#Ukraine_Crisis
Published 30 November 2022
ယူကရိန်းအတွက် လက်နက်များ ဆက်လက်ထောက်ပံ့ရန်နဲ့ ရုရှားတိုက်ခိုက်မှုများကြောင့် ယူကရိန်းဓာတ်အားနဲ့ အပူပေးစနစ်များ ပျက်စီးရခြင်းတို့ကို ကူညီပြင်ဆင်ပေးရန် နေတိုး(NATO)မဟာမိတ်များက ကတိပြုလိုက်ပါတယ်။
ရုရှားတပ်များက နေရာအနှံ့အပြားကို တိုက်ခိုက်ဖို့ ကြိုးစားလာကြကြောင်း ယူကရိန်းသမ္မတ’ဗိုလိုဒီမီယာဇယ်လန်စကီ’က ပြီးခဲ့တဲ့ရက်ပိုင်းက ပြောကြားထားပါတယ်။
အင်္ဂါနေ့က လေကြောင်းကျူးကျော်ခြင်းဥဩသံများ ထွက်ပေါ်လာကာ ယူကရိန်းအရပ်သားများ ဗုံးခိုနေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ယူကရိန်းအရှေ့ပိုင်း ဒိုနက်စ်ခ်ဒေသမှာ ရုရှားတပ်များက အမြှောက်များ၊ တင့်ကားများဖြင့် ဖိနှိပ်တိုက်ခိုက်နေပါတယ်။
အရှေ့ဘက်ရှိ လူဟန့်စ်ဒေသနဲ့ ယူကရိန်းမှ ပြန်လည်သိမ်းယူထားတဲ့ အရှေ့မြောက်ဘက် ခါကိဗ်တို့မှာလည်း ရုရှားတို့တိုက်ခိုက်လျက်ရှိပါတယ်။
“ရှေ့တန်းတွေမှာ အခြေအနေက အတော်ကိုခက်ခဲနေပါတယ်။ ရန်သူတွေဘက်က အကျအရှုံးအလွန်များပေမယ့် ဆက်လက်ချီတက်နေဆဲ ဖြစ်ပါတယ်။ တောင်ပိုင်းမှာ သူတို့တစ်ခုခု ကြံစည်နေတာဖြစ်မယ်” လို့ ‘ဇယ်လန်စကီ’က ညပိုင်းမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
တောင်ပိုင်းဒေသခါဆန်မှာ ရုရှားတပ်များဆုတ်ခွာသွားကာ ယူကရိန်းတပ်များ ပြန်လည်ထိန်းချုပ်ထားပါတယ်။
အင်္ဂါနေ့က ဘူခါရက်စ်မြို့မှာပြုလုပ်တဲ့ ၂ ရက်တာအစည်းအဝေးပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ‘အန်တိုနီဘလင်ကန်’အပါအဝင် နေတိုးမဟာမိတ်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်ခဲ့ကာ ဆောင်းရာသီအတွင်း ယူကရိန်းပြည်သူများ နွေးထွေးလုံခြုံရန်နည်းလမ်းများနဲ့ ယူကရိန်းစစ်တပ် ဆက်လက်တည်တံ့ခိုင်မြဲရန် နည်းလမ်းများ ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။
“ကျွန်တော်တို့အနေနဲ့ လေကြောင်းကာကွယ်ရေးလက်နက်တွေ၊ ပက်ထရီယော့လက်နက်ေတွ၊ ထရန်စ်ဖော်မာတွေ လိုအပ်ပါတယ်” လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ‘ဒီမစ်ထရီကူလီဘာ’က နေတိုးအစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ယူကရိန်းကို ဒုံးကျည်ကာကွယ်ရေးလက်နက်များ ထောက်ပံ့နေတဲ့ နေတိုးကို ရုရှားသမ္မတဟောင်းက သတိပေးလိုက်ကာ ယင်းတို့ဟာ လက်နက်ထောက်ပံ့နေတဲ့အတွက် ရာဇဝတ်မှုအားပေးတဲ့ အဖွဲ့အစည်းဖြစ်ကြောင်း ရှုတ်ချလိုက်ပါတယ်။
ရုရှားတပ်တွေက စစ်မြေပြင်မှာ ရှုံးနေတာကြောင့် ဆောင်းရာသီကို လက်နက်သဖွယ်အသုံးချဖို့ ကြိုးစားလာကြောင်း နေတိုးအထွေထွေအတွင်းရေးမှူးချုပ် ‘ယန်းစ်စတိုလ်တန်ဘာ့ဂ်’က ပြောကြားလိုက်ပါတယ်။
