Published 22 Sept 2022
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ် ရှန်းယန်း မြို့က ဧရာမတံတားကြီးတစ်စင်းရဲ့ ပင်မမျှော်စင်ကြီးဟာ မိနစ် ၉၀ အတွင်း ၈၄ ဒီဂရီကို လှည့်ပေးလိုက်နိုင်ပါတယ်။ ဒါဟာ ပင်နယံနှင့် ဂီယာတို့ကိုအသုံးပြုပြီး တံတားကို လှည့်ပေးရာမှာ စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
တံတားရဲ့ပင်မ မျှော်စင်ကြီး T5 ဟာ ၁၂၀.၇၅ ရှည်လျားတဲ့ ရက်မကြီးနှင့်အတူ အလေးချိန်အားဖြင့် တန်ချိန် သုံးသောင်း နှစ်ထောင်ရှိပါတယ်။ ဒီအလေးချိန်ဟာ အီဖယ်လ်မျှော်စင်ကြီးရဲ့ အလေးချိန်နှင့်ညီမျှပါတယ်။
အကြီးဆုံး ကားလမ်းနှင့်ရထားလမ်း မိုးပျံလမ်းမကြီးပါဝင်တဲ့ အဲဒီ ရှန်းယန်း မြောက် ကုန်တွဲဆက် ဘူတာရဲ့ တံတားကြီးဟာ အလျား ၉၂၀ မီတာရှည်လျားပြီး အကျယ် ၃၇.၅ မီတာရှိပါတယ်။
တည်ဆောက်ဆဲကာလအတွင်း ပုံမှန်လုပ်ငန်းလုပ်ဆောင်မှု သေချာစေရန်အတွက် အလုပ်လုပ်နေတဲ့အဖွဲ့ဟာ တစ်အချိုး တစ်ဆယ်ရှိတဲ့ ပုံစံတူတစ်ခုပြုလုပ်ပြီး တံတားကိုလှည့်ကြည့်ခဲ့ပါတယ်။ လှည့်နေစဉ်အတွင်း ကြုံတွေ့ရတဲ့ အခြေအနေ ၂၉ခုကို ဖြေရှင်းခဲ့ပြီး နောက်ဆုံးမှာ သူတို့ဟာ ပင်နယံနှင့် ဂီယာသုံးပြီး လှည့်ပေးတဲ့ နီးကို စိတ်အချရဆုံးအဖြစ် ရရှိခဲ့ကြ ပါတယ်။
“ တံတားမျှော်စင်ကြီးကို ဒီနည်းနှင့်လှည့်ပေးရတာ သိပ်ချောမွေ့ပါတယ်။ ထိန်းသိမ်းပေးနိုင်စွမ်းနှင့် စိတ်ချလုံခြုံမှုရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့ဟာ တန်သုံးသောင်းနှစ်ထောင်ရှိတဲ့ မျှော်စင်ကြီးကို လှည့်ပေးတာကို လုံခြုံစိတ်ချစွာလုပ်ဆောင် နိုင်ခဲ့ကြတယ်” လို့ တရုတ်ရထားကုမ္ပဏီ၊ရှန်ယန်းစီမံကိန်းတွေထဲက တစ်ခုရဲ့ မန်နေဂျာဖြစ်သူ ချန်လင်းကပြောပါတယ်။
ဒီစီမံကိန်းကို လာမယ့်နှစ် ဇွန်လအပြီးတည်ဆောက်မယ်လို့လည်းသိရပါတယ်။
Source CCTV+
#Bridge_rotation
#China
#Xiangyang
#Local_News
Published-22 Setember 2022
နေ့စဉ် YBS ယာဉ်လိုင်းကို စီးနင်းနေတဲ့ခရီးသည်တွေအနေနဲ့ သတ်မှတ်ထားတဲ့နှုန်းထားထက် ယာဉ်စီးခကို အတက်၊ အဆင်း ၃၀၀ ကျပ်ပေးစီးနေရတယ်လို့ ခရီးသည်တွေရဲ့ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 22 September 2022
ဒီကနေ့ ဘုရင့်နောင်ကုန်စည်ဒိုင် အဖွင့်ဈေးအရ ကြက်သွန်ဈေးဟာ ၂၄၀၀ ကျပ်ကနေ ၃၀၀၀ကျပ် ဝန်းကျင်ကို ပြန်လည်ကျဆင်းလာတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_New
Published_ 22 September 2022
လာမယ့်သီတင်းကျွတ်ပိတ်ရက်(၃)ရက်မှာ ပုဂံဒေသကိုဘုရားဖူးလာရောက်မယ့်သူတွေများပြားနေပြီး ပုဂံဒေသရှိလိုင်စင်ရဟိုတယ်(၆၅)လုံးမှာ အခန်းတွေကြိုတင်ဘိုကင်ယူထားသူတွေများပြားနေတယ်လို သိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published _ 22 September 2022
၁။ ကြက်သွန်ဈေး ကုန်စည်ဒိုင်အဖွင့်ဈေးအရ ကျပ် ၂၄၀၀ ဝန်းကျင်အထိ ပြန်လည်ကျဆင်းနေဟုဆို
၂။ YBS ယာဉ်လိုင်းအားလုံးတွင် အတက်၊ အဆင်း ၃၀၀ ကျပ်ပေးစီးနေရ
၃။ ပရော်ဂျက်တိုင်းကို အရင်ဈေးနှုန်းများအတိုင်း လုပ်ဆောင်ပေးနေရ၍ ဆောက်လုပ်ရေးလုပ်ငန်းများ အခက်ကြုံနေ
၄။ အီရတ်မှ တိုက်ဂရစ်မြစ်ကြီး မြစ်ရေခန်းခြောက်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published-22 Setember 2022
မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ မတ်လနောက်ပိုင်းမှာ အတန်အသင့်တိုးတက်ခဲ့တယ်လို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ စက်တင်ဘာ ၂၁ ရက်နေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
#Yangon_Media_Group
#Point_Of_View
Published_21 Sept 2022
"အထည်ချုပ်လုပ်ငန်းရှင်တွေအတွက် ဒီဇယ်ခွဲတမ်းတင်သွင်းနိုင်ရေး ကူညီသွားမယ်"လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာဝါဝါမောင် က YMG ကို ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published-22 Setember 2022
ဗဟိုဘဏ်မှ မိုဘိုင်းငွေပေးချေရေးအကောင့်များ၏ အချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးမည်ဟု ထုတ်ပြန်ပြီးနောက်ပိုင်းတွင် စီးပွားရေးလုပ်ကိုင်သူအများစုမှာ Kpay ၊ Wave money တို့ဖြင့် ငွေပေးချေမှုကို ရပ်နားထားကြောင်း အွန်လိုင်းရှော့လုပ်ငန်းလုပ်ကိုင်သူတွေထံမှ သိရသည်။
အချက်အလက် အပြည့်အစုံ မဖြည့်သွင်းထားသည့် ငွေပေးချေရေးအကောင့်တွေကို အပြီးဖျက်သိမ်းမည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ထုတ်ပြန်ချက်ထုတ်ပြီးနောက်ပိုင်းတွင် Kpay ၊ Wave money စသည့် အွန်လိုင်းငွေပေးချေမှု သုံးစွဲသူတွေ၏ အကောင့်အချိုဟာ အပြီးပိတ်သိမ်းခံရမှုတွေ ရှိလာကြောင်း သိရသည်။
အဆိုပါ အကောင့်ပိတ်သိမ်းခံရမှုတွေ ရှိလာခြင်းကြောင့် အွန်လိုင်းဈေးရောင်းချသူတွေအနေဖြင့် Kpay နှင့် Wave money တို့ကနေ ငွေပေးချေမှုတွေ မပြုလုပ်ရန် အသိပေးထားကြောင်း သိရသည်။
“ ခဏနားထားတယ်။ ဖေ့စ်ဘုတ်ပေါ်မှာလည်း သတင်းတွေက တက်နေတော့ ခဏနားထားလိုက်တယ်။ အကုန်လုံးအဆင်ပြေတယ်ဆိုရင် ပြန်သုံးမှာပေါ့”ဟု အွန်လိုင်းရှော့လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
