#Local _News
Published _23 November 2022

 

အခုနှစ် မိုးစပါးနှင့် မကြာခင်စိုက်ပျိုးမည့် နွေစပါးတင်း ၁၀၀ ကို ၆၃၀၀၀၀ သတ်မှတ်ထားကြောင်း တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့မှ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကြေညာထားရှိသည်။

 

အဆိုပါကြေညာချက်တွင် ဈေးကွက်ပေါက်ဈေးဟာ အခြေခံရည်ညွှန်းစပါးဈေးနှုန်းအပေါ် ဖြစ်ပါက ဈေးကွက် ပေါက်ဈေးအတိုင်း ဝယ်ယူရန်နှင့် ဈေးကွက်ပေါက်ဈေးဟာ အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းအောက် ဖြစ်ပါက အခြေခံဈေးနှုန်းအတိုင်း ဝယ်ယူရမည်ဟု ပါရှိသည်။

 

သို့သော် ယမန်နေ့ နိုဝင်ဘာလ ၂၂ရက်အထိ ပြည်တွင်းရှိ ဆန်စက်များ၌ အရည်အသွေးပြည့်မီပြီး သတ်မှတ်စံချိန်များနှင့်ကိုက်ညီသည့် စပါးတင်း ၁၀၀ ကို ငွေကျပ် ၁၄သိန်းကျော်အထိ စျေးကောင်းပေးဝယ်နေလျှက်ရှိသည်။

 

ဆန်စပါးစိုက်ပျိုးသည့် တောင်သူများမှလည်း လက်ရှိဆန်စျေးကွက်မှာ လက်ကျန်နည်းနေသည့်အတွက် စျေးကောင်းပိုမိုရရှိကာ ဆန်စျေးထပ်တက်လာမည်ဟုလည်း မျှော်မှန်းထားကြသည်။

 

ပြီးခဲ့သည့် နွေစပါးရာသီ၌ စပါးတင်း ၁၀၀ လျှင် ၉ သိန်းစျေးရှိခဲ့ပြီး လက်ရှိ မိုးစပါး စျေးနူန်းမှာ စပါးတင်း ၁၀၀ လျှင် ၁၁ သိန်း ၅ သောင်းမှ စ၍ စပါးအမျိုးအစားအလိုက် ၁၄ သိန်းကျော်အထိ ပေါက်စျေးရှိနေကြောင်း ဆန်စပါးစျေးကွက်မှ တဆင့် သိရှိရသည်။

 

#ymg/NN
#Yangon_Media_Group