ယူကရိန်းအတွက် လောင်စာ၊ ဆေးဝါးပစ္စည်းများ၊ စစ်ရေးထောက်ပံ့မှုများပြုလုပ်ရန် ဝန်ကြီးများဆွေးနွေးနေကြပြီး ဓာတ်အားထုတ်လွှတ်ရေးအတွက် ဒေါ်လာ ၅၃ သန်းထောက်ပံ့သွားမယ်လို့ အမေရိကန်ကဆိုပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published_ 30 November 2022
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းများတွင် ရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြန်မာ့မီးရထား၏ အချက်အလက်များကို ကိုးကား၍ နစကက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှ စတင်၍ ရန်ကုန်မြိုပတ်ရထားလမ်းပိုင်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ပြီး မြို့ပတ်ရထားလမ်းပိုင်းတွင် ပါဝင်သည့် ရထားလမ်းအဆင့်မြှင့်တင်ခြင်း၊ ဘူတာရုံများအဆင့်မြှင့်တင်ခြင်း စသည့်လုပ်ငန်းများကို လာမည့် ၂၀၂၆ ခုနှစ်တွင် အပြီးဆောင်ရွက်ရန် စီမံချက်ရေးဆွဲထားခြင်းလည်း ဖြစ်သည်။
ရန်ကုန်မြို့ပတ် ရထားလမ်းမိုင်အရှည်မှာ ၅၉ မိုင်ရှိပြီး ယင်းတွင် ဘူတာအသစ် ၃၆ ခု၊ ရန်ကုန်ဘူတာကြီးနှင့် ကြည့်မြင်တိုင်ဘူတာတို့ကို အဆင့်မြှင့်တင်ဆောင်ရွက်ခြင်း၊ လူကူးခုံးကျော်တံတား ၂၉ စင်းတည်ဆောက်ခြင်း၊ လူကူးခုံးကျော်တံတား ၃၀ စင်း ပြုပြင်ခြင်း၊ ကားလမ်းခုံးကျော်တံတား ၂၂ စင်း တည်ဆောက်ခြင်းနှင့် ခြံစည်းရိုး ၃၅၉၉၀ ပေ ကာရံခြင်းလုပ်ငန်းတို့လည်း ပါဝင်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 30 November 2022
မုံရွာမြို့နယ်၊ သာစည်ဆည်အတွင်း ပိုင်ရှင်မဲ့ အမျိုးသမီးရုပ်အလောင်းတွေ့ရှိခဲ့၍ ဆယ်ယူရခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)မှ သိရသည်။
နိုဝင်ဘာလ ၂၉ ရက်က သာစည်ဆည်အတွင်း ရုပ်အလောင်းတွေ့ရှိကြောင်း ဖုန်းဆက်အကြောင်းကြားသည့်အတွက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)မှ ကူညီသယ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
သာစည်ဆည်အတွင်းမှ ပုပ်ပွနေသည့် အဆိုပါ အမျိုးသမီးအလောင်းအားဆယ်ယူ၍ မုံရွာဆေးရုံကြီး OPD မှတစ်ဆင့် ရင်ခွဲရုံသို့ အသင်း၏လူနာတင်ယာဥ်ကားတစ်စီးဖြင့်
သယ်ယူကူညီပေးခဲ့ကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_30 November 2022
ဖူဆယ်ချန်ပီယံရှစ် ဗိုလ်လုပွဲတွင် ခိုက်ရန်ဖြစ်ပွားသည့် MIU အသင်းကို ဒဏ်ကြေး သိန်း ၃၀နှင့် အသင်းသားအချို့ကို ရာသက်ပန်ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း MFF ကအသိပေးထုတ်ပြန်ထားသည။
