#Local_News
Published_14 November 2022
မြို့တွင်းပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေမှာ စီးနင်းသူခရီးသည်ဦးရေဟာ ပိုများလာတာဖြစ်တဲ့အတွက် ယာဉ်အစီးရေမလုံလောက်တာဖြစ်တယ်လို့ YRTC ကနေ သိရပါတယ်။
#Yangon_Media_Group
#World_Expo
Published 14 November 2022
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် ကျူဟိုင်မြို့မှာ ပြုလုပ်တဲ့ ၁၄ ကြိမ်မြောက်နိုင်ငံတကာလေကြောင်းနဲ့ အာကာသပြပွဲမှာ ခြေ ၄ ချောင်းပါတဲ့ တရုတ်နိုင်ငံထုတ်စက်ရုပ်ခွေးကို ပထမဆုံးထုတ်ဖော်ပြသခဲ့ပါတယ်။
#Yangon_Media_Group
#Myanmar_News
Published 14 Nov 2022
နစကဟာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတွေက ပြည်ထောင်စုဝန်ကြီး(၂)ဦးကို တာဝန်မှအနားယူခွင့်ပေးလိုက်ပြီး အဆိုပါနေရာတွေအတွက်လည်း အစားထိုးခန့်အပ်မှုတွေ ယနေ့ပြုလုပ်ခဲ့ပါတယ်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးတို့ကို တာဝန်မှအနားယူခွင့်ပေးခဲ့ပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးအား စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန် ပူးတွဲထမ်းဆောင်ရန်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအသစ်အဖြစ် ဦးမျိုးသန့်ကို ခန့်အပ်ကြောင်း နစက အတွင်းရေးမှူးလက်မှတ်ရေးထိုး၍ အမိန့်ကြေညာစာ(၄)ခု ယနေ့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
-ymg/knl
#Yangon_Media_Group



Published 14 Nov 2022
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ တနင်္လာနေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ တွေ့ဆုံကြပြီး ထိပ်သီးဆွေးနွေးမှုကို စတင်ခဲ့ကြပါတယ်။
နှစ်နိုင်ငံဟာ ကြီးထွားလာနေတဲ့ ခြားနားမှုတွေကို စီမံထိန်းသိမ်းနိုင်ပြီး ပဋိပက္ခတွေရှောင်ရှားနိုင်ကြလိမ့်မယ်လို့ နှစ်ဦး စလုံးက ပြောကြပါတယ်။
သူတို့ဟာ ဘာလီမှာကျင်းပမယ့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးမတိုင်ခင် တွေ့ဆုံကြတာဖြစ်ပြီး အစည်းအဝေးမစတင်ခင်မှာ နှစ်နိုင်ငံအလံတွေရှေ့မှာ လက်ဆွဲနှုတ်ဆက်လိုက်ကြပါတယ်။
ရာသီဥတုပြောင်းလဲခြင်းကစပြီး စားနပ်ရိက္ခာနှင့်လုံခြုံရေးတွေအထိ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို တရုတ်နှင့်အမေရိကန်ဟာ ဖြေရှင်းဖို့ အဓိကျတဲ့ အခန်းကဏ္ဍကနေ ဆောင်ရွက်ရမယ်လို့ ကမ္ဘာကြီးက မျှော်လင့်ထားတယ် လို့ဘိုင်ဒင်ကပြောပါတယ်။
တရုတ်-အမေရိကန်ဆက်ဆံရေး လက်ရှိအနေအထားက ကျွန်တော်တို့အားလုံးအတွက် စိတ်ပူပန်မှုဖြစ်စေပါတယ်။ အနေအထားဟာ နှစ်နိုင်ငံပြည်သူတွေရဲ့ အကျိုးစီးပွားနှင့် ကိုက်ညီမှုမရှိသလို နိုင်ငံတကာ လူ့အသိုက်အဝန်းရဲ့ မျှော်လင့်ထားမှုတွေရဲ့ မျှော်လင့်ချက်တွေအပေါ်မှာလည်း ကျေနပ်စရာမကောင်းပါဘူးလို့ ရှီကျင့်ဖျင်က ပြန်လည် ဆွေးနွေးခဲ့ပါတယ်။
ရုပ်သံကြည့်ရန်>>>>https://fb.watch/gN_QahC6Gy/
Source: AFP
#Biden_Xi_Summit
#Bali_US_China_Summit
#G-20_Bali
#Local_News
Published_ 14 November 2022
