတွင် စပါးလက်ကျန်မရှိတော့သည့်အတွက် ပြည်တွင်းဆန်ဈေးနှုန်း တတ်ရခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိစပါးဈေးနှုန်းကို မသတ်မှတ်ရသေးသည့်အတွက် ယခင်သတ်မှတ်ထားသည့် ဈေးနှုန်း ၉ သိန်းကျော် ဆယ်သိန်းဝန်းကျင်ဖြင့် အရောင်းအဝယ်ပြုလုပ်နေရကြောင်း သိရသည်။
Ymg/STH
#Yangon_Media_Group
#Local_News
Published_22 August 2022
ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည် အငြင်းပွားနေသည့် ခြံအမှတ်(၅၄)ကိစ္စ ဦးအောင်ဆန်းဦးတောင်းဆိုသည့်အတိုင်း တရားရုံးကခွင့်ပြုကြောင်း ယနေ့ သြဂုတ်လ ၂၂ ရက်တွင် အမိန့်ချလိုက်သည်။
ဦးအောင်ဆန်းဦးက ခြံအမှတ် ၅၄ ကို လေလံပစ်၍ တစ်ဝက်စီ အမွေခွဲဝေလိုကြောင်း မီဒီယာများအား အတိအလင်းပြောကြားထားခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က ခြံအမှတ် (၅၄)၏ နှစ်ထပ်တိုက်နှင့် မြေတစ်ဝက်ကိုရယူရန်နှင့် တစ်ထပ်တိုက်နှင့်မြေတစ်ဝက်ကို ဦးအောင်ဆန်းဦးရယူရန် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် အနောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းကြောင့် ၂ဝ၁၈ ခုနှစ် အောက်တိုဘာလအတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ဦးအောင်ဆန်းဦးကအယူခံလျှောက်ထားခဲ့ရာ တရားလွှတ်တော်ချုပ်က ၎င်းအယူခံကို ပလပ်ကြောင်း ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်တွင်ထုတ်ပြန်ခဲ့သည်။
ဦးအောင်ဆန်းဦးကလည်း ၎င်း၏ ရှေ့နေများနှင့် တိုင်ပင်ကာ ၂ဝ၁၉ ခုနှစ် ဇန် နဝါရီလ ၁၁ ရက်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူ ကြီးချုပ်ထံ အထူးအယူခံတင်သွင်းခဲ့ခြင်း ဖြစ်သည်။
"အခုတော့ ဦးအောင်ဆန်းဦးတောင်းဆိုတဲ့အတိုင်း တရားရုံးက ရစေလို အမိန့်ချလိုက်တယ်။ ဒီနေ့ပဲ အမိန့်ချလိုက်တာ"ဟု အဆိုပါ အမှုကိုလိုက်ပါသည့် ရှေ့နေတစ်ဦးက YMG ကို ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ၊ ဗဟန်းမြို့နယ်၊တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံနံပါတ် ၅၄ မှာ ဗိုလ်ချုပ်ဆောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည်အမည်ပေါက် ခြံတစ်ခြံလည်း ဖြစ်ကြောင်း သိရသည်။

ymg/mt
#Yangon_Media_Group
#Local_News
Published_22 August 2022
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီ-လှည်းကူး မြို့နယ်အတွင်း ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးအထူးဇုန် (၁၊ ၂၊ ၃) တို့တွင် လုပ်ကိုင်ခွင့်ရရှိထားသည့် လုပ်ကွက်နေရာများ၌ လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းမလုပ်ပါက ပြန်သိမ်းမည်ဖြစ်ကြောင်း စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီက သိရသည်။
လုပ်ကိုင်ခွင့်ရထားသူများအနေဖြင့် လုပ်ငန်းလုပ်ကိုင်ကြရန် ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်က ထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ယခုအခါ မြေကွက် ၆၀ ကျော်တွင် လာရောက်လုပ်ကိုင်ခြင်းမရှိသောကြောင့် ယင်းသို ထုတ်ပြန်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
