#World_Mystery
Published 19 September 2022
မကောင်းဆိုးဝါးဝိဉာဉ်တွေ နှောင့်ယှက်တာခံနေရတဲ့ မိသားစုတွေက အသက်ကြီးကြီးဘင်္ဂလားဒေ့ရှ်နတ်ဆရာထံမှ ကောင်းချီးရယူလေ့ရှိပါတယ်။
#Yangon_Media_Group
Published_ 19 September 2022
မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် ဖုန်း SIM Card များတွင် အချက်အလက် များအား မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိကြောင်း စိစစ်တွေ့ရှိရပါက အပြီးပိတ်သိမ်းမှာ ဖြစ်ပြီး ပိတ်သိမ်း SIM Card များရှိ လက်ကျန်ငွေများကို ပြည့်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း သွားမှာ ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ စိစစ်ချက်များအရ SIM Card အသုံးပြုသူ အချိုသည် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် စသည့်အချက်အလက်များကို မှန်ကန်စွာဖြည့်စွက်ခြင်းမရှိဘဲ အသုံးပြုနေကြတယ်လို့ ဆိုပါတယ်။
ယခုအခါ SIM Card မှတ်ပုံတင်ပြုလုပ်ရာတွင် ဖြည့်စွက်ထားသည့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တို့အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ e-ID Database အချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးသွားမှာဖြစ်တဲ့ အတွက် သုံးစွဲသူများအနေဖြင့် SIM Card များ ဝယ်ယူအသုံးပြုရာတွင် မိမိတို၏မှတ်ပုံတင် (မူရင်း)ဖြင့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တိုကို မှန်ကန်စွာဖြည့်စွက်၍ စနစ်တကျ မှတ်ပုံတင်နိုင်ပြီးမှသာ အသုံးပြုကြဖို့ တိုက်တွန်းထားပါတယ်။
ဆက်သွယ်ရေးအော်ပရေတာများနှင့် SIM Card ရောင်းချသူများအနေဖြင့်လည်း SIM Card များ ရောင်းချရာနှင့် အချက်အလက်များ မှန်ကန်စွာ ပြန်လည်ပြင်ဆင် မှတ်ပုံတင်ရာတွင် ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်သွားရန်နှင့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
သုံးစွဲသူပြည်သူများအနေဖြင့် SIM Card များ ဝယ်ယူအသုံးပြုရာတွင် မိမိတို၏ အချက်အလက်များကို မှန်ကန်စွာဖြည့်စွက်၍ မှတ်ပုံတင်ဝယ်ယူသုံးစွဲကြပါရန်နှင့် လက်ရှိအသုံးပြုလျက်ရှိသော ကတ်များကို အချက်အလက် မှန်ကန်စွာမှတ်ပုံတင်ထားခြင်း ရှိ/မရှိ ပြန်လည်စစ်ဆေး၍၊ မမှန်ကန်ပါက မိမိတို အမှန်တကယ် သုံးစွဲနေသော ကတ် များကို ပိတ်သိမ်းခံရမှု မရှိစေရေးအတွက် သက်ဆိုင်ရာ မိုဘိုင်း အော်ပရေတာများ၏ Online ဝန်ဆောင်မှု၊ အရောင်းဆိုင်များနှင့် Mobile Shop များတွင် အချက်အလက် မှန်ကန်စွာဖြင့် ပြန်လည်ပြင်ဆင်မှတ်ပုံတင်၍သုံးစွဲကြရန် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနရဲ့ အသိပေးကြေညာချက်မှာ ဖော်ပြထားပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published- 19 September 2022
ပြည်တွင်းမှာ ကိုဗစ်ကူးစက်သူဦးရေ နေ့စဉ်တိုးလာပေမဲ့ လတ်တလောမှာတော့ စာသင်ကျောင်းတွေမှာ ကိုဗစ်-၁၉ စည်းကမ်းချက်နဲ့ ပတ်သက်ပြီး သီးသန့်ညွှန်ကြားချက် ထုတ်ပြန်ထားတာမရှိဘူးလို့ အခြေခံပညာဦးစီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 19 September 2022