နိုဝင်ဘာ ၁၂ ရက်မှ ၂၆ ရက်အထိ ကျင်းပပြီးစီးခဲ့သည့် MFF ဖူဆယ်ချန်ပီယံရှစ် ၂၀၂၂ ဗိုလ်လုပွဲကို ရန်ကုန်နှင့် မန္တလေးရှိ ပြိုင်ပွဲဝင်အသင်းပေါင်း ၁၈ သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးဗိုလ်လုပွဲတွင် VUC အသင်းက ဗိုလ်စွဲသွားခြင်းဖြစ်သည်။
အဆိုပါ ပွဲစဉ်တွင် MIU အသင်းမှ အသင်းသားများနှင့်တစ်ဖက်အသင်းပရိသတ်တွေက ပွဲစဉ်ရှိ ဒိုင်လူကြီးတွေကို ရန်ပြုတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် အရေးယူဆောင်ရါက်ရာတွင် MIU FC အသင်းမှ ကစားသမားဟောင်းဖြစ်သူ ဦးမောင်မောင်ဇော်နှင့် ဦးအောင်သူကို ကစားခွင့်၊ ကြီးကြပ်ခွင့်၊ ပြိုင်ပွဲ ကြည့်ရှုခွင့်ရာသက်ပန် ပိတ်ပင်သည်အထိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ပြစ်ဒဏ်ချခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် ပြိုင်ပွဲကျင်းပရေးဆိုင်ရာ ပစ္စည်းတွေကို ဖျက်ဆီးခဲ့သည့် ပရိသတ် တစ်ဦးကို ရာသက်ပန် ပွဲကြည့်ခွင့်ပိတ်ခဲ့ကာ ခိုက်ရန်ဖြစ်ပွားသည့် ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် MIU အသင်းက ကစားသမား ခင်ဇော်လင်းကိုလည်း အကောင်းဆုံး ကစားသမားဆု ချီးမြှင့်ခဲ့ခြင်းကို ပြန်လည်ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ရန်ပြုထိုးကြိတ်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် MIU အသင်းရှိ တခြားကစားသမားတွေနှင့် နည်းပြတွေကိုလည်း ရာသီအလိုက်ပွဲပယ်ပြစ်ဒါဏ်တွေ ချမှတ်ကြောင်း MFF က ထုတ်ပြန်ခဲ့သည်။
#ymg/sth
#Yangon_Media_Group
#World_Health
Published 30 November 2022
လည်ချောင်းနာခြင်းက ခံရခက်တဲ့ဝေဒနာတစ်ခုဖြစ်ပြီး ကိုဗစ်ကာလအတွင်းမှာ စိုးရိမ်စရာလက္ခဏာတစ်ခု ဖြစ်နေခဲ့ပါတယ်။
လည်ချောင်းနာခြင်းခံစားရပြီဆိုရင် လူတွေက ပိုးသတ်ဆေးကို အရင်ဆုံးဦးဆောင်သောက်ကြပါတယ်။
သာမန်နှာစေးချောင်းဆိုးရောဂါရှိပြီဆိုရင် ပိုးသတ်ဆေးကို အလွန်အမင်းအားကိုးကြတယ်လို့ ကမ္ဘာလုံးဆိုင်ရာလေ့လာချက်မှာ တွေ့ရှိရပါတယ်။
မေလတုန်းက နိုင်ငံပေါင်း ၁၂ နိုင်ငံမှ အသက် ၁၈ နှစ်မှ ၆၄ နှစ်အတွင်းရှိတဲ့ လူ ၁၂,၀၀၀ ကို စစ်တမ်းကောက်ယူခဲ့ရာ လူတဝက်ခန့်ဟာ လည်ချောင်းနာခြင်းလို ဝေဒနာမျိုးအတွက် ပိုးသတ်ဆေးများသောက်သုံးခဲ့ကြပါတယ်။
ဒါဟာ စိုးရိမ်ပူပန်မှုကြောင့် ပိုးသတ်ဆေးနဲ့ အရင်ဆုံးဖြေရှင်းဖို့ ကြိုးစားကြတာဖြစ်တယ်လို့ တွေ့ရှိရပါတယ်။
လည်ချောင်းနာခြင်းနဲ့ ပတ်သက်ပြီးသိထားရမှာက ၉၀ ရာခိုင်နှုန်းခန့်ဟာ ပိုးသတ်ဆေးမပါဘဲ သက်သာသွားကြတာပါပဲ။
ဒီလိုမကြာခဏသုံးကြတဲ့အတွက် ပြင်းထန်တဲ့ရောဂါမျိုးတွေမှာ ပိုးသတ်ဆေးက မတိုးတော့ဘဲ ဆေးယဉ်ပါးသွားကြပါတယ်။
