#WorldHealth
Published 23 June 2022
အလွန်နည်းပါးတဲ့ ပမာဏလောက်ဖြင့် အရည်နဲ့အငွေ့များကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး ကင်ဆာကိုရှာဖွေစစ်ဆေးနိုင်မယ့် အာရုံခံကိရိယာတစ်မျိုးကို ရုရှားသုတေသီများ တီထွင်ထုတ်လုပ်ခဲ့ကြပါတယ်။
အရည်နဲ့အငွေ့များကို အလွန်အာရုံခံသိရှိနိုင်တဲ့ မိုက်ခရိုဖလူးဝစ်ဒစ်ချန်နယ်များနဲ့ နာနိုဖိုတိုနစ်အလင်းအာရုံခံ ကိရိယာများကို ဆားကစ်ပြားလေးမှာ တပ်ဆင်အသုံးပြုရကြောင်း HSE တက္ကသိုလ်နဲ့ စကောလ်ကိုဗို သိပ္ပံနဲ့နည်းပညာတက္ကသိုလ်တို့မှ သုတေသီများက Optics Letters မှာ ဖော်ပြခဲ့ကြပါတယ်။
အရည် ဒါမှမဟုတ် အငွေ့များကို ချန်နယ်တွေကနေညှစ်ထုတ်ကာ ထွက်လာတဲ့ဓာတ်ရောင်ခြည်ကို နာနိုဖိုတိုနစ် ကိရိယာများဖြင့် ရှာဖွေစစ်ဆေးတဲ့အခါ သုတေသီများက ထွက်ပေါ်လာတဲ့ရောင်စဉ်တန်းလက္ခဏာများနဲ့ အရည်အငွေ့ဖွဲ့စည်းပါဝင်ပုံများကို ဆုံးဖြတ်သုံးသပ်နိုင်မှာဖြစ်ပါတယ်။
သေးငယ်တဲ့ကိရိယာအရွယ်အစားကြောင့် အလွန်နည်းပါးတဲ့နမူနာများဖြင့်ပါ တိကျစွာရှာဖွေစစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။
နမူနာရယူတဲ့ နေရာကနေ အခြားနေရာကိုရွှေ့ပြောင်းရတဲ့အခါ သုတေသီများက ခွဲခြမ်းစိတ်ဖြာမှုမလုပ်နိုင်တဲ့အခါမျိုးမှာ ဒီစမ်းသပ်နည်းက အရေးကြီးပါတယ်။
HSE တက္ကသိုလ်ရဲ့ဖော်ပြချက်အရ လူတွေရဲ့သွေးထဲမှာ ကင်ဆာကိုရှာဖွေတွေ့ရှိနိုင်တဲ့ ပစ္စည်းများပါဝင်ပြီး အိတ်ဇိုဆုန်းကဲ့သို့ ပစ္စည်းတွေဟာ တစ်ရှူးနဲ့အင်္ဂါဆဲလ်တွေကနေ ထုတ်လွှတ်လိုက်တဲ့ အဏုဇီဝအိတ်လေးတွေ ဖြစ်ပါတယ်။
ကင်ဆာအစောပိုင်းအဆင့်တွေမှာ သွေးထဲက အိတ်ဇိုဆုန်းပမာဏက သိသိသာသာများလေ့ရှိပြီး ကင်ဆာရှိကြောင်း ကင်ဆာအထူးကုဆရာဝန်များက သိရှိနိုင်ပါတယ်။
"ဆဲလ်တွေက အိတ်ဇိုဆုန်းကဲ့သို့ပစ္စည်းများ အသုံးပြုပြီး ဆဲလ်အချင်းချင်းဆက်သွယ်ကြပါတယ်၊ ဒါပေမဲ့ အတွင်းပိုင်းနဲ့အပြင်ပိုင်းဆိုင်ရာ အချက်အလက်များကနေ မှားယွင်းပေးပို့ပြီး ဆဲလ်ကွဲခြင်းနဲ့ အကျိတ်ကြီးထွားခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်" လို့ စကောလ်ကိုဗို သိပ္ပံနဲ့နည်းပညာတက္ကသိုလ်မှ ပရော်ဖက်ဆာ'ဒီမစ်ထရီဂိုရင်'က ပြောပြသွားပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published_ 23 June 2022
အွန်လိုင်းစနစ် eVisa လုပ်ငန်းနှင့် eVisa (ကမ္ဘာလှည့်)တို့ ခွင့်ပြုဆောင်ရွက်ပေးလျှက်ရှိရာ ခရီးသည်များ ဝင်/ထွက် သွားလာမှုများပြားလာပြီး လေဆိပ်/ ဆိပ်ကမ်းနှင့် နယ်စပ်ဝင်ထွက်ပေါက်များ၌ လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများ ထိရောက်လျှင်မြန်စွာ ဆောင်ရွက်ပေးရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့ပါတယ်။
ယမန်နေ့ နံနက် ၈ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ Terminal-1 ရှိ Mingalar Sky CIP ဧည့်ခန်းမ၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတို့မှ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းတာဝန်ခံများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့်ဆိပ်ကမ်းများတွင် တာဝန်ထမ်းဆောင်နေကြသည့် ပြည်တွင်း/ပြည်ပ ခရီးသွားများနှင့် ထိတွေ့ဆက်ဆံရသူများဖြစ်သည့်နှင့်အညီ ဆက်ဆံရေးပြေပြစ်ကောင်းမွန်ရန်နှင့် ဘာသာစကား တတ်ကျွမ်းကြရန် လိုအပ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။