ဗဟိုဘဏ်မှ မိုဘိုင်းငွေပေးချေမှုအသုံးပြုသူတွေအနေဖြင့် နီးစပ်ရာကိုယ်စားလှယ်များ၊ ဘဏ်တွေဆီသွားရောက်ပြီး မိမိတို့၏ ကိုယ်ရေးအချက်အလက်တွေကို အဆင့် (၂) သို့ အချိန်မီမြှင့်တင်ရန် လိုအပ်ပြီး အဆင့် (၂) ကို တိုးမြှင့်လိုခြင်းမရှိသည့် မိုဘိုင်းငွေကြေးစာရင်းပိုင်ရှင်တွေအနေဖြင့် မိမိတို့လက်ကျန်ငွေတွေကို အသုံးပြုနိုင်မည့် နည်းလမ်းများအား ဘဏ်၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်သွယ်ဆောင်ရွက်ရန် အသိပေးထားကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _22 September 2022
အက္ခရာနှင့်ရှေ့ဂဏန်းတစ်လုံးတူ တစ်သောင်းဆု အစီအစဉ်ကို အောက်တိုဘာလ(၁)ရက်တွင် ဖွင့်လှစ်မည့် အောင်ဘာလေထီဖွင့်ပွဲကစတင်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက သိရသည်။
လက်ရှိ အောင်ဘာလေထီဆုများမှာ သိန်း၅၀၀၀၊ ကျပ်သိနမး ၁၀၀၀၊ ကျပ်သိန်း ၅၀၀၊ ကျပ် သိန်း၂၀၀ ဆုကြီးများ၊ အက္ခရာနှင့်ရှေ့ ငါးလုံးတူလျှင် ၃ သိန်းကျပ်၊ အက္ခရာနှင့်ရှေ့လေးလုံးတူ ၂သိန်းကျပ်၊ အက္ခရာနှင့်ရှေ့သုံးလုံးတူ ၁ သိန်းကျပ်၊ အက္ခရာနှင့်ရှေ့နှစ်လုံးတူငါးသောင်းကျပ် အသီးသီးချီးမြှင့်ပေးလျက် ရှိသည်။
ယခုလာမည့် ၄၃ ကြိမ်မြောက်အောင်ဘာလေ ထီပွင့်ပွဲကစ၍ အဆိုပါ အက္ခရာနှင့်ရှေ့ဂဏန်းတစ်လုံးတူ တစ်သောင်းဆု အစီအစဉ်ကို စတင်မည်ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 22 September 2022
တောင်ကိုရီးယား အလုပ်အကိုင် အရည်အချင်းစစ်စာမေးပွဲ (EPS-Topik)ကို လာမည့် စက်တင်ဘာ၂၉ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA)မှ ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် စာမေးပွဲများကို စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများအတွက် စက်တင်ဘာ ၂၉ ရက်မှ အောက် တိုဘာ ၂၇ ရက်အထိ၊ ကုန်ထုတ်လုပ်ငန်း ပထမအသုတ်အတွက် အောက်တိုဘာ ၃၁ ရက်မှ ဒီဇင်ဘာ ၂၉ ရက်အထိ၊ ကုန်ထုတ်လုပ်ငန်း ဒုတိယအသုတ်အတွက် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃ ရက်မှ ဧပြီ ၃ ရက်အထိနှင့် ဆောက်လုပ်ရေးလုပ်ငန်းအတွက် ၂၀၂၃ ခုနှစ် ဧပြီ ၁၇ ရက်မှ မေ ၁၅ ရက်အထိ သတ်မှတ်ထားကြောင်း သိရသည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် ဖြေဆိုရမည့်အချိန်နှင့် ခုံအမှတ်တိုကို ကြေညာသွားမည်ဖြစ်ပြီး ကုန်ထုတ်လုပ်ငန်း ပထမအသုတ်၊ ကုန်ထုတ်လုပ်ငန်း ဒုတိယအသုတ်နှင့် ဆောက်လုပ်ရေးလုပ်ငန်းတို၏ ကျင်းပမည့်နေ့ရက်များ အပြောင်းအလဲရှိနိုင်ကြောင်း သိရသည်။