လာမယ့်အောက်တိုဘာလထဲမှာ မြန်မာနိုင်ငံဘက် မုန်တိုင်းဝင်ရောက်နိုင်ခြေရှိတဲ့အတွက် စောင့်ကြည့်ရမယ့်သဘောရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနညွှန်ကြားရေးမှူးဦးလှထွန်းက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 19 September 2022
ပြီးခဲ့တဲ့အောက်တိုဘာလလောက်ကနေစပြီး ဒလလယ်ယာမြေဈေးကွက်အနေအထားမှာ အတက်ဖက်ကို ပြန်ဦးတည်နေလျှက်ရှိပါတယ်။ ဒေါ်လာဈေးနဲ့ ရွှေဈေးပေါ်မူတည်ပြီး အိမ်နဲ့ခြံဈေးကွက်တွေကလည်း အထိုက်အလျှောက် အပြောင်းအလဲတွေ ရှိနေပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 19 September 2022
၁။ ကျပ်ငွေတန်ဖိုးကျဆင်းလာ၍ လယ်ယာမြေများထံ ရင်းနှီးမြှုပ်နှံမှု ပိုမိုများပြားလာ
၂။ လာမည့်အောက်တိုဘာလတွင် မြန်မာနိုင်ငံဘက် မုန်တိုင်းဝင်နိုင်ခြေရှိ
၃။ စာသင်ကျောင်းများတွင် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်ပတ်သက်၍ သီးသန့်ညွှန်ကြားချက် ထုတ်ပြန်ထားခြင်းမရှိဟုဆိုာ
၄။ ဘင်္ဂလားဒေ့ရှ်မှ ဘာသာရေးခေါင်းဆောင်က မကောင်းဆိုးဝါးစွဲကပ်သည်ဟုခံယူထားသူများကို စိတ်ရောဂါကုပညာဖြင့် ကူညီလျက်ရှိ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published-19 Setember 2022
မြန်မာ- ထိုင်း နယ်စပ်ကုန်သွယ်ရေးကနေ ကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံခန့် ကုန်သွယ်မှုပြုလုပ်ထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
Published 19 Sept 2022
တနင်္ဂနွေနေ့က ပြင်းထန်တဲ့ငလျင်တစ်ခု ထိုင်ဝမ်တွင် လှုပ်ရှားခဲ့ရာ အနည်းဆုံး လူတစ်ဦး သေဆုံးပြီး အဆောက်အဦအနည်းငယ် ပြိုကျခဲ့ပါတယ်။ တနင်္ဂနွေနေ့ မွန်းလွ ၂နာရီ ၄၄ မိနစ်မှာ ပြင်းအား ၆.၉ အဆင့်ရှိငလျင်ဟာ ထိုင်ဝမ်မြောက်ပိုင်း တိုင်တွန်းမှာ မြေအောက် ၁၀ကီလိုမီတာအနက်ကနေ လှုပ်ရှားခဲ့တာပါ။ စနေနေ့ညတုန်းကလည်း ပြင်းအား ၆.၄ အဆင့်ရှိ ငလျင်ကြီးတစ်ခု အဆိုပါနေရာမှာပဲ လှုပ်ရှားခဲ့ပါသေးတယ်။
ဟောလျန်စီရင်စု ရဲဌာနကက ထုတ်ပြန်တဲ့ ဗွီဒီယိုထဲမှာ ယုလီမြို့က ပြိုကျနေတဲ့ အဆောက်အအုံတစ်ခုထဲကနေ အသက် ၅နှစ်အရွယ် သမီးငယ်လေးနှင့် မိခင်ဖြစ်သူတို့ကို ကယ်ဆယ်နေတဲ့ပုံတွေ ဖော်ပြထားပါတယ်။
Source AFP
#Taiwan_earthquakes
#Taiwan_ Hualien
#Earthquakes
#Local_News
Published _ 19 September 2022
ယနေ့ စက်တင်ဘာ ၁၉ ရက်တွင် အကယ်ဒမီရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ၂၈ သိန်းခွဲအောက်သို့ ပြန်လည်ကျဆင်းလျက်ရှိကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။
မြန်မာ့အကယ်ဒမီ အခေါက်ရွှေစျေးနှုန်းများမှာ နေ့စဉ်စျေးနှုန်းကျဆင်းမှုများရှိနေပြီး ယနေ့ ပြင်ပရွှေစျေးကွက်၏ အဖွင့်စျေးနှုန်းမှာ တစ်ကျပ်သားလျှင် ၂၈သိန်းခွဲ ကျပ်ဝန်းကျင်ဖြင့် ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိနေကြောင်း YGEA ရဲ့ ဥက္ကဋ္ဌ ဦးမျိုးမြင့်က YMG သို့ ပြောကြားခဲ့သည်။