ဝန်ထမ်းများအနေဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရသော်လည်း နိုင်ငံတကာဥပဒေများ ကိုလည်း သိရှိနားလည်ထားဖို့ လိုအပ်ပါတယ်။
ပြည်ထောင်စုဝန်ကြီးသည် Terminal-1 ပြည်ပ ဆိုက်ရောက်၌ ပြည်ပ လေကြောင်းလိုင်းဖြင့် ဝင်ရောက်လာကြသည့် ခရီးသည်များအား လူဝင်မှုကြီးကြပ်ရေး ကောင်တာများ၌ လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးမှုဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ဆောင်ရွက်နေမှုနှင့် လူဝင်မှုကြီးကြပ်ရေး ကောင်တာများ၌ လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ပြည်ပနိုင်ငံများသို့ ထွက်ခွာမည့် ခရီးသည်များအား လူဝင်မှုကြီးကြပ်ရေးကောင်တာများ၌ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်နေမှု၊ Over Stay Counter နှင့် ဌာန၏ Server ခန်းအတွင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
Published 22 June 2022
မြန်မာနိုင်ငံမှ လူ့အခွင့်အရေးအုပ်စု အချို့နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက မြန်မာနစက ကာကွယ်ရေးဝန်ကြီးကို အစည်းအဝေးတွင် ချန်ထားခဲ့ရန်တောင်းဆိုနေသည့်ကြားက ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးဟာ ဗုဒ္ဓဟူးနေ့က ကမ္ဘောဒီးယားမှာ ကျင်းပတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ခဲ့ကြောင်း အေအက်ဖ်ပီက သတင်းရိုက်ကူးပေးပို့ပါတယ်။
ဗိုလ်ချုပ်ကြီးမြထွန်းဦးကို ကမ္ဘောဒီးယား မြို့တော် ဖနွမ်းပင်ကို ဖိတ်ကြားဖို့ ကျန်တဲ့ အာဆီယံနိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးတွေ အားလုံး သဘောတူခဲ့ကြတာဖြစ်တယ်လို့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီး တီးဘန်းက ပြောတယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
Source AFP
#WorldEnvironment
Published 21 June 2022
ပေကျင်းရှိ နှစ်ပေါင်း ၃,၅၀၀ သက်တမ်းရှိတဲ့ သစ်ပင်အိုကြီးဟာ ဒေသပိုင်အာဏာပိုင်များရဲ့ ပြုပြင်စောင့်ရှောက်မှုနဲ့ လွတ်လပ်ကျယ်ပြန့်တဲ့ သဘာဝပတ်ဝန်းကျင်ကြောင့် အသက်ဝင်ရှင်သန်နေဆဲဖြစ်ပါတယ်။
#Yangon_Media_Group
Published 22 June 2022
ဖိနပ်မပါခြေဗလာနှင့် တီးဝိုင်းတစ်ခုဟာ ဘာရွန်ဒီ အမျိုးသားဝတ်စုံတွေ ဝတ်ဆင်ပြီး ကြီးမားလှတဲ့ သစ်သားဗုံကြီးတွေကို အားအင်အပြည့်နှင့် ရိုက်ခတ် လိုက်ပါတယ်။ တိကျသေချာမှုနှင့်... မကွယ်မဝှက်တဲ့ ပျော်ရွှင်မြးတူးမှုတွေနှင့် ဖြစ်ပါတယ်။
လက်တစ်ဖက်စီမှာ တုတ်ချောင်းတစ်ခုကိုကိုင်ပြီး သူတို့ဟာ ဝှေ့ရမ်းကခုန်နေကြပါတယ်။ ဗုံးတီးသူတွေနှင့် သူတို့ရဲ့တော်ဝင် ဗုံတွေဟာ ရာစုနှစ်များစွာတည်ရှိခဲ့တဲ့ ဘာရွန်ဒီတို့ရဲ့ ရိုးရာဓလေ့ဖြစ်ပြီး ယူနက်စကိုအဖွဲ့ကြီးက စာရင်းသွင်း အသိအမှတ်ပြုထားတာပါ။ အစိုးရက သတိနှင့်စောင့်ရှောက်ကာကွယ်ပေးနေရတဲ့ ယဉ်ကျေးမှုတစ်ခုလည်းဖြစ်ပါတယ်။
Source AFP