ဒါကြောင့် အဆစ်အစားထိုးခွဲစိတ်မှုများ၊ နှလုံးခွဲစိတ်မှု၊ ကလေးမွေးဖွားခြင်းနဲ့ ဗိုက်ခွဲမွေးခြင်းတို့မှာ ပိုပြီးအန္တရာယ်များလာရပါတယ်။
ပိုးသတ်ဆေး အလွန်အကျွံသုံးစွဲခြင်းနဲ့ သုံးစွဲပုံမမှန်ခြင်းတို့ကြောင့် ပုံမှန်ပိုးသတ်ဆေးတွေ အသုံးမပြုနိုင်တော့ဘဲ အသစ်တွေလည်း အမီမထုတ်လုပ်နိုင်ကြတော့ပါဘူး။
ပိုးသတ်ဆေးယဉ်ပါးခြင်းက နိုင်ငံအားလုံးနီးပါးမှာ အဓိကသေဆုံးရတဲ့ အကြောင်းအရင်းတစ်ခုဖြစ်နေပါတယ်။
လည်ချောင်းနာခြင်းက ဗိုင်းရပ်စ်ပိုးကြောင့် အဖြစ်များပေမယ့် လူတွေကနားမလည်ဘဲ ဘက်တီးရီးယားပိုးသတ်ဆေးတွေကို မှားယွင်းသုံးစွဲတတ်ကြပါတယ်။
လည်ချောင်းနာခြင်းဟာ ခန္ဓာကိုယ်ခုခံအားစနစ်ကနေပဲ အလိုအလျောက်ပျောက်ကင်းသက်သာသွားနိုင်ပါတယ်။
ဆေးအညွှန်းစာမပါဘဲနဲ့ ပိုးသတ်ဆေးတွေကို ရောင်းချနေတဲ့ဆိုင်တွေ ရှိနေပါသေးတယ်။
လူငယ်တွေကို ဒါတွေနဲ့ပတ်သက်ပြီး ပညာပေးသင့်ကာ မှားယွင်းစွာအသုံးပြုခြင်းကြောင့် ဖြစ်လာနိုင်တာတွေကို သိရှိထားသင့်ပါတယ်။
လည်ချောင်းနာသူတွေအနေနဲ့ အနားယူခြင်း၊ ရေများများသောက်ခြင်း၊ ပျော့ပျောင်းအေးမြတဲ့အစားအစာများ စားသုံးခြင်းတို့ပြုလုပ်သင့်ပါတယ်။
နောက်ထပ်ပြဿနာက နာကျင်ကိုက်ခဲခြင်းသက်သာစေဖို့ ပါရာစီတမောလ်နဲ့ အိုင်ဗျူပရိုဖန်တို့ အလွယ်တကူဝယ်ယူရရှိနေတာပဲဖြစ်ပါတယ်။
Source: SCMP
#Yangon_Media_Group
#Local_News
Published _30 November 2022
မြန်မာ MoU လုပ်သားများ တင်လာသောယာဉ်တစ်စီး မဲ့ဆောက်တွင်
တိမ်းမှောက်၍ ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းများကို ကိုးကား၍ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အရေးလုပ်ဆောင်နေသူများထံမှ သိရသည်။
ထိုင်းနိုင်ငံ၊ တတ်ပြည်နယ်၊ ဒေါက်လွတ်၊ မဲ့ဆောက်လမ်းတွင် နိုဝင်ဘာလ ၂၉ ရက် ည ၉နာရီခန့်အချိန်က တိမ်းမှောက်ခြင်းဖြစ်ပြီး အများအပြားဒဏ်ရာ ရခဲ့ကြကြောင်းလည်း သိရသည်။
"တောင်တက်၊ တောင်ဆင်းလမ်းတွေမဟုတ်ဘူး၊ မြေပြန့်လမ်းမှာဖြစ်တာ၊ ကားက မှန်လုံကား၊ လမ်းဘေးကို ထိုးကျပြီးမှောက်သွားတာလို့သိရတယ်"ဟု ရွှေ့ပြောင်းမြန်မာလုပ်သားများအရေး ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
အဆိုပါယာဉ်ဖြင့် မြန်မာ MOU လုပ်သား ၄၅ ဦးကို တင်ဆောင်၍ ဘန်ကောက်သို့ မောင်းနှင်စဉ် တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။


#ymg/mt
#Yangon _Media_Group
#World_Health
Published 30 November 2022
နှာခေါင်းစည်းများတပ်ဆင်ခြင်းက အသက်ရှူလမ်းကြောင်းရောဂါကူးစက်မှုတွေကို ကာကွယ်ပေးနိုင်ပေမယ့် အခြားပြဿနာများလည်း ကြုံတွေ့နေရပါတယ်။