"လက်ရှိပေါက်စျေးကတော့ ၂၈သိန်းခွဲနဲ့ ရောင်းဝယ်တာတွေပြုလုပ်နေပါတယ်။ ထပ်ကျဖိုလည်းရှိပါတယ်။ ဘာလိုလဲဆိုတော့ အခုစျေးကွက်ထဲမှာ ဝယ်လိုအားမရှိတော့တာရယ်၊ ဒေါ်လာစျေးတွေ ဆက်တိုက်ကျဆင်းနေတာတွေရယ်ကြောင့် ဖြစ်ပါတယ်။ ကမ်ဘာ့ရွှေစျေးကလဲ ကျဆင်းနေတာမို ရှေ့လျှောက် ရွှေစျေးကတော့ ဆက်ကျနေမယ့်အနေအထားမှာရှိနေပါတယ်" ဟု သူကဆိုသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ရွှေဒင်္ဂါးများကို တစ်ကျပ်သားလျှင် ၂,၉၅၀,၀၀၀ ကျပ်ဖြင့် နေပြည်တော်ရှိ ကျောက်မျက်ရတနာခန်းမ၌ စက်တင်ဘာလ ၅ ရက်တွင် စတင်ရောင်းချပေးခဲ့ကာ ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်တွင် အကယ်ဒမီရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ၃,၅၅၀,၀၀၀ ကျပ်အထိ အမြင့်ဆုံးစံချိန်တင်မြင့်တက်မှုလည်း ရှိခဲ့သည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published-19 September 2022
ယနေ့စက်တင်ဘာလ ၁၉ ရက်မှ စက်တင်ဘာလ ၂၅ ရက်အထိ စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးမှာ တစ်ပိသာ ၄၆၉၀ကျပ်သတ်မှတ်ထားကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ကြေညာထားသည်။
ပြီးခဲ့သည့်တစ်ပါတ်တွင် ထုတ်ပြန်ခဲ့သည့် လက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိသာ ၄၇၃၀ ကျပ်ဖြစ်ပြီးယခင်ထက် ဈေးကျခဲ့ကြောင်း သိရသည်။
မလေးရှား၊ အင်ဒိုနီးရှားစသည့် ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပိုသည့် နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် ဈေးကွက်နှင့် ဈေးနှုန်းတွေအရ ပြည်တွင်းစားအုန်းဆီရည်ညွှန်းဈေးကို သတ်မှတ်ခြင်းဖြစ်သည်။
ပြင်ပဈေးကွက်တွင်လည်း စားအုန်းဆီတစ်ပိသာကို ၈၀၀ ဝန်းကျင်သာရှိပြီး ဈေးနှုန်းကျဆင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“စားအုန်းဆီဈေးနှုန်းတွေက တစ်ပတ်နဲ့တစ်ပတ်ဈေးကမတူဘူး ။ တဖြည်းဖြည်းနဲ့တော့ ကျလာနေပါပြီ။ အရင်ထက်စာရင်တော့ ဈေးကအဆင်ပြေလာပါပြီ” ဟု အကြော်စုံရောင်းချနေသည့် ဈေးသည်တစ်ဦးက အခုလို ပြောပါတယ်။
ယင်းအပြင် ဈေးကွက်ထဲတွင် ဈေးကစားခြင်းပြုလုပ်သူများကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာထားကြောင်း သိရသည်။
#ymg/STH
#Yangon_Media_Group
#Local_News
Published_ 19 September 2022
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်၊ မနက်ပိုင်းတွင် ညောင်ဦးမြို့၏ အနောက်-အနောက်မြောက်ဘက် (၁၃) မိုင်ခန့်အကွာ၌ ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၆)အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်၊၊
မြေငလျင်နှင့်ပတ်သက်၍ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံပြည်ပထိုင်ဝမ်တွင် ဗဟိုပြု၍ပြင်းထန်သောငလျင်ကြီးများ လှုပ်ခတ်ခဲ့သလို ပြည်တွင်းတွင်လည်း ငလျင်ငယ်လှုပ်ခတ်လျက်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မြေငလျင်ဌာနခွဲ)၏ ထုတ်ပြန်ချက်များအရ သိရသည်၊၊