မြန်မာနိုင်ငံနေအမျိုးသမီးတွေအနေနဲ့ မိမိတို့ရဲ့လုံခြုံရေးအတွက် ဥပဒေအရအကျုံးဝင်တဲ့ လုံခြုံရေးသုံးပစ္စည်းတွေဆောင်ထားနိုင်တယ်လို့ တရားလွှတ်တော် ရှေ့နေဒေါ်ပွင့်တင်မကပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 14 November 2022
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှရွေ့လျားလာသော လေအေးများတွေ့ဆုံမှုနှင့် လေထုမငြိမ်မသက်မှုများဖြစ်ပေါ်နေခြင်းကြောင့် အချိန်အခါမဟုတ်မိုးရွာ၊ မိုးသည်းထန်မိုးကြိုးပစ်၊မိုးသီးကြွေနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်၊၊
နိုဝင်ဘာလ(၁၄)ရက်ညနေပိုင်းကထုတ်ပြန်သည့် အချိန်အခါမဟုတ်မိုးရွာနိုင်မည့်သတိပေးချက်တွင် သတိပေးထားသည်၊၊
ထုတ်ပြန်ချက်တွင် “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ နိုဝင်ဘာ(၁၆)ရက်မှ(၂၀)ရက်အတွင်းကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့်တရုတ်ပြည်မကြီးပေါ်ရှိလေဖိအားကြီးရပ်ဝန်းဒေသမှရွေ့လျားလာသေ ာလေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း၊ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများဖြစ်ပေါ်နေခြင်းကြောင့်လည်းကောင်း တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် နေပြည်တော်၊မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မှ နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်ပါသည်။”ဟုဖော်ပြထားသည်၊၊
ဒါကြောင့်မို့လို့ ပြည်သူများအနေဖြင့် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့် အတူမိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ကြောင်း ထုတ်ပြန်ထားသည်၊၊
ymg/tthl
#Yangon_Media_Group

#Local_News
Published _ 14 November 2022
လက်ရှိတွင် ကြက်သွန်ဈေးက ပုံမှန်အတိုင်း အတက်အကျမရှိပဲ ငြိမ်သက်နေပြီး ကြက်သွန်အသစ်တွေဝင်ရောက်မှုကလည်း အခုရက်ထဲ အဝင်စိပ်လျက်ရှိနေတယ်လို့ ကုန်စည်ဒိုင်တွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_14 November 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ နိုဝင်ဘာလ ၄ ရက်အထိကို ခုနှစ်လကျော်ကာလအတွင်း ပြည်ပကို ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၂၇ ဒသမ ၆၂ သန်းရရှိထားတယ်လို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 14 November 2022
၁။ ၇ လကျော်ကာလအတွင်း ပြည်ပသို့ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၄၂၇ ဒသမ ၆၂ သန်းရရှိထား
၂။ ကြက်သွန်အသစ်များအဝင်စိပ်လာ၍ ဈေးကွက်ထဲ၌ အရောင်းအဝယ်အေးနေဟုဆို
၃။ အမျိုးသမီးများ လုံခြုံရေးအတွက် ဥပဒေအရအကျုံးဝင်သော လုံခြုံရေးသုံးပစ္စည်းများကို ဆောင်ထားနိုင်
၄။ တရုတ်လေကြောင်းနှင့်အာကာသပြပွဲအတွင်း ကင်းထောက်နှင့်တိုက်ခိုက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်သည့်စက်ရုပ်ခွေးအားဖော်ထုတ်ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_14 November 2022
နိုဝင်ဘာလ ၁၄ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာကို ၄၃၅၀ ကျပ် သတ်မှတ်ထားပြီး ပြီးခဲ့တဲ့ တစ်ပါတ်ထက် ၂၀ ကျော်မြင့်တက်လာတာဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 14 November 2022