အာဖဂန်နစ္စတန်နိုင်ငံ အစွန်အဖျားဒေသ တောင်ထူထပ်တဲ့ ရွာတွေရှိတဲ့နေရာ တွင် ဗုဒ္ဓဟူးနေ့ စောစောပိုင်းက ပြင်းအား ၆.၁အဆင့်ရှိ ငလျင်ကြီးလှုပ်ရှားသွားရာ လူပေါင်း ၁၀၀၀ကျော် သေဆုံးခဲ့ရပါတယ်။ လူ ၁၅၀၀ကျော်ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးသူ ဒီထက်ပိုများနိုင်ပါတယ်လို့ နိုင်ငံပိုင်မီဒီယာကပြောပါတယ်။
၂၀၀၂ခုနှစ်ငလျင်နောက်ပိုင်း ယခုငလျင်ဟာ အဆိုးရွားဆုံးဖြစ်ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံ အရှေ့တောင်ပိုင်းပါကစ္စတန်နယ်စပ်အနီးက ခို့စ်မြို့က ၂၇မိုင်အကွာ တောင်ထူထပ်တဲ့နေရာမှာလှုပ်ရှားသွားတာပါ။
အသေအပျောက်အများဆုံးက အရှေ့ပိုင်း ပက်တီကာပြည်နယ်ဖြစ်ပြီး အဲဒီနေရာမှာ လူပေါင်း ၂၅၅ ဦးသေဆုံးခဲ့ရပြီး
၂၀၀ကျော်ဒဏ်ရာရခဲ့တာပါ။
ငလျင်လှုပ်ရှားမှုဒဏ်ကို ပါကစ္စတန်၊အာဖဂန်နစ္စတန်နှင့်အိန္ဒိယနိုင်ငံတွေက လူပေါင်း ၁၁၉သန်းခန့် ခံစားခဲ့ကြရပါတယ်။ဒါပေမယ့် ပါကစ္စတန်ဘက်က ထိခိုက်သေဆုံးမှုသတင်းတွေ ပေးပို့ခြင်းမရှိသေးပါဘူး။
Source Reuters/AP
#LocalNews
Published - 22 June 2022
သွေးလွန်တုပ်ကွေးရောဂါသံသယရှိပြီး စိုးရိမ်ရတဲ့သွေးလန့်လက္ခဏာတွေပေါ်လာပါကဆေးရုံကို အချိန်မီသွားဖို့လိုတယ်လို့ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ ခင်ခင်ထားကပြောပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published - 22 June 2022
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအဖြစ်အထွက်နှုန်းမြင့် အရည်အသွေးမြင့် မြန်မာ့ဆန်စပါးမျိုးစိတ်သစ်နှစ်ခုအား မှတ်ပုံတင်ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်လိုက်သည်၊၊
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ၏ ပံ့ပိုးမှုဖြင့် မြန်မာ့ဆန်စပါးအရည်အသွေးမြင့် မျိုးစိတ်စိုက်ပျိုးရေးနှင့် အရည်အသွေးမြင့်စိုက်ပျိုးမှု စီမံကိန်းကို ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်၊၊
တရုတ်နိုင်ငံဖူကျန့်စိုက်ပျိုးရေးနှင့်သစ်တော တက္ကသိုလ်၊ မြန်မာနိုင်ငံမော်လမြိုင်တက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်တို့အတူ ဖော်ဆောင်ခဲ့ကြခြင်းဖြစ်သည်၊၊
နှစ်ဦးနှစ်ဖက်၏ နှစ်နှစ်ကျော်ကြာ ကြိုးပမ်းအားထုတ်မှုကြောင့် အဆိုပါစီမံကိန်းသည် အောင်မြင်မှုများ ရရှိခဲ့သည်ဟုဆိုသည်၊၊
လက်ရှိတွင် အထွက်နှုန်းမြင့် အရည်အသွေးမြင့် မြန်မာ့ဆန်စပါးမျိုးစိတ်သစ်နှစ်ခုအား မှတ်ပုံတင်ပြီးဖြစ် ကြောင်းမြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်၊၊
အဆိုပါ စီမံကိန်းသည် မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးနည်းပညာ ဆန်းသစ်တီထွင်မှုကို မြှင့်တင်ပေးပြီး စားနပ်ရိက္ခာထုတ်လုပ်မှုကို မြှင့်တင်ပေးကာ တောင်သူများ၏ ဝင်ငွေတိုးရေးနှင့် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေးတိုအတွက် ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_22 June 2022
မြန်မာ့ထွက်ကုန်တွေကို သင်္ဘောနဲ့ ဘင်္ဂလားဒေ့ရှ်ကို တိုက်ရိုက်တင်ပို့နိုင်ဖို့ စီစဉ်နေကြပါတယ်။
#Yangon_Media_Group
#LocalNews
Published - 22 June 2022
တောင်ကိုရီးယားနိုင်ငံသို့ ခြောက်လအတွင်း မြန်မာအလုပ်သမားစုစုပေါင်း ၁၆၁၉ ဦး တရားဝင်ပို့ဆောင်ထားပြီးဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက သိရသည်။