မူလက စာမေးပွဲများကို ကုန်ထုတ်နှင့် ဆောက်လုပ်ရေးလုပ်သားများအတွက် ဩဂုတ်လ ၁၆ ရက်မှ အောက်တိုဘာလ ၁၅ ရက်အထိ စစ်ဆေးရန် ကြေညာခဲ့ပြီးနောက် စာမေးပွဲဖြေဆိုမည့်သူ များပြားနေခြင်းကြောင့် စိစစ်နေသည့်အတွက် သတ်မှတ်ရက်အတွင်း ကျင်းပနိုင်ခြင်း မရှိခဲ့ဘဲ ကြန့်ကြာနေခဲ့ကြောင်း ယခုနှစ် ဇူလိုင်လအတွင်း စာမေးပွဲကိုဖြေဆိုရန် လျှောက်ထားခဲ့ကြရာ လျှောက်ထားသူဦးရေမှာလည်း ၃၇၀၀၀ကျော်အထိ ရှိခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယား အလုပ်အကိုင်စာမေးပွဲ အောင်မြင်သူတိုင်း တောင်ကိုရီးယားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ရမည်မဟုတ်ဘဲ အလုပ်ရှင်၏ စိတ်ကြိုက်ရွေးချယ်ခံရသူများသာ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ရမည်ဖြစ်ကြောင်းလည်း POEA မှ ထုတ်ပြန်ထားရှိသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_ 22 September 2022
ကာတွန်းဝိဇ္ဇာအနေဖြင့် ပထမဦးဆုံးအကြိမ် တစ်ကိုယ်တော်ပန်းချီပြပွဲကိုပြသသွားမည်ဖြစ်ပြီး (၆)နှစ်ကျော်ကြာရပ်နားထားရသည့် တာယာပွကြီးဇာတ်ကောင်ကို Animation ဖြင့် ပြန်လည်အသက်သွင်းသွားရန် အစီအစဉ်ရှိသည်ဟု YMGကိုပြော သည်၊၊
ကာတွန်းဝိဇ္ဇာအနေဖြင့် စာအုပ်အငှားဈေးကွက်ပျက်သွားတာကတစ်ကြောင်း၊ ရေးဖော်ရေးဖက်အဖွဲ့ဝင်တွေ ဆုံးပါးသွားတာတစ်ကြောင်းကြောင့် တာရာပွကြီးဇာတ်ကောင်ဖြင့် ကာတွန်းရေးဆွဲခြင်းကိုရပ်နားထားရခြင်းဖြစ်သည်၊၊
"တာရာပွကြီးဇာတ်ကောင်နဲ့ ကာတွန်းမရေးဖြစ်တာကြာပြီ၊၊ ကိုဗစ်မဖြစ်ခင်၂၀၁၆လောက်ကတည်းက ရပ်နားခဲ့ရတာပါ၊၊ ဦးတို့လုပ်ဖော် ကိုင်ဖက် တွေနေမကောင်းဖြစ်တာ၊ ဆုံးပါးသွားတာတွေကြောင့်လည်းပါတယ်၊၊ အဓိကကတော့ စာအုပ်အငှားဈေးကွက်တွေပျက်တော့ ထုတ်ဝေသူတွေကလည်းမလုပ်ချင်တော့လို မလုပ်ဖြစ်တော့တာလည်းပါတယ်၊၊ လောလောဆယ်ကာတွန်းကတော့ ပြန်မရေးဖြစ်သေးဘူး၊၊တစ်ကိုယ်တော်ပန်းချီပြပွဲတော့ ပြသဖို့ရှိတယ်၊၊ တာရာပွကြီးဇာတ်ကောင်ကို ပြန်အသက်သွင်းဖို့ Animation လုပ်ဖိုတော့ စိတ်ကူးရှိတယ်၊၊ လုပ်ဖို့လည်း ကြိုးစားခဲ့ဖူးတယ်၊၊ တစ်ယောက်တည်းမလုပ်နိုင်တဲ့အတွက် လုပ်နိုင်မယ့်လူငယ်တွေရှိရင်တော့ ပူးပေါင်းပြီးလုပ်သွားဖို့ရှိပါတယ်"ဟု ကာတွန်းဝိဇ္ဇာ(ခေါ်)ဦးခိုင်ဝင်းက YMG ကို ပြောသည်၊၊
ကာတွန်းဝိဇ္ဇာ တစ်ကိုယ်တော်ပန်းချီပြပွဲကို ရန်ကုန်ကမာရွတ်မြို့နယ်ရှိArtist Gallery Café ပန်းချီပြခန်းတွင်စက်တင်ဘာလ(၂၃)မှ (၂၆)အထိ ပြသသွားမည်ဖြစ်သည်၊၊
ပြပွဲကို Dancing with Rainbow Vol 1 ဟု အမည် ပေးထားပြီးတာယာပွကြီးတို့ ဇာတ်ကောင်တစ်စု၏ ပန်းချီကားများကိုလဲ အမှတ်တရ ထည့်သွင်းပြသပေးသွားမည့်အပြင် မင်းသမီးပန်းချီကားများ၊ အောက်ဒိုးရေးဆွဲထားသည့် ရှုခင်းပန်းချီကားများလည်း ပြသသွားမည်ဖြစ်ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#World_Technology