လုပ်ပိုင်ခွင့်ရရှိထားသူများအနက် ဌာနဆိုင်ရာများလည်း ပါဝင်ကြောင်း၊ယင်းကြောင့် လုပ်ပိုင်ခွင့်ရသူများအနေဖြင့် သက်ဆိုင်ရာက ထုတ်ပေးထားသည့် အထောက်အထားကို ခိုင်လုံစွာတင်ပြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ကြရန် ကော်မတီက အကြောင်းကြားထားကြောင်းလည်း သိရသည်။
လုပ်ပိုင်ခွင့်ရသူများ လုပ်ငန်းအမြန်လုပ်ကိုင်ရန် ကော်မတီက ထုတ်ပြန်ထားသော နေရာများမှာ စိုက်ပျိုးမွေးမြူရေးအထူးဇုန် (၁) တွင် ၂ ကွက် ၊ အထူး ဇုန် ၂ တွင် ၅၂ ကွက် ၊ အထူးဇုန် ၃ တွင် ၇ ကွက် စုစုပေါင်း ၆၁ ကွက် ရှိကြောင်းသိရသည်။
ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန်သည် ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ်နှင့် မှော်ဘီမြို့နယ်အတွင်း ခရိုင်ချင်းဆက် လမ်း၏ မြောက်ဘက်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနှင့် ရန်ကုန်-ပြည်လမ်းအကြား တည်ရှိသည်။
ယင်းတွင် အထူးဇုန် (၁) ၏ အကျယ်မှာ ၃၇၈၀ ဧက၊ အထူးဇုန် (၂)၏ အကျယ်မှာ ၄၉၀၁ ဧက၊ အထူးဇုန် (၃)၏ အကျယ်မှာ ၃၇၇၂ ဧကရှိပြီး ယခုအခါ စိုက်ပျိုးမွေးမြူရေး ဖြစ်ထွန်းအောင်မြင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published-22 August 2022
အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများအနေဖြင့် ခရီးသည်များကို လက်မှတ်ရောင်းချရာတွင် အသေးစိတ်အချက်အလက်များကို ရယူထားရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။
ကားလက်မှတ်ဖြတ်ရာတွင် ခရီးသည်၏အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ နေရပ်လိပ်စာနှင့် ဆက်သွယ်ရမည့်ဖုန်းနံပါတ်အပြည့်အစုံကို ရယူပြီးမှသာ လက်မှတ်ရောင်းချရန် ညွှန်ကြားထားခြင်းဖြစ်သည်။
ယင်းအပြင် လမ်းခရီးမှာလိုက်ပါမည့် ခရီးသည်များ၏ အချက်အလက်များကို ရယူပြီး Seating Plan တွင် မှတ်တမ်းတင်ထားရမည်ဖြစ်ကြောင်း သိရသည်။ ခရီစဉ်မထွက်ခွာမီ ယာဉ်ပေါ်ကိုခရီးသည် တင်ဆောင်ချိန်၌လည်း ခရီးသွားလက်မှတ်၊ နိုင်ငံသားကတ်နှင့် Seating Plan တိုက်ဆိုင်စစ်ဆေးပြီးမှသာ တင်ဆောင်ရန် ညွှန်ကြားထားသည်။
ရန်ကုန်တိုင်းအခြေပြု၍ အောင်မင်္ဂလာအဝေးပြေးနှင့် ဒဂုံဧရာအဝေးပြေးတို့ကနေ ပြေးဆွဲနေသည့်အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများတွင် လူမဲ့တန်ဆာတင်ဆောင်မှုကိုလည်း တားမြစ်ထားကြောင်းသိရသည်။
Ymg/STH
#Yangon_Media_Group
#World_Military
Published 22 August 2022
တောင်ကိုရီးယားနဲ့ အမေရိကန်တိုက တနင်္လာနေ့မှာ သူတို့ရဲ့နှစ်စဉ်စစ်ရေး ပူးပေါင်းလေ့ကျင့်မှုများနဲ့ ကွင်းဆင်းလေ့ကျင့်မှုများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သက်ဆိုင်ရာအရာရှိများက အသိပေးလိုက်ပါတယ်။
ဒါဟာ မြောက်ကိုရီးယားဘက်မှ နောက်ထပ်လက်နက်စမ်းသပ်ပစ်လွှတ်လာနိုင်တဲ့ အခြေအနေအတွက် မဟာမိတ်အဖွဲ့များက အသင့်ပြင်ဆင်နေတဲ့သဘော မြင်နေရပါတယ်။