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက် ညပိုင်းတွင် ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့ဘက် (၁၃၉၆)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်ပ (Taiwan)တွင် ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၆.၅)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားခြင်းဖြစ်သည်၊၊
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်၊ မနက်ပိုင်းတွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၅၆)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဓနုဖြူမြို့၏ အနောက်ဘက် (၁၂)မိုင်ခန့်အကွာ ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားခဲ့ကြောင်း သိရသည်၊၊
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့လည်ပိုင်းတွင် ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့ဘက် မိုင် (၁၄၀၀) ခန့်ကွာဝေးသော မြန်မာ နိုင်ငံပြည်ပ (Taiwan)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၆.၇)အဆင့်ရှိအင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်းထပ်မံထုတ်ပြန်ခဲ့သည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published _ 19 September 2022
ရာသီဥတုပြောင်းလဲမှုဆိုင်ရာအခန်းကဏ္ဍတွေမှာ လူငယ်တွေ ပါဝင်နိုင်မှုနှင့် ပတ်သက်၍ အာဆီယံနိုင်ငံသုံးနိုင်ငံကို လေ့လာရေးခရီးသွားရောက်ရမည့် အစီအစဉ်အတွက် ထိုင်းနိုင်ငံရောက် မြန်မာလူငယ်များပါ လျှောက်ထားနိုင်ကြောင်း သိရပါသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့နှင့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့များသို့ လေ့လာရေးခရီးစဉ်အား ဆယ်ရက်အကြာ သွားရောက်ရမှာဖြစ်ပြီး မြို့ကြီးတွေမှာ ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအတွက် လူငယ်တွေ ဘယ်လိုပါဝင်ဆောင်ရွက်နိုင်မလည်းဆိုသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးလေ့လာရမည့် ခရီးစဉ်တစ်ခုဖြစ်သည်။
အဆိုပါ လေ့လာရေးခရီးစဉ်ကို The Hanns Seidel Foundation မှ ပြုလုပ်ခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများမှ လူငယ် ၂၀ ဦးကို ရွေးချယ်မည်ဟု သိရသည်။
ယင်း ခရီးစဉ်အတွက် ကုန်ကျစရိတ်အပြည့်အ၀ ထောက်ပံ့ပေးမှာဖြစ်ပြီး နိုဝင်ဘာလလ ၆ ရက်မှ ၁၆ ရက် အထိ လေ့လာရေး ခရီးသွားရမည်ဖြစ်သည်။
သဘာဝပတ်ဝန်းကျင်ပြုပြင်ပြောင်းလဲရေးအခန်းကဏ္ဍမှာ စိတ်ဝင်စားတဲ့လူငယ်များအပါအဝင် ထိုကဏ္ဍမှာ အလုပ်လုပ်ကိုင်နေကြသည့်လူငယ်များ ယခုခရီးစဉ်မှာ လျှောက်ထားနိုင်ပြီး အသက် ကန့်သတ်ချက်အနေဖြင့် အသက် ၁၈ နှစ်မှ အသက် ၃၀ နှစ်အတွင်း သတ်မှတ်ထားရှိသည်။
လျှောက်လွှာကို https://asia.hss.de/en/asean-study-visit မှတဆင့် စက်တင်ဘာလ ၂၆ ရက် နောက်ဆုံးထား လျှောက်ရမှဖြစ်ကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
Page 1595 of 1992