တောင်ကိုရီးယားနိုင်ငံ အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားခြင်းကို ကာကွယ်ထိန်းချုပ်ရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁ ရက်ကစ၍ ပြည်ဝင်ခွင့် ပိတ်ထားခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်တွင် မြန်မာနိုင်ငံမှ အလုပ်သမားများ ပြန်လည်ခေါ်ယူခဲ့ကာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်ကစ၍ မြန်မာအလုပ်သမား ၆၄ ဦးကို ပထမအကြိမ် တရားဝင်စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလတွင် ၁၂၃ ဦး၊ ဖေဖော်ဝါရီလတွင် ၁၀၅ ဦး၊ ဧပြီလတွင် ၃၁၇ ဦး၊ မေလတွင် ၆၂၂ ဦး၊ ဇွန်လတွင် ၃၈၈ ဦးတရားဝင်စေလွှတ်ခဲ့ပြီး ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
တောင်ကိုးရီးယားသို့သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများတွင် အများဆုံးလုပ်ကိုင်နေခြင်း ဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_ 22 June 2022
အာဆီယံစီးပွားရေး အသိုက်အဝန်း ၂၀၂၅ အောက်ရှိ “စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍလုပ်ငန်းကော်မတီ" အနေဖြင့် ရေရှည်တည်တံ့သော စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍတို့ကို ကမ္ဘာ့စီးပွားရေးနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
အဆိုပါကော်မတီရဲ့ ပထမအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပခဲ့ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။
အာဆီယံအသိုက်အဝန်း၏ မဏ္ဏိုင်ကြီး(၃)ခုအနက် အာဆီယံစီးပွားရေး အသိုက်အဝန်း လမ်းပြမြေပုံ(၂၀၂၅)တွင် ပါရှိသောလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ငန်းကော်မတီ ၂၂ ခုကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖွဲ့စည်းထားရှိရာ “စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ လုပ်ငန်းကော်မတီ”ကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။
အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ အဆင့်မြင့်အရာရှိများ အစည်းအဝေးများနှင့် ဝန်ကြီးများအစည်းအဝေးများကို နှစ်စဉ်ကျင်းပလျက်ရှိကာ အဆိုပါ အစည်းအဝေးများတွင် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့များက တင်ပြလာသော နှစ်စဉ်ဆောင်ရွက်မယ့် ကဏ္ဍအလိုက် ဦးစားပေးလုပ်ငန်းများကို အတည်ပြုပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံအသီးသီးက နိုင်ငံအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်အတွင်း စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍအတွက် အတည်ပြုပြီးသော ကဏ္ဍအလိုက် ဦးစားပေးလုပ်ငန်း ၁၁ ခုရှိပြီး ၂၀၂၂ ခုနှစ်တွင် ဆောင်ရွက်ဆဲကဏ္ဍအလိုက် ဦးစားပေးလုပ်ငန်း ၁၉ ခုကို အောက်တိုဘာလအတွင်း ကျင်းပမည့် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအစည်း အဝေးသို တင်ပြအတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_22 June 2022
ရိုးရာလက်ဝှေ့အားကစားသမားတွေရဲ့ စားဝတ်နေရေး အဆင်မပြေကြဘူးလို့ လက်ဝှေ့ ချန်ပီယံ ထွန်းထွန်းမင်းက ပြောပါတယ်။
#Yangon_Media_Group
Page 1511 of 1742