တနင်္သာရီတိုင်း၊ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးမြိုင်စက်မှုဇုန်ရှိ ငါးအမှုန့်ကြိတ်စက်ရုံတွင် နိုဝင်ဘာလ ၁၃ ရက် ညပိုင်းက အမျိုးသား ၆ ဦးပြုတ်ကျ၍ ၃ ဦးသေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် လူမှုကူညီရေးအသင်းများမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ည ၈ နာရီခန့်က မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးမြိုင်စက်မှုဇုန်ရှိ ငါးအမှုန့်ကြိတ်စက်ရုံတွင် ငါးကြိတ်ကန်အတွင်း မော်တာချိန်း ကြိုးပြုတ်ထွက်ခဲ့၍ အမျိုးသား ၆ ဦးမှ ပြန်လည်ဆယ်ယူရန် ကန်အတွင်းသို့ဆင်းခဲ့ကြသည်။
ကန်အတွင်းဆင်းစဉ် အောက်ဆီဂျင်ပြတ်၍ ကန်အတွင်းသို့ပြုတ်ကျသွားခဲ့ကြသဖြင့် မြိတ်မြို့နယ်မီးသတ်စခန်း၊ ထားဝယ်စုရပ်ကွက်အရန်မီးသတ်စခန်း၊ မြိတ်တောင်ရပ်ကွက်အရန်မီးသတ်စခန်းနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် အမျိုးသား ၃ ဦးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး အမျိုးသား ၃ ဦးကိုမူ သေဆုံးလျက်ပြန်လည်သယ်ထုတ်နိုင်ခဲ့ကြောင်း အဆိုပါအသင်းအဖွဲ့များထံမှ သိရသည်။
သေဆုံးသူ ၃ ဦး၏ ရုပ်အလောင်းများအား လူမှုကူညီရေးအသင်းကားများဖြင့် မြိတ်ပြည့်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရှိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_14 November 2022
၂၀၂၂-၂၀၂၃ ကြံရာသီတွင် စက်ရုံများမှ ကြံတစ်တန်ကို ကျပ် (၇) သောင်းမှ (၉) သောင်းကြား ဈေးနှုန်းသတ်မှတ်၍ ဝယ်ယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။
လာမည့် ဒီဇင်ဘာလတွင် ကြံရာသီစတင်တော့မည်ဖြစ်ကြောင်း၊ ယင်းအပြင် ရှမ်းမြောက်တွင် တန် ၁၂၀၀၀ တန်ကြားစက်နှင့် စစ်ကိုင်းတိုင်း ကသာတွင် တန် ၅၀၀၀ စက်တည်နေကြောင်း သိရသည်။ ပြည်တွင်းသကြားစက်တည်နိုင်ပါက ပြည်တွင်းသကြားထုတ်လုပ်မှုသည် မြင့်တက်လာမည်ဖြစ်ပြီး သွင်းကုန်အစားထိုးအနေဖြင့် ပြည်ပကနေသကြားတင်သွင်းပြီး စားသုံးရသည့်အနေအထား လျော့ကျသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ နှစ်စဉ် သကြားထုတ်လုပ်မှု တန်ချိန် ၄ သိန်းခွဲခန့်ရှိပြီး အစောပိုင်းကာလများတွင် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းတွေကနေတစ်ဆင့် တရုတ်နိုင်ငံကို တင်ပို့ရောင်းချခဲ့သော်လည်း လက်ရှိတွင် ဗီယက်နမ်နိုင်ငံတစ်ခုတည်းကိုသာ ပင်လယ်ရေကြောင်းကနေ တင်ပို့ရောင်းချနေရကြောင်းသိရသည်။
၂၀၂၁-၂၀၂၂ ကြံရာသီတွင် သကြားတန်ချိန် လေးသိန်းကျော်ထွက်ခဲ့ပြီး ပြည်တွင်းစားသုံးမှုများခဲသည့်အတွက် ဗီယက်နမ်ကို တန်ချိန် လေးသောင်းဝန်ကျင်သာ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ကြံကို ရှမ်းတောင်ပိုင်း၊ ရှမ်းမြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများတွင် စိုက်ဧကအများဆုံးစိုက်ပျိုးပြီး ဒုတိယအများဆုံးစိုက်ဧကအနေဖြင့် ပဲခူးတိုင်းဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးတွင် အနည်းငယ်စိုက်ပျိုးကြောင်း သိရသည်။
#Ymg/STH
#Yangon_Media_Group
Page 1509 of 2001