Published 29 January 2023

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချစ်စတန်ပြည်နယ်က လျှိုတစ်ခုအတွင်း ဇန်နဝါရီ ၂၉ ရက်က ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားရာ အနည်းဆုံး လူ ၄၁ ဦးသေဆုံးခဲ့ရပါတယ်။

ဘတ်စ်ကားတိမ်းမှောက်ရာနေရာက ကားရဲ့အပျက်အစီးကြားထဲမှ အလောင်း ၄၀ ကို တွေ့ရှိခဲ့ရပြီး ဒဏ်ရာရသူ (၃)ဦးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီထဲက တစ်ဦးဟာ ကယ်ထုတ်ပြီးသိပ်မကြာခင်သေဆုံးခဲ့ရပါတယ်။ အသက်ရှင်ကျန်ရစ်တဲ့ (၂)ဦးကလည်း စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဟာ ယန္တယားအကြီးစားတွေသုံးပြီး လိမ်ကောက်နေတဲ့ သတ္တုတွေအတွင်းက လောင်ကျွမ်းနေတဲ့ အလောင်းတွေကို ထုတ်ယူနေကြပါတယ်။ ဘတ်စ်ကားဟာ ဆီပုံးတွေသယ်လာတဲ့အတွက် လျှိုထဲကျသွားတာနှင့် မီးချက်ခြင်းထလောင်တာဖြစ်တယ်လို့ ဒေသခံ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဘတ်စ်ကားဟာ လူ၄၈ ဦးတင်ဆောင်လာတာဖြစ်ပြီး တံတားတိုင်နှင့်တိုက်မိပြီး လျှိုထဲပြုတ်ကျခဲ့တာဖြစ်ပါတယ်။

Source :AFP

#Bus_crash_Pakistan

#Bus_plunged_off_bridge

#Pakistan_Bus_transport

Published 29 January 2023 ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချစ်စတန်ပြည်နယ်က လျှိုတစ်ခုအတွင်း ဇန်နဝါရီ ၂၉ ရက်က ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှု"/>