မျက်နှာမှတ်မိဖို့ခက်ခဲခြင်း၊ မျက်နှာအမူအရာ ခန့်မှန်းရခက်ခြင်း၊ စကားပြောရာမှာ မသဲကွဲခြင်းစတဲ့ ရုပ်ပိုင်းဆိုင်ရာပြဿနာများရှိသလို ခေါင်းကိုက်ခြင်း၊ အရေပြားပြဿနာဖြစ်ခြင်း၊ အာရုံစူးစိုက်မှုလျော့နည်းခြင်းတေွပါ ခံစားရတတ်ပါတယ်။
ဒါ့အပြင် သမားရိုးကျနှာခေါင်းစည်းတွေကြောင့် ပလတ်စတစ်အမှိုက်ပေါင်းတန်ချိန် သန်းနဲ့ချီပြီး စွန့်ပစ်နေရပါတယ်။
တက်ခ်နီယွန်အစ္စရေးလ်နည်းပညာတက္ကသိုလ်က ရောဂါကူးစက်မှုကို ကာကွယ်နိုင်ပြီး ပတ်ဝန်းကျင်ကိုလည်းထိန်းသိမ်းပေးနိုင်မယ့် မျက်စိနဲ့မမြင်နိုင်တဲ့ မျက်နှာအကာအကွယ်ကို ထုတ်လုပ်လိုက်ပါတယ်။
ပရော်ဖက်ဆာ'မိုရှီရှိုဟမ်'နဲ့ ပရော်ဖက်ဆာ'ဒေးဗစ်ဂရင်းဘလတ်'တို့ဦးဆောင်တဲ့ အဖွဲ့က တပ်ဆင်သူမျက်နှာရဲ့ရှေ့မှာ မမြင်နိုင်တဲ့လေကာတစ်ခုကို ဖန်တီးခဲ့ကြပါတယ်။
လေကာက ဦးထုပ်လျှာထိုးကနေ ပေါ့ပါးစွာကျရောက်နေတာဖြစ်ပါတယ်။
သူ့ရဲ့အားသာချက်တွေကာ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို ကာကွယ်ပေးကာ မျက်နှာမမှတ်မိခြင်း၊ စကားပြောရခက်ခဲခြင်းတို့ကို လျော့ကျစေမှာဖြစ်ပါတယ်။
ဒါ့အပြင် လေကာက ထပ်မံအသုံးချနိုင်တာကြောင့် ပတ်ဝန်းကျင်ကိုလည်း မညစ်ညမ်းစေပါဘူး။
စမ်းသပ်ချက်များအရ လေကာဟာ စကားပြောခြင်း၊ နှာချေခြင်းတို့မှ ထွက်ရှိလာတဲ့ အမှုန်အမွှားတွေကို ထိရောက်စွာကာကွယ်ပေးပါတယ်။
စမ်းသပ်မှုမှာ ပါဝင်ခဲ့တဲ့လူတွေကတော့ ဒီနည်းပညာကို အရင်ဆုံးအသုံးပြုခွင့်ရသူတွေ ဖြစ်ကြပြီး မူလနှာခေါင်းစည်းတွေထက် ပိုမိုအားသာတာကို သိရှိသွားကြပါပြီ။
တက်ခ်နီယွန်က အဆိုပါနည်းပညာအတွက် Wisdome Wearables ကုမ္ပဏီမှာ လိုင်စင်တင်သွင်းထားပြီး ပစ္စည်းများတင်ပို့ရောင်းချရန် စီစဉ်လျက်ရှိကာ စီးပွားလက်တွဲဖော်များ ရှာဖွေနေပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Published_ 29 November 2022
မြန်မာ-ရုရှား နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ကာကွယ်ရေးဆိုင်ရာအပါအဝင် ပညာရေး၊ ကျန်းမာရေးနှင့် နည်းပညာပိုင်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်နိုင်ရေးကို နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားတပ်မတော် ရုရှားတပ်မတော်၊ စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့် ပထမ ဒုတိယ ကြည်းတပ်ဦးစီးချုပ် Colonel – General Kim Alexey Rostislavovich တို့ ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံ နေပြည်တော်သို့ရောက်ရှိနေတဲ့ ရုရှားတပ်မတော်မှ Colonel – General Kim Alexey Rostislavovich က နိုဝင်ဘာ ၂၉ ရက်တွင် လာရောက်ဂါရဝပြု တွေ့ဆုံစဉ်ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေ များ၊ ရုရှားနိုင်ငံသို မြန်မာ့တပ်မတော်သား ပညာတော်သင်များ စေလွှတ်လျက်ရှိသည့် အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့်ဆောင်ရွက်မည့် အခြေအနေများ၊ ရုရှားနိုင်ငံတွင်ကျင်းပပြုလုပ်သည့် ယဉ်ကျေးမှုပြိုင်ပွဲနှင့် တပ်မတော် အားကစား ပြိုင်ပွဲများတွင် မြန်မာ့တပ်မတော်မှ ပါဝင်ယှဉ်ပြိုင်ခဲ့မှုနှင့် အပြန်အလှန် ဖလှယ်ရေး ဆိုင်ရာကိစ္စရပ်များဆွေးနွေးကြပါတယ်။
ထို့ပြင် နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေ များ၊ ယနေ့ကမ္ဘာပေါ်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် နိုင်ငံတိုင်းက အလေးထား ဆောင်ရွက်လျက်ရှိမှုနှင့် ယခုကဲ့သို မြန်မာ-ရုရှား နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းငြိမ်းချမ်းရေး နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတိုကိုပါ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်သည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ygm_mnn
#Yangon_Media_Group



Published 29 Nov 2022
ကိုဗစ်-၁၉ ကပ်ဘေးကြောင့် (၂)နှစ်တာ မကျင်းပဖြစ်ခဲ့တဲ့ ရီယိုဒီဂျန်နေရီယို “ဂေး စီတန်းလှည့်လည်ပွဲတော်” ကိုပြန်လည်ကျင်းပခဲ့ပါတယ်။ ဘရာဇီးနိုင်ငံ ကာပါကာဘာနာ ကမ်းခြေမှာ အဲဒီပွဲတော်ကို ဆင်နွှဲခဲ့ကြခြင်းဖြစ်ပါတယ်။
ဘရာဇီး လက်ယာစွန်းသမားတွေရဲ့ အမျိုးသား သင်္ကေတကို ပြန်လည်ဖော်ထုတ်တဲ့အနေနှင့် ပွဲတော်စီစဉ်သူတွေက ဘရာဇီး ဘောလုံးအသင်းရဲ့ ဂျာစီပုံတူပွားကြီးတစ်ခုကို ဖန်တီးခဲ့ကြပါတယ်။
Source AFP
#Rio_Gay_Parade
#Brazil_Gay_Parade
#Copacabana_Beach
#Local_News
Published _ 29 November 2022
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဘုရားကိုသွားတဲ့ လမ်းမကြီးတစ်လျှောက်က ကျေးရွာတွေမှာ အပန်းဖြေကမ်းခြေတွေ အများကြီး ရှိပါတယ်။
#Yangon_Media_Group
#World_Pollution
Published 29 November 2022
ကော်စတာရီကာနိုင်ငံက တာကိုးလ်စ်မြစ်ရေပြင်နဲ့ ကမ်းနံဘေးတို့မှာ မိကျောင်းအများအပြားနေထိုင်ကြတာကို တွေ့မြင်နိုင်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 29 November 2022
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အခုနှစ်ဆယ်လတာကာလအတွင်းမီးလောင်ကျွမ်းမှု(၁၂၈၈) ကြိမ်ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဌာနချုပ်မှ သိရပါတယ်၊၊
#Yangon_Media_Group
Page 1481 of 2001