Published 22 September 2022
အဆင့်မြင့်နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ အနာကပ်ပလာစတာဟာ ခွာလိုက်တဲ့အခါ အမွှေးအမျှင်တွေမပါစေဘဲ ဒဏ်ရာသက်သာစေတဲ့အပြင် နာကျင်မှုလျော့နည်းအောင် ပြုလုပ်ပေးနိုင်မှာပါ။
ပန်ဆယ်လ်ဗေးနီးယားတက္ကသိုလ်မှ သိပ္ပံပညာရှင်များ စမ်းသပ်ထုတ်လုပ်နေတဲ့ ပလာစတာဟာ ရေထဲမှာ စက္ကန့်ပိုင်းအတွင်း စိုစေပြီးတာနဲ့ အရေပြားပေါ်ကနေ မနာမကျင်ဘဲ ခွာပစ်နိုင်ပါတယ်။
အရေပြားပေါ်ကပ်ထားတဲ့အခါမှာလည်း သာမန်ပလာစတာတွေထက် နှစ်ဆပိုမြဲမြံကာ အမှုန်အမွှားနဲ့ ဘက်တီးရီးယားဝင်ရောက်ခြင်းကို ကာကွယ်ပေးပြီး ထိခိုက်ပွန်းပဲ့ခြင်းနည်းအောင် ပြုလုပ်ပေးပါတယ်။
ဒီပလာစတာတွေကို အိမ်မှာပဲဖြစ်ဖြစ် ဆေးရုံမှာပဲဖြစ်ဖြစ် အသုံးပြုနိုင်အောင် ဖန်တီးပေးထားပါတယ်။
သာမန်အနာကပ်ပလာစတာတွေဟာ ဒဏ်ရာပေါ်ကခွာတဲ့အခါ နာကျင်ရပြီး အထူးသဖြင့် အမွှေးရှိတဲ့နေရာတွေနဲ့ ပျော့တဲ့နေရာတွေဆိုရင် ပိုနာကျင်ရပါတယ်။
ပလာစတာကို ခွာလိုက်တဲ့အခါ အရေပြားရဲ့အပေါ်ဆုံးအလွှာပါသွားတာကြောင့် အလွန်နာကျင်တာဖြစ်တဲ့အပြင် အမွှေးတွေလည်း အမြစ်ကနေပါသွားနိုင်ပါတယ်။
ပလာစတာကို တစ်ခါတည်းနဲ့ဆွဲခွာတာမျိုးနဲ့ ဖြည်းဖြည်းချင်းခွာတာမျိုးမှာ ဘယ်ဟာကပိုကောင်းသလဲဆိုတာကို ဩစတြေးလျဆေးရုံတစ်ခုမှာ လေ့လာခဲ့ကြပါတယ်။
ဖြည်းဖြည်းချင်းခွာတာက တစ်ခါတည်းဆွဲခွာတာထက် နှစ်ဆလောက်ပိုနာကျင်ရကြောင်း တွေ့ရှိခဲ့ကြပါတယ်။
အဆိုပါ ပလာစတာကို ထုတ်လုပ်တဲ့သူတွေက မခွာခင်မှာ ကပ်ထားတဲ့နေရာကို ရေနွေးနွေးလေးမှာ စိမ်ထားနိုင်ပြီး ဒါမှမဟုတ် ရေခဲနဲ့ မိနစ်အတော်ကြာအောင် အုပ်ထားကာ ကြွပ်ဆတ်လာတော့မှ ခွာရတာပိုလွယ်ကူကြောင်း အကြံပေးလိုက်ပါတယ်။
ပလာစတာအများစုက ကပ်အားကောင်းတဲ့ကော်အသုံးပြုကာ ခွာရခက်သလို အချို့ပလာစတာတွေက ခွာရလွယ်ပေမယ့် အလွယ်တကူကွာကျတတ်ပါတယ်။
အခုတီထွင်တဲ့ ပလာစတာက အထူးအယ်လ်ကိုဟောတစ်မျိုးဖြင့်ပြုလုပ်ကာ အလွန်ကပ်အားကောင်းသလို စက္ကန့် ၃၀ လောက်ရေစိမ်လိုက်ရင် ခွာရလွယ်ကူပါတယ်။
ကြွက်တွေနဲ့စမ်းသပ်ရာမှာ ပလာစတာခွာလိုက်တဲ့အခါ အမွှေးတွေက အကောင်းပကတိ နီးပါးအတိုင်း ကျန်နေခဲ့ပါတယ်။
ဒဏ်ရာသန့်စင်ရေးလုပ်တဲ့ပစ္စည်းတွေကို အဆင့်မြှင့်ထုတ်လုပ်ဖို့လည်း ဆက်လက်လေ့လာနေပါတယ်။
အရေပြားပေါ်မှာ အသာအယာလေး ခွာနိုင်တာက ကလေးတွေနဲ့ လူကြီးတွေအတွက် အဆင်ပြေစေမှာပါလို့ ရွိုင်ယယ်ဖရီးဆေးရုံမှ ပလတ်စတစ်ခွဲစိတ် ဆရာဝန်တစ်ဦးက ဆိုပါတယ်။
Source: Daily Mail
#Yangon_Media_Group
Page 1590 of 1991