နွေရာသီစစ်ရေး လေ့ကျင့်မှုအဖြစ် ယခုနှစ်မှာ Ulchi Freedom Shield လို့ အမည်ပေးထားကာ စက်တင်ဘာ ၁ ရက်နေ့မှာ ပြီးဆုံးသွားဖို့ သတ်မှတ်ထားပါတယ်။
ဒီမတိုင်ခင်မှာတော့ မေလကမှ သမ္မတရာထူးရရှိထားတဲ့ တောင်ကိုရီးယားသမ္မတ'ယွန်းဆော့ယော'က နှစ်နိုင်ငံစစ်ရေးပူးတွဲလေ့ကျင့်မှုများကို ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်သွားရန်နဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ဟန့်တားသွားရန် ကတိပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်များအတွင်း ကိုဗစ်ကပ်ရောဂါအခြေအနေအပြင် အရင်သမ္မတလက်ထက်က မြောက်ကိုရီးယားနဲ့ ပြန်လည်ဆက်ဆံဖို့ ကြိုးပမ်းခဲ့တာကြောင့် အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုက ယုတ်လျော့သွားခဲ့ပါသေးတယ်။
စစ်ရေးပြခြင်းက ကျူးကျော်ဖို့အတွက် လေ့ကျင့်ပြင်ဆင်ခြင်းဖြစ်တယ်လို့ မြောက်ကိုရီးယားက သတ်မှတ်ထားတာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ စစ်ရေးလေ့ကျင့်မှု အကြိုစတင်ပြုလုပ်ပြီးနောက်မှာပဲ ပြီးခဲ့တဲ့အပတ်မှာ မြောက်ကိုရီးယားက အွန်ချွန်အနောက်ကမ်းရိုးတန်းမြို့ကနေ ပဲ့ထိန်းဒုံးကျည် ၂ စင်း စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။
ယခုနှစ်အတွင်း မြောက်ကိုရီးယားဟာ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီးဖြစ်ကာ ၇ ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကိုလည်း အချိန်မရွေးပစ်လွှတ်နိုင်တဲ့ အနေအထားရှိကြောင်း ဆိုးလ်မှ တာဝန်ရှိသူများက ပြောကြားထားပါတယ်။
မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက်ဖယ်ရှားဖို့ အစီအစဉ်ရှိပါက တောင်ကိုရီးယားအစိုးရက စီးပွားရေးထောက်ပံ့မှုများ ပံ့ပိုးသွားမှာဖြစ်ကြောင်း သမ္မတကအသိပေးလိုက်ပေမယ့် မြောက်ကိုရီးယားက လက်မခံဘဲ လူသိထင်ရှားတုံ့ပြန်ဝေဖန်လိုက်ပါတယ်။
မဟာမိတ်အဖွဲ့စစ်ရေးလေ့ကျင့်မှုအတွင်း ကွင်းဆင်းလေ့ကျင့်ခြင်းအစီအစဉ် ၁၁ မျိုးပြုလုပ်သွားမှာဖြစ်ပြီး စစ်သားထောင်နဲ့ချီပါဝင်မယ့် တပ်မတော်အဆင့်လေ့ကျင့်မှုလည်း ပါဝင်မှာဖြစ်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဆိုးလ်မြို့တော်ကို ပစ်မှတ်ထားတဲ့ မြောက်ကိုရီးယားဒုံးကျည်ခြိမ်းခြောက်မှုတွေကို တန်ပြန်နိုင်ရန် ဒုံးကျည်ခြေရာခံစနစ်များနဲ့ ဟန့်တားဖျက်ဆီးရေးစနစ်များကို အဆင့်မြှင့်ပြုလုပ်သွားမယ်လိုလည်း ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်များအတွင်း တောင်ကိုရီးယားနဲ့ ဂျပန်တို့ကြား ဆက်ဆံရေးဆိုးရွားလာခဲ့ပေမယ့် ၂၀၁၇ ခုနှစ်နောက်ပိုင်း အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ပူးပေါင်းပြီး ဟာဝိုင်အီကမ်းရိုးတန်းမှာ ပဲ့ထိန်းဒုံးကျည်ကာကွယ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ကြပါတယ်။
Source: Reuters
#Yangon_Media_Group
Page 1606 of 1952