#Local_News
Published _28 January 2023

 

လျှပ်စစ်ကား အားသွင်းရန်နေရာများ နေပြည်တော်တွင်တည်ဆောက် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

နေပြည်တော်၊ သပြေကုန်းဈေးရှေ့တွင် MG ကုမ္ပဏီက ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် စက်သုံးဆီအရောင်းဆိုင်ကြီး ၃၈ ဆိုင်တွင်လည်း လျှပ်စစ်ကား အားသွင်းရန်နေရာများထည့်သွင်းတည်ဆောက်ရန် လုပ်ဆောင်နေကြပြီဖြစ်ကြောင်း သိရသည်။

 

ယခုအခါ ရန်ကုန်-မန္တလေး အမြန်လမ်း ၁၁၅ မိုင်တွင်လည်း လျှပ်စစ်ကားအားသွင်းရန်‌နေရာများ တည်ဆောက်လျက်ရှိကြောင်း သိရသည်။

 

ယခုအခါပထမအကြိမ်အဖြစ် လျှပ်စစ်ယာဉ် အစီး ၄၀နှင့်ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။

 

ယခုရောက်ရှိလာသော ယာဉ်များမှာ တရုတ်နိုင်ငံမှထုတ်လုပ်သည့် BYD အမျိုးအစား E2 Model ဖြစ်ပြီး လူစီးနှင့် တက္ကစီအဖြစ် စမ်းသပ်ပြေးဆွဲအသုံးပြုမည့် လျှပ်စစ်သုံးယာဉ်များဖြစ်ကြောင်း၊ အများပြည်သူအသုံးပြုနိုင်ရေး လျှပ်စစ်သုံးတက္ကစီအဖြစ် Chin Dwin Shan Construction Co., Ltd. မှ ရန်ကုန်လေဆိပ်တွင်အခြေပြု၍ တက္ကစီ ၁၀ စီး ၊ NPK Motors Co., Ltd. မှ နေပြည်တော် သပြေကုန်း ဈေးတွင်အခြေပြု၍ တက္ကစီ ၁၀ စီး ပြေးဆွဲကြမည်ဖြစ်ကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group